`` ဟင်းနော် ၊ ဟင်း သွာ့း့ ကလေးလည်းဟုတ်တာမဟုတ်ပဲနဲ့ ´´
`` ချစ်ကလည်းကွာ ၊ ကိုယ် ဒီတစ်ခါတည်းပါ။ နော် ´´
`` မရဘူးဆိုနော် ၊ ဟွန်း ။ ညကျမှ ´´
`` ရဘူးနော် ၊ ကိုယ်က ခုဆိုခု ´´
`` နင်နော် ၊ သွား ´´
`` သွားဝူး ။ ဟီးးး ´´
`` မရတော့ဘူးကွာ ၊ ကိုယ်လေ အရမ်းချစ်မိသွားလို့နဲ့တူတယ် ။ ရင်တွေတောင်တုန်လို့ ´´
`` ဟွန်း မသိတာမှတ်လို့ ။ အဲဒါချစ်လို့တုန်တာမဟုတ်ဘူး ။ မသောက်ရသေးလို့များ ´´
`` ဟဲ ၊ မိန်းမကလည်းကွာ ´´
ကိုမြင့်အောင်တစ်ယောက်
ဘီယာသောက်ဖို့ရာ မိန်းမဆီက ငွေတောင်းနေခြင်းဖြစ်သည်။ မနေ့ညကလည်း
ပေးထားပြီးဖြစ်၍ ခုနေ့လည်အတွက် ပေးဖို့ရာ လွန်ကိုလွန်လွန်းနိုင်သည်ဟု ခင်မေ
တွေးမိသည်။ ဟုတ်သည်လေ ။ အိမ်မှာက သားနှစ်ယောက်က ရှိသေးသည်။
ဝင်ငွေက ကိုမြင့်အောင်၏ အောက်တန်းစာရေးလစာ။ မခင်မေကလည်း ၀င်ငွေမရှိ။
သားတစ်ယောက်က မူကြိုကျောင်းသား ။ ကျန်တဲ့တစ်ယောက်ကတော့
နို့စို့အရွယ်မျှသာရှိသေးသည်။ ၀င်ငွေက ဖောဖောသီသီ မရှိတော့
ကိုမြင့်အောင်ကို အမြဲတမ်း ဘီယာဖိုးမပေးနိုင်။ ခုလည်း ဘီယာဆိုင်သွားဖို့ရာ
ငွေတောင်းနေခြင်းဖြစ်သည်။ ညကျတော့လည်း မရမက တောင်းပြန်အုန်းမည်။
ပေးလို့မဖြစ်။ ကိုယ်က ချစ်လို့ပေးမိသည်ပဲထားပါအုန်း။ မတော်လို့
အကျင့်ဖြစ်ပြီး နေ့တိုင်းတောင်းနေမှ ဖြင့် ။
`` ချစ်ရေ ၊ ခင်မေ ´´
``ဘာလဲ ´´
``ငါးရာလောက်ဆိုရင်ရပါပြီကွာ
။ ချစ်နော် ။ ကိုယ်ဘီယာသောက်ဖို့မဟုတ်ဘူး။ လိုင်းကားခလေ ။ အသွားနှစ်ရာ၊
အပြန်နှစ်ရာ ။ ကျန်တဲ့တစ်ရာကတော့ လမ်းမှာ အလှူငွေထည့်ချင်လို့ပါ။ နော့့်
မိန်းမ ´´
ကိုမြင့်အောင်
တစ်မျိုးပြီးတစ်မျိုးတောင်းနေသည်။ လိုင်းကားခကို ရုံးက ပေးသည်ကို
ခင်မေသိထားသည်။ ဒါပေမယ့်လည်း ဘီယာသောက်ဖို့ဟု အတိအလင်းပြောပြီးမတောင်းတော့
ပေးဖို့သင့်သည်ဟု ထင်မိသည်။ အဘယ့်ကြောင့်ဆိုသော် သူပြောရာစကားကိုလည်း
မယုံကြည်ဟု အထင်မခံနိုင်။ ဟုတ်သည်လေ။ ကိုယ်က ချစ်မိလို့ယူထားတာပဲ။
