This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Sunday, September 29, 2013
Android ဖုန်းကနေ Facebook Account အကောင့်လုပ်မယ် (လုံးဝရစေရမယ်နော်)
တကယ်တော့ အကောင့်လုပ်တာမရဘူးဆိုတာက မြန်မာနိုင်ငံကနေလုပ်နေတယ်လို့ facebook ကယူဆတော့ ဖုန်းနံပါတ်နဲ့စစ်ဆေးတော့ မြန်မာကနေ လုပ်ရင်အဆင်မပြေဘူးဖြစ်နေတယ်၊ နိုင်ငံခြားမှာရှိတဲ့ သူငယ်ချင်းဖုန်းကို အကူအညီတောင်ပြန်တော့လည်း တစ်ခုခုဖြစ်တိုင်း မယုံကြည့်တဲ့အခါတိုင်း facebook က အဲဒီပထမဆုံးထည့်ထားတဲ့ ဖုန်းနံပါတ်ကို code ပို့ပေးပြီး စစ်ဆေးလေးရှိတယ် ဒီအတိုင်းလည်း သိပ်အဆင်မပြေဘူးလေ
Android ဖုန်းပေါ်ကနေ Gmail Account အလွယ်တကူဖွင့်လို့ရပါပြီ
multiple Gmail accounts on android
Create gmail account easily
 ကွန်ပျူတာပေါ်ကနေ Gmail Account ဖွင့်လို့မရတဲ့ သူငယ်ချင်းတွေ မိမိတို့ရဲ့ Android ဖုန်းပေါ်ကနေတဆင့်  Gmail Account အလွယ်တကူဖွင့်လို့ရပါပြီ။Android ဖုန်းကိုသုံးပါ။Android က google ရဲ့ ကိုယ်ပိုင် OS ဖြစ်လို့
gmail service ကိုလည်းအလွယ်တကူသုံးလို့ရအောင် လုပ်ပေးထားပါတယ်။
(1) Android ဖုန်းမှာ setting ကိုသွားပါ ။
Thursday, September 19, 2013
websites blogger တွေအတွက် ကောင်းနိုးရာရာ ကုတ်လေးများ
လိုအပ်ကြမယ်လို့ထင်ပါတယ် websites တွေအတွက် ကောင်းနိုးရာရာ html        ကုတ်လေးများ.......
Wednesday, September 18, 2013
Facebook မှာ Password မေ့သွားလို့ဘယ်လိုပြန်လုပ်ရမယ်လဲ......?
 Facebook မှာ Password မေ့သွားလို့ဘယ်လိုပြန်လုပ်ရမယ်လဲ......? facebook  မှာ lock ဖြစ်သွားတဲ့ အကောင့် တွေလည်းအများကြီးပါ။တကယ်တော့ တင်းကျပ်လာတဲ့  facebook ရဲ့ pivicay တွေကိုမသိလို့ ခဏတာလော့ ကျသွားတဲ့ အကောင့် တွေကိုဒီနည်းနဲ့ ပြန်ပြီးယူလို့ ရပါတယ်။password ပြန်ပြီအသစ်
စ်ပြောင်းချင်သူများလည်းဒီမှာလိုက်လုပ်ကြည့် ပါ။တစ်ချို့ လော့ကျတဲ့  facebook အကောင့် တွေကိုမဖွင့် ပဲ တစ်ပါတ်လောက်ပစ်ထားပြီးဒီနည်းအတိုင်းလိုက်လုပ်ကြည့် လိုက်ပါ။အဆင်ပြေပါတယ်။ဒါဆိုရင်လတ်တလောအပူတွေဖြစ်နေတဲ
(အဆင့်-၁)
Friday, September 13, 2013
ငါန်းဇွန်မြို့( စေတနာမွန်) လူမှုကူညီရေးအသင်း
ငါန်းဇွန်မြို့ (စေတနာမွန်) လူမှုကူညီရေး အသင်း (အခမဲ့) အ ရေးပေါ်လူနာတင်ယာဉ်
(5,9,2013)မှ စတင် အကျိုးဆောင် ဆက်သွယ် ရန်ဖုန်းနံပါတ်များမှာ ----
09-43206090
09-402509944
09-402598512
09-402685916
09-402689169
09-402730030
09-421105733
09-444039263 သို့ဆက်သွယ်နိုင်
အတူပါဝင် ကုသိုလ်ပြုနိုင်ကြောင်းးးးးးး)်
Monday, September 2, 2013
Wednesday, August 28, 2013
( အဖေ့ မှာတမ်း )
ကျွန်ုပ်သည် ဗေဒလက္ခဏာကျမ်း ၊ မဟာဘုတ်တိုင်တို့၏ အလိုအရ အထွန်းဖွားဖြစ်သည့်အလျောက် လွန်စွာမှ စိတ်ကူးယဉ်တတ်သူတစ်ယောက်ဖြစ်၏ ။ ငယ်ငယ်က ရွာထဲတွင် အရက်မူးပြီး ရွာရိုးကိုးပေါက် ဒယီးဒယိုင် လျှောက်
ကာ လှည့်လည်အော်ဟစ်၍ တွေ့ရာလူကို ညစ်ညမ်းသည့် စကားတို့ဖြင့် ဆဲဆိုနေပါသော်လည်း အမူးသမားနှင့် ဖက်၍ မမိုက်လိုကြသော ရွာသူ ရွာသားတို့သည် ထိုအမူးသမားကို မည်သို့မျှ
Monday, August 26, 2013
Website မှာ Download လုပ်မရဘူးလို့ ပြောနေကြသူများ ဒီမှာ ဖတ်ပေးကြပါ
Download ပြုလုပ်လို့မတတ်ပါဘူးဆိုတဲ့ သူများအတွက် ဒေါင်းနည်းများတင်ပေးလိုက်ပါတယ်...ကျနော်တို့
ဖိုင်တွေကိုတင်ရင် ADSL , WCDMA , CDMA , GSM ဒီအင်တာနက်လိုင်းများကို သုံးပြီးတော့သာ ဖိုင်တွေကိုတင်ပေးပါတယ်...တကယ်လို့မိမိဒေါင်းသည့်ဖိုင်သည် Access Denied ပြနေလျှင်မိမိရဲ့အင်တာ
နက်လိုင်းကြောင့်သာဖြစ်ပါတယ်...
- Download မရဘူးဆိုရင် "ဒေါင်းမရဘူး" လို့အော်သွားတာထက် မိမိကိုယ်တိုင်က
Friday, August 23, 2013
မိန်နွေတင်သမျှ ( ဖုန်းထဲက ဖတ်ရအောင်)
Download   
Download   
လူကြီးမင်းတို့ရဲ့ ဖုန်းထဲကနေ မိန်နွေ တင်သမျှ ဖတ်ရှုရန်အတွက်
ဒေါင်းလွတ်ရယူပါ။
အထက်ပါ ဒေါင်းလွတ် နှစ်ခုစလုံးကို ဒေါင်းလွတ်ရယူပြီး မိမိဖုန်းထဲမှာ အင်စတောမောင်းပါ။ ဒါဆိုရင် မိန်နွေ
မှာတင်သမျှ သင့်ဖုန်းထဲ ရောက်နေပါလိမ့်မည်။  ကျေးဇူးတင်ပါတယ်ခင်ဗျာ ။    ။
www.meinnwai.blogspot.com
မိန်နွေ
ငါန်းဇွန်မြို့လှေလှော်ပြိုင်ပွဲ
ဒီနေ့ တို့ငါန်းဇွန်မြို့ မှာ
လှေလှော်ပြိုင် ပွဲ လုပ်တယ်
ကြည့်လို့တော်တော်ကောင်းတယ်
(4 photos)
Photo
ထူးချွန်သူကျောင်းသူ၊ ကျောင်းသားများ ဆုပေးပွဲအခမ်းအနား
၂၀၁၂-၂၀၁၃ ပညာသင်နှစ် တွင် ငါန်းဇွန်စာစစ်ဌာနမှ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသားကျောင်းသူများကို ၊ ခင်မောင်ညို(ဘောဂဗေဒ)နှင့် ကျောင်းသားကျောင်းသူဟောင်းများအဖွဲ့ တို့က၄င်း ၊ မြို့သာစက်မှုဇုန်တည်ဆောက်ရေး တို့မှ ၄င်း ၊ အသီးသီး ဆုများ ချီးမြှင့် ခဲ့ကြပါတယ်။
Photo
Photo
gmail မရှုံးအောင် Facebook အကောင့်ဖွင့်နည်း
ရေးပါများလို့ ဒီလိုပို့စ်မျိုးတွေကို
ညည်းငွေ့လာမှာကိုတောင် အားနာမိပါတယ်
မရေးလို့လည်း မဖြစ်ပြန်ပါဘူး ...
ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က
ကျွန်တော့်ရဲ့ Facebook Page မှာ Facebook အကောင့်အတွက်
အခက်အခဲရှိတဲ့ သူငယ်ချင်းတွေကို ကျွန်တော်ကိုယ်တိုင်ဖွင့်ပေးမယ့်အကြောင်း
Thursday, August 22, 2013
ချင်းတိုင်းရင်းသားများနှင့် ချင်းအမျိုးသားနေ့ သမိုင်းအကျဉ်း
ဒေါက်တာတင်မောင်ထွေး (သမိုင်း သုသေသီ) -
ပြည်ထောင်စုနွယ်ဘွားချင်းတိုင်းရင်းသားတို့သည် အခြားသော ညီနောင်တိုင်းရင်းသားများကဲ့သို့ ယင်းတို့၏ နောက်ခံ သမိုင်းကြောင်း၊ လူနေမှုဘ၀ပုံစံ၊ ယုံကြည် ကိုးကွယ်မှု၊ ရိုးရာပွဲတော်များ၊ လူမှု ဓလေ့ထုံးစံများနှင့် စာပေအနုသုခုမများ တို့ ရှိသည်။
ချင်းတိုင်းရင်းသားများ ပေါ်ပေါက်လာပုံနှင့် ပါတ်သက်၍ ပညာရှင်များကြားတွင် ကွဲလွဲမှုများရှိသည်။ ပညာရှင် အချို့က ချင်းတိုင်းရင်းသားတို့သည် မွန်ဂိုလီယန်းအနွယ် တိဗက် – ဗမာအုပ်စုဝင်” သက်” လူမျိုးစုမှ လည်းကောင်း၊ အရှေ့တီဗက် – ဗမာ အုပ်စုမှ လည်းကောင်း၊ အနောက် တိဗက် – မြန်မာ အုပ်စုမှ လည်းကောင်း
ဘ၀နှင့်ရင်းနှီးခဲ့ရသော သင်္ခန်းစာ ( လူတိုင်းဖတ်သင့်တဲ့ ၀တ္ထုတို )
   မိုးကဆွေနေသည်မှာ ငါးရက်ပင်ရှိနေချေပြီ။ တောတောင်များ ထူထပ်၍လော၊ ပင်လယ်နှင့်နီးသောကြောင့်လေမသိ။ ယခုချိန်ထိ မိုးကမရပ်သေး။ မှန်သည်။ မိုးက ရပ်ဖို့နေနေသာ ၊ နံနက်ကထက် ပို၍ပင်သဲလာသလို။ မိုးခြိမ်းသံကြားရခဲသော မော်လမြိုင်မိုးသည်
ယခုမူ မိုးခြိမ်းသံနှင့် လျှက်စီးများပါ လက်နေသည် ။ တခါတရံ လေပြင်းများပါ ပါလာသောကြောင့်  ဆောင်းထားသည့် ထီးပင် လွင့်လုမတတ်ဖြစ်နေသည်။  ကိုယ်လုံသည့် မိုးကာအင်္ကျီ ၀တ်ထားပါသော်လည်း အအေးဓာတ်က အငြိမ်မနေ။ ပါးပြင်ကို ပွတ်ယှက်တိုက်ဖြတ်ပြေးသော
လေက ခန္ဒွာကိုယ်တစ်ခုလုံးကို လျှက်စစ်နှင့် တို့သကဲ့သို့ တုန်ခါနေ၏။ ချမ်းအေးသောကြောင့် မေးချင်းရိုက်သံသည် သံလွင်မြစ်ရေစီးသံထက်ပင် ကျယ်နေသည်ဟု ထင်မိသည်။
ဘလော့ကာရဲ့ HTML ပုံစံ ပြောင်းလိုက်ပါပြီ (ဘလော့ကာတိုင်းဖတ်ပေးပါ)
ကဲ.... ဘလော့ကာအားးလုံး  စိတ်သာ ညစ်ကြပေတော့ဗျို့....ခိခိ... ဘလော့ကာတွေအတွက် သတင်းထူေးလးပေါ့   သိပြီးလဲ ဖြစ်ကြမှာပါ... ဘလော့ကာကနေ ဘလော့ဝင်တဲ့ Html ပုံစံကို ပြောင်းလိုက်ပါပြီ..  အရင်လို  မတူတဲ့  ဒီဇိုင်းပုံစံအသစ်နဲ့ ပါ.... မသိသေးသူများအတွက်  ကလိလို့ရအောင်  ကျွန်တော် သိသလောက်တော့   အမြန် ရေးသားတင်ပြလိုက်တာပါ... သေသေခြာခြာ  ရှင်းပြပေးပါ့မယ်.. နောက်ထပ်
ဗိုလ်ချုပ်အောင်ဆန်း
 ဗိုလ်   ခြေလူထု၊ ပြည်ထောင်စုနှင့်၊ တခုအာဏာ၊ မြန်မာနိုင်ငံ၊ လွတ်လပ်ပြန်ဖို့၊ ပမံမြင့်မိုရ်၊ တောင်မင်းပျိုသည်၊လေးလီကျွန်းထက်၊ ကောင်းစွာရပ်၍၊ ရေတက်မငေါင်၊ နေလောင်မညှိုး
၊လေတိုးမယိမ်း၊ မတိမ်းမယိုင်၊ မြဲစွာခိုင်သို့ ၊ တောမြိုင်ကျေးရွာ၊ ဒေသာမြို့ပြွမ်း ၊ နိုင်ငံဝှမ်းလုံး ၊ သိမ်းကျုံးကြည့်လျှင်၊ ရဟန်းရှင်လူ၊ ပြည်သူအတွက်၊ အသက်လည်းပေး၊ ပညာပေး၍၊ နောင်ရေးစိတ်ချ၊ လွတ်လပ်ကြရန်၊ ဗြိတိသျှံ ကို ၊ ဂျပန်စစ်သည်၊ မီနာမီ နှင့်၊ တစ်လီ ရဲဘော်၊
Wednesday, August 21, 2013
Gmail အကောင့်အတွက် ဖုန်းမလိုတဲ့ နည်းလမ်းသစ်
ကျွန်တော်တို့မြန်မာနိုင်သား အင်တာနက်သုံးစွဲသူတွေအနေနဲ့ gmail အကောင့်အသစ်ဖွင့်တာနဲ့ ပတ်သက်ပြီး စိတ်ကသိကအောက် သိပ်ဖြစ်ရပါတယ် .. အကောင့်တစ်ခုဖွင့်ဖို့ ဖုန်းနံပါတ်ကလည်း သုံးချင်တိုင်းသုံးမရ .. google ရဲ့ပြောင်းလဲနေတဲ့ပေါ်လစီတွေကြောင့် ဖုန်းနံပါတ်မှမရှိရင် gmail အကောင့် အသစ်ကို လုံးဝဖွင့်လို့မရတော့မယ်အတိုင်း သိပ်စိတ်လေရပါတယ် ..
gmail အကောင့်အသစ်တစ်ခုကို ဖုန်းနံပါတ်မလိုပဲ အကျော်အခွလုပ်ပြီး ဖွင့်တဲ့နည်းကို ကျွန်တော် Facebook Group တွေထဲမှာ မျှဝေခဲ့ဖူးပါတယ် ..
