This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, January 22, 2013

ငါန်းဇွန်စက်မှုစုန်စီမံကိန်း

မန္တလေးတိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးတွင် တရုတ်နိုင်ငံ နှင့် ပြုလုပ်မည့် ငါန်းဇွန် စက်မှုဇုန် စီမံကိန်း နှင့် တံတားဦး ဟိုတယ် စီမံကိန်း ကို မန္တလေးတိုင်း ဒေသကြီး လွှတ်တော်သို့ တင်ပြပြီး အကြံဉာဏ် ရယူခြင်း၊ လွှတ်တော် ကိုယ်စားလှယ်များက ယင်းစီမံကိန်း များ နှင့် ပတ်သက်၍ မေးမြန်းသည် များကို ပြန်လည် ဖြေကြားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ စုံစမ်း သိရသည်။

တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးကို ဒီဇင်ဘာလ ၂၆ ရက် မှ ဇန်နဝါရီလ ၃ ရက်နေ့အထိ ကျင်းပမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။
 
 

The Voice Weekly

အိမ်အပြန် ခင်မောင်ညို (ဘောဂဗေဒ)

      ကိုယ့်ရပ်ကိုယ့်ရွာကို လွမ်းတတ်၊ ပြန်ချင်တတ်ပေမယ့်၊ တခါတလေမှာ မလွမ်းချင်စရာတွေ၊ လွမ်းလို့အဆင်မပြေတာတွေ တွေ့တွေ့နေတော့၊ တစ်ခေါက်တစ်ခေါက် မနည်းအားတင်းပြီးသွားရတယ်။ တစ်ခေါက်သွားပြီးရင်လဲ၊ နောက်တစ်ခေါက် သွားဖြစ်ပါဦးမလားဆိုတာ အတော်စဉ်းစားရတယ်။
          ဒီတစ်ခေါက်၊ အာစရိယ ပူဇော်ပွဲက၊ ခါတိုင်းအဓိက တာဝန်ယူနေတဲ့သူတွေမရှိလို့၊ အားမရှိလှပါဘူး။ ကိုယ့်ဖာသာကိုယ်တောင် မလိုက်ချင်သလိုလို၊ လိုက်ချင်သလိုလိုပါပဲ။ ဒါပေမယ့် သမီးဖြစ်သူကို ဆွေပြမျိုးပြ ခေါ်သွားချင်တာရယ် (ဇနီးကိုတော့ မခေါ်နိုင်သေးပါဘူး)၊ ပြောစရာဆိုစရာတွေကလဲ ရှိနေတာရယ်ကြောင့် မလိုက်လို့က မဖြစ်ပြန်ဘူး။ ဟောပြောပွဲကို လုပ်ချင်ကြတယ် (ခါတိုင်းက တော့၊ ကျောင်းထဲမှာပဲ ဟောတာပါ။ အခုတော့ မိုးသိင်္ဂီဇာတ်ရုံမှာ၊ လူထုကို ဟောဖို့ပါ) ဆိုလို့၊ ဆရာတစ်ယောက်ကို ချိတ်ပါတယ်။ သူ့ဟောပြောပွဲဓါတ်ပြားတွေက နေရာအနှံ့ပြန့်နေလေတော့၊ ကိုယ်တိုင်ဟောပြောတာကို နားထောင်ချင်နေတဲ့သူတွေက ရှိနေတာကိုး။ ဆရာက၊ အနားကပ်မှ မလိုက်နိုင်ဘူးဖြစ်ပါလေရော။ ဒီကြားထဲ ငါန်းဇွန်ပရိသတ်က သူတို့စိတ်ထဲရှိသမျှ ဆရာတွေကို ဖိတ်ခိုင်းလို့၊ ကြိုးစားဖိတ်ပေမယ့် ဘယ်ဆရာကြီး တွေကိုမှ မရနိုင်၊ နားပူတဲ့ဒဏ်မခံနိုင်တဲ့အဆုံး၊ ငါပါမလာပဲနေလိုက်ရမလားလို့ ခြိမ်းခြောက်လိုက်မှပဲ၊ အေးသွားပါတော့တယ်။ ကိုယ့်အစီအစဉ်နဲ့သွားမယ့်သူတွေက ခပ်များများဆိုတော့၊ စုသွားကြမယ့် အစီအစဉ်မှာ လူထပ်လျော့သွားပါတယ်။ (၄)ရက်စာ ပေးရမယ့်ကားခကို ၀န်လေးနေကြရာက၊ နောက်ဆုံးမတော့၊ ကုန်းလမ်းပို့ဆောင်ရေး ဘက်က ကားတစ်စီးကို၊ ဈေးသက်သက်သာသာနဲ့  ရပါတယ်။ လူနည်းတော့လဲ၊ တယောက်ကို နှစ်ခုံနှုန်းလောက် ထိုင်နိုင်ကြပါတယ်။ လမ်းအသစ်ကတိုပေမယ့်၊ မသွားဘူးကြလေတော့၊ သိတဲ့ လမ်းအတိုင်းသွားကြတာ၊ တစ်နာရီလောက် ပိုကြာသွားပါတယ်။ တံတားဦး မြင်းခြံလမ်းကနေ ခွဲထွက်ပြီး ငါန်းဇွန်ကို (၁၄)မိုင်လောက်ဝင်ရတာ၊ ထန်းပင်တွေ၊ ပဲစဉ်းငုံခင်းတွေ၊ ၀ါခင်းတွေကို ကြည့်လို့မ၀နိုင်ဘူး။ ငါန်းဇွန်အ၀င်ချောင်းကို ဖြတ်တော့၊ ကားပေါ်ကဆင်း ရေဆော့ပြီး မြို့ကိုဝင်ဖြစ်ပါတယ်။ ကားပေါ်က အဝေးရောက်ငါန်းဇွန်သားတွေကတော့ မသန်းစုခေါက်ဆွဲ စားမယ်လို့ အစောကြီးကတည်းက ကျုံးဝါးထားတဲ့အတိုင်း အပြေးစားကြပါတယ်။ ကိုယ်တစ်ယောက်တည်းလာစဉ်က၊ ကျောင်းမှာပဲ တည်းလေ့ရှိပေမယ့်၊ သမီးပါလာတာရယ်၊ ဟောပြောမယ့်စာရေးဆရာတွေအတွက် သပ်သပ်စီစဉ်ထားတယ်ဆိုတာရယ်ကြောင့် ကိုယ်မရောက်ဘူး၊ မတည်းဘူးတဲ့ နေရာကို လိုက်တည်းပါတယ်။ သူတို့နဲ့တွေ့မှပဲ၊ အရင်တုံးက၊ ကိုယ့်အရပ်ကိုယ့်ဒေသဟာ စီးပွားရေးလုပ်လို့ ကိုင်လို့ မကောင်းလို့ မကြီးပွားမတိုးတက်တာပဲဆိုတဲ့အမြင်၊ လုံးဝပျောက်ကွယ်သွားပါတော့တယ်။ ထုံးစံအတိုင်း နေ့လည်ပိုင်းမှာ အ.ထ.က ကျောင်းသားကျောင်းသူတွေ ဟောပြောဖို့ စီစဉ်ထားရာမှာ၊ ကလေးတွေက၊ ၀ီရိယကောင်းကောင်းနဲ့၊ အစောကြီးရောက်နေတာတွေ့ရပါတယ်။ အရင်တစ်ခေါက်တုံးက၊ ကလေးတွေက၊ နိုင်ငံခြားအတွေ့အကြုံတွေ ကြားချင်ကြတယ်ဆိုလို့၊ အဲဒီအကြွေးကို ဆပ်တဲ့အနေနဲ့ အခုတစ်ခေါက် ဟောပြောပါတယ်။ မန္တလေး- ဦးဘုန်း(ဓာတု)နဲ့ ကာတွန်းဆရာ ဟာဂျူလီ (ကသာ) တို့ကလဲ အဟောကောင်းအပြောကောင်းတွေဆိုတော့၊ ကလေးတွေက သဘောကျကြပါတယ်။ ရောက်ရောက်ချင်း ငါန်းဇွန်ဈေးထဲ သမီးကိုခေါ်သွားပြီး ဆွေမျိုးတွေနဲ့ တွေ့ပေးပေမယ့်၊ ကိုယ်ရောင်းခဲ့တဲံဆိုင် နေရာကိုတော့၊ လုံးဝမမှတ်မိပါဘူး။ ဈေးကို ကြည့်ပြီး၊ သမီးက - ဒီဈေးလေးကလဲ သန့်ရှင်းလိုက်တာလို့ မှတ်ချက်ချလို့၊ ၀မ်းသာရပါသေးတယ်။
          ဟောပြောပွဲမစမီ၊ ငါန်းဇွန်ရဲ့ ဂေဇက်ဝင်ဘုရားတဆူဖြစ်တဲ့ မိုးကောင်းဘုရားကို သွားဖူးကြပါတယ်။ ငါန်းဇွန် အ.ထ.က ခန်းမမှာ၊ ဟောပြောဖို့ ငယ်ငယ်ကတည်းက အိပ်မက်ရှိပေမယ့်၊ ဇာတ်ရုံမှာဟောဖို့ဆိုတာတော့ စိတ်တောင်မကူးဖူးပါဘူး။ ဇာတ်ရုံပြည့်ရုံမက၊ အပြင်မှာပါ။ ဆိုင်ကယ်တွေ တသီတတန်းကြီး နဲ့ အားပေးကြပါတယ်။ မြို့ထဲက ပိုပြီး ပီပီသသ ကြားရတယ်လို့လဲ ပြောကြပါတယ်။ ကိုယ်ရေးရာဇ၀င် အကျဉ်းချုပ်ရေးပေးရာမှာ၊ အခမ်းအနားမှူးနှစ်ယောက် အနက်တစ်ယောက်က၊ ငါန်းဇွန်က ဒီလိုလူမျိုး ထွက်သားပဲဆိုတဲ့ မှတ်ချက်နဲ့၊ ဂုဏ်ယူဝံ့ကြွားစွာ ယူဖတ်ခဲ့တယ်ဆိုတဲ့ စကားတလုံးနဲ့ကို အတော်လေးကျေနပ်ခဲ့ပါတယ်။ ဒီအရပ်ဒီဒေသက ဒီလိုလူတွေ၊ မိုးလေ၀သက ဒေါက်တာဦးထွန်းလွင် လိုလူတွေ ထွက်နိုင်ခဲ့ပါတယ်ဆိုတာ၊ နောင်လာနောက်သားတွေကို ပြချင်ပြောချင်တာနဲ့ သွားနေတာ၊ သွားရကျိုးနပ်ပါတယ်။
          အရင်တစ်ပတ် နေပြည်တော် ထန်းတစ်ပင်တောရမှာလဲ Sunday School ကို တွေ့ခဲ့တယ်။ အခု ကိုယ့်အရပ် ကိုယ့်ရွာရောက်တဲ့အခါကျလဲ၊ ကွန်ပျူတာ (၇)လုံးနဲ့ သင်တန်းသား ရာထောင်ချီရှိတဲ့ သင်တန်းသားတွေကို အဖိုးအဖွားအဖေအမေတွေ လှူဒါန်းထားခဲ့တဲ့ ဘုန်းကြီးကျောင်းဝင်းတွေမှာ တွေ့ရတာဟာဖြင့်၊ ဒီတစ်ခေါက်မှာ စိတ်အကျေနပ်ဆုံးပါ။
          ကျွန်တော်တို့ဆီမှာ၊ မပြောင်းလဲသေးတာတွေလဲ အများကြီးပါ၊ ကျွန်တော်ငယ်ငယ်က ဖြတ်သန်းသွားလာခဲ့တဲ့ မြေလမ်းတွေ။ ရွှံ့လမ်းတွေဟာ၊ အခုလဲ မြေလမ်းတွေရွှံ့လမ်းတွေပါပဲ။ ကျွန်တော်တို့ ငယ်ငယ်ကနေခဲ့တဲ့ အိမ်က၊ ခေတ်ဆန်ဆန် ပုံစံဖြစ်သွားတာကျတော့၊ ကျွန်တော်တို့ ခံစားလို့ မရပြန်ပါဘူး။ (တကယ်တော့ ပိုင်ရှင်အသစ်က၊ သူလုပ်ချင်သလို လုပ်လို့ရတာပါပဲ)။ ဟိုတုံးက- ဆရာတော် ဦးစန္ဒိမာ လက်ထက်က၊ အေးချမ်းစွာရှိခဲ့တဲ့ သဲဖြူကျောင်းဝန်းကျင်မှာ ကလေးတွေ၊ သင်တန်းသားတွေနဲ့ ကမ္ဘာကြီးကို အမီလိုက်ဖို့ ကြိုးစားနေကြတာတွေ၊ ဟောပြောပွဲမှာ ကလေးတွေက အော်တိုရေးခိုင်ကြ၊ လက်မှတ်လာထိုးခိုင်ကြတာတွေကို သဘောကျတယ်။ ဒါကြောင့်လဲ၊ ဒီလောက်မကပေးချင်၊ လှူချင်ပေမယ့်၊ ကိုယ့်အတိုင်းအတာနဲ့ ကိုယ်မို့ ဟောပြောပွဲက ချီးမြှင့်တဲ့ငွေကို၊ ဘုန်းကြီးကျောင်းက တနင်္ဂနွေသင်တန်းအတွက် ကြိုက်တာသုံးကြ၊ ပြန်စာရင်းရှင်းမနေနဲ့လို့ ဂေါပကလုပ်တဲ့အကိုကြီး ကိုသန်းစိုးလက်ထဲ ထည့်ခဲ့တယ်။
          တကယ်တော့၊ ကုသိုလ်၊ ပညာ၊ ဥစ္စာရတဲ့ အရပ်ဒေသဆိုတာ၊ ပထ၀ီအနေအထားကို ပြောတာမဟုတ်၊ အဲဒီအရပ်ဒေသက လူတွေရဲ့ စွမ်းအားကို ပြောတာလို့ သဘောပေါက်လာခဲ့ကြောင်းပါ။


 ခင်မောင်ညို (ဘောဂဗေဒ)