နောက်တစ်ခုကတော့ ကိုယ်လိုချင်တဲ့ အချိန်မှာ သူက မပေးရင် ဘယ်လိုလုပ်မလဲ ။ (
လခထုတ်ရက် ငွေအပ်တာကို ပြောတာပါ ) ။
`` ဘယ်လောက်လဲ ´´
`` တစ်ထောင်´´
`` ဟင် ၊ ခုနကပြောတော့ ငါးရာဆို ´´
``မဟုတ်ဘူးအချစ်ရဲ့ ၊ ကိုယ်ခုမှတွေးမိတယ်သိလား ၊ လမ်းမှာတွေ့တဲ့ အလှူခံက သုံးခုကြီးများတောင် ´´
`` အမလေးနော် ၊ မသိတာမှတ်လို့။ မရဘူး။ ငါးရာပဲယူသွား ။ တစ်ထောင်ဆိုရင်တော့ တစ်ကျပ်မှ မပေးဘူးမှတ် ´´
`` မိန်းမကလည်းကွာ ´´
``ဘာမှကွာမနေနဲ့ ငါးရာပေးတာကို လွန်နေပြီ ´´
``အေးပါကွာ ။ ဒါဆိုလည်း ငါးရာပဲပေးပါတော့ ´´
သိသည်။
ကိုမြင့်အောင်သိလိုက်ပြီ။ ခင်မေက ဘူးဆိုရင် ဖရုံမသီး ။ တော်ကြာ တကယ်ပဲ
တစ်ကျပ်မှ မပေးရင်ဖြင့် ရင်ကျိုးရချည်ရဲ့။ ခင်မေက မီးခံသေတ္တာထဲ
ဖွဖွလေးထည့်ထားသည့် ပိုက်ဆံထဲမှ နှစ်ရာတန်နှစ်ရွက်နှင့်
တစ်ရာတန်တစ်ရွက်ကို ထုတ်ပေးလိုက်သည်။ တကယ်လို့ ငါးရာတန်ပေးလိုက်လျှင်လည်း
လိုင်းကားသမားက ဘာဖြစ်တယ်၊ ညာဖြစ်တယ်လို့ ပြောပြီး ထပ်တောင်းနေဦးမည်ကို
ခင်မေသိထားသည်။ ဒီလောက်တော့ ခင်မေတို့က အပျော့ပေါ့။
`` ရော့ ´´
`` အားပါး ၊ အဲဒါကြောင့်မို့ မိန်းမကို ချစ်နေရတာ ´´
`` ရွှတ် ´´
ကိုမြင့်အောင်က
ပြောပြောဆိုဆို မခင်မေ၏ ပါးပြင်လေးကို နမ်းလိုက်သည်။ မခင်မေရင်ထဲ
သီတာရေစင်ကနေ ရေများဖိတ်လျှံလာသည့်နှယ်။ တကယ်။ တကယ်ပဲ အေးမြသွားသည်။
သို့သော်လည်း မီးဖိုချောင်ထဲမှာ နေ့ကျောင်းဆင်းတဲ့သားက ထမင်းစားနေသည်မို့
ကျိတ်ပြုံးရုံသာရှိသည်။
`` ရှင်နော် ၊ ကလေးရှိတယ် ´´
`` ဖေကြီး ၊ သားမြင်ဘူးဗျ ။ အသံတော့ကြားတယ် ။ ရွှတ့်တဲ့ ´´
မီးဖိုချောင်ထဲမှ ထမင်းစားရင်းတန်းလန်းဖြင့် သားတော်မောင်က ထွက်လာသည်။
`` တာတီးနော် ။ မင်းသူငယ်ချင်းတွေကို လျှောက်မပြောနဲ့ ။ ဟွန်း ´´
ကိုမြင့်အောင်က စကားတတ်လွန်းသော သားလေးကို သိပ်ပြီးစိတ်မချ။ သူ့ကြောင့် အရှက်ရသည်ကလည်း တစ်ခါတည်းမဟုတ်။