ဖြစ်ချင်တော့ အဲဒီနည်းက အခု သုံးလို့မဆင်မပြေတော့ဘူးဖြစ်သွားတယ် .. (ကျွန်တော့်ရဲ့ နည်းပညာပိုင်းဆိုရာ နိမ့်ပါးမှုကြောင့်လည်း အဲဒီနည်းနဲ့ အဆင်မပြေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်)
Tuesday, August 20, 2013
((( ပင်လယ်ရေ ဘယ်မှာခမ်း ၊ မထွေးအမိ ဖမ်း )))
 မထွေးမပါတို့ချည်းသာ
မထွေးအသားခါးလှတယ် 
အထက်ပါ ၀တ္ထုနှစ်ပုဒ်၏ အဆက်ဖြစ်ပါသည်။ သွားရန် ကလစ်ပါ။
မထွေးလို လို့ဝဲတယ်ဆိုပေမယ့်
ချိန်ခွင်လျှာနဲ့ ညှိပြီး အလေးမခိုးပါဘူး ။
ပင်လယ်ရေ ခမ်းတဲ့အကြောင်းကိုတော့
(( မထွေးအသား ခါးလှတယ် ))
မထွေးမပါတို့ချည်းသာ ၀တ္ထုတိုမှ့အဆက် 
 ကျွန်တော်တို့အဖွဲ့လေးမှာ ယခုအချိန်ထိ နာမည်မပေးရသေးချေ။ တိုင်းရင်းသားမျိုးနွယ်စုများနှင့် တိုင်းရင်းသားတို့ ကိုးကွယ်ယုံကြည်သော ဘာသာကို အချင်းချင်း ရိုင်းပင်းကူညီဖို့ ၊ မြန်မာတိုင်းရင်းသားများ
မျိုးသုဉ်းမပျောက်ကွယ်ဖို့ ။ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု မတိမ်ကော မကွယ်ပျောက်ဖို့စသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းဝန်းအတွင်း လိုက်လံစည်းရုံးသည်မှာ တစ်လခန့်ပင်ရှိသေးသော်လည်း
Saturday, August 3, 2013
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ၊ ကျေးလက်ဒေသ PCO.တယ်လီဖုန်း စာရင်း ။ ငါန်းဇွန်မြို့နယ် ။
စဉ်         ကျေးရွာ                    တာဝန်ခံအမည်                    ဖုန်းနံပါတ်
၁။          ဇလုပ္မ                     ဦးသိန်းတန်                        ၀၉-၆၅၄၅၃၇၄
၂။          မြောက်ကျင်း            ဦးမောင်မောင်နိုင်                 ၀၉-၆၅၄၅၃၇၅
၃။          မင်းချီ                     ဦးကျော်တိုး                        ၀၉-၆၅၄၅၃၇၆
၎။          ကံသာ                    ဦးတင်မြင့်အောင်                 ၀၉-၆၅၄၅၃၇၇
၅။          ငါန်းမြာ                   ဒေါ်အိအိခိုင်                        ၀၉-၆၅၄၅၃၇၈
၆။         သပြေသာ( င ၊ လ )    ဦးအိမ်ဌေး                          ၀၉-၆၅၄၅၃၇၉
၇။         အောက်ရိုး                ဦးကျော်ရှိန်                         ၀၉-၆၅၄၅၃၈၀
၈။         ထွန်းသာ                  ဦးအောင်မြတ်                     ၀၉-၆၅၄၅၃၈၁
(( မထွေးမပါ တို့ချည်းသာ ))
( ၁ )
    သူမနာမည်က ထွေးငယ် ။ ကျွန်တော်အပါအ၀င် သူငယ်ချင်းအားလုံးက သူ့ကို မထွေးဟုသာ ခေါ်သည်။ မထွေးက ချစ်စရာကောင်းသည်။ နုသည် ။ ယဉ်သည် ။ ပွင့်လင်းသလောက် မဟုတ်မခံ စိတ်ဓာတ်လည်းရှိသည်။ သို့သော့့် စွာတေးလန်ကားမဟုတ်။
ဘုဆတ်ဆတ်မဟုတ်။ သူမက စကားပြောရာတွင် လက်ဟန်ခြေဟန်နှင့် ပြုံးပြုံးပြီး ပြောတတ်သည်။ ပုံပြင်ပြောရာတွင် စကားလုံးကြွယ်ဝသည်သာမက သူမနှင့် မရင်းနှီးသည့် သူများပါ
Monday, July 22, 2013
(( အမျိုးစောင့်ဥပဒေ နှင့် ကောင်းကျိုး ၊ ဆိုးကျိုးရလာဒ် ))
ကျွန်ုပ်နားလည်သည့် လူ့အခွင့်အရေး
ယခုတလော တစ်ကမ္ဘာလုံး တွင်တွင်ကျယ်ကျယ် အသုံးပြုနေသည့် စကားတစ်ခွန်းရှိသည်။ ယင်းမှာ လူ့အခွင့်အရေးဆိုသည့် စကားပင်ဖြစ်၏ ။ လူ့အခွင့်အရေးဆိုသည်ကို ကျွန်ုပ်က လူတစ်ယောက် ရသင့်ရထိုက်သည့် အခွင့်အရေးဟု အဓိပ္ပါယ်ဖွင့်ချင်ပါသည်။
အခွင့်အရေးဟု ဆိုရာတွင် ဆန်တစ်ပြည်ဝင်ဆန့်သော ပြည်တောင်းတစ်လုံးတွင် ဆန်တစ်ပြည်( နို့ဆီဗူးရှစ်လုံး) တည်း ထည့်မှာသာလျှင် ကောင်းကောင်းမွန်မွန် ၀င်ဆန့်၍ ကြည့်ရှု၍ လည်း တင့်တယ်နိုင်ပေမည်။ ထိုသို့မဟုတ်ပဲ ပြည်တောင်းထဲကို ဆန်တစ်
တင်းထည့်လိုက်ပါက ကျန်ရှိနေသည့် ဆန်တို့သည် မြေပြင်ပေါ်လျှံကျ၍ အလဟဿလည်း ဖြစ်၊
ငါန်းဇွန်မြို့ အ.ထ.က ကျောင်းဆောင်လေးမြင် ကွင်း
ကျောင်းသူ/သား ( ၂၀၀ )ကျော်ခန့်ပညာသင်ကြားလျက် ရှိသော စာသင်ဆောင် မှာ အခင်းများပျက်ဆီးနေပါသဖြင့် ကူညီမည့်သူများအား မျှော်လင့်နေပါသည်။
Tuesday, July 16, 2013
(( အကြွေစောပန်း))
ပိတောက်တစ်ခက်
ကြွေခဲ့ပြန်ပြီ ။
ဘယ်ဆီ ဘယ်ခေတ်
ဘယ်စနစ်ထဲက အက္ခရာတွေလဲ
ရနံ့တွေကြွေတာ
အသီးအပွင့်တောင် မဝေသေးဘူး
(( မြန်မာပြည်ကြီးပွားဖို့ ))
ထိန်ညီးလျှံ ခြေရင်းက
မီးဇာစ ဖယောင်းလို
ကြီးစွာပ မေတ္တာယို
ခန္ဒွာကိုယ် သူလောင်ကျွမ်း
စေတနာ စွမ်းရည်မှန်
အမှောင်ထံ လင်းစေလို့ ခမ်း  ။
ငါန်းဇွန်မြို့လေး၏ တရားပွဲ
ဖေ့ဘွတ်မှ့
ငါန်းဇွန်မြို့ ၏ “ မိုးသိင်္ဂီ” ဓမ္မာရုံတော်ကြီးတွင် ၁၃၇၅ ခု ၀ါဆိုလပြည့်ကျော် (၅) ရက်နေ့ မှ ၊ စတင်ပြီး လပြည့်ကျော် (၆)ရက် ၊ (၇)ရက် ၊ (၉)ရက် ၊ (၁၀)ရက် နေ့များတွင် ဆရာတော် ဦးဣန္ဒကာဘိဝံသ(စစ်ကိုင်းမြို့ မြစကြာကျောင်းတိုက် ၊ ပဓာနနာယက) ၊ သစ္စာရွှေစည်ဆရာတော် ဦးဥတ္တမ ၊အရှင်စန္ဒောဘာသ(ဖိုးလမင်း တောင်စလင်း )၊ဓမ္မဓရ ဒေါက်တာအရှင်ကုမာရ ၊ စသောဆရာတော် များက ဓမ္မရေအေးအမြိုက်ဆေးကို တိုက်ကျွေးမည်ဖြစ်ပါသောကြောင့် ရပ်နီးရပ်ဝေးမှ ဓမ္မမိတ်ဆွေအပေါင်း တရားနာယူကြည်ညိုနိုင်ကြပါရန် ကြိုတင်အသိပေး နှိုးဆော်လိုက်ပါတယ်။
တရားပွဲအလှူရှင်တွေကတော့
Monday, July 8, 2013
တစ်ဘ၀ သာသနာ - အရှင်ဇနကာဘိဝံသ
စာအုပ်အမည်                -        တစ်ဘ၀ သာသနာ