ငါန်းဇွန်တစ်ခေါက်

  ခရီးတွေဆက်နေလို့ အတော်လေးတော့ ပင်ပန်းသား။ ခါတိုင်းခရီးတွေကသူများကစရိတ်အကုန်ခံပြီးဖိတ်တာကိုကိုယ်ကအကျော့သားသွားရတာပါပဲ။ ဒါပေမဲ့ ဒီခရီးမှာတော့ တခြားခရီးတွေကစုလာဆောင်းလာတာတွေကိုကိုယ့်ဇာတိရပ်ရွာမှာ ပြန်သုံးဖို့။ ကြွေးဟောင်းဆပ်ဖို့၊ ကြွေးသစ်ချဖို့ သွားတာပါ။ မသွားခင်ကတည်းကဘာများလိုအပ်မလဲလို့ မေးရတာအတန်တန်။ လိုအပ်ကောင်းရဲ့လို့ စဉ်းစားမိသမျှ ပြင်ဆင်ရ၊ ထည့်ရ၊ သယ်ရနဲ့ မမောနိုင် မပန်းနိုင်။ အထူးသဖြင့်တော့ ကိုယ့် ရပ်ကိုယ့်ရွာကသူတွေကိုကိုယ်ရေးတဲ့ စာတွေ၊ ဗဟုသုတတွေ ဖြန့်ဝေရင်တော့ လေးပင်လေးပေမယ့် စာအုပ်တွေအများကြီးသယ်သွားပြီးဝေငှတယ်။ ဟိုတလောကဟောပြောပွဲသွားတဲ့ မုဒုံတို့၊ မလေးရှားတို့ကိုလည်းစာအုပ်တွေ သယ်သွားတာပါပဲ။ ကိုယ်ကဖတ်စေချင်တာကိုး။ တစ်နေရာမှာတော့ ရောင်းဖို့ မယူခဲ့ဘူးလားတဲ့။ ရောင်းဖို့အတွက်တော့ အပင်ပန်းခံပြီးမသယ်ချင်ပါဘူး။ ကိုယ့်အရပ် ကိုယ့်ဒေသကိုအရင်အခေါက်တွေတုန်းကလည်းစာအုပ်တွေ သယ်သွားပေမယ့် စာကြည့် တိုက်ထဲကနေအပြင်ကိုသိပ်ပြီးရောက်ပုံမရဘူး။ ဒီတော့ ကိုယ်တိုင်ပဲစာဖတ်မယ့်သူတွေရဲ့လက်ထဲကိုအရောက်ပို့မှဖြစ်မယ်ဆိုပြီးကျောင်းသားတွေကိုဝေတယ်၊ ဆရာဆရာမတွေကိုပေးတယ်။ မိတ်ဆွေတွေကို မျှတယ်။ ဟိုတုန်းကရှိခဲ့ဖူးတဲ့ သတင်းမီဒီယာတွေ ဘာတွေလည်းအခုမရှိတော့ဘူးထင်ပါရဲ့။
          အရင်အခေါက်တုန်းကပညာထူးချွန်ဆုနဲ့အတူကလေးတွေကိုမုန့်ပါကျွေးတယ်။ ဒီတစ်ခေါက်တော့ ရေပဲတိုက်တော့မယ်ဆိုတော့ ကလေးတွေကသဘောကျကြပါတယ်။ အဝီစိတွင်းတစ်တွင်းကိုကိုယ်ကစရိတ်အကုန်ခံပြီးတူးပေးတယ်။ နောက်လူတွေကပိုက်တို့၊ ရေစုပ်စက်တို့၊ ရေတိုင်ကီတို့ ဝိုင်းလှူကြတယ်။ ကိုယ့်ရဲ့မတည်ငွေကအတန်အသင့် များပေမယ့် ပြစရာကမ္ဗည်းထိုးစရာကမရှိဘူး။ ဒါ့ကြောင့် အဝီစိသွားပြီးကမ္ဗည်းထိုးရမယ်ထင်ရဲ့လို့တောင် နောက်မိတယ်။ ထိုရှားပါးတဲ့ အရပ်ဒေသမှာကလေးတွေ ရေသောက်ရ၊ အထူးသဖြင့် ရေကြည်ရေသန့် သောက်ရတာတွေ့လို့ စိတ်ချမ်းသာရတယ်။ ဒါအဲဒီတွင်းကရေပဲဆိုပြီးလာတိုက်တာတောင် သောက်ဖြစ်အောင် သောက်လိုက်သေး။ ကမ္ဗည်းထိုးထားတဲ့ ရေတိုင်ကီကြီးတွေကိုလည်းတွေ့ခဲ့ပါတယ်။
          အမြန်ကားကြီးကကျောက်ချောလမ်းဆိုလား၊ မြေလမ်းဆိုလားမသိပါဘူး။ စည်ပင်သာယာရဲ့ အစီအစဉ်နဲ့ ပုဂ္ဂလိကကအများဆုံးစရိတ်ခံလှူဒါန်းထားတဲ့ လမ်းကနေမထိမခိုက်ရအောင် တဖြည်းဖြည်းတရွေ့ရွေ့ဝင်လာတော့ လိုက်လာတဲ့ ငါန်းဇွန်သူငါန်းဇွန်သားတွေကရောက်ချင်လှပေါ့။ တစ်ညလုံးအိပ်ရေးပျက်ခဲ့ပေမယ့် အကုန်ထပြီးမျှော် နေကြပြီ။ ဒီလမ်းလေးရှိလို့  မန္တလေး-တံတားဦး-ငါန်းဇွန်-မြို့သာ-ငါန်းမြာသွားရလာရတာအတော်လေးအဆင်ပြေပေမယ့် အစိုးရဌာနအောက်မှာစာရင်းဝင်တဲ့လမ်းမဟုတ်လေတော့ မျက်နှာခပ်ငယ်ငယ်နဲ့ အစိုးရရဲ့ စောင့်ရှောက်မှုကိုခံရပုံမရဘူး။
          တံတားဦးဘက်ကစဝင်တော့ ဆက်သွယ်လို့ရသေးတယ်။ ဖုန်းတွေမပြတ်သေးဘူး။ နည်းနည်းလေးထိမိတော့ ကြားကျသွားပုံရတယ်။ ဆက်သွယ်မှုပြတ်ကုန်တယ်။ ငါန်းဇွန်နားနီးတော့ ဖုန်းလိုင်းပြန်မိတယ်။ ရွာသစ်ရွာနားကနေလာကြိုတဲ့သူတွေကိုတွေ့နေရပြီ။ ပါလာတဲ့ ဆရာကြီးဆရာမကြီးသုံးယောက်နဲ့ မိတ်ဆွေ သူငယ်ချင်းတွေကိုအားပါးတရ နှုတ်ဆက်ကြတယ်။
          အင်တာနက်ဖွင့်ကြည့်တော့ အဆင်ပြေနေသမို့ ငါန်းဇွန်အဝင်ကတည်းကလာရောက်ကြိုဆိုကြပုံတွေကိုတယ်လီဖုန်းနဲ့ တောက်လျှောက် ဓာတ်ပုံရိုက်၊ ချက်ချင်းFacebook ပေါ် တင်တဲ့၊ ပြန်ကြားရေးတာဝန်တွေကိုထမ်းဆောင်တယ်။ ငါန်းဇွန်မြို့အဝင်မှာနံနက်စောစောကလွတ်လပ်ရေးနေ့အခမ်းအနားကျင်းပသွားခဲ့တဲ့ လွတ်လပ်ရေးကျောက်တိုင်ကိုမီးရောင်စုံနဲ့  တွေ့ရတယ်။ မြို့ဘက်ရောက်တော့ ဆက်သွယ်ရေးတိုင်ကအမြင့် အနိမ့် နှစ်တိုင် ဖြစ်နေပြီးအနိမ့်တစ်တိုင်ကိုတခြားနေရာရွှေ့မယ်လို့ ပြောသံကြားမိပါတယ်။
          ဈေးနားမှာတယ်လီဖုန်းနဲ့ အင်တာနက်ချိတ်ဆက်ဖို့ ဝန်ဆောင်မှုပေးတဲ့ ဆိုင်လေးတစ်ဆိုင်တွေ့နေရပြီးသူ့ဆိုင်မှာပဲတယ်လီဖုန်းအလုံး ၅ဝ လောက်ကိုဝန်ဆောင်မှုပေးပြီးပြီတဲ့။ အပြေးအလွှားသွားစားနေကျ မသန်းစုတို့ မုန့်တီဆိုင်ကလည်းတယ်လီဖုန်းတွေ ဘာတွေနဲ့။ နောက်ဆိုအဝေးကြီးကလှမ်းပြီးမှာလို့ရပြီ။
          ဒီတစ်ခေါက် အာစရိယပူဇော်ပွဲမှာသံဃာတော်နဲ့ သီလရှင်အပါး ၂ဝဝ လောက်ကိုဆွမ်းလောင်းပြီးကွယ်လွန်သူဆရာကြီးဆရာမကြီးတွေ မိတ်ဆွေတွေကိုအမျှဝေပေးတဲ့ အစီအစဉ်တစ်ရပ်လည်းထည့်သွင်းတိုးချဲ့နိုင်ခဲ့ပါတယ်။ ဆွမ်းမလောင်းမီငါန်းဇွန် မန်းကားဂိတ်ကလက်ဖက်ရည်ဆိုင်မှာထိုင်မိတော့ ငါန်းဇွန်-မန္တလေးကားတွေဟာခရီးသည်ထက် ကုန်တွေကိုအရင်ကလိုပဲအားကိုးနေရတဲ့အကြောင်း၊ လမ်းကောင်းလာတော့ လူအတော်များများကဆိုင်ကယ်နဲ့ သွားကြတာများတဲ့အကြောင်း၊ ကုန်တွေကလည်းဟိုတုန်းကလိုငါန်းဇွန်မှာမစုတော့လို့ ဒိုင်တွေ အလုပ်မဖြစ်၊ ဆိုင်ကယ်တွေ၊ ထော်လာဂျီတွေနဲ့ မြို့နားအရောက် သယ်ကြတဲ့အကြောင်း၊ လက်ကိုင်ဖုန်းတွေပျံ့နှံ့နေလို့ မြို့ပေါ်ပေါက်နေတဲ့ ဈေးနှုန်းကိုအလွယ်တကူသိရှိနေပြီဖြစ်တဲ့ အကြောင်း ကြားသိရပါတယ်။
          ကိုယ်ရောက်တဲ့အခါ ကျောင်းသားတွေကိုဟောပြောနိုင်ဖို့ ဒေသခံတွေကစီစဉ်ပေးထားတော့ အောင်ဆန်းခန်းမမှာတစ်နာရီလောက် ဟောပြောပါတယ်။ ပြီးတော့ ကလေးတွေကိုမေးချင်ရာမေးကြဆိုပြီးမေးခိုင်းတယ်။ ကလေးတွေ ပြောရဲဆိုရဲမေးမြန်းရဲတဲ့အလေ့အထလေးရှိစေချင်လို့ပါ။ ပြီးတော့ ပါလာတဲ့ စာအုပ်တချို့ကိုကလေးတွေရယ်၊ အာစရိယပူဇော်ပွဲ အကျိုးဆောင်ကြတဲ့ ဆရာ၊ ဆရာမတွေနဲ့ မိတ်ဆွေကိုဝေငှတာလောက်တောင်မလောက်ဘူး။ အခမ်းအနားပြီးခါနီးမှာဒီကနေ့ ဟောပြောပွဲအတွေ့အကြုံကိုကျောင်းသူတစ်ယောက်၊ ကျောင်းသားတစ်ယောက်ကို ပြန်ပြောခိုင်းတယ်။ ကျောင်းသူအလှည့်မှာမိဘတွေကအိပ်စောင့်ခိုင်းထားတာ၊ အိမ်သော့ခတ်ပြီးဟောပြောပွဲလာလို့ အရိုက်ခံရမယ့်အကြောင်း၊ သမီးတစ်ယောက်ကငိုပြီးပြောပြတယ်။ ဟောပြောပွဲအတွေ့အကြုံ နည်းနည်းရထားတဲ့ ကလေးတွေက ပြီးရင် ဓာတ်ပုံရိုက်ခိုင်းရမှန်း၊ လက်မှတ်ထိုးခိုင်းရမှန်းသိလာကြပြီ။
          ညဘက်မှာလည်းစာပေဆွေးနွေးပွဲလေးလုပ်တော့ မိတ်ဆွေတချို့ လာကြပါတယ်။ မေးမြန်းဆွေးနွေးတဲ့ အကြောင်းအရာတွေလည်းအတော်လေးစုံလင်တယ်။ ဒါပေမဲ့ သူငယ်ချင်းဟောင်းတွေစုပြီးပျော်နေကြတဲ့ ကာရာအိုကေအစီအစဉ်ကိုမကျော်နိုင်၊ သူတို့အသံပဲလွှမ်းနေလို့ ဆွေးနွေးပွဲရှိမှန်းတောင် မသိလိုက်ကြဘူးတဲ့။
          ဒီနှစ် အာစရိယပူဇော်ပွဲကအချိန်စောပြီးကျင်းပလို့ ငွေကောက်ကြ၊ အလှူခံကြတဲ့သူတွေ နည်းနည်းကသီပေမယ့် ဆရာကြီး၊ ဆရာမကြီးတွေ စောစောအဆင်ပြေတာပေါ့။ လာရောက်တဲ့ ဆရာကြီး၊ ဆရာမကြီးတွေနဲ့ ဧည့်သည်တွေကိုဒေသခံဆရာ၊ ဆရာမတွေကချွေးနည်းစာထဲကလစဉ်စုဆောင်းပြီးထမင်းကျွေး ကြသေးတယ်။ လာမယ့်နှစ်အတွက်လည်း ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊  လွတ်လပ်ရေးနေ့မှာလုပ်မယ်ဆိုတာတစ်ခါတည်းရက်သတ်မှတ် ခဲ့ကြတယ်။
          ပြုပြင်ထိန်းသိမ်းနေတဲ့ အများလှူဒါန်းခဲ့တဲ့ သဲဖြူကျောင်းကိုလည်းဝတ္တရားမပျက် သွားကြည့်ပါတယ်။ ဟိုတုန်းကဘိလပ်မြေအောက်ခုံကရာသီဥတုဒဏ်ကြောင့် အက်နေပေမယ့် တကယ်တမ်းကျ ထုခွဲလို့မရဘူး။ ကျောင်းမှာသတင်းသုံးနေတဲ့ ကိုယ်တော်တွေကမီးကြိုးတွေ လဲပေးပါဆိုလို့ မီးဆင်ပေးရဦးမယ်။ တနင်္ဂနွေနေ့မှာပုံမှန်သင်နေတဲ့ ယဉ်ကျေးမှုသင်တန်းကလည်းအရှိန်ကောင်းနေပြီးမကြာမီသင်တန်းဆင်းပွဲလုပ်မှာမို့ ကလေးတွေကိုဝေငှဖို့ စာအုပ်တွေ ပို့ပေးရဦးမယ်။ ဒီတစ်ခါ ထူးထူးဆန်းဆန်းမသန်းစုဆိုင်ကမုန့်တီနဲ့ ခေါက်ဆွဲကိုဆိုင်ရှင်ကိုယ်တိုင်ကဧည့်ခံကျွေးမွေးတာစားခဲ့ရတယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ်ဆိုတော့ ညီမလေးနဲ့ပေါင်းပြီးဆွေတွေမျိုးတွေအိမ် ကြာကြာမလည်နိုင်။ အိမ်ရှင်ကျွေးတဲ့ ညနေစာတစ်နပ်ကိုကမန်းကတန်းစားရတယ်။ အကျေနပ်ဆုံးကနံနက် စောစောငါန်းဇွန်- ရွာသစ်လမ်းအတိုင်းလမ်းတစ်လျှောက် ကျေးလက်မြင်ကွင်းတွေ အရယူနိုင်ခဲ့တယ်။ အပြန်မှာတော့ ဆွေတွေ မျိုးတွေ ပေးလိုက်တဲ့ ထောပတ်ပုလင်းတွ၊ နို့ဆီပုလင်းတွေ၊ မလိုင်ခဲတွေ မနိုင်မနင်းနဲ့ပေါ့။ ဘယ်လောက်တောင် ဝယ်ကြ ပေးကြသလဲဆိုဆိုင်မှာမလိုင်ခဲလက်ကျန်မရှိတော့တဲ့ အထိပဲပေါ့။ နောက်တစ်ခါ ပြန်လာခဲ့ ပါဦးမယ်။



မောင်သက်မွန် (ငါန်းဇွန်)