ဘာပဲလုပ်လုပ် တစ်ခြားသူကို မကြောက်ရပဲ သူ့ကိုပဲကြောက်နေရသည်။ ဟိုတစ်နေ့
ယောက်ခမကြီးအိမ်အလည်လာတော့ သူပြောလို့ ဘီယာသောက်မှန်းသိသွားကာ
လိုက်ရိုက်တာကို ခံဘူးသည်။
`` ပြောပါဘူးဖေကြီးရ ၊ မနက်ကပဲ ဖေကြီးမနေ့ညက အမေ့ခြေရင်းမှာ ထိုင်နေတဲ့အကြောင်းပဲ ပြောရသေးတယ် ´´
`` အာ့ ဒီငနဲတော့ ပြောလေကဲလေပဲ ´´
ကိုမြင့်အောင် ဒေါသထွက်ဟန်ဆောင်ပြီး သားတော်မောင်ကို လိုက်ရိုက်သည်။ မခင်မေကတော့ ရယ်လျှက်သားဖြင့်။
``မောင်နော် ။ တစ်ရာက အလှူငွေထည့်ဖို့ ´´
`` အာာာ ။ မိန်းမကလည်းကွာ ။ ဟဲ ´´
ကိုမြင့်အောင်
ပြုံးရုံသာပြုံးပြီး တစ်ချိုးတည်းလစ်ပြေးလေတော့သည်။ ဒီနေ့အလုပ်နားသော်လည်း
အချိန်မှီထွက်ရမည့်မဂ္ဂဇင်းကြောင့်မို့သာ နေ့ဝက်ရုံးကိုသွားရသည်။
တကယ်ဆိုလျှင် သွားချင်လှသည်မဟုတ်။ ရုံးမှာလည်း အမြဲတမ်းနောက်တတ်သည့်
ကာတွန်းဆရာလည်းဖြစ်။ အယ်ဒီတာလည်းဖြစ်သော ကိုမောင်မောင်က ရှိနေသေးသည်။
သူနဲ့တွေ့လျှင် မိမိကို မနေနိုင်အောင်စနောက်လွန်းသည်။ ဒီနေ့လည်း
ဘယ်လိုများစနောက်လိမ့်မည်နည်းဟု တွေးရင်းရင်မောရပြန်သည်။
`` နောက်ကျလှချည်လားကိုမြင့်အောင်ရ ´´
``ဟုတ်တယ်ဆရာရေ့ ထိပ်ထားဆီက အသပြာချူနေရတာလေ။ ဟဲ့ ရေချိန်ကိုက်ဖို့ ဆရာ့အကူညီလိုတယ်ဗျ ´´
ကိုမြင့်အောင်စကားကြောင့်
အယ်ဒီတာ အောင့်သက်သက်ဖြစ်သွားပုံရသည်။ အဘယ်ကြောင့်ဆိုသော် အလုပ်ဆင်းလို့
လင်းဆက်မှာ အပန်းဖြေတိုင်း သူပဲရှင်းရသည်ကိုး ( လင်းဆက်ဆိုသည်က
့လမ်းက ဘီယာဆိုင်ကို ပြောချင်းဖြစ်သည် )။
``ထားပါဗျာ ၊ ဒါနဲ့ လမ်းမှာ တာတီးနဲ့တွေ့ခဲ့တယ် ´´
စပြီ။
တာတီးဆိုသည့် သားတော်မောင်ပါလာလျှင် မိမိမလွယ်တော့။ ငယ်ငယ်ရွယ်ရွယ်နဲ့
စကားလည်းတတ်လွန်းသည်။ အယ်ဒီတာက ကာတွန်းပုံဆွဲတာကို ၀ါသနာပါတော့
သားတော်မောင်တာတီးကလည်း စိတ်ဝင်စားသည်။ အယ်ဒီတာကလည်း ကာတွန်းပုံ ဆွဲနည်းကို
သင်ပေးသည်။ သားတော်မောင်က လူကသာငယ်သည် ။ခွေးပုံ၊ နွားပုံ၊ ကျွဲပုံ စသည့်