စာရေးသူအမည်             -        အရှင်ဇနကာဘိဝံသ
စာအမျိုးအစား               -        ဘာသာရေး
Download File ဒေါင်းလွတ်ရယူပါ
ငါန်းဇွန်မြို့နယ်မှ ကျောင်းသူ။ ကျောင်းသားလေးများ
တမလင်ခွေကာ ထိုင်နေပါ ခါးကိုဖြောင့်စွာထား
မလှုပ်အိနြေ္ဒ ညိမ်ညိမ်နေ စိတ်တွေမလွင့်ပါး
ငါန်းးဇွန် သဲဖြူ Sunday School
Add caption
(ဖေ့ဘွတ်မှ ကူးယူတင်ပြသည်)
Friday, June 14, 2013
“ လွပ်လပ်မှုကို မြတ်နိုးမိလို့ ခွေးလုံးလုံးဖြစ်နေပြီ ´´
သူငယ်ချင်းရေ့ 
မင်းတို့ ငါ့ကိုမှတ်မိသေးလား
တေမိလေ
ဘုရားမကြိုက် တရားမကြိုက်တာမလုပ်ဘူး
“ခဲခြစ်ပုံပြင်”
တီးတိုးသံတွေကြားရယုံနဲ့
ခေါင်းပေါ်က ဆံပင်တွေဟာ အလွမ်းဖြစ်မသွားနိုင်ဘူး
ရနံ့တစ်မျိုးသာစွဲခဲ့ဘူးတဲ့
တစ်ကြောင်းတည်းပြေးခဲ့တဲ့မျဉ်း
ရေနံဆွတ်ပြီးသားပျဉ်တစ်ချောင်းကို
ကော်ပတ်အတုနဲ့ဝါးမြိုဖို့ 
ဘ၀က  ခွင့်မပြုခဲ့ဘူး။
ပြူတင်းပေါက်ဝမှချောင်းကြည့်မိသော မနက်ဖြန်များ
အဟုတ်ကြီးလား---တဲ့
တံတားအောက်က စီးဝင်သွားတဲ့ရေသံလိုပဲ
နီဆွေးဆွေးနှလုံးသားမှာ ပုံလဲကျသွားတာများ
နောက်တစ်ကြိမ်ပြန်ထဖို့ အင်အားတွေမရှိတော့ဘူး။
အဟုတ်ကြီးလား---တဲ့
Sunday, June 9, 2013
((((( ဒီစာကိုဘယ်သူပစ်တာလဲ )))))
          ရွာဟုသာဆိုပေမယ့် သူ့မှာ နိုင်ငံတစ်ခုကဲ့သို့ သီးခြားအုပ်ချုပ်ခွင့်နှင့် သီးခြားဥပဒေရှိသည်။ ကမ္ဘာ၏ တောင်ဝင်ရိုးစွန်း ချောင်ကြိုချောင်ကြား၌ တည်ရှိသောကြောင့် သည်ရွာလေးက အခြားသောနိုင်ငံတို့၏ အုပ်ထိန်းမှုအောက်၌မရှိ။ သည်ရွူာလေးသည် အခြားသောလူများနှင့် ဝေးလွန်းသည် ။ ထို့အတူ ။ အခြားသောနိုင်ငံတို့နှင့်လည်း ဝေးလွန်းပါသည်။
          ( ၂ )
ကျေးရွာဥက္ကဌ ဦးထိန်တောက် စုတ်တသက်သက်ဖြင့် လက်ကိုနောက်ပစ်တာ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေသည်။ ဥက္ကဌ အကြံပေးမောင်ဖိုးချိုလည်း ဥက္ကဌကို ကြည့်ပြိး တစ်စုံတစ်ခုကို လေးလေးနက်နက် တွေးတောနေဟန်။ ကျန်သော အဖွဲ့ဝင်တို့ကတော့ ၀ိုင်းအလယ်တွင်ရှိသော ရေနွေးကြမ်းကို သောက်သူသောက်နှင့် သည်ပြဿနာ၏ အရင်းအမြစ်ကို အစရှာသူနှင့် ၊ ၀ါဒကွဲ၍ ငြင်းခုံသူနှင့် ယောက်ယက်ခက်နေကြသည်။
အခွေ(၁) ပဌာန်းဒေသနာတော်အကျယ် တရားတော်
၁။ တရားတော် - အပိုင်း(၁) Download
၂။ တရားတော် - အပိုင်း(၂) Download
၃။ တရားတော် - အပိုင်း(၃) Download
စစ်မီးအမြန်ငြိမ်းပါစေ
 ကျည်သံ ဗုံးသံ
သေနတ်သံနှင့်
ဆဲသံဆိုသံ
အော်ငေါက်သံကြောင့်
မပြန်နေရပ်
စွန့်ခွါထွက်၍
ဤရပ်ဒေသ ရောက်ခဲ့၏။
Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း
လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမဘာတစ်လွားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာ ကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေရပြီး မူလအကောင့် ကိုပန်လိုချင်သူ များ အောက် ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။
အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ် ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး
Facebook တွင် အထူးရှောင်ရှားရမည့် လုပ်ဆောင်ချက်များ
လက်တလော Facebook မှာ Policy ခဏခဏ ပြောင်းလဲနေပါတယ်။ ဝဘ်ဆိုဒ်သတင်းတွေထဲမှာ Facebook တွင် အကောင့်အတုပေါင်း သန်း ၈ဝ ကျော်ရှိတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် Facebook ဟာ အကောင့်အတု များကို ရှင်းလင်းနေပါတယ်။ ဒါကြောင့် Facebook အသုံးပြုသူများ အောက်ပါအချက်များကို သိထားရန် လိုအပ်ပါတယ်။
၁။ Friend Request
Friend Request လုပ်တိုင်း ဒီတစ်လော ပြန်မေးတဲ့ မေးခွန်းက သင့် သိလို့လား၊ သိတဲ့သူမှ Add ပါဆိုတာမျိုး ဖြစ်ပါတယ်။ တစ်ခါခါဆို Request Send လို့မရပဲ အထက်ပါကဲ့သို့ စာများသာ ပေါ်ပေါ်လာမှာ ဖြစ်ပါတယ်။ Request Send လို့ရလည်း တစ်ရက်ကို ၂ ယောက်၊ ၃ ယောက်ထပ် ပို မ Add သင့်ပါ။ အဲဒီထက် Add ပြီဆိုရင်တော့ Friend Request လုပ်ခြင်း ၂
မော်ဇီလာ နှင့် ဂျီတော့တွင် မြန်မာဖောင့်ပြဿနာ
မော်ဇီလာဖိုင်းယားဖောက်တွင်လည်းကောင်း၊ ဂျီတော့တွင်လည်းကောင်း် မိမိရေးလိုက်သောစာတွင် မြန်မာဖောင့်က ဇော်ဂျီဖောင့် ရွေးထားသော်လည်း မြန်မာစာမပေါ်ပဲ
လေးထောင့်အတုံးလေးတွေ ပေါ်နေရင်  ပြုပြင်ဖို့နည်းလမ်းလေးတစ်ခုပါ။
ကျွန်တော်က နည်းပညာကို သင်ယူဖူးသူမဟုတ်ပါဘူး။ လေ့လာနေဆဲသာလျှင် ဖြစ်ပါတယ်။ ဒါကြောင့် တစ်ခြားနည်းလမ်းလေးများရှိခဲ့လျှင်လည်း ဝေမျှခဲ့ပါဦးလို့
×××××××××××××××××××××××××××××××××××××××××××××××
စကားတွေရှည်မနေတော့ပါဘူး ။ ပထမဆုံးလုပ်ရမှာက ကွန်ပျူတာရဲ့ ဘယ်ဘက်အောက်ခြေမှာရှိတဲ့ start ဆိုတဲ့ Iconလေးကို နှိပ်လိုက်ပါ။ အဲသည်ထက်မြန်ချင်
ရင်တော့ ကီးဘုတ်ကနေပြီးတော့ ၀င်းဒိုးကီးလေးကို တစ်ချက်နှိပ်လိုက်ပါ။ ဒီနေရာမှာ ၀င်းဒိုးကီးဆိုတာက  ( မသိသူများအတွက်သာ ) CtrL နဲ့ Alt ကြားထဲက
Wednesday, March 27, 2013
ဒဏ္ဍာရီရုပ်ရှင် ဇာတ်ဝင်ခန်းများကဲ့သို့ ၁၀၈၂ပေခန့်နက်သော ကမ္ဘာအံ့ဖွယ်လှိုဏ်ဂူကြီးကို မက္ကဆီကို၌တွေ့ရှိ