လက်ကိုင်ဖုန်း ၁ လုံးကြောင့် လူ ၃ ဦး အသက်ဆုံးရှုံး



အိမ်သာကျင်းထဲကို ဖုန်းဆင်းကောက်ရာမှ လူ ၃ ဦးသေဆုံးဆိုတဲ့ သတင်းကို ယနေ့ထုတ် ကြေးမုံ သတင်းစာမှာ ဖော် ပြထားပါတယ်။ မန္တလေးတိုင်း ငါန်းဇွန် မြို့နယ် ကမ္မရွာက ဦးချစ်လိုင်ရဲ့နေအိမ် မှာဖြစ်ခဲ့တာပါတဲ့။
သားဖြစ်သူ မောင်ပေါက်ကျိုင်း ၂၅ နှစ် ဆိုသူက အိမ်သာတက်ရင် သီချင်းနားထောင်လေ့ရှိတယ်နဲ့ တူပါတယ်။ မောင်ပေါက်ကျိုင်းက လက်ကိုင် တယ်လီဖုန်းနဲ့ သီချင်းနားထောင်ရင်း အိမ်သာကျင်းထဲကို လက်ကိုင်တယ်လီဖုန်းက ပြုတ်ကျသွားခဲ့ပါတယ်တဲ့။
အဲဒီတော့ မောင်ပေါက်ကျိုင်းက ၁၅ ပေအနက်ရှိတဲ့ အိမ်သာကျင်း ကျင်းထဲကိုဆင်းပြီးရှာရမှာ ပြန်တက် မလာတော့တာ ကြောင့် သူငယ်ချင်းဖြစ်သူ ကုလား၂၅ နှစ်က ကယ်တင်ဖို့အတွက် အိမ်သာကျင်းထဲကို ဆင်းသွားခဲ့ပြန်ရော။
အဲဒီ ၂ ဦးလုံး အိမ်သာကျင်းထဲက ပြန်တက်မလာတော့ ဖခင် ဦးချစ်လှိုင်ကလည်း ဆင်းပြန်ပါရော။ ဒီ လူသုံးဦးလုံး ပြန်တက်မလာတော့ အနားက လူတဦးက အော်ဟစ် အကူအညီတောင်းလို့ လူတွေ
ရောက်လာချိန်မှာတော့ အဆိုပါ လူသုံးဦးလုံး အသက်ဆုံး ရှုံးနေတာပဲ တွေ့ရပါတယ်တဲ့။

ဒါဟာ အိမ်သာကျင်းထဲမှာ အောက်ဆီဂျင်ပြတ်ပြီး သေဆုံးမှုဖြစ်တယ်လို့ ကြေးမုံသတင်းစာမှာ ဖော်ပြ ထားပါတယ်။ ဒီသတင်း ကိုဖတ်ရပြီး လက်ကိုင်ဖုန်း တလုံးကြောင့် လူ ၃ ဦး အသက်ဆုံးရှုံးခဲ့ရတဲ့ ရင်နင့် ဖွယ်ဖြစ်ရပ်တခုအဖြစ် ခံစားလိုက်ရ ပါတယ်။
တကယ်တော့ အိမ်သာကျင်းတွေဟာ အောက်ဆီဂျင်ပြတ်လတ်တတ်တယ်ဆိုတာ မသိကြရာက အခုလို တယ်လီဖုန်း တလုံးအကြောင်းပြုပြီး အသက်တွေဆုံးရှုံးကြရတာပါ။ ဒီဖြစ်ရပ်ဟာ ရင်နင့်ဖွယ် သင်ခန်းစာ တခုလည်းဖြစ်ပါတယ်။

 ယင်းနေရာမှ ကူးယူတင်ပြသည်

နှစ် ၆၀ ကြာသော်လည်း စွန်းလွန်းဆရာတော်ကြီး ရုပ်ကလာပ်ပျက်စီးမှုမရှိ

စွန်းလွန်းဆရာတော်ဘုရားကြီးအား ဖူးနေသော သံဃာတစ်ပါးကို တွေ့ရစဉ်။  စည်သူလွင်/ မြန်မာတိုင်း(မ်)စွန်းလွန်းဆရာတော်ဘုရားကြီးအား ဖူးနေသော သံဃာတစ်ပါးကို တွေ့ရစဉ်။ စည်သူလွင်/ မြန်မာတိုင်း(မ်)

မြင်းခြံမြို့  စွန်းလွန်းဂူကျောင်းတိုက် အတွင်းတွင် ဘ၀နတ်ထံ ပျံလွန်တော်မူ သွားသည့်
စွန်းလွန်း ဆရာတော်ဘုရား ကြီး၏ ရုပ်ကလာပ်အား ပူဇော်ခံထားရှိရာမှာ နှစ်ပေါင်း ၆၀ ရှိပြီ
ဖြစ်သော်လည်း ရုပ်ကလာပ်မှာ မပုပ်မသိုး မပျက်စီးဘဲရှိနေသေးကြောင်း စွန်းလွန်းကျောင်း
တိုက်မှ ဆရာတော် ဦးနန္ဒ၀ံသက မြန်မာတိုင်း(မ်)ကို မိန့်ကြားသည်။


"နှစ်ပေါင်း ၆၀ ကျော်ရှိနေပြီ၊ဆရာ တော်ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ  ပျက်စီးမှု ဖြစ်သွား
တာရယ်လို့ မရှိဘူး။ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဘယ် ဆေးဝါးနဲ့မှ မပုပ်မသိုးအောင်
လုပ်ထားတာမျိုး မရှိပါဘူး"ဟု ဆရာတော် ဦးနန္ဒ၀ံသက မိန့်သည်။


ဆရာတော်ဘုရားကြီး၏ ဘွဲ့အမည် မှာ ဦးက၀ိဖြစ်ပြီး သက်တော် ၇၅ နှစ်၊၀ါတော် ၂၈ ၀ါတွင်
ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပြီး ယခင်အချိန်က ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်အား
အကာအကွယ်မဲ့ ပူဇော်ခံခဲ့ပြီး ယခု အချိန်တွင် ရုပ်ကလာပ်အား ကြာရှည်စွာ အပူဇော်ခံနိုင်
စေရန် ဖန်ကလပ်ဖြင့် ပူဇော်ခံထားရှိ ခဲ့ပြီးဖြစ်သည်။


ခရီးသွားရာသီများတွင် ဆရာတော် ဘုရားကြီးအား ပြည်တွင်းဘုရားဖူးများ သာမက
ပြည်ပဧည့်သည်များ ကလည်း လာရောက်လေ့လာ ဖူးမြော်ကြရာ ဖူးမြော်သူများဖြင့်
အထူးပင်စည်ကား ကြောင်းလည်း သိရသည်။


"မြင်းခြံမြို့က  မန္တလေးနဲ့ ပုဂံခရီးသွားလမ်းပေါ်မှာ ရှိတဲ့အတွက် ပြည်တွင်းဧည့်သည့်တွေအပြင်
ပြည်ပက ဧည့်သည်တွေလည်း အဖွဲ့လိုက် လာရောက်ဖူးမြော်လေ့လာကြတယ်။ အဲဒီအချိန်
ဆိုရင်တော့ ကျောင်းတိုက် အပြည့်ပါပဲ"ဟု ဆရာတော်က ဆက်လက်မိန့်သည်။


ဆရာတော်ဘုရားကြီးအား လာ ရောက်ဖူးသော ပြည်တွင်းဧည့်သည် တစ်ဦးဖြစ်သူ
ဦးမောင်ကျင်က "ဆရာ တော်ကြီးက ရဟန္တာပါ။ အဲဒါကြောင့်မို့လည်းအခုလို မပုပ်မသိုးဘဲ
ရှိနေတာပေါ့။  ဒါတွေက ဗုဒ္ဓဘာသာဝင်တွေအတွက် ဂုဏ်ယူစရာပါပဲ။ အခုဆိုရင် နိုင်ငံခြားသား
တွေကလည်း လာရောက်လေ့လာနေကြပြီ"ဟု ပြောသည်။


ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်အား ပူဇော်ခံထားရာတွင် ဆံပင်တော်များနှင့်
လက်သည်းတော်များအနည်းငယ် ရှည်ထွက်လျက်ရှိနေသည်။


ဆရာတော်ဘုရား၏ ဓာတ်တော်များ အား ပြည်ပ ဗုဒ္ဓဘာသာ နိုင်ငံများမှ ဘုရား တည်ရာတွင်
ဇာပနာထား ရှိနိုင်ရန် လာရောက်ပင့်ဆောင်မှုများလည်း လွန်ခဲ့သည့်နှစ် အနည်းငယ်အတွင်း
က ရှိခဲ့ဖူးကြောင်း သိရသည်။


"နှစ်တော့ နည်းနည်းကြာသွားပါပြီ။ အင်ဒိုနီးရှားနိုင်ငံက ဘုရားတည်ရာမှာ ဌာပနာဖို့အတွက်
ဆိုပြီး ဓာတ်တော် လာပင့်တယ်။ ဆံပင်တော် နှစ်ဆူပင့် သွားတယ်။ ဆံပင်တော် ယူရာမှာ
လည်း ခက်ခက်ခဲခဲ ရယူရတယ်။ ဆံတော်တွေ က မြဲပြီး ခိုင်နေတယ်"ဟု ဆရာတော်က
မိန့်ကြားသည်။


ဆရာတော်ဘုရားကြီးအား အဖဦးသန့်၊ အမိ ဒေါ်တုတ်တို့က ၁၂၃၉  ခုနှစ်၊ တပေါင်းလဆန်း
၂ ရက် တနင်္လာနေ့တွင် ဖွားမြင်တော်မူခဲ့သည်။ သာသနာ့ ဘောင်သို့ ၀င်ရောက်ပြီး တရား
ကျင့်ကြံအား ထုတ်ခဲ့ရာ ၁၂၈၂ ခုနှစ်၊ ၀ါဆိုလပြည့်ကျော်  ၁၃ ရက်နေ့တွင်  ပထမတရားထူး၊
၁၂၈၂ ခုနှစ် ၀ါခေါင်လပြည့်ကျော် ၁၃ ရက်နေ့တွင် ဒုတိယတရားထူး၊ ၁၂၈၂ ခုနှစ်၊
တော်သလင်းလပြည့်ကျော်  ၁၃ ရက်နေ့တွင် တိယတရားထူး၊ ၁၂၈၂ ခုနှစ၊် သီတင်းကျွတ်
လပြည့်ကျော် ၁၃ ရက်နေ့တွင် စတုတ္ထတရားထူးများကို ရရှိတော်မူခဲ့ပြီး ၁၃၁၄ ခုနှစ်၊ ကဆုန်
လပြည့်ကျော် ၉ ရက် စနေနေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် ပရိနိဗ္ဗာန်ပြုတော်မူသည်။




ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။

သမ္မတ အိုဘားမား လူထုရှေ့မှောက် ကျမ်းကျိန်ပွဲ




အမေရိကန်သမ္မတ ဘရက်ခ်၊ အိုဘားမားဟာ တနင်္လာနေ့မှာ ပါလီမန် အဆောက်အဦးရဲ့ အရှေ့ဘက်မှာ လူထုရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ကျမ်းသစ္စာကျိန်ဆိုပွဲပြီးတဲ့နောက် သူ့ရဲ့ ဒုတိယ သမ္မတသက်တမ်း တာဝန်ထမ်းဆောင်မှုအတွက် ခရီး စတင်မယ့်အထိမ်းအမှတ် ချီတက်ပွဲမစတင်ခင် သမ္မတအိုဘားမားဟာ လူထုကို အမှာစကား ပြောခဲ့ပါတယ်။

သမ္မတကျမ်းသစ္စာကျိန်ဆိုတဲ့ လီမန်လွှတ်တော် ခန်းမရဲ့ရှေ့ ပြည်သူ့ရင်ပြင်တဝိုက် မှာ နိုင်ငံတဝန်းက ပြည်သူလူထု ၈၀၀,၀၀၀ လောက် လာရောက်ကြည့်ရှုလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာဆိုရင် လွန်ခဲ့တဲ့ လေးနှစ်တုန်းက ပထမဆုံးအကြိမ်အဖြစ် အာဖရိကန်-အမေရိကန်နွယ်ဖွား လူမည်းတစ်ဦး သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့စဉ်က တက်ရောက်ခဲ့တဲ့ လူပေါင်း နှစ်သန်း ရှိခဲ့တာနဲ့စာရင်တော့ ကွာခြားမှု ရှိနေပါလိမ့်မယ်။

မစ္စတာ ဘရက်ခ် အိုဘားမားရဲ့ တရားဝင်ကျမ်းသစ္စာကျိန်ဆိုတဲ့ သီးသန့်အခမ်းအနားကို တနင်္ဂနွေနေ့က သမ္မတ အိမ်ဖြူတော်မှာ ကျင်းပခဲ့ပြီးပါပြီ။ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတဟာ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုရမှာ ဖြစ်ပါတယ်။ အခုနှစ်မှာ ဇန်နဝါရီလ ၂၀ ရက်နေ့ဟာ တနင်္ဂနွေနေ့နဲ့ တိုက်ဆိုင်နေတာကြောင့် သမ္မတဟာ အစဉ်အလာမပျက် လူထုရှေ့မှောက် ကျမ်းသစ္စာ ကျိန်ဆိုမှုကို ပါလီမန်အဆောက်အဦးရှေ့မှာ တနင်္လာနေ့ ထပ်မံပြုလုပ်နေတာပါ။

တနင်္လာနေ့ သမ္မတအဖြစ် လူထုရှေ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တရားသူကြီးချုပ် ဂျွန်ရောဘတ်က ကမကထပြု ဆောင်ရွက်ကျင်းပပေးပါတယ်။အခုတကြိမ် ကျမ်းသစ္စာကျိန်ဆိုတဲ့နေရာမှာ သမ္မတအိုဘားမားဟာ သမ္မာကျမ်း စာအုပ် နှစ်အုပ်ကို ကိုင်တွယ်ပြီး သစ္စာဆိုခဲ့ပါတယ်။ ပထမကျမ်းကတော့ ၁၈၆၁ ခုနှစ်တုန်းက ၁၆ ယောက် မြောက် အမေရိကန် သမ္မတဟောင်း အေဘရာဟင် လင်ကွန်းအနေနဲ့ ဒုတိယမြောက် သမ္မတသက်တမ်းအတွက် ကိုင်တွယ် ကျိန်ဆိုခဲ့တဲ့ ကျမ်းစာအုပ်ဖြစ်ပြီးတော့ နောက် ကျမ်းစာအုပ်ကတော့ အရပ်သားအခွင့်အရေး လှုပ်ရှားဆောင်ရွက်ရင်း လုပ်ကြံခံခဲ့ရတဲ့ မာတင်လူသာကင်း ကိုင်ဆောင်ခဲ့တဲ့Traveling Bible ဆိုတဲ့ ကျမ်းစာအုပ်ဖြစ်ပါတယ်။တနင်္လာနေ့ဟာ အမေရိကန် ၁၉၆၈ ခုနှစ်တုန်းက လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ မာတင်လူသာကင်းကို အမှတ်တရ ဂုဏ်ပြုတဲ့အနေနဲ့ အစိုးရ ရုံးပိတ်ရက်အဖြစ်လည်း သတ်မှတ်ထားပါတယ်။