မြင်ရသည့်ပုံအချို့ကို ကောက်ကြောင်းဆွဲတတ်နေပြီ။ ဒါကို အယ်ဒီက
သဘောလည်းကျသည်။ သူလိုချင်သည့်ပုံတွေကိုလည်း ဆွဲခိုင်းတတ်သည်။
``ဟုတ်လား ၊ ဘာတွေများ အမှာတော်ချွေလိုက်တာလဲ ´´
``မချွေဘူးဗျ ၊ ကျုပ်က အသဲပုံလေးကို ဆွဲခိုင်းကြည့်တယ်လေ ၊ သူက ဘယ်လိုဆွဲတာလည်း သိလား ၊ သူဆွဲတဲ့အသဲပုံမှာ ခြေထောက်လေးတွေနဲ့ ´´
အယ်ဒီတာက
စိတ်ဝင်တစားပြောတော့ ကိုမြင့်အောင် ရေးစီးထဲ ၀င်မျောသွားသည်။ ဟုတ်သည်။
တာတီးက ပေါက်ပေါက်ရှာရှာ လုပ်တတ်သလို၊ အယ်ဒီတာကလည်း ပေါက်ပေါက်ရှာရှာ
ပြောတတ်သည်မဟုတ်လား ။
`` ဟုတ်လို့လားဆရာရယ် ´´
``တကယ်ဗျ
၊ ကျုပ်လည်း နားမလည်တာနဲ့ မေးကြည့်တယ်လေ၊ မင်းဆွဲတဲ့ အသည်းပုံက ဘာလို့
ခြေထောက်တွေ ထည့်ရတာလည်းလို့ပေါ့။ ပြီးတော့ အသဲပုံမှာ
ခြေထောက်ပါတာတွေ့ဖူးလားပေါ့ ´´
`` အဲတော့ သူက ဘယ်လိုဖြေတာလည်း ´´
`` အင်း ၊ အသဲပုံကိုတော့ တွေ့ဖူးပါတယ်တဲ့။ ခြေထောက်ပါမပါတော့မသိဘူးတဲ့။ ဒါပေမယ့် ဟိုတစ်နေ့က သူ့အဖေပြောတာကြားလို့တဲ့ ´´
`` အင့့် ဘာလို့ ကျုပ်က ပါလာရတာလည်း ´´
`` မသိဘူးလေ။ သူကပြောတာပဲ ၊ ကျုပ်က ပြန်မေးလိုက်တယ် ။ မင်းအဖေက ဘယ်လိုပြောတာလဲလို့ပေါ့´´
`` ဘယ်လိုပြောတာတဲ့လည်း ´´
``
အဲဒီနေ့က သူ အိပ်မပျော်သေးဘူးတဲ့ ။ အဖေနဲ့အမေဘက်မှာ အသံတွေကြားနေရတယ်တဲ့ ။
အဲမှာ ခင်ဗျားက ပြောတယ်တဲ့ဗျာ ။ အသဲလေး
ခြေထောက်နည်းနည့်းလို့ပြောတာကြားသတဲ့
အဲဒါကြောင့်မို့လို့ အသဲပုံကို ခြေထောက်ထည့်ပေးတာတဲ့လေ ဟားဟားဟား ´´
အယ်ဒီတာက
ပြောပြီးရယ်သည်။ ကိုမြင့်အောင်ခမျာမှာ မျက်နှာကြီးနီရဲပြီး
ခေါင်းကြီးငုံနေရှာသည်။ ဒီကောင်တာတီးမလွယ်တော့။ ကောင်းကောင်းကြီးကို
ဆုံးမမှုရတော့မည်ဖြစ်ကြောင်း ကိုကိုမြင့်အောင် သိလိုက်သည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကိုမြင့်အောင်
ဒီနေ့ လင်းဆက်မှာ မ၀င်ပဲ အိမ်ကိုပဲတန်းပြန်လာသည်။