ကမ္ဘာကျော် ဒဏ္ဍာရီရုပ်ရှင် ဇာတ်ကားများဖြစ်သော Lord of the Ringဇာတ်ကားနှင့် အခြားရုပ်ရှင် ဇာတ်ဝင်ခန်းများတွင် ပါဝင်သည့် မြေအောက်လှိုင်ဂူများကဲ့သို့ ၁၀၈၂ပေအနက်ရှိသော ကမ္ဘာအံ့ဖွယ် သဘာဝလိုဏ်ဂူတစ်ခုကို မက္ကဆီကိုနိုင်ငံ အကွီစမွန်ဒေသတွင် တွေ့ရှိရသည်။ ထိုလှိုင်ဂူကို စွန့်စားသွားရောက်လိုသူများ များပြားလျက်ရှိပြီး ယခုနှစ်အစောပိုင်းတွင် ဓာတ်ပုံပညာရှင်တစ်ဦးဖြစ်သူ အာမီဟင်ကယ်လ်ဆိုသူက စွန့်စွန့်စားစားဓာတ်ပုံများ ရိုက်ကူးမှတ်တမ်းတင်ခဲ့သည်။ ငှက်အမျိုးပေါင်း မြောက်များစွာတို့ လာရောက်နားခို နေထိုင်သည်ကို အစွဲပြု၍ယင်းလှိုင်ဂူကို စပိန်ဘာသာဖြင့်ဆိုတာ နိုဒီလက်စ်ဂို လွန်ဒရီနက်စ်လှိုင်ဂူဟူ၍ ဒေသခံများက မှည့်ခေါ်ခဲ့ကြသည်။ ထိုလှိုင်ဂူသည် ကမ္ဘာပေါ်ရှိ နေရောင်ခြည်တိုက်ရောက် ကြရောက်နိုင်သည့် ဂူများအနက်အနက်ဆုံးဂူ ဖြစ်ကြောင်းသိရသည်။
http://www.swesonemedia.org/index.php?q=3643
          ယင်းနေရာမှကူးယူတင်ပြသည်
ကမ္ဘာ့အကြီးဆုံးခြောက်လုံးပြူး
၁၃၆ဂရမ် (၄ဒဿမ ၈အောင်စ)မျှ အလေးချိန်ရှိသည့် ကျည်ခြောက်တောင့် ထည့်သွင်းပစ်ခတ်၍ရသောကမ္ဘာ့အကြီးဆုံး ခြောက်လုံးပြူးဆုံလည် သေနတ်ကြီးကို ပိုလန်နိုင်ငံတွင် ရိုင်ဆက်တိုဘီဆိုသူက စတင်တီထွင်လိုက်ပါပြီ။ အဆိုပါဆုံလည် ခြောက်လုံးပြူးဖြင့်ပစ်လျှင် ၁၆၄ပေ(၅၀မီတာ)အကွာမှ ပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင်သည်။ ကမ္ဘာ့အကြီးဆုံး ခြောက်လုံးပြူးကြီးကို ရီမင်တန် မော်ဒယ်အမှတ် ၁၈၅၈ပုံစံအတိုင်း ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ယင်းလက်နက်ကြီးကို တည်ဆောက်ရန် နာရီပေါင်း ၂၅ဝဝကြာမျှ အချိန်ကုန်ခဲ့ရပြီး သေနတ်အစိတ်အပိုင်း အများစုကို လက်ချည်းသက်သက် တည်ဆောက်ခဲ့ရသည်ဟု မစ္စတာတိုဘီက ရှင်းပြသည်။ အဆိုပါသေနတ်ကြီးသည် ၉၉ဒဿမ၂ပေါင် (၄၅ကီလိုဂရမ်မျှ) အလေးချိန်ရှိပြီး အလျားလေးပေကျော် (၁ဒဿမ၂၆မီတာ) အမြင့်တစ်ပေကျော် (၄ဝစင်တီမီတာ) မျှရှိသည်။
 http://www.swesonemedia.org/index.php?q=3642  မှ ကူးယူဖော်ပြသည်။
ရင်ကွဲမှတ်တမ်း(၂)
မာနနဲ့ တောင်းဆိုမှုကြားမှာ
မွန်းကြပ်နေတဲ့ ငါ့နှလုံးသားကို
ငါဘယ်လို နှစ်သိမ့်ရမလဲ။
ဒီပွဲက
ငါ့ကိုယ်ငါ ပြလိုက်တဲ့ မျက်လှည့်မဟုတ်ပေမယ့်
ငါ့ကိုယ်ငါ လည်သွားတဲ့ တစ်ကွက်ရွေ့ ကျားဖြစ်နေတော့
မျက်ရည်ကိုဂစ်တာကြိုး ခတ်သလို ခတ်ရုံကလွဲပြီး
ငါဘယ်လိုမှ နားမလည်တော့ဘူး
နှလုံးသားကို ၀ိုင်တစ်ခွက်ထဲမှာစိမ်ပြီး
ကြေကွဲမှုတွေ သဂြိ င်္ုလ်ခဲ့ချင်ပေမယ့်
နံရံခပ်ပါးပါးလေးသာခြားတဲ့
အချစ်နဲ့ ဥပေက္ခာပြုမှုတွေကြားမှာ
ငါကိုယ်ငါ လောင်ကြွမ်းပြရမလား။
ရင်ခုန်သံတွေ အကြောဆွဲနေပြီး
မျှော်လင့်ခြင်းတွေ သေဆုံးနေတဲ့ အချိန်ဖြစ်နေတော့
နေမ၀င်ခင် ကြွေကျသွားတဲ့ အနာဂါတ်အတွက်
လျှောက်လဲချက်တွေ မလိုချင်တော့ဘူး။
ငါ့ဘ၀နဲ့ငါ မျောလွင့်သွားတဲ့ နောက်ဆုံးစက္ကန့်တွေမှာ
ငါလိုချင်တဲ့ နောက်ဆုံးရလာဒ်က
မင်းမျက်နှာပေါ်က မျက်မှောင်တွေလည်းမဟုတ်ဘူး။ ။
မိန်နွေ--
16/1/2012
ရင်ကွဲမှတ်တမ်း( ၁)
ငါ့မှာ ဘာလို့ ချစ်ခွင့်မရှိတာလဲ
မျက်ရည်တွေ ကျိန်စာသင့်ပြီး
ှနှလုံးသားတွေ ဟက်တက်ကွဲခဲ့တာတောင်
ငါ့ရဲ့ပြစ်ဒဏ်တွေက မလုံလောက်သေးဘူးလား
ငါ့ကိုယ်ငါ မကျေနပ်တဲ့ဘ၀ကြီးမှာ
ဆူညံပေါက်ကွဲတဲ့ လက်ခုပ်သံတွေနဲ့
ငါဟာဘာလို့ အမြဲတမ်း ရှုံးနိမ့်ခဲ့ရတာလဲ
မင်းဥပေက္ခာပြုလိုက်တဲ့ ငါ့နှလုံးသားတွေက
ခုဆို
မျက်ရည်တွေနဲ့ တာကျိုးနေပြီ။
ငါ့အမုန်းဆုံး အရာတွေထဲက
သိက္ခာတွေ၊ မာနတွေ ၊ အတ္တတွေ
ပြီးတော့
မျဉ်းပြိုင်တွေ ။
အဲဒါတွေ သုံးခွက်တစ်ခွက်တင်ကြိုပြီး
ငါ့နှလုံးသားကို တစ်ကစပြီးရေတွက်ချင်တယ်။
မင်းလက်သင့်မခံချင်တဲ့ငါ့အချစ်တွေက
မင်းကိုပဲ ခပ်ဖွဖွ နမ်းပစ်ချင်တာ
မင်းကိုပဲ ခပ်ဖွဖွ ချစ်ပစ်ချင်တာ
ငါ့ရဲ့အချစ်က
ပလက်ဖောင်းဘေးက အမိုက်တစ်စလောက် တန်ဖိုးမရှိခဲ့ဘူးဆိုရင်တောင်
နည်းနည်းလောက်တော့ ငဲ့ကြည့်သင့်တာပေါ့။ ။
မိန်နွေ----
ဘလော့ ဆိုတဲ့အဓိပ္ပါယ်
ဘလော့ဆိုတဲ့အဓိပ္ပါယ်နဲ့ရေးတဲ့ နေရာမှာလိုအပ်တာတွေကိုပြောပြပေးပါ့မယ်
Blog ဆိုသည်မှာ အတို ဆုံးအဓိပါယ်ပြန်ရလျှင်အွန်လိုင်းပေါ်မှ မဂ္ဂဇင်း ဟု ခေါ်ပါတယ်
အကျယ်ဖွင့်ရှင်းပြရလျှင်မူကိုယ်တိုင်ဖြစ်ပျက်ခံစားနေတဲ့ လက်တွေ့ အဖြစ်အပြက်တွေကို
နောက်သူတွေ သိအောင် အဆိုးကောင်း ခွဲခြားနိုင်အောင် အဖြစ်ပျက်များအား မျှဝေပြောပြခြင်း။
နည်းပညာသစ်တွေကိုအများအသုံးချနိုင်အောင်နိုင်အောင် လမ်းညွှန်ပေးခြင်း၊ အသိပေးခြင်း
ဖတ်မှတ်လေ့လာသူတွေအကြိုးရှိအောင် ရေးသားထားတဲ့သတင်း ၊ နိုင်ငံရေး အမြင် ၊ ကျမ်းမာရေး ၊ ဟာသ ၊ရသ ၊ နည်းပညာ ၊ ဆေးပညာ၊ဆောင်းပါးနဲ့ အထွေထွေဗဟုသုတများအားအများလေ့လာခံစားဖို့ရေးသား တင်ပြပေးတာကို  BLOG လို့ ခေါ်ပါတယ်
Blog ကို အင်္ဂလိပ်လိုအဓိပါယ်ဖွင့်ထားတာက
"read, write, or edit a shared on-line journal"  လို့ ဖော်ပြထားပါတယ်
ထိုသို့ Blog on the web တိတိကျကျအဓိပါယ်အမှန်ကို ဧဒင်အဖွဲ့သားအားလုံးသိစေချင်ပါတယ်
ယခု စာဖြင့် အသေးစိတ် ကျွန်တော်တို့ ရှင်းပြပေးရတာပါခင်ဗျာ
ဘလော့စာမျက်နှာအောက်ဘက်တွင် ရှိသော Tag အကြောင့်း။။
ဝတ္တုတစ်အုပ်တွင် အချစ် ၊ ဘာသာပြန် ၊ သိုင်းသတ္တု စသော အမျိုးအစား ခွဲခြားသကဲ့သို့