ယင်းနေရာမှ ကူးယူတင်ပြပါသည် 

အိမ်ပြေးတစ်ယောက်၏ အညာမြေအလွမ်း

အေးစက်နေတဲ့
ခပ်စိမ့်စိမ့် ကော်ဖီတစ်ခွက်ကိုအာရုံခံမိတိုင်
အပူဒဏ်ပြင်းတဲ့
အညာမြေကို လွမ်းတယ်။
အာဖရိက ဗုံသံတွေလို
စိတ်ကိုယစ်မူးစေတဲ့ ဂီတသံတွေကြားတိုင်း
ခေတ်ကိုအမှီလိုက်နေတဲ့
အညာမြေက ဗြောသံတွေကိုလွမ်းတယ်။
စက်တပ်ယဉ်တွေ ဒလဟောစီးဆင်းနေတဲ့
ခန့်ခန့်ညားညား
ကွန်ကရစ်လမ်းမကြီးကို မြင်တိုင်း
အညာမြေက
ဖုံထူထူ လှည်းလမ်းမကြီးကို လွမ်းတယ်။
စည်းရိုးခတ်ထားတဲ့
ရောင်စုံပန်းပွင့်တွေကိုမြင်တိုင်း
ဖြူဖွေးဖွေး ချောင်းကမ်းနံဘေးက
အစီအရီပေါက်နေတဲ့ လက်ပံပင်တွေကို လွမ်းတယ်။
အမျိုးအမည်မသိတဲ့
ရနံ့တစ်ချို့ကို ရှုရှိုက်မိတိုင်း
အညာမြေက
ခံပွင့်နဲ့ဆူးရစ်ပန်းရနံ့လေးတွေကို လွမ်းတယ်။
မာယာများတဲ့
ခင်မင်မှုတွေတွေ့တိုင်း
အညာမြေက
ရိုးသားတဲ့အပြုံးတွေကိုလွမ်းတယ်
ဟန်ဆောင်တတ်တဲ့
ရယ်မောမှုတွေကြုံတိုင်း
အညာမြေက
ပွင့်လင်းတဲ့စကားသံတွေကိုလွမ်းတယ်။
ဂုဏ်၊ပကာသနတွေ လွှမ်းမိုးထားတဲ့
လူအုပ်ကြီးကိုမြင်တိုင်း
ရိုးသားခြင်းတွေလိုလားတဲ့
အညာမြေကိုလွမ်းတယ်။
ရေနစ်သူကို ၀ါးကူထိုးတဲ့
လူတစ်စုရဲ့ ပျော်ရွှင်မှုတွေကိုမြင်တိုင်း
စည်းလုံးပြီးညီညွတ်တဲ့ အညာမြေကိုလွမ်းတယ်။
အရေခြုံထားတဲ့
မြို့ကြီးကိုကြည့်မိတိုင်း
အညာမြေက
အညာမြေကိုလွမ်းတယ်။
PM:10: 05:00
လေးစားစွာဖြင့်---မိန်နွေ
(ကေတုမတီ---ရောက် အမှတ်တရ)

အောက်အကြေမှ အထက် အညာသို့ ခရီးတစ်ခေါက်

သာသနာပြုခြေလှမ်းသစ်တွေ ထပ်မံ လှမ်းခဲ့မိသည်။ အညာမြေသို့ ဦးစွာရောက်ရှိခဲ့ခြင်းလည်း ဖြစ်သည်။ သာမန် ကြည့်မည်ဆိုလျှင်တော့ သာမန်အလုပ်ဟုပင် မြင်မိတက်ကြသည်။ သို့သော် ဒီလုပ်ငန်းသည် အင်မတန် မွန်မြတ်၍ စဉ်ဆက်မပြတ် ကြိုးစားနေမိပါသည်။
ခရီးစတင်ထွက်ခွါသည့်နေ့က ၃ ရက်နေ့ည၊ ၅ လပိုင်း၊ ၂၀၁၁ မှာပါ။ သွားရောက်ရမည့်နေရာက ငါန်းဇွန်းမြို့၊ ယခင် စစ်ကိုင်းတိုင်းအတွင်းကနေ ယခု မန္တလေးတိုင်းတွင် ဖြစ်သည်။ အိမ်ခြေအားဖြင့် ၁၅၀၀၀ ကျော် တည်ရှိပြီး အများစု ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ မိမိရပ်ရွာကို ကျေးဇူးဆပ်လိုစိတ်၊ ရဟန်းတစ်ပါး အနေနှင့် စွမ်းနိုင်သည့်ဘက်က တာဝန်ယူလိုစိတ်ရှိတဲ့ နောင်တော် တစ်ပါးက အကူအညီတောင်းခဲ့တာကြောင့် တနင်္ဂနွေနေ့တိုင်း ယဉ်ကျေးမှု သင်ကြားတဲ့ ကျောင်းလေးဖြစ်အောင် ထူထောင်ဖို့ပါ။ သာမန်ကြည့်ရင်တော့ အောက်ပြည်မှာ သာသနာထွန်းကားပြီး အထက်မှ သာသနာမရှိလို့ ဒီလို သင်တန်းတွေ ဖွင့်ရတာလားလို့ မေးစရာ ရှိလာမယ်၊ ထင်လည်း ထင်နိုင်ပါသည်။ သို့သော် အထက် ဗမာပြည်က ဗုဒ္ဓဘာသာတွေက အောက်မြန်မာပြည်ထက် ပို၍ သာလွန်သည်ဟု ဆိုချင်သည်။ အခြေခံ ကျင့်ဝတ်တွေ၊ ယဉ်ကျေးမှု စည်းကမ်းတွေ၊ အထူးသဖြင့် ဘာသာရေး ယဉ်ကျေးမှု စည်းကမ်းတွေ သာလွန်သည်ဟု ပြောချင်ပါသည်။ ဘာတွေလဲဆိုရင် သမဏာနဉ္စ ဒဿန မင်္ဂလာကို ဖြည့်ကျင့်သည့်နေရာမှာ သာလွန်သည်ဂါရ၀တရား နိဝါတ တရားများလည်း အပါအ၀င်ဖြစ်သည်။ ရဟန်းတော် သာမဏေတွေကို လူပုဂ္ဂိုလ်တွေက လမ်းမှာပင် ဖြစ်လင့်ကစား ပြားပြားဝပ် ရိုသေတတ်တဲ့အလေ့၊ စိတ်ထဲမှာ ကြည်ညိုလေးစားတာတွေကို ကာယကံ မြောက်အောင် ပြုလုပ်ပြတဲ့အလေ့က အတော်လေး သာလွန်သည်။ ဘုန်းတော်ကြီးတွေရဲ့ ရပ်ရွာအပေါ် သြဇာ လွှမ်းမိုးမှုကလည်း သာလွန်ပါသေးသည်၊ ကုသိုလ်ရေးကိစ္စ၊ အမျိုးသားရေးကိစ္စတို့အတွက် ရဟန်းတော်များ နှိုးဆော်လိုက်လျှင် ချက်ခြင်းပင် လိုက်နာတက်သည့်အလေ့ကို မြင်စေချင်ပါသည်။ ထိုအလေ့မျိုး အောက်အကြေတွင် မြင်ဖို့ရန် ရှားပါးလာပြီ ဖြစ်သည်။
လူတိုင်းတွင် ကိုယ် ကိုးကွယ်သည့်ဘာသာ၊ ဘာသာရေးခေါင်းဆောင်၊ ထိုဘာသာနှင့်ပတ်သက်သော ယဉ်ကျေးမှုဆိုင်ရာ အမူစရိုက်တွေ ကိုယ်စီ ရှိကြသည်မှာ မလွဲပါ။ သို့သော် မနောကံအားဖြင့်သာ ရှိကြပြီး ကာယကံ ၀စီကံအားဖြင့် ထုတ်ဖေါ်တက်မှု၊ လက်တွေ့ လိုက်နာကျင့်သုံးမှုအပိုင်းသည် အောက်အကြေထက် အထက် အညာသည် သာလွန်သည်ဟု အောက်သားပီပီ ချီးမွှမ်းလိုသည်။ ထိုအထဲတွင် ယခု သင်တန်းအတွက် သွားရောက် အကူအညီပေးရမည့် ငါဇွန်းမြို့ အပါအ၀င်ဖြစ်သည်။ ထိုမြို့တွင် ၆ ရက်ကြာ နေထိုင်ပြီး ၄ ရက်တိုင်တိုင် ဆရာ/မ တို့ကို ယဉ်ကျေးမှုဆိုင်ရာ သင်္ခန်းစာအတွက် မွန်းမံ ပို့ချပေးခဲ့သည်။ သာမန် စာသင်နည်းစံနစ်မဟုတ်ဘဲ ယဉ်ကျေးမှု သင်္ခန်းစာတို့ကို နိုင်ငံခြားသင်နည်းစံနစ်အတိုင်း ပို့ချဖို့ရန် ကြိုးစားပေးခဲ့သည်။ သံဃာတော်များရဲ့ ဦးဆောင်မှု၊ ရပ်ရွာလူထု၏ ရှိသင့်တာထက် ပိုတဲ့ ဘာသာရေး ၊ လူမျိုးရေးစိတ်ဓာတ်တို့ကြောင့် ထင်ထားသည်ထက် ပို၍ ထိရောက်ခဲ့သည်။
မြိုပေါ်ရှိ ဆရာ/ မ ၀န်ထမ်းအားလုံးနီးပါး လာရောက် လေ့လာကြသည်။ ၀ိုင်းဝန်း၍ ပံ့ပိုးပေးကြသည်။ ပညာရေးရေးမှူး ကိုယ်တိုင်လည်း ဂုဏ်ယူ ၀မ်းမြောက်နေသည်။ အထူးအားဖြင့် ငါန်းဇွန် မြို့ပေါ်တွင် မူစလင် ဘာသာခြားများ၏ အန္တရာယ်ကို တွေးဆ မျှော်မြင်သူ များကြသည်။
လာရောက်၍ တက်ရောက်ကြသော ဆရာ/မတွေ ထဲတွင် ပုံပြင်အပြောကောင်းသူများ ပါဝင်သည်။ စကားအပြောကောင်းသူများလည်း ရှိကြသည်။ အသံ သြဇာ ပြည့်ဝကြသော သူများလည်း ပါဝင်ကြသည်။ အမျိုး ဘာသာ သာသနာအတွက် ရှေ့တန်းက မားမားမတ်မတ် ရပ်ပြီး ရင်ဆိုင်ရဲတဲ့ သတ္တိ အပြည့်ရှိကြသည်။ ထိုသူတို့၏ တုံ့ပြန်မှုကို ကြည့်၍ သိရှိခဲ့ရသည်။
မြို့ပေါ်တွင် ဘုန်းတော်ကြီးကျောင်းပေါင်း ၁၉ ကျောင်းရှိသည်။ တက်ရောက်သူ ဆရာ/မ များ၏ တင်ပြချက်များအရ အခြားသော သာသနာရေးကိစ္စများ ဆောင်ရွက်သည်မှ အပယခုလို ယဉ်ကျေးမှု သင်တန်းမျိုး ပို့ချပေးမှု မရှိဟု သိရှိရသည်။ သို့အတွက်ကြောင်းလည်း ရပ်ရွာထဲမှ မိသားစု တစ်စုက တူရာ သူငယ်ချင်း အပေါင်းအသင်းတွေ စုပြီး နွေ ယဉ်ကျေးမှု သင်တန်းကလေး ဖွင့်လှစ်သည်မှာ ၃ နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။ သာသနာ့တာဝန် အမျိုးသားရေး တာဝန်ကို ခွဲဝေယူခြင်းဖြစ်သည်။ ငါန်းဇွန် မြို့သူ မြို့သားများသည် ရိုးသား ဖြူစင်သော စိတ်ဓါတ်ပိုင်ရှင်များ ဖြစ်ကြပြီး စီးပွါးရေးအားဖြင့် လယ်လုပ်ငန်း၊ ယာလုပ်ငန်းနှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်းကိုသာ လုပ်ကိုင်ကြသည်။ ကျန်အရေအတွက်များမှာ ၀န်ထမ်းအများစု ဖြစ်ကြသည်။
ယခု သင်တန်းကို တက်ရောက်ကြသည့် ရည်ရွယ်ချက်သည်လည်း အင်မတန် ကြီးမားလှသည်။ တာဝန်အရ မဟုတ်ကြဘဲ စိတ်ပါ ၀င်စားစွာ မပျက်မကွက် တက်ရောက်ခြင်းသည် အမျိုးသားရေးစိတ်ဓာတ်ကို ဖေါ်ပြနေသလို ဖြစ်ပါသည်။ သို့သော်လည်း မြန်မာလူမျိုးပီပီ သည်းခံတက်ခြင်း၊ ရောင့်ရဲ လွယ်ခြင်း တို့သည် ရန်သူနှင့် ယှဉ်လာလျှင် အရှုံးပြဖို့ရန် အချက်ပေးနေသလို ဖြစ်တက်သည်။ ပိုဆိုးသည်က စည်းလုံးမှု အားနည်းခြင်းပင် ဖြစ်ပါသည်။
ကိုက်တက်သည့်မြွေကို မနှိမ်နှင်းလျှင်၊ လောင်တက်သည့် မီးကို မွှေးထားမိလျှင် သေတက်သည့် အဆိပ်ပင်ကို ရေလောင်းမိလျှင် မိမိနှင့် သူတစ်ပါးအတွက် ပျက်စီးဖွယ်ရာများသာ ဖြစ်ပါသည်။ ယခုလည်း ငါန်းဇွန်မြို့တွင် ကြားသိရသလောက်က မန္တလေးမြို့တွင် သံဃာထု၏ ကန့်ကွက်မှုကြောင့် မူစလင် ကုလားများသည် နွားသတ်ချိန်ရောက်လျှင် ငါန်းဇွန်မြို့သို့ လာရောက် သတ်ဖြတ်ကြသည်ဟု သိရသည်။ ထိုသို့သော လုပ်ရပ်များသည် ဗုဒ္ဓဘာသာဝင်များအတွက် ရှက်ဖွယ်အတိ ဖြစ်သည်။ မိမိဘက်က ငြိမ်နေလျှင် သူ့ဘက်က ရောင့်တက် လာလိမ့်မည်။ အာဏာပိုင်အဖွဲ့အစည်းဖြင့် လုပ်၍ မရသည့် လုပ်ငန်းများကို တစ်ခါ တစ်ရံတွင် ပတ်ဝန်းကျင် အားဖြင့် တွန်းလှန်ရသည်များလည်း ရှိသည်။ ထိုအချိန်များတွင် စည်းလုံးဖို့ လိုအပ်သည်။ အကျင့်ဆိုးများ မိမိပတ်ဝန်းကျင်တွင် ဖြစ်ပေါ်မလာအောင် သည်းခံမှု တွေ ဖြောက်ဖျက်ပစ်ရမည်။ ဒေါသတွေ ပွါးရမည်ဟု မတိုက်တွန်းလိုပါ။