တစ်နေကုန်အလုပ်သာလုပ်နေရပေမယ့် စိတ်ထဲမှာတော့ သားတော်မောင်တာတီးကို
နားပမ်းတီးချင်တဲ့စိတ်တွေ ပလူပျံနေသည်။ ခုချိန်ထိ တာတီးက ပြန်မရောက်သေး။
`` ခွေးကောင် သေနာလေး။ လာခဲ့စမ်း ဒင်းကို တွေ့လို့ကတော့ အမှုန့်ချေပစ်မယ် ´´
အိမ်ရှေ့က
သောင်းကျန်းသံကြောင့် ကိုမြင့်အောင် ထွက်ကြည့်လိုက်သည်။ တာတီးက အိမ်ထဲကို
ပြေးဝင်လာပြီး ကြူကြူသင်းခန္ဓာကိုယ်နီးပါးရှိ မိန်းမကြီးတစ်ယောက်က
နောက်ကလိုက်၍ အော်ဆဲနေခြင်းဖြစ်သည်။ ဒီမိန်းမကြီးကို ကိုမြင့်အောင်
မြင်ဖူးပါသည်ဟု တွေးနေမိသည်။ ခဏနေမှ ဟိုဘက်လမ်းထဲက အပေါင်ဆိုင်က
အပျိုကြီးဖြစ်နေမှန်းသိသည်။ ကိုမြင့်အောင် အပြင်သို့ထွက်ပြီး ပြဿနာကို
ဖြေရှင်းရန်ကြိုးစားကြည့်သည်။
``အန်တီ ၊ ဘာ့ဘာ ´´
``ဘာအန်တီလဲ ၊ နင့်ထက် ပုံကြီးငယ်တယ်။ ဟွန်းရုပ်ကိုက သားအဖနှစ်ယောက် လိုက်ကိုလိုက်ဖက်လွန်းတယ် ။ ပြောင်စပ်စပ်နဲ့´´
ဒေါသထွက်သည့်ကြားက
အသက်ငယ်ကြောင်း ကြေညာနေသေးသည်။ ဘာလို့များ ဒီလောက် ဒေါသထွက်နေပါလိမ့် ။
ဘလိုင်းကြီး အကောခံရ၍လည်း နည်းနည်းစိတ်ထဲ ထင့်သွားသည်။
`` နေပါဦး ၊ ကျုပ်သားက ခင်ဗျားကို ဘာလုပ်လို့လဲ ´´
`` ဘာလုပ်ရမှာလည်း အပေါင်ဆိုင်လေ ။ လာပေါင်တာပေါ့ ´´
``လာပေါင်တာ ´´
`` အေးလာပေါင်တာဟေ့ ၊ အန်တီးကြီးတဲ့ သုံးရာပဲပေးပါတဲ့ ကြွပ်ကြွပ်အိတ်အနက်ရောင်နဲ့။ တော်က ပေါင်ခိုင်းသတဲ့လေ ´´
လုပ်ပြီ။
ဒီကောင်တာတီးတော့ ဘာပဲလုပ်လုပ် သူနဲ့ကိုမလွတ်။ အပျိုကြီးလည်း
တော်တော်ဒေါသထွက်နေပုံရသည်။ ဘာတွေများ ပေါင်လို့နည်း။ အိမ်ထဲလှမ်းကြည့်တော့
တာတီးက ထရံပေါက်ထဲကနေ ချောင်းကြည့်နေသည်။
``
ဟွန်း ပြောကိုမပြောချင်ဘူး ။ နှာဘူးရုပ် ။ အဖေလည်းဒီလိုပဲ သားလည်းဒီလိုပဲ ။
လာပေါင်တာပဲ ရှားသလားလို့ ။ အဖေက ပေါင်ခိုင်းတာတဲ့ ဒီဘောင်ဘီလေးတဲ့ ။
အရှက်မရှိ အတွင်းခံဘောင်းဘီကို ပေါင်ခိုင်းရတယ်လို့ ´´
အပျိုကြီး၏
စကားသံဆုံးတော့ ကိုမြင့်အောင် ရယ်ချင်သွားသည်။ သို့သော် ရယ်လို့လည်း