ဘလော့မှာလဲ အမျိုးအစားရှိပါတယ် ထိုသို့သော အမျိုးအစားကို Tagဖြင့် ခွဲခြားဖော်ပြပေးရတာပါ ။
Tag ဆိုသည်မှာ ရေးသားထားတဲ့ ဘလော့တစ်ခုလုံးရဲ့ပင်ကို ရသ တစ်မျိုးကို ဖော်ပြခြင်းဟု အဓိပါယ်ရပါတယ်ခင်ဗျာ ။
ဥပမာ။။သတင်း၊ဟာသ၊ရသ၊နည်းပညာ၊သုတ၊ကျမ်းမာရေး၊ ဆောင်းပါး...စသည်ဖြင့်Tagတွင်ရေးသား
 ပေးရပါတယ်။
                                                ((((ဧဒင်ဥယျာဉ်မှ ကူးယူဖော်ပြသည်))))
မပွင့်ခင်ကြွေ
တစ်ချက်တစ်ချက် ဝေ့ဝေ့တိုက်လိုက်သောတောင်လေ ကြောင့် အညှာမခိုင်သောရော်ရွက်ဝါတို့သည် တဖြုတ်ဖြုတ်ကြွေကျကုန်သည်။ အခိုးငွေ့ထနေသော တံလျှပ်တို့သည်လည်း မှုံဝါးနေသော မိမိ၏ အမြင်ဓာတ်ကို ပို၍
မှုံဝါးစေသယောင်။ ဆောင်းဆိုပေမယ့် နှင်းမှုန်ကင်းသော မွန်းလွဲချိန်တွင် ပူလောင်ခြင်းက စိတ်ကိုရှုပ်ထွေးစေသည်။
မှန်သည်။ ပူလောင်ခြင်း။ ဟုတ်သည် ။ အဇ္ဈတ္တပူလောင်ခြင်းနှင့် ဗဟိဒ္ဓပူလောင်ခြင်းတို့သည် မိမိ၏ အနာဂါတ်ကို မညှာ
မတာ နှိပ်စက်နေကြသည်။ လက်ဝါးနှစ်ဖက်ကာပြီး ဒူးထောက်အညံ့ခံပေမယ့် အဲသည် ပူလောင်ခြင်းသည် မျက်ရည်ကို
Tuesday, March 26, 2013
ခေတ်အဆက်ဆက်ပြောင်းလဲလာသောမြန်မာနိုင်ငံအလံတော်
ဤသည်မှာ ခေတ်အဆက်ဆက်ပြောင်းလဲလာခဲ့သော မြန်မာနိုင်ငံအလံများဖြစ်ပါသည်။
Sunday, March 3, 2013
ကဖေးဆိုင်တစ်ခုမှ လွတ်နေသော ထိုင်ခုံများအကြောင်း
သူငယ်ချင်းရေ--
ငါလည်း
ဆရာ့ဆရာကြီးတွေလို
ဇာတ်မြုပ်ပျောက်ကွယ် ကွဲကွာနေတဲ့ သူငယ်ချင်းတွေ ပြန်တွေပေါင်းစည်းဖို့
ဆုံဆည်းရာ--လို့ ကိုယ့်ဘာသာနာမည်ပေးပြီး
ကဖေးဆိုင်တစ်ခုကို ကားလိပ်ချဖွင့်လှစ်လိုက်ပါတယ် ။
ဘယ်လိုလဲ သူငယ်ချင်း--
မင်းတို့က
ဘယ်အရပ်က တိုက်ခိုက်လာတဲ့ အတွေးတွေနဲ့
ဘယ်လိုညမျိုးတွေ ဖြတ်ကျော်နေရတာလဲ
မင်းတို့မရှိတဲ့ တိတ်ဆိတ်မှုအောက်မှာ
အရင်လို ငါ့ခံစားချက်တွေ မီးညှိဖို့
ထိုင်ခုံအလွတ်တွေနဲ့ ပြာမခြွေရသေးတဲ့ ဆေးလိပ်တွေက လွဲပြီး
ဘာဆိုဘာမှ မရှိဘူး ။
အဆုံးမရှိတဲ့
အဝေးပြေးလမ်းမကြီးအကြောင်းတွေ
အချိန်မှန်မှန်မပွင့်တဲ့
Tuesday, February 26, 2013
``မမှည့်ခင်ကြွေသော သရက်ကင်းများ ´´
          အခန်းတွင်းနေထိုင်ရသည်မှာ အလွန်ငြီးငွေ့လာသောကြောင့် ပက်လက်ကုလားထိုင်တစ်လုံးကိုယူကာ ခြံထဲဆင်းလာသည်။ မော်လမြိုင်သည် အညာဒေသမဟုတ်သော်လည်း နွေဦး၏ ရူးသွပ်သောလေကြောင့် ခြံထဲရှိ အုန်းပင် ၊ ကွမ်းသီးပင် ၊ သရက်စသည့်အပင်ကြီးများသည် လေယူရာ ယိမ်းနွဲ့နေကြသည်။ ကျွန်တော်တည်းခိုရာ သာယာအေးရပ်ကွက်သည် ဆိတ်ငြိမ်ရပ်ကွက်မဟုတ်သော်လည်း အခြေခံလူတန်းစားတို့၏ နေရာဒေသဖြစ်သောကြောင့် လေတိုက်သံကလွဲ၍ အခြားသော အသံဗလံများသိပ်ပြီးမကြားရ ။ ခြွင်းချက်အားဖြင့် ပုဏ္ဏားရိပ်တို့အောက်က ဂျစ္စမီခေါ် အယ်ဇေးရှင်းခွေးငယ်လေးနှင့် မီနာခေါ် ကြောင်ငယ်လေးတို့ကစားနေသည့်အသံသာလျှင် ကြားနေရသည်။
          တိတ်ဆိတ်ငြိမ်သက်မှု၏ လှုံ့ဆော်မှုကြောင့် ကျွန်ုပ်၏စိတ်ထဲတွင် စာရေးချင်စိတ်တဖွားဖွားပေါ်ပေါက်လာသည်။  သို့သော်လည်း ပြဿနာက ရှိနေသည်။ ၄င်းမှာ ရေးစရာတွေက များနေ၍ မည်သည့်အကြောင်းအရာကို ရေးရမည်မသိ။ ယင်းပြဿနာအတွက် အချိန်အနည်းငယ်ယူကာ စဉ်းစားလိုက်သည်။ ပြီးနောက် မနေ့က ( 22/2/2013) ကျိုက္ခမီရေလည်ဘုရားနှင့် စက်စဲသွားရာတွင် တွေ့ကြုံခဲ့ရသည့် အကြောင်းအရာများကို ရေးသားရန် ဆုံးဖြတ်လိုက်တော့သည်။
                        Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
          ကျွန်ုပ်တို့၏ ချယ်ရီဂရုပ် ကားလေးသည် မော်လမြိုင်မြို့လယ်မှ မုဒုံမြို့သွားသည့် လမ်းမကြီးပေါ်တွင် ခပ်မှန်မှန်မောင်းနှင်လာသည်။ လမ်းမကြီး၏ ဘယ်ဘက်တွင် ဖူးငုံများသီတန်းနေသော ကံ့ကော်ပင်ပျိုတို့က သည်လမ်းမကြီးကို တန်ဆာဆင်ထားသည့်နှယ်။ ကျွန်ုပ်၏ မျက်လုံးများကို ကံ့ကော်ပင်ရှိရာသို့ ကစားကြည့်လိုက်သည်။ နည်းပညာတက္ကသိုလ့်
မှန်သည် မော်လမြိုင်မြို့၏ နည်းပညာတက္ကသိုလ်ကို ကံ့ကော်ပင်များဖြင့် ထုဆစ်ပုံဖော်ထားသည်။ ကံ့ကော်ပင်၏အောက်တွင် လမ်းလျှောက်နေသော စုံတွဲလေးများကို မြင်မိသော် ဆင်းရဲနုံ့ချာ၍ ကျောင်းတတ်ရန် ငွေမတတ်နိုင်သော မိမိဘ၀ကို စိတ်ပျက်အားငယ်မိသည်။ စုံတွဲများကိုမြင်၍ အားကျသည်ကား မဟုတ်။ လုံးဝမဟုတ်ချေ။ ၄င်းကောင်းကျောင်းသားတို့ကဲ့သို့ အထက်တန်းကျကျ ပညာရပ်များကို မဆည်းပူးခဲ့ရသောကြောင့်သာ အားငယ်မိသည်။
          ပြေးနေသော ကားငယ်လေး၏ လျော့သွားသော အရှိန်ကြောင့် ကျွန်ုပ်၏ အတွေးစများ ပျက်ပြယ်ကုန်သည်။ အော့့်မြို့ဝင်ကျေးတောင်းခံသော တိုးဂိတ်ကို ရောက်နေပါပကော။
( မှတ်ချက့့်ဤစာမူအတွက် လိုအပ်သည်များကိုသာလျှင် ရေးသားပါမည်။ နောက်များမှ ခရီးသွားဆောင်းပါးကို ဖတ်ရှုသူမိတ်ဆွေတို့ ဗဟုသုတရရန်အလို့ငှါ ရေးသားမည်ဖြစ်ပါကြောင့်း့မိန်နွေ )
          မော်လမြိုင်မြို့မှအထွက်တွင် နုပျိုသောရော်ဘာပင်တို့၏ ရနံ့ကား သင်းပျံ့နေသည်။ မြူခိုးဝေနေသော တောင်တန်းကြီးကား လွမ်းမောဖွယ်ရှုမဆုံးတော့ ။ အကွေ့အကောက် ၊ အနိမ့်အမြင့် မူမမှန်သော ကားလမ်းလေးအတိုင်းမောင်းနှင်လာရာ မုဒုံမြို့လေးသို့ နေ့လည်( ၁း ၃၀)တွင် ရောက်ရှီလာသည်။  မုဒုံမြို့လေးမှ နွေးထွေးစွာကြိုဆိုပါ၏့ဟူသောဆိုင်းဘုတ်မှ ပလက်ဖောင်းလမ်းမကြီးတစ်လျှောက် စိမ်းနုသောမြက်ခမ်းပြင်နှင့် လှပသော ပန်းပင်တို့စိုက်ထားသည်က ရင်ထဲတွင် တစ်မျိုးကြည်နူးစေသည် မုဒုံမြို့လေး၏ အလယ်တွင် ကိန္နရီ၊ ကိန္နရာမောင်နှံ၏ ကနေသောဟန်ပန်ကို သဘာဝကျကျ ထုဆစ်ထားသည်။ အကြောင်းအဓိပ္ပါယ်ကား မည်သို့ရှိမည်ကို ကျွန်ုပ်မသိချေ။