ငွေသည် လောကုတ္တရာရေးရာတွင် အသုံးမတည့်ပေမယ့် သံသရာမှာ လည်ရဦးမည့် ပုထုဇဉ်တွေအတွက်တော့ ဘုရားတစ်ဆူလိုပါ ဆိုတာ သိစေချင်သည်။ ယခုလို အကုသိုလ်လုပ်ငန်းတွေ ကိုယ့်နိုင်ငံမှာ လုပ်ခွင့်တွေ ရနေခြင်းသည် ငွေနှင့်ပင်ဖြစ်သည်။ ယခုလို အကုသိုလ် လုပ်ငန်းတွေ ကိုယ့်အရပ်ဒေသမှာ အခြေချခွင့် ရနေခြင်းသည်လည်း ငွေကြောင့်သာဖြစ်သည်။ ကိုယ့်လူမျိုးတွေ ကိုယ့်ဘာသာတွေ နေရာ အနှံ့မှာ အနှိမ်ခံနေရခြင်းသည် ငွေမရှိ၍ မချမ်းသာ၍ ဖြစ်သည်။ သူတို့ ဘာသာဝင်တွေသည် ဘာသာရေးလုပ်ငန်းတွေ လုပ်ဆောင်ရန်၊ အမျိုးသားရေးလုပ်ငန်းတွေ ကူညီနိုင်ရန်အတွက် အမြဲတမ်း ၀င်ငွေမှနေ ၁၀ ရာနှုန်း ပေးဝင်ရသည်။ ထို့ကြောင့် နှစ် အနည်းငယ်အတွင်းမှာပင် ကိုယ်ပိုင်နိုင်ငံ ကိုယ်ပိုင်မြေမရှိကြဘဲ အိမ်ယာတွေကို နေရာကောင်းတွင် ပိုင်ဆိုင်နေကြသည်။ စီပွါးရေးလုပ်ပိုင်ခွင့်တွေလည်း ရရှိနေကြသည်။ ဘာသာေ၇းအဆောက်အဦများလည်း တိုးချဲ့ တိုးချဲ၍သာ နေကြသည်။ လူမျိုးရေး ကျူးကျော်မှုတွေကလည်း မျက်စေ့ရှေ့တွင်ပင် မြင်တွေနိုင်သည်။ အိန္ဒိယက ပါကစ္စတနနှင့် ဘင်္ဂလားဒေရှ် နှစ်နိုင်ငံ ခွဲပေးလိုက်ရပုံကို လေ့လာကြည့်လျှင် သူတို့၏ ထိုးစစ် တိုက်စစ်တွေကို သိသာနိုင်ပါသည်။ ဒါတွေ ဖြစ်ရခြင်းဟာ အိမ်ရှင်ဖြစ်သူတွေရဲ့ မေတ္တာ ကရုဏာတွေ ၊ ရောင့်ရဲလွယ်တက်မှုတွေ၊ စည်းလုံးမှု အားနည်းခြင်းတွေကို သူတို့က အသုံးချပြီး အနိုင်ယူခြင်းဖြစ်သည်။
ကိုယ့်လူမျိုးဘက်က ပြိုင်ဘက်လို့ သဘောမထားချင်နေပါ၊ ကာကွယ်မှုတွေတော့ ရှိသင့်သည်။ အနိုင်မရချင်နေပါစေ၊ အရှုံးတော့ မပေါ်သင့်ပါ၊ ယခုတော့ ----- ရှိပါစေတော့လေ၊ အတိတ်တွေဆိုတာ ပြန် တွန်းဖယ်ပစ်လို့မရတော့ဘူး။ လက်ရှိကြုံတွေရသည့် ရင်ဆိုင်နေရသည့် ပစ္စုပ္ပါန်နဲ့ ကြုံတွေ့ရမည့် အနာဂတ်ကာလာမှာ သင့်အနေဖြင့် ဘယ်လို အခန်းကဏ္ဍက ပါဝင် လှုပ်ရှားမလဲ ဆိုတာသာ စဉ်းစားဖို့ ဖြစ်ပါသည်။
ငါန်းဇွန်မြို့ကို ရောက်စတုံးကတော့စာသင်ပေးဖို့ပဲ ရည်ရွယ်ခဲ့ပါသည်။ စာသင်ဖို့ပဲ စဉ်းစားနေမိသည်။ တစ်နေ့ စတင်သင်ကြားပြီးသည့်နောက်ပိုင်းနှင့် ငါန်းဇွန်မြို့ရဲ့ အခြေအနေတွေကို သိပြီးသည့် နောက်ပိုင်းတွင်တော့ ဆုံးဖြတ်ချက်တွေ ပြင်လိုက်သည်။ ငါန်းဇွန်မြို့၏ အဓိက လိုအပ်နေတာတွေကို သိရှိလိုက်သည်။ ဘာတွေ လိုအပ်သလဲဆိုရင် စည်းရုံးမှု၊ ဦးဆောင်မှု၊ အမျိုးသားရေးစိတ်ဓာတ်၊ စသည်တို့ လိုအပ်နေသည်ကို သိရှိခဲ့သည်။ ထို့ကြောင့် မိမိ စာသင်ပေးသည့် ကျန် ၃ ရက်အတွင်းမှာ သူတို့ကို အလိမ်မာသုံး၍ စကားလုံးများကို နူးညံ့အောင် ပြောခဲ့မိသလို တစ်ခါ တရံမှာ မိမိကို အထင်လွဲစေမယ့် စကားများ ဖြစ်လင့်ကစား စကားလုံး အကြမ်းများ သုံး၍ နှုန်းခဲ့မိသည်။ ဥပမာ ခင်ဗျားတို့ သတ္တိမရှိကြဘူးလား၊ သွေး နည်းနေကြသလား၊ စသည်ဖြင့် မခံသာအောင် ပြောခဲ့မိသည်။ The Whole Progress of Burmese nation due only to Buddhism and The decline of Buddhism is the downfall of Burmese nation. ဆိုသည့် စာကြောင်းကို အသုံးပြုပြီးတော့လည်း နှိမ့်ချခဲ့သည်။ ပင်ကိုယ် ဓါတ်ခံ ရှိကြတဲ့ ငါန်းဇွန် မြို့သူ မြို့သားများသည် မျက်စိပွင့် နားပွင့် လွယ်ကြသည်။ ကွယ်ပျောက်နေတဲ့ စိတ်ဓတ်တွေ ပြန်လည်း ထွက်ပေါ်လာပြီ။
အနှစ်ချုပ် သင်ကြားခြင်း ပို့ချပေးခဲ့ခြင်းများကတော့ ရင်ဆိုင်နေရသည့် ပစ္စုပ္ပါန်ကာလနှင့် အနာဂတ် ငါးဇွန်မှာ သင့်အနေနှင့် ဘာလုပ်ပေးနေသလဲ။ ဒီလောကကြီးအတွက် သင်ဘာလုပ်ပေးနေသလဲ၊ သင့်အတွက် သင်လုပ်နေခြင်းဟာလည်း အများအတွက် ပါဝင်ပြီးသားဆိုတာလဲ သင်တို့ သိကြရဲ့လား၊ တနေ့နေ့ တစ်ချိန် သင့်ရပ်ရွာကို ထားခဲ့ရချိန်မှာရော ဘာတွေ ကျန်ခဲ့မလဲ၊ ဘာတွေ ထားခဲ့မှာလဲ ၊ လောကကြီးအတွက်၊ သင်မှီခိုခဲ့တဲ့ သင့်ဘာသာအတွက်၊ သင့်မျိုးဆက်အတွက်၊ သင့်အမျိုးသားတွေအတွက် ဘာတွေ ချန်ခဲ့မှာလဲ၊ လက်ပိုက်ကြည့်နေမယ်ဆိုရင် လူမပီသဘူး စသည်တို့ပဲ ဖြစ်ပါသည်။
သင်ကြားမှုအပိုင်းမှာတော့ သင်ရိုး စာအုပ်တွေနဲ့မို့ အထူးအထွေ မရှိလှပါဘူး။ လိုအပ်တဲ့ စိတ်ဓာတ်မြှင့်တင်မှုပိုင်းဆိုင်ရာတွေပဲ ပေးထားခဲ့ပါသည်။ ဘာတွေ ရလဒ် ထွက်ပေါ်ခဲ့သလဲဆိုရင် တနင်္ဂနွေကျောင်း နှစ်ပတ်လည် ဖွင့်ဖို့အတွက် ဆရာ/မ အင်အား အလှည့်ကျ ဆောင်ရွက်ရန်အတွက် ၆၀ ခန့် အတည်ပြုခဲ့ပြီးဖြစ်သည်။ ရပ်ရွာတွင် သတ္တ၀ါတွေ ကျမ်းမာပါစေ ချမ်းသာပါစေလို့ နှုတ်က တတွတ်တွတ်ရွတ်ယုံ၊ စိတ်က ပို့သရုံတင်မကတော့ဘဲ တကယ့် ကာယကံမြောက် ပြုလုပ် ကယ်တင်နိုင်ဖို့အတွက် တစ်နေ့ ငါးဆယ်မျှသာ စုပြီး လက်တွေ အကောင်အထည်ဖေါ်ဖို့အတွက် အသင်းဝင် အင်အား ၂၅၀ ကျော် စည်းရုံးနိုင်ခဲ့ပါသည်။ ထို ကာယကံမေတ္တာ အဖွဲ့မှပင် မိမိရပ်ရွာတွင် ပြုလုပ်စရာလိုအပ်သော သင်တန်းများ၊ မိမိလူမျိုး မိမိဘာသာအတွက် တကယ် ထိရောက်မှုရှိသော လက်တွေ့ အကူအညီများ ပေးနိုင်ရေးအတွက် လုပ်ဆောင်ချက်များ၊ ဆူပူမှုမှ လွဲ၍ အခြား မိမိလူမျိုး၊ မိမိဘာသာရပ်လုပ်ငန်းတိုင်းအတွက် ပြုလုပ်သင့်သော နိုင်ငံ့အရေးများ အားလုံး ပြုလုပ်ကြမည် ဖြစ်ပါသည်။
အထက်အညာသို့ သွားရောက်ခဲ့ရသည်မှာ မှန်းချက်နှင့် နှမ်းထွက် ကိုက်ရုံသာမက အားတက်ဖွယ်ရာများလည်း ရှိခဲ့သည်။ လမ်းတစ်လျှောက် အလွန်သာယာသည်။ ခြောက်သွေ့သော ရာသီဥတု ဖြစ်လင့်ကစား ကံကောင်းစွာဖြင့် အေးမြသည့် ရာသီဥတုကို တွေ့ခဲ့ရသည်၊။ ဧရာဝတီမြစ်၏ အလှအပကိုလည်း ကိုယ်တွေ့ ခံစားခွင့် ရခဲ့သည်။ မြစ်အလယ်သို့ ဆင်းနိုင်ခဲ့သည်။ နွေရာသီ ရေမရှိ၍ သောင်ထွန်းနေခိုက်မို့ ဖြစ်ပါသည်။ မန္တလေး မြို့အနှံ့ ဘုရားများလည်း ဖူးမျှော်ခဲ့သည်။ သမိုင်းတွင်သည့် နေရာများသို့လည်း ရောက်ရှိခဲ့သည်။ လမ်းပမ်း အခက်အခဲများကြားမှ သူငယ်တော် တောရကျောင်းသို့ ရောက်အောင် သွား၍ လောကထွဋ်တင် စေတီတော်မြတ်ကိုလည်း ဖူးမျှော်ခဲ့သည်။ ဆရာတော်ထံတွင်လဲ သြ၀ါဒ ခံယူခဲ့ရသည်။
အင်မတန် တန်ဖိုးရှိသော အခွင့်အရေးများလည်း ရရှိခဲ့သည်။ သင်တန်းမှတ်တမ်းများနှင့် အညာမှာ ရွာတဲ့မိုးကြောင့် စိုစွတ်နေသော ကုန်းမြေများကိုလည်း မှတ်တမ်းတင်နိုင်ခဲ့သည်။ တနင်္ဂနွေကျောင်း သာသနာပြုစီမံကိန်းကြောင့် မြန်မာပြည်အ၀ှမ်း ယဉ်ကျေးလိမ်မာသော ကလေးများ ပေါ်ထွက်လာပြီး အနာဂတ်ကို လင်းလက်စေမယ့် ကြယ်ပွင့်လေးများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ခဲ့သော စိတ်ကူးများကိုလည်း အကောင်အထည်ဖေါ်ခွင့် ရရှိခဲ့ပါသည်။ အားလုံးသော သူငယ်ချင်းများနှင့် အလှူရှင်များအားလုံးလည်း ပီတီ ဖြစ်နိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ ကိုယ်စိတ် နှစ်ဖြာ ကျမ်းမာ ချမ်းသာကြလျှက် အမျိုး ဘာသာ သာနာအတွက် ထမ်းဆောင်နိုင်ကြသော တာဝန်သိပုဂ္ဂိုလ်များ ဖြစ်ကြပါစေဟု ဆုတောင်းလိုက်ပါသည်။ သင်လည်း ငါန်းဇွန်မြေမှာ မွေးဖွါးသူ ဖြစ်လျှင်၊ ဇာတိသွေး ဇာတိမာန်များ ပြသ ဖေါ်ထုတ်နိုင်ပါစေ လို့လည်း ထပ်မံဆန္ဒ ပြုလိုက်ပါသည်။
 