မဖြစ်။ တော်ကြာ လှောင်ပါတယ်ဆိုရင် အဆဲခံရအုန်းမည်။ အပျိုကြီးကို
ကျေနပ်အောင်တောင်းပန်ပြီး မနည်းလွတ်လိုက်ရသည်။ မလွယ် ။ ဒင်းက မလွယ် ။
ငယ်ငယ်ရွယ်ရွယ်နဲ့ လူနဲ့မလိုက်အောင် အလုပ်ရှုပ်နေသည့် တာတီးကို ဗြောတီးသလို ဗျင်းချင်တဲ့စိတ်တွေ မနည်းထိန်းချုပ်ထားရသည်။
ထိုအချိန်တွင် ထမင်းချက်နေသည့် ခင်မေက ဧည့်ခန်းထဲဝင်လာသည်။
`` ဘာဖြစ်လို့လဲ မောင် ´´
`` ဘာဖြစ်ရမှာလည်း ။ မင်းသားလေ။ အပေါင်ဆိုင်က အပျိုကြီးကို အတွင်းခံဘောင်းဘီ သွားပေါင်တာတဲ့ ။ အဲဒါ လာကောနေတာ ´´
ကျွန်ုပ်ပြောပြီးသည်နှင့်တစ်ပြိုင်နက်
ခင်မေက ဟက်ဟက်ပက်ပက်ရယ်သည်။ သူရယ်တော့ တာတီးကိုတောင်
ဗြောတီးချင်တဲ့စိတ်တွေ ဘယ်လိုပျောက်လို့ ပျောက်သွားမှန်းမသိ။
ကိုမြင့်အောင်စိတ်တို့ ဟိုးလွန်ခဲ့တဲ့ ချစ်သူဘ၀တွေကို အလိုလိုရောက်သွားသည်။
အဲဒီတုန်းက ချစ်သူဘ၀မို့ ဘာမှ အပူပင်မရှိ။ ပန်းခြံထဲမှာလည်း
ဟိုအကြောင်းဒီအကြောင်းတွေပြောပြီး ပျော်ခဲ့ဖူးတာတွေလည်း လွမ်းဆွတ်မိသည်။
ရုပ်ရှင်ရုံထဲမှာလည်း နှစ်ယောက်တည်း ရုပ်ရှင်မကြည့်ပဲ
ချိန်းတွေ့ခဲ့တာတွေလည်း တမ်းတမိသည်။ ထိုအချိန်တွင် ကိုမြင့်အောင်
အကြံတစ်ခုရလိုက်သည်။ မနက်ဖြန် ရုံးပိတ်သည်။ ရုံးပိတ်တော့
ချောင်ပိတ်နေတဲ့စိတ်တွေကို ဖြေဖျောက်ဖို့ရာအတွက် ငယ်ငယ်တုန်းက
ရည်းစားဘ၀တွေလို မေခင်နှင့် ပန်းခြံထဲမှာ စကားတွေတ၀ကြီးပြောမည်။ ပြီးရင်
ရုပ်ရှင်ကြည့်မည်။
``ခင်မေ ။ မိန်းမ ´´
``ဘာလဲတော့ ´´
``မနက်ဖြန်အားလား ´´
``အင်းလေ ။ အားပါ့ ။ တော်က ဘာလုပ်မလို့လဲ ´´
``
ဟဲ ငယ်ငယ်တုန်းက ဘ၀ကို မလွမ်းဘူးလား ။
ပန်းခြံထဲသွားပြီးစကားပြောရအောင်နော် ။ မောင်က နေ့တိုင်းအလုပ်တွေနဲ့
ပင်ပန်းထားတော့ မိန်းမကို သီးသန့်အချိန်မပေးနိုင်ဘူးလေ ။ အဲဒါ မနက်ဖြန်
အတိုးချပြီး ဟဲ့ ´´
ကိုမြင့်အောင် စကားဆုံးတော့ မမေခင်က ရှက်ပြီး ကိုမြင့်အောင်၏ ဗိုက်ကြော ကို ဆွဲလိမ်လိုက်သည်။