          မြို့အထွက်တွင် ကန်ကလေးဥယျာဉ်ခြံကလည်း မြို့၏ လှပသော ဂုဏ်ကျက်သရေကို တစ်မျိုးတစ်မည် ယူဆောင်ထားသလို။ ၀င်းကမော့ရွာက ခပ်ရခပ်ယူစေတီ( စေတီဟုသာဆိုသော်လည်း ကျွန်ုပ်ကားပေါ်မှကြည့်ရာ ကြီးမားသော ရုပ်ပွားတော်သာတွေ့ရသည်) တော်ကလည်း အထူးကြည်ညိုဖွယ်ကောင်းနေသည်။
          မြူခိုးတွေဝေနေသော တောင်ရံအထပ်ထပ်ကို ကျော်ဖြတ်၍ သံဖြူဇရပ်မြို့လေးကို နေ့လည်( ၂း၁၅)မိနစ်တွင် ရောက်သည်။ မြို့လယ်၏ နာရီစင်အနောက်ဖက်တွင် လွန်ခဲ့သည့် လအနည်းငယ်က လောင်ကျွမ်းခဲ့သော ဈေးသည် ယခုမူ မီးလောင်ကွင်းအဖြစ်သာ ရှိသေးသည်။ ယင်းမီးလောင်ရာတွင် ဘယ်သူ့ကြောင့်လောင်သည်ဟု တိတိကျကျ မသိရသေးဟုလည်း ကြားရသည်။
          မြို့လယ်နာရီစင်မှ လက်ယာဘက်အတိုင်းချိုး၍လာခဲ့ရာ ကျိုက္ခမီမြို့လေးသို့ နေ့လည်( ၃း ၃၀)တွင် ရောက်ရှိခဲ့သည်။ ကျိုက္ခမီရေလည်ဘုရားနှင့် စက်စဲသွားရာ လမ်းခွဲတွင် တြိဂံပုံစံ ကျောက်အုတ်များဖြင့် အလယ်တွင် စက္ကူပန်းအနီရောင်၊ သုံးဖက်သုံးနားတွင်တော့ စက္ကူပန်းအ၀ါရောင်ပင်တို့ စိုက်ထူကာ လမ်းညွှန်ထားသည်။ ထို့နောက် ကျိုက္ခမီရေလည်ဘုရားသို့ အရင်ဦးစွာသွား၍ ပြီးမှ စက်စဲကမ်းခြေသို့ သွားခဲ့ကြသည်။
          စက်စဲ့
စက်စဲတွင် ကျွန်ုပ်တို့ပျော်သည်။ ကျွန်ုပ်တို့ဆိုသည်မှာ ကိုသူ၊ ဆန်းလင်း ၊ ကားဒရိုင်ဘာနှင့် တောရွာမှပါလာသည့် ဦးညီခင်၊ ဦးသာထူးတို့ဖြစ်သည်။ ကားမောင်သူသည် ကားကို ယဉ်ရပ်နားစခန်းတွင် မထားရစ်ပဲ သဲသောင်ခုံပြင်ပေါ်သို့ တစ်ချိုးတည်းမောင်းနှင်လာခဲ့သည်။ သဲသောင်ပြင်တွင်တော့ ဘောလုံးကန်သူ၊ ဆိုင်ကယ်စီးသူ ၊ ဆိုင်ကယ်စတန့်ပြသူ၊ မြင်းစီးသူများဖြင့် ပြည့်နေသည်။
          ကျွန်ုပ်တို့စီးနင်းလာသည့် ချယ်ရီဂရုပ်ကားလေးသည် ရေစပ်ထိအောင် မောင်းနှင်၍ ယင်းရေစပ်အတိုင်းတောင်နှင့်မြောက် သို့ အဖန်ဖန်စီးနင်းကြသည် ။
( ၀န်ခံချက်။    ။ ကျွန်တော်ကမ်းစပ်အရောက်တွင် အရပ်မျက်နှာကို ကောင်းကောင်းမမှတ်မိ၊။ မျက်စိလည်ကာ အမှတ်မှားနေသည်။ နေ၀န်းက ပင်လယ်ပြင်နောက်သို့ ငုတ်လျှိုးသွားသောကြောင့် ရေစပ်သည် တောင်နှင့်မြောက်ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိသည်။)
          နိုင်ငံခြားခရီးသွားဧည့်သည်အချို့နှင့် လူငယ်တော်တော်များများ သဲသောင်ပြင်တွင် စော့သူစော့၊ ရေချိုးသူချိုးနှင့်။ ကျွန်ုပ်တို့လည်း ကားပေါ်မှဆင်းကာ ရေချိုးရင်းကစားကြသည်။ ကျွန်ုပ်ကား မြင်းစီးခြင်းဝါသနာထုံသူဖြစ်သည့်အလျောက် မြင်းစီးရန် မြင်းထိန်းတို့ဆီ ငှါး၇မ်းခဲ့သည်။ မြင်းကား သန်မာထွားကျိုင်းသော်လည်း မြင်းထိန်းကား စာသင်အရွယ်ကလေးငယ်ငယ်လေးသာ ဖြစ်နေသည်။ ထိုကလေးငယ်ကို ကြည့်၍ ကျွန်ုပ်အင်မတန်ဝမ်းနည်းလာသည်။  သူ၏ဘ၀အကြောင်းကိုလည်း လေ့လာချင်မိ၍ အငြိမ်မနေတတ်သော စပ်စုမှုက မေးခွန်းများအဖြစ် အသွင်ပြောင်းလိုက်တော့သည်။
` ညီလေးနာမည်သိလို့ရမလား ´
` ထွဋ်ခေါင်ပါ´
` ထွဋ်ခေါင့် ဟုတ်လား ´
` ဟုတ်´
          သည်နာမည်နဲ့ သည်ကလေး လုံးဝမလိုက်။ ဗေဒင်ဆရာများပြောသလို ပြောရမည်ဆိုလျှင် သည်ကလေး နာမည်စီးသွားတယ့်ဟုပင် ပြောရမလိုဖြစ်နေသည်။ အဘယ့်ကြောင့်ဆိုသော် နာမည်က ထွဋ်ခေါင်ဟုသာ ဆိုပေမယ့် လူပုံစံက ဆင်းရဲနုံ့ချာသောအသွင်ကို ဆောင်နေသောကြောင့်ဖြစ်သည်။ မှန်သည်။ ညစ်ထေးနေသော ဘောင်းဘီတိုတိုလေးနှင့် အနည်းငယ်နွမ်းနေသော သူ၏ လက်ပြတ်အင်္ကျီလေးက သူ၏ဘ၀ကို ထုတ်ဖော်ပြောပြနေသည်။ ဆီမလူးသော ဆံပင်က နီကျင်ကျင်ဆောင်နေပြီး ရိုးသားသော သူ၏မျက်လုံးတွေက လောက၏ဆင်းရဲဒုက္ခကို အဆမတန် ခံစားနေရသည့်သဏ္ဍာန်။
` ကျောင်းမနေဘူးလား ´
` စာသင်တဲ့ကျောင်းကို ပြောတာလား´
` အင်းလေ ၊ တခြားဘယ်ကျောင်းတွေရှိနေသေးလို့လဲ ´
` သိပါဘူး၊ မြင်းအတွက်ကျောင်းရတဲ့ မြင်းကျောင်းကိုများ ပြောတာလားလို့ ´
ထွဋ်ခေါင်က အသက်နှင့်မလိုက်အောင် စကားကို ဟာသနှောပြောသည်။ မှေးနေသော သူ၏မျက်လုံးက အနည်းငယ်ပြုံးလိုက်သောကြောင့် ပို၍ မှေးသွားပြန်သည်။
` အင်းဗျ ၊ ကျွန်တော့်ဘ၀ကို စိတ်ဝင်တစားမေးတာဆိုလို့ အစ်ကိုတစ်ယောက်ပဲရှိတယ်၊ ပြောရရင် ကျွန်တော်တို့ မိသားစုဘ၀လေးကို ဟောဒီ ပင်လယ်ကြီးက ၀ါးမြိုသွားခဲ့တာ´
` ဘယ်လို၊ ဒီပင်လယ်ကြီးက ၀ါးမြိုသွားခဲ့တာ´
          ပြုံးနေသည့်မျက်လုံးလေးက တဖန်ပြန်ပြီး လွမ်းဆွေးသယောင် ဖြစ်သွားပြန်သည်။ ထို့နောက် သက်ပြင်းကို ခပ်ရှည်ရှည်ချကာ လှိုင်းတ၀ုန်းဝုန်းထနေသော ပင်လယ်ကြီးဘက်သို့ မျက်နှာမူလိုက်သည်။ လုံးဝန်းသော နေက ပင်လယ်ပြင်၏ အနောက်ဘက်သို့ တဖြည်းဖြည်းဆုတ်ဝင်နေသည်။ ကောင်ကင်ကြီးတွင်ကား တိမ်ညွန့်၊ တိမ်နုတို့ကို ကြက်သွေးရောင်တို့ဖြင့် ဆေးချယ်ထားသည့်ပန်းချီကားတစ်ချပ်နှယ်။ လေတိုးသံနှင့် လှိုင်းသံက လွဲ၍ တခြားအသံဗလံများ သိပ်ပြီးမကြားရ။ စော့ကစားနေသော သူတို့သည်ကား ခပ်ဝေးဝေးတွင် ရှိနေကြသောကြောင့်ပင်။