ဘိက္ခုပဏ္ဍိ (လင်္ကာဒီပကျောင်းသား)

♥♥♥ဇရာမလွှမ်းတဲ့ ငယ်ကြွမ်းတေး♥♥♥


 

 

ဖျင်ကြမ်းစောင်ပုခက်ပေါ်က


အူဝဲ ဆိုတဲ့ကျိန်စာတွေ


အသဲအမဲ အော်ဟစ်တဲ့အချိန်


ခြင်တွေလား၊ယင်တွေလား


ငါ့သားအနားဘယ်သူလဲ


ငိုကြွေးတဲ့သားငယ်ကို


ပုခက်ထဲက ပွေ့


ယုယစွာ ထွေးပိုက်ပြီး


နွေးထွေးတဲ့ရင်ခွင်ထက်က


သာယာတဲ့တေးသံတစ်ပုဒ်


အမေ့နှုတ်က သီဆိုပေးခဲံ့။


အို--အို့--အို--အို-။


ယခုတော့အမေ----------


ဇရာအုပ်ဖုံးသွားတွေပြုန်းလို့


ခါးတွေလည်းကိုင်း၊ နားလည်းထိုင်းပြီ


သင်္ခါရတရား ဘယ်အရာမှမမြဲကြ။


ဘယ်ခေတ်က ပဲစစ


ခေတ်အဆက်ဆက်သာပြောင်းသွားပေမယ့်


အမေ့တို့ရဲ့တေးသံသာ


ဘယ်အခါမှမပြောင်းခဲ့


နေစောင်းတဲ့အထိ


အို--အို့--အို--အို။

 