`` အာ့းဟူ့း မိန်းမကလည်းးး အားပါးပါး ။ မလိုက်ဘူးလားဟင် ´´
`` ပြောတာနောက်ကျလို့ ´´
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကိုမြင့်အောင်
လူပျိုတစ်ယောက်လို ၀တ်ဆင်ပြီး ပန်းခြံထဲမှာ စောင့်နေသည်။
တစ်အိမ်ထဲမှာနေပေမယ့် ခင်မေနှင့် (၁၁ ) နာရီချိန်းဆိုထားသည်။ နာရီက
ထိုးတော့မည် ။ ခုချိန်ထိ အရိပ်ယောင်တောင် မတွေ့ရသေး။ အင်း
့ မေခင်ရောက်လာလျှင် အားရပါးရဖက်နမ်းမည်ဟု ကိုမြင့်အောင်
ကြိတ်ကြံထားသည်။ ပြီးတော့ စကားတွေ တ၀ကြီးပြောမည်။ ပြီးလျှင်
ရုပ်ရှင်ကြည့်မည်။ ကိုမြင့်အောင်ကတော့ သူ့ စိတ်ကူးနဲ့သူ ဟုတ်နေသည်။
`` မောင် ´´
`` မောင့် မောင်လို့ ´´
``ဟင့့်အယ် ။ ချစ်ရောက်လာပြီ ။ နောက်ကျလှချည်လား ´´
`` အင်းပေါ့မောင်ရဲ့ မောင့်ရဲ့ အချစ်တုံးကြီးကို ရေချိုးပေးနေတာ ´´
`` ဘယ်ကချစ်တုံးလဲ ´´
ကျွန်ုပ်မေးလိုက်သည်နှင့်
ခင်မေက သူ့နောက်ကို မေးငေါ့ပြသည်။ ဘယ်သူဖြစ်ရမည်နည်း။
ကျွန်ုပ်တို့ဇာတ်လိုက်ကျော် သားတော်မောင် တာတီးဖြစ်နေသည်။ ခက်ချေပြီ ။
မိမိစိတ်ကူးထဲမှာ အဲဒီငနဲ့ မပါ။ ခုမှ ဘယ်က ရောက်လာသည်မသိ။ သွားပါပြီ။
လှလှပပ တည်ဆောက်ထားတဲ့ ကမ္ဘာလေးတော့ ပျက်စီးပါပြီ ။
`` ခင်မေ ။ ငါခေါ်တဲ့ထဲမှာ သူမပါဘူးလေ ။ ဘယ်ကနေဘယ်လို ´´
``
အာာာာာာ ဖေကြီးကလည်းဗျာ ။ ဘာလို့မပါရမှာလဲ ဟွန်း ။ မသိတာမှတ်လို့ ။
ဖေကြီးက ရုပ်ရှင်တွေထဲကလို ပန်းခြံထဲမှာ မေမေကို ဖက်နမ်းမလို့မဟုတ်လား ´´
``
အာ့ဒီခွေးမသား။ ဘာတွေပြောနေတာလည်း။ ဒီမှာ မောင်တာတီး မင်းဟိုဘက်မှာ
ရုပ်ရှင်ရုံရှိတယ် ။ ရုံပိုင်က ငါ့ သူငယ်ချင်းပဲ ။ သူ့ဆီသွား ´´
``ဖေကြီးနော် ။ သားက မေမေ့ကိုစိတ်မချလို့လိုက်လာတာဗျ ´´
သားတော်မောင်၏
စကားကြောင့် ကိုမြင့်အောင် အီလည်လည်ကြီးဖြစ်သွားသည်။ မဖြစ်။ ဒိကောင်ကို
ဒီနားထားလို့မဖြစ်။ တစ်နည်းနည်းနဲ့မောင်းထုတ်မှဖြစ်မည်။
`` ဟဲ သား´´
``ပြောပါ ´´