          ` ဟုတ်တယ်။ ကျွန်တော်အဖေက ငါးဖမ်းသင်္ဘောမှာ ကူလီလုပ်တယ်။ တစ်နေ့တော့ ပင်လယ်ထဲ ငါးဖမ်းရင်း ရေနစ်ပြီးသေခဲ့တယ်။ အဖေက ရေကူးတတ်တယ်။ ရေးကူးကျွမ်းကျင်တယ်။ ဒါပေမယ့် အဲဒီနေ့က လုံးဝရေမကူးတတ်တဲ့ သင်္ဘောကူလီတစ်ယောက် ခြေချော်လက်ချော်ဖြစ်ပြီး ပင်လယ်ထဲ ပြုတ်ကျသွားတယ်။ အဲဒီလူကို ကယ်ရင်းနဲ့ အဖေရေနစ်ပြီး သေခဲ့ရတာ´
` ပြုတ်ကျတဲ့ သူကကော ရေမကူးတတ်ဘူးလား ´
` ဟင့်အင်း ၊ မကူးတတ်ဘူး။ သူက အညာသား။ ဒီအလုပ်လုပ်တာ တစ်ပတ်တော်မပြည့်သေးဘူး´
          လှိုင်းသံက ကျယ်လောင်လာသည်။ ပင်လယ်ထဲက လေကြမ်းကြမ်းတွေလည်း တိုက်ခတ်လို့ကောင်းတုန်း ။ နေလုံးကြီးကား အနောက်ဂေါယာကျွန်းသို့ စုန်းစုန်းနစ်မြုပ်သွားချေပြီ။ သို့သော့် အလင်းရောင်ကား မသေသေး။ သြော့်သူ၏ မျက်နှာတွင်လည်း မျက်ရည်တွေ မသေသေးပေ။
          ` ညီလေးအသက်က ´
` တစ်ဆယ့်နှစ် နှစ်ပါ။ ကျွန်တော့်အောက်မှာ ကျောင်းတတ်နေတဲ့ ညီမလေးနှစ်ယောက်ရှိတယ်။ တစ်ယောက်က သုံးတန်း ၊ နောက်တစ်ယောက်က တစ်တန်း´
` ညီလေး အမေကကော´
` အမေက ပန်းရောင်းတယ်။ ဟောဒီပင်လယ်ကြီးထဲမှာ အကုသိုလ်လုပ်ရင်း အဖေသေခဲ့တာတဲ့။ အဲဒါကြောင့် ကျွန်တော့်ကိုလည်း သင်္ဘောတွေဆီမှာ လုံးဝ မလုပ်ခိုင်းဘူး။ ဒါပေမယ့် အစ်ကိုရယ့် စားဝတ်နေရေးနဲ့ ညီမလေးတွေရဲ့ ပညာရေးက ရှိတယ် မဟုတ်လား၊ ညနေ ငါးနာရီဆိုရင် မြင်းငှါးတာ နားပြီး သင်္ဘောကျင်းမှာ ငါးသွားရွေးတယ်။ ဒါမှ ပိုက်ဆံရမှလေ ´
` အော့့် ညီလေးကို ၀မ်းနည်းစရာတွေ မေးမိပြီ´
` ရပါတယ်အစ်ကိုရယ့်။ ညီလေးလိုဘ၀မျိုးက ညီလေးတစ်ယောက်တည်း ရှီတာမှ မဟုတ်တာ။ ညီလေးလိုပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ စားပွဲထိုးလုပ်နေတဲ့ ကျွန်တော့်သူငယ်ချင်းတွေ ဟိုမှာလေ မြင်းလားအစ်ကို´
          ကမ်းပေါ်က အအေးဆိုင်တွင် စားပွဲထိုးလုပ်နေသော ကောင်းလေးတစ်ယောက်ကို လက်ညှိုးဖြင့် ထိုးပြသည်။ ထိုကလေးတွေမြင်တိုင်း ကျွန်တော့်စိတ်ထဲ အလိုလို ၀မ်းနည်းလာသည်။
` ညီလေး ကျောင်း မတတ်ချင်ဘူးလား´
` ဘယ်လို မေးလိုက်တာလဲအစ်ကိုရာ၊ ကျွန်တော် နှစ်တန်းပဲ နေခဲ့ဖူးတာ။ ကျွန်တော်ကျောင်းကထွက်လိုက်တော့ ဆရာ၊ ဆရာမတွေက လက်သင့်မခံဘူး။ ကျွန်တော်က အတန်းထဲမှာ အမြဲတမ်း ပထမဆုရခဲ့တာလေ။ ဆရာတွေက ကျွန်တော့်အတွက် ကျောင်းအပ်ခကို လုံးဝမယူဘူးတဲ့။ စာအုပ်စာတမ်းတွေလည်း သူတို့က ပေးမယ်ပြောတယ်။ ဒါပေမယ့် အမေက လက်သင့်မခံဘူး။ သိတယ်မို့လား။ အမေ့ရဲ့ ပန်းရောင်းတဲ့ငွေနဲ့ ကလေးသုံးယောက်ကို ဘယ်လိုလုပ်ကျွေးမွေးနိုင်မလဲ။ ကျွန်တော့် ကျွန်တော်မှ အလုပ်မလုပ်ရင် ကျွန်တော့်ညီမလေးတွေလည်း ကျောင်းနေရမှာမဟုတ်ဘူး´
          သည်တစ်ကြိမ်တော့ သူ မျက်ရည်တွေ ထိန်းမထားတော့။ ပင်လယ်ကြီးဘက်ကို မျက်နှာပြန်မူကာ ငိုသည်။ သည်ကလေး၏ မျက်ရည်တွေက အနာဖြစ်နေတဲ့ ကျွန်တော့်နှလုံးသားအပေါ်ကို စူးများကျလာသည့်နှယ်။ ကျွန်တော်သူ့ကို ဖက်ထားလိုက်မိသည်။ အံကို တင်းတင်းကြိတ်ထားပေမယ့် ကျွန်တော့် မျက်ဝန်းတွင်လည်း မျက်ရည်တွေ ရွာနေမည်ထင်သည်။
          ` ၀မ်းမနည်းပါနဲ့ငါ့ညီရာ ၊ ညီလေးလိုပဲ ငါလည်း ကျောင်းပြီးအောင် မနေခဲ့ရပါဘူး။ တစ်ခါတစ်လေမှာ လောကကြီးက ဆန်းကြယ်တယ်ကွ၊ ငါတို့စာမတတ်ပေမယ့် တစ်နေ့ အထက်မှာ မရောက်နိုင်ဘူးလို့ မပြောနိုင်ဘူး။ ကြိုးစားကွာ။ ယောက်ျားပဲ။ သွေးဆိုတာ နီနေမှ့´
          ကျွန်တော် အတန်ကြာအောင် သူ့ကို အားပေးနေမိသည်။ နေက ၀င်သွားသောကြောင့် အမှောင်တို့ စိုးမိုးစပြုလာသည်။ ထို့နောက် မိမိတတ်နိုင်သလောက် ငွေအနည်းငယ်ကူညီသော်လည်း သူက မယူ။ သို့သော်လည်း  မိမိနှင့် စကားပြောနေရ၍ မြင်းလည်း မငှါးရ၊ ငါးလည်း မရွေးရသောကြောင့် မြင်းငှါးခ၊ ငါးရွေးခတော့  ယူသွားပါဟု အတင်းပြောမှ ယူသွားသည်။
          နေက၀င်သွားပြီဖြစ်သောကြောင့် ကျွန်ုပ်တို့လည်း စက်စဲကမ်းခြေမှ မော်လမြိုင်သို့ ပြန်လာခဲ့သည်။ အပြန်လမ်းတွင် ရော်ဘာရနံ့တို့သင်းပျံ့နေသော်လည်း ဂရုမစိုက်အားတော့ ။ မြူတွေဝေနေသော တောင်တန်းကြီးအလှကိုလည်း စိတ်မ၀င်စားနိုင်တော့ ။ ကျွန်တော့်အတွေးထဲတွင်တော့ မမှည့်ခင်ကြွေသော သရက်ကင်းနှင့်တူသော ထိုကလေးငယ်လေးအကြောင်းကိုသာ စဉ်းစားနေမိသည်။
          မှန်သည်။ သရက်ပွင့်ပြီးစ အကင်းမျှရှိသော သရက်သီးတို့သည် နွေဦးတွင် ကဆုန်ကလျားတိုက်ခတ်သော လေရူးတို့ကြောင့် သရက်ကင်းတို့ ကြွေကျကုန်သည်။ ယင်းသရက်ကင်းကား မှန်ဖို့နေသာသာ  ရင့်တောင် မရင့်သေး။ ထို့အတူ။ အချို့သော ကလေးငယ်တို့သည် ပညာသင်ရမည့်အချိန် အမျိုးမျိုးသော အကြောင်းတို့ကြောင့် ပညာမသင်ရပဲ လုပ်ငန်းခွင်တွင် ၀င်နေကြရသည်။ ထိုကလေးငယ်တို့သည် အသက်နှင့်မမျှ ။ အရွယ်နှင့် မညီသော ဒုက္ခကို ခါးစီးပြီး ခံနေကြရသည်။ သူတို့လည်း မမှည့်ခင်ကြွေသော သရက်ကင်းနှင့် ဘာထူးတော့မည်နည်း။
          ထို့နောက်တွင်ကာ့းကျွန်ုပ်တို့၏ ခဲပုပ်ရောင် ချယ်ရီဂရုပ် ကားငယ်လေးသည် လှိုင်းပုပ်သံ ကျယ်လောင်သော ( စက်စဲကမ်းခြေ) ပင်လယ်ကြီးမှ ဝေသထက် ဝေးလာလေတော့သတည့်း။။။။။။။။ူ
မှတ်ချက်။     ။ ဆင်းရဲနွမ်းပါးသော ကလေးငယ်တို့အား ကူညီစောင့်ရှောက်မှု အားကောင်းလာစေရန် ရည်ရွယ်၍့။
လေးစားစွာဖြင့်
မိန်နွေ
26.2.2013