မိန်နွေ

♥♥♥ အတိုဆုံးမဲဆွယ်တရားနဲ့ ကျေးရွာဥက္ကဌရွေးပွဲ♥♥♥

ဒီနေ့ ကျမတို့ကျေးရွာရဲ့ကျေးရွာဥက္ကဌရွေးချယ်ပွဲမှာ လွန်ခဲ့တဲ့နှစ်တွေနဲ့မတူပဲ လွန်စွာမှ စည်ကားသိုက်မြိုက်လှပါတယ်။ အစည်းအဝေးပွဲဖိတ်ခေါ်စာထဲမှာ တစ်အိမ်တစ်ယောက်လို့သာရေးသားထားပေမယ့် လက်ရှိကျေးရွာဥက္ကဌကိုခွေးနီက မုန့်ဟင်းခါးတိုက်ခြင်း ၊ ရွာတောင်ပိုင်းက ဦးကျော်ပိုင်က တီရှပ်အင်္ကျီ လက်ဆောင်ပေးခြင်းတို့ကြောင့် လူကြီးကော ကလေးများပါ လာရောက်ကြသည်မို့ တစ်ရွာလုံးကို အလှူကြီးပေးနေသလိုပါပဲ။
 “ ဟေ့ ရှင်းသန့် ၊ တီရှပ်အင်္ကျီ ရပြီးပြီလား ” 
 ဦးကျော်ပိုင်က တီရှပ်အင်္ကျီဝေနေရင်းမှ ကျမကို လှမ်းမေးလိုက်ခြင်းဖြစ်ပါတယ်။
 “ ရခဲ့ပါပြီတော် ၊ အင်္ကျီလေးက လှမှလှ ၊ ဥက္ကဌရွေးပွဲအမှတ်တရလည်း ဖြစ်လို့ ကျမအတွက်ကော အိမ်မှာအလုပ်မအားလို့ လိုက်မလာနိုင်တဲ့ အမေ့အတွက်ပါ နှစ်ထည်ယူထားပါတယ်တော် ” ကျမပြောသည့်စကားကြောင့် မျက်နှာကြီးစူပုပ်ကာ အောင့်ကြီးစောင့်ကြီးဖြင့် နေရာမှ ထွက်သွားပါတယ်။ သည်လိုတော့လည်း မတတ်နိုင်။ ဟုတ်သည်လေ။ သူတို့က စေတနာရှိလို့ ဝေသည်မှ မဟုတ်ပဲ။ သည်တစ်ခါ ဥက္ကဌဖြစ်တဲ့သူကို အစိုးရက လခပေးမယ်ဆိုတာ ကြားထားတော့ သူတို့မှာ မရှိမဲ့ ၊ ရှိမဲ့တွေစုပြီး လာဘ်ထိုးကြတာလေ။ အင်း ။ လာဘ်ထိုးကြတာ ဟုတ်ပါလိမ့်မယ်။ ကျမတို့က တောသူတွေဆိုတော့ လာဘ်ထိုးတာတွေ ၊ ခြစားတာတွေလည်း သိပ်ပြီးနားမလည်ပါဘူး။ ဘယ်လိုပဲ နိုင်ငံရေးတရားတွေ ဟောဟော စိတ်လည်း မ၀င်စားနိုင်ပါဘူး။ သူတို့ပေးရင် ယူလိုက်မယ်။ သူတို့ ကျွေးရင် စားလိုက်မယ်။ ဒါပါပဲ ။ ကျမတို့သိတာ ဒါပါပဲ။ အခု အစည်းအဝေးခန်းမထဲမှာ လူတွေတော်တော်စုံနေပါပြီ။ တစ်ချို့က မုန့်ဟင်းခါးသောက်ပြီး ၊ အင်္ကျီလက်ဆောင်ယူပြိး အစည်းအဝေးတောင် မတတ်ကြပါဘူး။ သူတို့နဲ့စာရင် ကျမတို့က တော်သေးတယ်လို့ပြောရမှာပေါ့။ ထောင့်ကျကျနေရာက ဒေါ်ညိုစိန်တို့ ၊ မအေးမတို့ နားမှာ ကျမ ၀င်ထိုင်လိုက်ပါတယ်။ ကျမတို့ရှေ့တည့်တည့်က စင်မြင့်ပေါ်မှာ မြို့ကလာတဲ့ ကော်မရှင်လူကြီးတွေ ၊ ရွာထဲက အဖွဲ့ဝင်လူကြီးတွေ သိက္ခာရှိရှိနဲ့ထိုင်နေကြပါတယ်။ ရွာအရှေ့ဖျားက အဖွဲ့ဝင်လူကြီး ဦးသာမောင်ကဆို သူ့ရှေ့မှာတည်ထားတဲ့ ပျားလိမ္မော်သီးကို တစ်ခါမှ မမြင်ဖူး ၊ မကြုံဖူးဘူး ထင်ပါရဲ့။ လိမ္မော်သီးရဲ့ အခွံကို သေသေချာချာနွှာလိုက်ပါတယ်။ အမြောင်းလိုက်၊အမြောင်းလိုက် ဖြစ်သွားတဲ့ လိမ္မော်သီးရဲ့ ဘေးက ကပ်နေတဲ့ အမျှင်လေးတွေကိုလည်း တစ်မျှင်ခြင်း ခွါလိုက်ပါတယ်။ ပြီးမှ လိမ္မော်သီးကို ဖင်ပြန်၊ ခေါင်းပြန် ကြည့်လိုက်ပါသေးတယ်။ သူ့စိတ်ထဲမှာ ဘ၀င်မကျလို့နဲ့တူပါရဲ့။ မျက်မှောင်ကျုံ့ပြီး လိမ္မော်သီးကိုတစ်ပတ်လောက် လှည့်ကြည့်လိုက်ပါတယ်။ စိတ်ကျေနပ်လောက်အောင် ကြည့်ပြီး ပျားလိမ္မော်သီးကို အကုန်လုံး ၀ါးစားလိုက်ပါတယ်။ အဲဒီအချိန်မှာ မုန့်ဟင်းခါးကျွေးတဲ့ ရွာဥက္ကဌဟောင်း ကိုခွေးနီရောက်လာပါတယ်။။ 
 “ ဗျို့ ကိုသာမောင် ၊ မုန့်ဟင်းခါးစားပြီးပြီလားဗျ ”
 ကိုခွေးနီရဲ့အမေးကြောင့် ဦးသာမောင်သဘောကျစွာ ပြောလိုက်ပါတယ်။
 “ အေးကွ ၊ စားပြီးပြီ ၊ငါ့သမီးကတောင် သူ့အမေအတွက်ယူဖို့ အိမ်ပြန်ပြီး ချိုင့်သွားယူလေရဲ့” 
 “ ယူရမှာပေါ့ ကိုသာမောင်ရယ်။ ဒေါတင်မေက အလုပ်မအားဘူးမို့လား ၊ များများသာ ထည့်သွားဗျို့။ နွားကျောင်းသွားတဲ့ ခင်ဗျားသား ကျော်ထွန်းအတွက်ပါ ထည့်သွား” 
 “ အင်းဗျာ ။ ခင်ဗျားရဲ့စေတနာကတော့ လေးစားလောက်ပါတယ်။ စေတနာက မှန်တစ်ချပ်လိုပါပဲ၊ ပြန်ပြီးတော့ တုံ့ပြန်လာမှာပါဗျာ ” 
 “ ကျုပ်ကလည်း အဲဒီတုံ့ပြန်မှုလေးကိုပဲ မျှော်လင့်နေတာဗျို့၊ ကဲ ကိုသာမောင် ၊ ကျန်တဲ့သူတွေကိုစီမံလိုက်အုန်းမယ်။ သွားဦးမယ်နော် ” 
 ကိုခွေးနီနဲ့ဦးသာမောင်တို့ စကားပြောသံကို ကျမတို့အတိုင်းသားကြားနေရပါတယ်။ ကျမလည်းစဉ်းစားမိပါတယ်။ ဦးကျော်ပိုင်နဲ့စာရင် ကိုခွေးနီက တော်တ်ာကိုသဘောကောင်းမယ့်ပုံပဲလို့ပေါ့။ ဦးသာမောင်ကိုတောင် အိမ်မှာကျန်နေတဲ့ သူ့မယားအတွက် မုန့်ဟင်းခါးတွေယူသွားခိုင်းတာပဲ။ အိမ်ကအမေအတွက် မုန့်ဟင်းခါးလေးယူသွားရရင် ဆန်လည်း ရှော့ချက်လို့ရတယ်။ ကိုခွေးနီလည်း ကုသိုလ်ရတာပေါ့။ အဲဒါကြောင့် ကျမ ကိုခွေးနီကို လှမ်းခေါ်လိုက်ပါတယ်။
 “ ဦးလေးခွေးနီ ၊ ဗျို့ ဦးလေးခွေးနီ” 
ကျမရဲ့အော်ဟစ်သံကြောင့် ကိုခွေးနီပါမက အစည်းအဝေးပွဲရောက်နေတဲ့ လူအုပ်ကြီးကပါ ကျမကို ၀ိုင်းကြည့်ကြပါတယ်။
 “ ဟေ ရှင်းသန့် ။ ပြောလေ ” 
 “ ဒီမှာတော့ ။ အမေကလည်း အလုပ်မအားလို့ လိုက်မလာနိုင်ရှာဘူး။ အမေက ဦးလေးကို အားပေးခိုင်းလိုက်ပါတယ်တော် ၊ ပြိးတော့”
 “ ဘာလဲပြီးတော့ ။ မုန့်ဟင်းခါး ယူခဲ့ခိုင်းတာလား ” 
 “ ဟီးးးး”
 ကိုခွေးနီက ကျမရဲ့စိတ်ကို မြင်နေရသလို ပြောလိုက်တော့ ကျမလည်း နည်းနည်းတော့ ရျက်သွားပါတယ်။ ဒါပေမယ့်လည်း ဒါပေမယ့်ပေါ့နော် ။ 
“ ကိုယ့်ပရိတ်သတ်ပဲရှင်းသန့်ရာ ၊ များများသာထည့်သွား ။ ဒါပေမယ့် သိတယ်နော် ” 
ကိုခွေးနီက သူ့ကိုေ ထာက်ခံဖို့ အထာသဘောနဲ့ ပြောလိုက်ခြင်းပါ။ ကျမကလည်း မုန့်ဟင်းခါးရမှာ ဆိုတော့ လက်ညှိုးထောင်ပြိး ထောက်ခံတာလောက်ကတော့ လုပ်ပေးရမှာပေါ့ ။
 “ အင်းပါ ဦးလေးခွေးနီရယ် ၊ ဒါနဲ့ မုန့်ဟင်းခါးကိုတော့ အစည်းအဝေးပွဲပြီးမှ ယူတော့မယ်နော် ၊ ခု့ ချိုင့်ပါမလာလို့ ”
 “ အေးပါဟာ ၊ ရပါတယ် ။ ကဲ သွားဦးမယ် လုပ်စရာတွေက မပြတ်သေးဘူး ” ကိုခွေးနီကတော့ ပြောပြောဆိုဆိုနဲ့ ထွက်သွားပါတယ်။ Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx အစည်းအဝေးခန်းမထဲမှာ လူကြီးကော လူငယ်ပါ စုံစုံလင်လင်ရောက်နေပါပြီ။ တစ်ခါမှ တိုက်ပုံအင်္ကျီ မ၀တ်ဖူးတဲ့ ထန်းရည်သမား ကိုမိုးညိုက ပူအိုက်လွန်းတဲ့ အငွေ့အသက်ကြောင့်လား မသိပါဘူး။ တိုက်ပုံအင်္ကျီကို ချွတ်ပြီး ပုခုံးပေါ်တင်လိုက်ပါတယ်။ မြို့နယ်ကော်မရှင်ဥက္ကဌက ဥက္ကဌရွေးချယ်ပွဲရဲ့အစီစဉ်တွေကို တစ်ခုပြီးတစ်ခု ကြေညာရင်း မိန့်ခွန်းတွေ ချွေနေပါတယ်။ ကြက်သမား အေးကိုကတော့ ကြာလို့နဲ့တူပါရဲ့ 
“ ဒီလူကြိးကလည်းကွာ ဘယ်သူ့ကို ရွေးချယ်ပါတယ်ဆို ပြီးရောပေါ့ ၊ နောက်ဘက်ရွာက ပြောင်ကြီးနဲ့ ကြက်တိုက်ဖို့ချိန်းထားတာ နောက်ကျပါပြီကွာ ” လို့ညဉ်းညူပါတယ်။ အေးကိုရဲ့ညဉ်းညူသံကြောင့် ဘေးနားမှာရှိတဲ့လူတွေက တဝေါဝေါနဲ့ရယ်ကြပါတယ်။ ကော်မရှင်လူကြိးက သူပြောတဲ့အထဲမှာ ရယ်စရာမပါပဲ ပရိတ်သက်က ရယ်ကြတော့ ကြောင်သွားပါတယ်။ ပြိးမှ တစ်ရွက်ပြိးတစ်ရွက် စာရွက်ကိုကြည့်ပြီး မိန့်ခွန်းပြောပြန်ပါတယ်။ ဒါကို ကျမတို့အဒေါ်ကြီး ရွှေမိက ဒေါသထွက်ဟန်ဖြင့် ကော်မရှင်လူကြီးကို လှမ်းအော်ပြိးမေးလိုက်ပါတယ်။ 
 “ ဟဲ့ ကော်မရှင်ဆိုတဲ့ လူကြီးတွေ ၊ ရွေးမှာဖြင့် မြန်မြန်ရွေးတော်၊ ခုချိန်ထိ နွားစာကမရိတ်ရသေးဘူး။ အိမ်က နွားတွေက မျှော်နေရော့မယ်” 
““ဟုတ်တယ် ၊ ဟုတ်တယ် ၊ ကျမတို့က တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ဘ၀လေ။ ဒီနေ့က အစည်းအဝေးပွဲကြောင့် အလုပ်မလုပ်ရဘူး။ ည ထမင်းစားဖို့ ရွာတောင်ဖျားက မကြီးတို့ဆီမှာ ဆန်သွားချေးရဦးမယ် ။ ရှင်တို့က ချေးမှာ မဟုတ်ဘူး ” 
 ဒေါ်ထွေးလေးက ထောက်ခံသလိုသူ့ရဲ့အခက်ခဲကို ပြောလိုက်ပါတယ်။ ကော်မရှင်လူကြီးကတော့
 တောင်းတောင်းပန်ပန် ပြောရှာပါတယ်။
 “ဟုတ်ကဲ့ပါဗျာ ။ ကျေးရွာမှာရှိတဲ့ သူတွေရဲ့ သဘောဆန္ဒအရ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်မလုပ်ပဲ ။ ဒီမိုကရေစီ နည်းလမ်းကျမယ့် သဘောတရားကို ကျွန်တော်တွေးမိပါတယ်။ ဥက္ကဌအဖြစ် တင်သွင်းထားတဲ့ လူကြီး သုံးယောက်ကို ဆယ့်ငါးမိနစ်ဆီ မဲဆွယ်တရား ဟောခိုင်းပါ့မယ်။ မဲအရေအတွက်များတဲ့သူကို ဥက္ကဌအဖြစ်ရွေးချယ်ပါ့မယ်” 
 ကော်မရှင်လူကြိးက ပြောလိုက်တော့ တစ်ချို့တစ်လေက အားရ၀မ်းသာ လက်ခုပ်တီးကြပါတယ်။ တစ်ချို့ကတော့ နောက်ထပ် အချိန်ကြာကြာ စောင့်နေရမှာဖြစ်လို့ ညဉ်းညူကြပါတယ်။ ဥက္ကဌအဖြစ် အဆိုင်တင်သွင်းတဲ့သူအဖြစ် ပထမဦးစွာ ရွာတောင်ပိုင်းက ဦးကျော်ပိုင်က အရင်မဲဆွယ်တရားဟောရပါတယ်။ သည်နေ့ အစည်းအဝေးပွဲတတ်ဖို့ သီးသန့်ချုပ်ထားတဲ့ တိုက်ပုံအင်္ကျီကို ဦးကျော်ပိုင်က ဆွဲဆန့်လိုက်ပါတယ်။ ( အရင်က ဥိးကျော်ပိုင်မှာ တိုက်ပုံအင်္ကျီ မရှိ ) လက်သီးဆုပ်လေးကို နှုတ်ခမ်းမျာကပ်ပြီး ချောင်းတစ်ချက်ဟန့်လိုက်ပါတယ်။ ပြီးမှ ခပ်တည်တည်နဲ့ မိုက်ခရိုဖုန်းရှိရာကို သွားပါတယ်။ ပြီးတော့ 
“ အဟမ်း ၊ မင်္ဂလာပါ လူကြိးမင်းများ ခင်ဗျား ၊ ကျွန်တော့်နာမည်ဘယ်သူဆိုတာ ပြောပြစရာ လိုမယ်မထင်တော့ပါဘူး ” 
“ ဖြောင်းဖြောင်း ဖြောင်း ” 
ဘယ်သူက စပြီးတီးလိုက်တယ် မသိပါဘူး ။ ဦးကျော်ပိုင် ဘာမှ မပြောရသေးပဲ လက်ခုပ်သံတွေ ဆူညံသွားပါတယ်။ လက်ခုပ်သံရပ်သွားမှ ပြူးကြောင်ကြောင်နဲ့ ပရိတ်သတ်တွေကို ဦးကျော်ပိုင်ကြည့်လိုက်ပါတယ်။ ဘယ်လောက်ကြာသလဲဆိုတာတောင် သတိမထားမိလိုက်ပါဘူး။ လူတစ်ယောက်က သတိပေးလိုက်မှပဲ ပြန်ပြီး အသက်ဝင်လာပါတယ်။ 
 “ ဟုတ်ကဲ့ခင်ဗျာ ။ ခုလိုထောက်ခံတာ ၀မ်းသာပါတယ်ခင်ဗျ။ ကျွနတော်ခင်ဗျားတို့ကို တီရှပ်အင်္ကျီ လက်ဆောင်ပေးပြိးပြီပဲ ။ ဥက္ကဌဖြစ်ရင် မုန့်ဟင်းခါးပါ တိုက်အုန်းမှာပါ၊ ဒါပါပဲခင်ဗျ ”
 “ဖြောင်း ၊ ဖြောင်း ၊ ဖြောင်း ” 
 လက်ခုပ်သံတွေ မရပ်ခင် ဦးကျော်ပိုင်စင်ပေါ်မှ ခပ်တည်တည်နဲ့ဆင်းလိုက်ပါတယ်။ စိတ်ထဲမှာတော့ တယ်ဟုတ်တဲ့ ငါပါလာ့းလို့ တွေးမိမှာ သေချာပါတယ်။ တကယ်လို့များ မိန့်ခွန်းတိုတိုလေးနဲ့ ဥက္ကဌ နေရာရသွားရင် ဂရင်းနစ်စံချိန်တောင် တင်လို့ရပါသေးတယ်။ ဦးကျော်ပိုင် မဲဆွယ်ပြီးတော့ ရွာဥက္ကဌဟောင်း ကိုခွေးနီက ခပ်တည်တည်နဲ့ မိုက်ခရိုမုန်းရှိရာကို လှမ်းလာပါတယ်။ ကိုခွေးနီက ဥက္ကဌဖြစ်ဘူးတော့ စကားပြောလည်း ကောင်းပါတယ်။ ရွာရဲ့ရာဇင်ဝင်တွေ ၊ ရွာရဲ့လိုအပ်ချက်တွေ ၊ ပြီးတော့ သူရမယ့် အာဏာနဲ့အညီ ကျေးရွာကို ပြုပြင်ပြောင်းလဲဖို့တွေ အများကြီး ပြောသွားပါတယ်။ ကျွန်တော် ခင်ဗျားတို့ကို မုန့်ဟင်းခါးကျွေးတာ လာဘ်ထိုးတာမဟုတ်ပါဘူ့းလို့ ခဏတိုင်းေ ပြာလို့ အဲဒီဝါကျတောင် နားထောင်နေတဲ့သူတွေ အလွတ်ရနေပါပြီ။ 
 “ မုန့်ဟင်းခါးလည်း ကောင်းမယ်လို့ ထင်ပါတယ်။ ကျွန်တော်လည်း ကံကောင်းမယ်လို့ ထင်ပါတယ် ၊ ဒါပါပဲခင်ဗျာ ”
 “ဖြောင်း ၊ ဖြောင်း ၊ ဖြောင်း ” 
ကိုခွေးနီကတော့ သူ့ရဲ့ မဲဆွယ်တရား အဆုံးသတ်တာတောင် မုန့်ဟင်းခါးက ပါသွားပါသေးတယ်။ ကိုခွေးနီပြီးတော့ နောက်ဆုံးတစ်ယောက်တက်လာပါတယ်။ သူကတော့ ရွာသူ ၊ ရွာသားတွေ လုံးဝမထင်မှတ်တဲ့သူပါ။ ကျမတောင် မျက်လုံးတွေ မယုံနိုင်တော့ပါဘူး။ သူက အမျိုးသားတစ်ဦးလည်း မဟုတ်ပါဘူး။ ကျမရဲ့အဒေါ်အပျိုကြိး ဒေါ်မေခင်ပါ။ နိုင်ငံတ၀ှမ်းမျာ အမျိုးသမိးတွေကို နေရာပေးလာပေမယ့် ကျမတို့ရွာမှာတော့ ဥက္ကဌရွေးချယ်ပွဲပါဝင်ခဲ့တဲ့ အမျိုးသမီးရယ်လို့ အခုမှပဲတွေ့ဖူးပါတယ်။ ကျမအဒေါ်က တစ်ယောက်တည်းသမားလည်း ဖြစ်သလို ငွေကြေးတော်ရုံတန်ရုံပြည့်စုံပါတယ်။ ရွာထဲမှာလဲ သူ့ကျေးဇူးနဲ့ ကင်းသူရယ်လို့ မရှိသလောက်ပါပဲ။ စိတ်ကလည်း ထစ်ခနဲရှိ ဒိုင်းကနဲ တိုလွယ်ပါတယ်။ ပြောရင်လည်း ပြောတဲ့အတိုင်း လုပ်တတ်ပါတယ်။ ရွာသူ၊ ရွာသားတွေ အံသြနေတဲ့အချိန်မှာ ကျမအဒေါ်ကတော့ မိုက်ခရိုဖုန်းနဲ့ ပီပီသသ ပြောဆိုလိုက်ပါတယ်။ သူမဲဆွယ်တဲ့တရားက ဦးကျော်ပိုင်ထက်တောင် တိုပါသေးတယ်။
 “ အဟမ်း ၊ တစ်ရွာလုံး ကျမကျေးဇူးနဲ့ ကင်းမယ်လို့ မထင်ပါဘူး။ ကျမ ဥက္ကဌဖြစ်သွားရင် အရင်အကြွေးလည်း မတောင်းတော့ပါဘူး။ နောက်လည်း ဆက်ချေးပါဥိးမယ် ။ ဒါပါပဲ ” 
 “ ဖြောင်း ၊ ဖြောင်း ၊ ဖြောင်း ” 
ကျမအဒေါ်ရဲ့ မဲဆွယ်မှုအပြီးမျာ လက်ခုပ်သံတွေက ဆူညံသွားပါတယ်။ ပ၇ိတ်သတ်တွေကလည်း ကျမအဒေါ်စကားရဲ့နောက်မှာ လိုက်ပြီးစူးစမ်းကြပါတယ်။ တော်တော်များများကတော့ ပျော်လို့ပေါ့။ ( ပိုက်ဆံချေးလို့ရတာကိုး) အဲဒီနောက်မှ ကော်မရှင်လူကြီးတွေ မဲအရေအတွက်ကို စာရင်းပြုပြီး ကြေညာပါတော့တယ်။ ကဲ့ဘယ်သူရမလဲ။ ရှည်ရှည်ဝေးဝေးပြောမနေတော့ပါဘူး။ ကျမအဒေါ် အပျိုကြီး ဒေါ်ခင်မေက ကျမတို့ကျေးရွာရဲ့ ပထမဦးဆုံး အမျိုးသမီး ဥက္ကဌဖြစ်လာပါတော့တယ်။ မုန့်ဟင်းခါးနဲ့လက်ထိုးတဲ့ ကိုခွေးနီနဲ့ တီရှပ်အင်္ကျီ နဲ့မဲဆွယ်တဲ့ ဦးကျော်ပိုင်တို့ကတော့ ကြက်ကြီးလည်လိမ်ထားသလိုပါပဲ။ အစည်းအဝေးပွဲလည်းပြီးရော ရွာသူ၊ ရွာသားတွေက ကိုယ့်အိမ်ကိုယ် ပြန်ကြပါတယ်။ ကျမကတော့ အမေ့အတွက် မုန့်ဟင်းခါး ယူရအုန်းမှာမို့ ကိုခွေးနီဆီသွားပါတယ်။
 “ ဦးလေးခွေးနီ ။ မုန့်ဟင်းခါ့း”
 “ ဘာမုန့်ဟင်းခါးလည်း ၊ မရှိဘူး သွား ။ ဟေ့ကောင် သာဘု ။ ပိုနေတဲ့မုန့်ဟင်းခါးကို ပိုက်ဆံနဲ့
လိုက်ရောင်း ။ ငါပြန်မယ်”
 အောင့်ကြီးစောင့်ကြီးနဲ့ ပြာကျလောက်အောင် မျက်စောင်းထိုးပြီး ဒေါသတွေထွက်ပြသွားတာ ကြောက်ခမန်းလိလိပါပဲ။ ကျမကတော့ မုန့်ဟင်းခါးမရတာကိုတွေးရင်း စိတ်ညစ်ညစ်နဲ့ပြန်လာပါတော့တယ်။ ကိုခွေးနီလို တစ်ခြား မဲဆွယ်စည်းရုံးတဲ့ လူကြီးတွေလည်း အစကတစ်မျိုး ၊ နောက်လည်း တစ်မျိုးဖြစ်သွားရင့် ကျမ ရှေ့ဆက်ပြီး မတွေးရဲတော့ပါဘူး။ လောလောဆယ်တော့ အိမ်ပြန်ရောက်ဖို့ကပဲ ကျမအတွက် အဓိကဖြစ်နေပါတော့တယ်။။။။။။။။။။ 
 ရေးသားသူ
 မေတ္တာရှင်မလေးရှင်းသန့်မေ