သားက ခပ်တည်တည်နဲ့ပြောတော့ ကိုမြင့်အောင် နည်းနည်းတော့ ရှိန်သွားသည်။
``မုန့်ဖိုးရော့ ။ ဟိုနားမှာ သားကြိုက်တဲ့ ရေခဲမုန့်ဆိုင်ရှိတယ်။ အဲမှာ အဖေတို့ကို စောင့်နေနော် ။ ငါ့သားက လိမ်မာပါတယ်။ နော်´´
``အင်းလေ ။ လာဘ်ထိုးတယ်ဆိုတော့လည်း သွားရတာပေါ့ ´´
သားတော်မောင်က ငွေယူပြီး ထွက်သွားသည်။ ခုတော့ ကိုမြင့်အောင်အတွက် တစ်ရန်ရှင်းသွားပေပြီ။ ထို့နောက် ခင်မေဘက်ကို လှည့်လိုက်သည်။
`` မိန်းမ´´
`` ဘာလဲ ´´
`` ဟီးး့း မောင့်ကို ချစ်သေးလားလို့ ´´
`` ဟင်းနော် ကလေးတောင်နှစ်ယောက်ရနေပြီ ဘာတွေပြောနေတာလည်း နားရှက်စရာကြီး´´
``ပြောပါနော်။ မကြားရတာ ကြာနေလို့ပါ ´´
``ဟွန်း ဒါကျတော့ တတ်တယ်၊ ကဲ ချစ်ပါသတဲ့ရှင် ´´
`` အာ့မရဘူးကွာ ။ အဲလိုမရဘူး။ မောင့်ကိုအရမ်းချစ်တယ်လို့ပြော ´´
`` ကဲပါ ။ မေခင်က ဟောဒီက မောင့်ကို အရမ်းချစ်ပါတယ်ရှင် ´´
မမေခင်က
ပြောတော့ ကိုမြင့်အောင် လူပျိုစိတ်တွေပြန်ပေါက်သွားကာ
လက်သီးလက်မောင်းတွေတောင် ခတ်ပြီး ထအော်လိုက်သည်။ ပြီးနောက် မခင်မေကို
အားရပါးရဖက်ပြီး အားဘွားတွေ လှိုင်လှိုင်ပေးလိုက်သည်။ နဖူး။ ပါးပြင် ။
နုတ်ခမ့်း။ ။
`` ဟေးးးးးးး ဒါမှ ငါကွ ´´
``ရွှတ် ´´
``မောင်နော် ။ မကြီးမငယ်နဲ့ ။ တော်တော်ဆိုးတယ် ။ သွာ့းလူဆိုး ´´
ထို့နောက်
အမှတ်မထင်ကြားလိုက်ရသည့် အသံကြောင့် ကိုမြင့်အောင်နှင့် မခင်မေတို့
ကြက်သေသေကာ ရှက်ရယ် ရယ်ကြတော့သည်။ ပြီးတော့လည်း ´´ ခွေးလေ့း့ သွာ့း
ငါက မင်းအမေကို အပိုင်စီးလိုက်ပြီ ဟုပင် ကိုမြင့်အောင်က ပြောလိုက်သေးသည်။
သူတို့ကြားလိုက်ရသည့် အသံကားးးးးးးးးးးး
``
သိတယ် သိတယ် ။ အမေ့ကိုအနိုင်ကျင့်မယ်ဆိုတာသိလို့ သားကြိုက်တဲ့
ရေခဲမုန့်တောင်မ၀ယ်ပဲ ဒီနားကချောင်းကြည့်နေတာ ´´ဟု သားတော်မောင် တာတီးက
ပြောလိုက်သတည်းးးးးးးးးး ။။။။ ။။။။
( မရယ်ရလည်း ကိုယ့်ကိုယ်ကိုယ် ကလိထိုး၍ ရယ်ကြစေသတည်း )
လေးစားစွာဖြင့်
မိန်နွေ