♥♥♥တရားခံဘယ်သူလဲ♥♥♥

ထိုနေ့က ကျွန်ုပ်အိပ်ယာပင်မထသေး။ အမြဲတမ်းနောက်ကျတတ်သည့် ဖိုးခွေးနီက သည်တစ်ခါ ထူးထူးဆန်းဆန်း ကျွန်ုပ်၏ အိပ်မက်ဒေ၀ီကို အတင်းမောင်ထုတ်နေတော့သည်။ “ ဗျို့ မောင်နွေ ” “ ကိုနွေ့ မထသေးဘူးလားဗျ ” အာဠာဝက ဘီလူးအရက်မူးသောအခါဟိန်းဟောက်သံကဲ့သို့ တံခါးပေါက်ဝမှ အော်ဟစ်ခေါ်နေသော ဖိုးခွေးနီ၏ အသံကြောင့် မထချင်သော်လည်း ကြိတ်မှိတ်၍ ထလိုက်ရတော့သည်။ “ ဘယ်ကောင်လဲကွ ၊ ငါ့အိမ်ရှေ့မှာ စောစောစီးစီး ဟောင်နေတာ ” “ ဟေ့ကောင် ၊ အမူးမပြေသေးရင်လည်း နောက်မှ ဆက်မူးကွာ ၊ သတင်းထူးပါလာလို့ကွ ” သတင်းထူးဆိုလျှင် အမြဲတမ်း စပ်စုလိုသော ကျွန်ုပ်သည် ခြင်ထောင်ကြိုးကိုပင် မဖြုတ်သေးပဲ တံခါးကို အပြေးအလွှား ဖွင့်လိုက်သည်။ သည်ငနဲ သည်သတင်းကို မည်လောက်ပြောချင်နေသည်မသိ။ မျက်လုံးတွင် မျက်ချေးများ ကပ်နေသည်ကို ထောက်ဆသောအားဖြင့် မျက်နှာပင်သစ်လာဟန်မတူ။ “ ဘယ့်နဲ့လဲကွ ၊ မျက်နှာတောင်သစ်မလာဘူးဆိုတော့ ဒီသတင်းက တော်တော်ကို ထူးဆန်းနေလောက်တယ်” “ ထူးဆန်းဆို မောင်ရေ့ ရပ်ကွက်ထဲမှာတောင် နေမထွက်ခင် ပျံ့နေပြီ ” “ လာကွာ ၊ အိမ်ထဲရောက်မှ ပြောကြတာပေါ့ ” ကျွန်ုပ်သည် အလွန်တရာစိတ်ဝင်စားသောပုံစံကြောင့်လော မသိ။ သည်ငနဲက အိမ်ထဲဝင်ရန် တွင်တွင်ခါအောင် ငြင်းနေတော့သည်။ “ မင်းလို အသက်မပြည့်သေးတဲ့ လူမျိုးတစ်ယောက်အိမ်ကို ငါလို ယောက်ျားရင့်မာကြီးက ၀င်ဖို့သင့်တော်ပါ့မလားကွ ” “ ဟေ့ကောင် ဖိုးခွေးနီ ၊ ရည်းစားလေးတစ်ယောက်လောက်ရထားတယ်ဆိုပြီး သိပ်ပြီးမြင့်မနေနဲ့ ၊ ငါ့မှာ ရည်ရွယ်သူမရှိသေးတော့ လွပ်လပ်စွာ ရွေးချယ်ခွင့်ရှိသေးတယ် ” “ ငါလည်း အိမ်ထောင်မကျသေးပါဘူး ၊ ရွေးချယ်ခွင့့်” “ ရွေးချယ်ခွင့်တွေ ၊ ဘာတွေလုပ်မနေနဲ့ဖိုးခွေးရေ့ မင်းရဲ့ထိပ်ထားက ဒေါင်ကနဲ ဒေါင်ကနဲမြည်အောင် ခေါင်းခေါက်မှာတော့ မြင်မိသားပဲ ” “ ဟား ဟား ဟား ” နေတောင် ကောင်းကောင် မထွက်ချင်သေး ။ နံနက်စောစော တရားစာတွေရွတ်ဖတ်နေပါလားဟု ပတ်ဝန်းကျင်က ၀ိုင်းပြီး မေတ္ထာပို့မှာ ကြောက်သောကြောင့် ဟော င်ဖွာဟောင်ဖွာတော့ မပြောရဲပေ။ “ ကဲမိန်နွေ ။ မျက်နှာသစ်ပြီး သတင်းစာရှင်းလင်းပွဲသွားကြစို့ ” ဖိုးခွေးနီ၏ ဆော်သြသံကြောင့် ကတိုက်ကရိုက် မျက်နှာသစ်ကြတော့သည်။ ဤနေရာ၌ သတင်းစာရှင်းလင်းပွဲဟူသည် အခြားမဟုတ်။ နံနက်တိုင်း လမ်းထိပ်က ဦးကြာညို၏ လက်ဖက်ရည်ဆိုင်တွင် မိမိတွေ့သမျှ ၊ မြင်သမျှ သတင်းထူး ၊ အတင်းထူးတို့ကို မစားရ၀ခမန်းလိလိ အာပေါင်အာရင်းသန်သန် ပြောဆိုရာ နေရာပင် ဖြစ်တော့သည်။ Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx “ မင်းရဲ့ သတင်းထူးက ဘာလဲကွ ” ဦးကြာညို ကိုယ်တိုင်လာချပေးသော ကျစိမ့်ကို တစ်ကြိုက်လောက်မော့သောက်ရင်း ဖိုးခွေးနီအား မေးလိုက်ခြင်းဖြစ်သည်။ “ မနေ့ညက ကောင်မလေးသုံးယောက်နဲ့ ပက်သက်လို့ပေါ့ ” ကောင်မလေးသုံးယောက်ဆို၍ ကျွန်ုပ်မနေ့ညက အကြောင်းအရာကိုပင် တွေးမိလိုက်သည်။ ဟုတ်သည်။ မနေ့ညက ကျွန်ုပ် ဇင်ယော်စာအုပ်အငှားဆိုင်မှ ပြန်အလာ ခေတ်၏ရှေ့ မိုင်တစ်ရာနီးပါး ပြေးလွှားနေသော ကောင်မလေးသုံးယောက်ကို တွေ့မိပေသည်။ သူမတို့သည် ဖြူဖွေးနေသော မျက်နှာကို မျိုးစုံသော သနပ်ခါးတို့ဖြင့် လိမ်းခြယ်ထားသောကြောင့် အသက်ပါသောလူနှင့်ပင် မတူချင်တော့။ အရောင်တောက်လွန်းသော နှုတ်ခမ်းဆေးများဆိုးထားသောကြောင့် ကြွေရုပ်နှင့်ပင် တူနေတော့သည်။ ၀တ်ထားသည့် အ၀တ်အစားကိုလည်း ကြည့်စမ်းစေချင်ပါသေးသည်။ လုံချည်ဟူ၍လည်း မဟုတ်၊ ဘောင်းဘီလည်းမဟုတ်၊ စကက်ဟုလည်း မခေါ်သာ။ ကျွန်ုပ်မည်ကဲ့သို့ ခေါ်ရမည်ပင်မသိ။ အထက်အဆင်နှင့် အောက်အဆင် တစ်ဆက်တည်းဖြစ်သည်။ ယင်းအ၀တ်အစားသည် ဟိုက်လွန်းသော လည်လည်းရှိသည်။ အင်္ကျီ၏ ပခုံးအကိုင်းကား လက်တစ်လုံးသာသာမျှသာရှိသည်။ အောက်နားတွင်လည်း တကယ်ကိုဘုရားစူးပါစေရဲ့ ခါးမှ တိုင်းထွာလိုက်လျှင် လက်တစ်ထွာခန့်သာရှိသည်။ အကယ်၍ ဆိုင်တစ်ဆိုင်ဆိုင်ထဲတွင်ဝင်၍ တစ်ခုခုစားသောက်မည်ဆိုပါက မည်ကဲ့သို့ထိုင်မည်မသိ။ ယင်းအဆင်တွင် ခွမပါသည်ကတော့ သေချာပါသည်။ မှတ်ချက်။။။။။။ ဤကဲ့သို့ရေးသားခြင်းကြောင့် မိုက်ရိုင်း ၊ ယုတ်မာ ၊ညစ်ညမ်းသည်ဟု မထင်စေလိုပါ။ ယဉ်ကျေးမှုနှင့် လုံးဝဆန့်ကျင်နေသော မိန်းကလေးများကို နားကျဉ်းစေလို၍သာ ရေးသားရပါသည်။ မယုံမရှိနှင့် ငမှုန် ကိုယ်တွေ့ပင်။ ထိုမိန်းကလေးတို့သည် ပစ္စည်းတစ်ခု ကျန်နေသောကြောင့် သုံးလွှာတွင်ရှိသော သူမ၏ မောင်လေးကို အော်ဟစ်ကာ လှမ်းတောင်းနေခြင်းဖြစ်သည်။ သူမ၏မောင်လေးကား အသက် (၁၄ )နှစ် ၀န်းကျင် လူပျိုပေါက်စအရွယ်ပင်ရောက်နေပေပြီ ။ တကယ်ဆိုလျှင် မိမိတို့ ဆင်ယင်ထားသည့် ပေါလပေါပုံစံတို့ကြောင့် မိမိ၏ အစ်ကို၊မောင် တို့ကိုပင် ရှက်သင့်ပါသည်။ ယခု ။ မြန်မာနိုင်ငံတွင် ( ၆၀ )ရာခိုင်နှုန်းသော မိန်းကလေးတို့အတွက် လောကကြီးကို စောင့်ရှောက်သည့် လောကပါလတရား နှစ်ပါးမရှိတော့။ အစ်ကို၊မောင်တို့ကိုလည်း ရှက်ရကောင်းမှန်းမသိ။ မိဘကိုလည်း ရှက်ရကောင်းမှန်းမသိ။ ပတ်ဝန်းကျင်ကိုလည်း ရှက်ရကောင်းမှန်းမသိ။ အရှက်တရားလည်း မရှိတော့သလို အကြောက်တရားလည်း မရှိတော့ပြန်။ မှုခင်းစာစောင်တို့တွင် မုဒိမ်းမှုက ထိပ်ဆုံးမှ ဗိုလ်စွဲနေတုန်း။ ချန်ပီယံဘွဲ့ကို လက်မလွှတ်သေး။ ယခုလိုသာ ၀တ်ဆင်နေအုန်းမည်ဆိုလျှင် မြန်မာနိုင်ငံတွင် ရာစုနှစ်ပေါင်းများစွာ မုဒိမ်းမှုက ချန်ပီယံဖြစ်နေအုန်းမှာခန့်မှန်းစရာပင်မလိုချေ။ ဟိုတစ်နေ့က ကျွန်ုပ်သတင်းတစ်ပုဒ်ဖတ်လိုက်ရသည်။ ရုရှားလော ၊ အီတလီလော ။ မည်သည့်နိုင်ငံရယ်မသိ။ မိန်းကလေးများအတွက် မပေါ်သင့်တာတွေ ပေါ်အောင်ဝတ်လျှင် ထောင်ချအရေးယူမည့် ဥပဒေတစ်ရပ် ပြဌာန်းလိုက်သည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံတွင်လည်း ဤကဲ့သို့ ဥပဒေတစ်ရပ် ပြဌာန်းလိုက်လျှင် မည်လောက်ကောင်းမည်နည်း။ ယဉ်ကျေးမှုလည်း ထိမ်းသိမ်းပြီးရ၊ မှုခင်းလည်း လျှော့ချပြီးသားပင်။ ယခုမူကာ့း ယဉ်ကျေးမှုဟူသော စကားလုံးသည် ကျွန်ုပ်တို့မြန်မာလူမျိုးတို့အတွက် ပြတိုက်ထဲပင် ရောက်နေပြီလားမသိ။ ဘာသာရေးပွဲတော်တို့တွင်လည်း အတိုအထွာများဖြင့်သာ သွားလာနေကြသည်။ ၀မ်းနည်းဖွယ်ကောင်းလေစွ။ ယဉ်ကျေးမှုဆိုသည်မှာ “ သိမ်မွေ့ပြေပြစ်သော တတ်သိလိမ္မာမှု၊တိုးတက်ထွန်းကားလာသော လူမှုအဆင့်အတန်း၊ အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိလာသော ဓလေ့ထုံးတမ်း” ဟူ၍ အဘိဓာန်တွင် ဖွင့်ဆိုထားသည်။ ယင်း ယဉ်ကျေးမှုသည် လူမျိုးတစ်စု၊ နိုင်ငံတစ်နိုင်ငံ၏ အသက်သွေးကြောဖြစ်သည်။ မိမိတို့မြန်မာနိုင်ငံသည် ရှေးအစဉ်အဆက်ကတည်းက ကိုယ်ပိုင်ယဉ်ကျေးမှုရှိသည်။ စင်္ကာပူစသော နိုင်ငံတို့မှာကား ကိုယ်ပိုင်ယဉ်ကျေးမှုမရှိ၍ အခြားနိုင်ငံမှ ကူးလူးလာသော ယဉ်ကျေးမှုကိုသာ တန်ဖိုးထားနေကြရသည်။ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးမှုနောက်ကျနေပါသော်လည်း ဆင်းရသည့်နိုင်ငံဟူ၍ မဆိုသာ။ အဘယ့်ကြောင့်ဆိုသော် မိမိတို့သည် ကိုယ်ပိုင်လူမျိုးရှိသည်။ ကိုယ်ပိုင်မြေ ၊ ကိုယ်ပိုင်သယံဇာတ နှင့် ကိုယ်ပိုင်ယဉ်ကျေးမှုများရှိသည်။ ကိုယ်ပိုင်စာပေနှင့် ကိုယ်ပိုင်ကိုးကွယ်မှုတရားစသည်တို့လည်း ရှိသည်။ ယခုအခါ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုဆိုသည့် စကားစုကို စာလုံးပေါင်းရန်ပင်မေ့နေပြီတကား။ အချို့သော မိန်းကလေးတို့သည် ကိုယ်ပိုင်ယဉ်ကျေးမှုဖြစ်သည့် ၀တ်စားဆင်ယင်မှုကို ( Dateout ) တယ်လို့များ ထင်နေလားမသိ။ ကိုယ့်ယဉ်ကျေးမှုနှင့် လုံးဝဖီလာဆန့်ကျင်သော အခြားနိုင်ငံမှ ယဉ်ကျေးမှုတို့ကို ခေါင်းပေါ်တင်၍ ကိုးကွယ်နေသည်မှာ အော့အန်ချင်စရာပင်ကောင်းလှပါတော့သည်။ မိမိတို့ ယဉ်ကျေးမှုကို မစောင့်ရှောက် ၊ တိုင်းတစ်ပါးယဉ်ကျေးမှုကို ခင်မင်တွယ်တာနေခြင်းသည် ကိုယ့်ကိုယ်ကိုယ်၊ ကိုယ့်နိုင်ငံကို မြောင်းထဲပစ်ချကာ လက်စဖျောက်သည်နှင့် တူလှပါသည်။ အဘယ့်ကြောင့် ဆိုသော့်ယဉ်ကျေးမှုပျောက်ကွယ်လျှင် လူမျိုးပါ ပျောက်မည်ဟု ရှေးလူကြီးသူမများက ပြောဆို ဆုံးမထားသောကြောင့်ပင်။ အချုပ်တန်းဆရာဖေက “ မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းလည်း ပျောက်ခဲ့ပြီ”ဟု ဆိုထားခဲ့သည်။ ယဉ်ကျေးမှုသည် စည်းကမ်းဖြင့် မထုတ်ပြန်ထားသော်လည်း ယဉ်ကျေးမှုကိုတော့ မဖောက်ပြားသင့်။ ယဉ်ကျေးမှုသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်စု၏ ဂုဏ်သိက္ခာ၊ အဆင့်အတန်းဖြစ်သည်။ အနောက်နိုင်ငံမှ ၀င်ရောက်လာသော ဆန့်ကျင်ဘက်ယဉ်ကျေးမှုကို မခုမခံ၊ မကာကွယ်ပဲ ကိုယ့်ယဉ်ကျေးမှုကို မေ့လျော့ထားပါက ဂုဏ်သိက္ခာများစွာ ကျဆင်း၍ ၊ အဆင့်အတန်းလည်း လုံးဝရှိတော့မည်မဟုတ်။ ကိုယ့်အဘိုး၊ကိုယ့်အဘွား။ ကိုယ့်လူမျိုး ၊ ကိုယ့်နိုင်ငံ၏ ယဉ်ကျေးမှုကို မဏ္ဍပ်တိုင်တတ်၍ မမြင့်မားနိုင်သော်လည်း ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ မိမိတို့တာဝန်သာလျှင်ဖြစ်တော့သည်။ ယခုခေတ်လူသားတို့သည် ကိလေသာမကုန်သေး၍ ပုထုဇဉ်ပုဂ္ဂိုလ်မျှသာဖြစ်သေးသည်။ ပုထုဇဉ်ဆိုသော်လည်း အချို့အချို့သော ပုဂ္ဂိုလ်တို့သည် အန္ဓပုထုဇဉ်သာ။ အန္ဓပုထုဇဉ်သည် ရိုးရိုးပုထုဇဉ်ထက် လောဘကြီးသည်။ ဒေါသကြီးသည်။ မောဟကြီးသည် ။ ကိလေသာရာဂ လွန်စွာမှကြီးလှသည်။ စစ်ပြီးခေတ်မှစ၍ အနောက်နိုင်ငံမှယဉ်ကျေးမှုတို့ ကျယ်ကျယ်ပြန့်ပြန့်မကူးစက်ခင်ကတည်းက မြန်မာနိုင်ငံသည်။ ကာမဘီလူးတို့၏ သောင်းကျန်းမှုတို့က လွန်ကဲနေသည်။ ယခုခေတ်ကဲ့သို့ အထက်မလုံ ၊ အောက်မလုံများ ပေါများလာသောအခါ ကာမဘီလူးတို့သည် သွားရည်တမျှားမျှားနှင့် မည်မျှ ပျော်ရွှင်နေကြမည် မသိချေ။ “ ဟိတ်ကောင် ” “ ဟိတ့့်မိန်နွေ ” “ အ့အမ် ” ဖိုးခွေးနီက ကျွန်ုပ်၏ လက်ကို တွန်းလှုပ်ကာ အော်ခေါ်လိုက်သောကြောင့် ကျွန်ုပ်၏ အတွေးတို့သည် လမ်းမကြီးပေါ်မှ လိုင်းကားကဲ့သို့ ပြေးထွက်သွားလေတော့သည်။ “ မင်းကလည်း လန့်လိုက်တာ ၊ တိုးတိုးခေါ်လည်းရပါတယ်ကွ” “ရပါတယ်လုပ်မနေနဲ့ ၊ငါက ဘာမှမပြောရသေးဘူး။ မင်းပုံစံက လူသေအတိုင်းပဲ ။ မလှုပ်မယှက်နဲ့ ” “ အော့် မင်းပြောတဲ့ ကောင်မလေးသုံးယောက်နဲ့စပ်ပြီး တွေးကြည့်နေတာပါကွာ ” “လုပ်မနေနဲ့ မောင်ရင် ၊ မနေ့ညက မင်းကြည့်နေတဲ့ပုံဆိုရင် မဟုတ်တာတွေ တွေးနေတာမို့လား ။ တွေးလည်း အလကားဖြစ်သွားပြီ ၊ အဲဒီထဲက ကောင်မလေးတစ်ယောက်အသတ်ခံရလို့ကွ” “ ဟမ်” “ ဟမ်မနေနဲ့ ၊ အသတ်ခံရတာတောင် ရိုးရိုးမဟုတ်ဘူး ၊ ကာမဂုဏ်ပါ လှူလိုက်ရသေးတယ်” ဖိုးခွေးနီ၏စကားကြောင့် ကျွန်ုပ်များစွာ အံ့သြသွားလေသည်။ ပြီးနောက် ယင်းကဲ့သို့ မိန်းကလေးများ အများအပြားရှိနေခဲ့လျှင် မြန်မာနိုင်ငံ၏ အနာဂါတ်ကို စိတ်လေးမိပြန်သည်။ “ ငနွေ ၊ ငြိမ်လှချည်လားကွ ၊ အရင်လိုလဲ မစပ်စုတော့ပလား ၊ အေ့း့ဒီထက်ပိုပြီး အံ့သြစရာရှိသေးတယ်” “ဟုတ်လား ” “ လူကိုသတ် ၊အသားကိုစားတဲ့ ကာမဘီလူးက ကောင်မလေးရဲ့မောင်နှစ်ဝမ်းကွဲတော်စပ်သတဲ့ကွ ” “အို့” သည်တစ်ကြိမ်ကြားသံက မကြားဝံ့မနာသာ။ ကျွန်ုပ်တွေးကြည့်မိသည်။ ဟုတ်လည်း ဟုတ်ပါသည်။ မိုင်ကုန်အောင် ချယ်သခြင်း ၊ ၀တ်စားဆင်ယင်ခြင်းတို့ကြောင့် သူစိမ်းဘီလူးပါမက ၊ ဆွေမျိုးဘီလူးကပါ ၀င်ရောက် သွားခြင်း ဖြစ်ပါလိမ့်မည်။ ယင်းကာ့း့မည်သူ၏ အပြစ်ဖြစ်ပါသနည်း။ လွန်ကျူးခံရသည့် ကာယကံရှင်လေ။ လွန်ကျူးသူလော။ သို့မဟုတ် ။ မသွန်သင် ၊မဆုံးမသည့် မိဘတို့၏ တာဝန်လော။ မည်သို့ပဲဖြစ်ဖြစ် သည်ပြဿနာသည် မြန်မာ့ယဉ်ကျေးမှုကို ပစ်ပယ်ပြိး အနောက်တိုင်း ယဉ်ကျေးမှုကို ကျင့်သုံးခြင်းကြောင့်ဖြစ်ကြောင်း ကျွန်ုပ် ရဲရဲဝင့်ဝင့် ယုံကြည်မိပါသည်။ 

မိန်နွေ