ဒုတိယပုဏ္ဏားက ဆင်၏ အစွယ်ကိုစမ်းမိ၍
ဆင်သည် လှံနှင့်တူသည်ဟု ပြောသည်။
တတိယပုဏ္ဏားက
ဆင်၏ရှည်လျားသော နှာမောင်းကိုစမ်းမိ၍ ဆင်သည် မြွေနှင့်တူသည်ဟုပြောသည်။
စတုတ္ထပုဏ္ဏားက
ဆင်၏ခြေထောက်ကို စမ်းမိ၍ ဆင်သည် ကျွန်းတိုင်ကြီးနှင့်တူသည်ဟု ပြောသည်။
ပဉ္စမပုဏ္ဏားက ဆင်၏
နားရွက်ကိုစမ်းမိသဖြင့် ဆင်သည် ယပ်တောင်နှင့်တူသည်ဟု ပြောသည်။
ဆဌမပုဏ္ဏားက ဆင်၏
အမြှီးကိုစမ်းမိသဖြင့် ဆင်သည် ကြိုးနှင့်တူသည်ဟု ပြောသည်။
မည်သည့်ပုဏ္ဏား၏ အဖြေက မှန်ပါသနည်း။ ဆင်သည် ကြိုးနှင့်တူပါသလော။ သို့မဟုတ် ။
ယပ်တောင်နှင့်တူပါသလော။ အမှန်စင်စစ်ကား ။ ပုဏ္ဏား ( ၆ )ယောက်လုံး၏ အဖြေက မှန်သည်ဟု
ပြောရပါမည်။ ဟုတ်သည်။ ပုဏ္ဏားတို့သည် မိမိတို့စမ်းသပ်ခံစားမှုဖြင့် ဆင်၏ပုံစံကို
ဖော်ဆောင်ကြသည်။ ဆင်၏ခြေထောက်ကို စမ်းမိ၍ ကျွန်းတိုင်နှင့်တူသည်ဟု ပြောသည်။
မမှားနိုင် ။ လုံးဝမမှားနိုင်။ သို့သော့်ကျွန်းတိုင်နှင့် တူသော ခြေထောက်သည်
ဆင်ဟုတ်ပါသလာ့းဟု မေးခဲ့လျှင် မပြည့်စုံသေးဟု ဖြေရမည်။ အဘယ့်ကြောင့်ဆိုသော်
ကျွန်းတိုင်နှင့်တူသော ခြေထောက်သည် ဆင်၏အစိတ်အပိုင်းမျှသာဖြစ်သည်။ ဆင်ဟု
မခေါ်လောက်သေးပေ။ ခြေထောက်၊ နှာမောင်း ၊ အစွယ် ၊ ခန္ဓာကိုယ် ၊ အမြှီး
့စသည်ပေါင်းစပ်မှသာ ဆင်ဖြစ်ပေမည်။
ထို့အတူ ။ ကျွန်ုပ်တို့သည် ဘ၀ဆိုသည့် တောင်တန်းကြီးကို အလယ်၌ ထားရှိထားပေသည်။
ထိုဘ၀ကို မိမိတို့ရှိသည့်အရပ်မှ မိမိမြင်သမျှ ပြောပြရပေမည်။
လူတစ်ကိုယ်စိတ်တစ်မျို့းဟုအဆိုရှိသည်။ တစ်ဝမ်းတစ်ဗိုက်မှ မွေးဖွားသော
အမွှာပူးညီအစ်ကိုတို့ပင် စိတ်အနေစိတ်ထားခြင်း မတူနိုင်။ ထို့ကြောင့်
ကျွန်ုပ်တို့ရေးသားသော စာပေများကို အချို့အချို့သော လူတို့အဖို့ လက်သင့်ခံချင်မှ
ခံချင်ပေလိမ့်မည်။ ကျွန်ုပ်တို့ညီနောင်များရေးသည့် စာပေများ ၊ အတွေးအမြင်များသည်
မိမိတို့ထိတွေ့ရာ မိမိတို့နေသည့်ပတ်ဝန်းကျင် ၊ မိမိတို့၏ စိတ်ခံစားမှုများကို
အခြေပြုပြီး ရေးသားကြမည်ဖြစ်သောကြောင့် အချို့သော ညီနောင်တို့၏ ဘ၀အမြင်က
ခြေထောက်လည်း ဖြစ်ကောင်းဖြစ်မည်။ နှာမောင်လည်း ဖြစ်ကောင်းဖြစ်မည်။
အစွယ်လည်းဖြစ်ကောင်းဖြစ်မည်။ မည်သို့ပင်ဖြစ်ဖြစ် ။ ညီနောင်အားလုံးတို့၏
အတွေးအမြင်တို့ကို ပေါင်းစပ်ပါက ခိုင်ခန့်ပြည့်စုံသော ဘ၀အမြင်ကို ရရှိမည်ဟု ယုံကြည့်မိပါသည်။
အကြောင်းကာ့းဘ၀အမြင်ဆိုသည့် ခေါင်းစီးအောက်တွင် လူတန်းစားအမျိုးမျိုးနှင့်
ပတ်ဝန်းကျင်အမျိုးမျိုး ပါနိုင်သည်မဟုတ်ပါလာ့း ။
ဘ၀ဆိုသည်မှာ့
ဘ၀ဆိုသည်မှာ သဒ္ဒါကျမ်းဂန်၏ သဘောထားအဖြစ် ဘူဓာတ်+ အပစ္စည်း။ ဘူ- သဒ္ဒါသည် ဘ၀နေ=
ဖြစ်ခြင်းဟု အဓိပ္ပါယ်ရသည်။ ဘ၀ဆိုတာ ဘာလဲဟု ကျွန်ုပ်အားမေးခွန်းထုတ်ခဲ့သော်
ဖြစ်တည်ခြင်းသဘောတရားကို ဘ၀ဟု ခေါ်ကြောင်း အဖြေပေးရလိမ့်မည်။
လွန်ခဲ့သည့် နှစ်ပတ်ခန့်က ကျွန်ုပ်၏ဘော်ဒါ ဇော်မျိုးထွန်း
ကျွန်ုပ်ဆီသို့ရောက်လာသည်။ သူကား ကားဝပ်ရှော့ဆိုင်တွင် အလုပ်လုပ်နေသူဖြစ်သည်။
ယခုနယ်ပြန်ဖို့ ခွင့်တိုင်ရာတွင် ၀ပ်ရှော့ဆရာမှ သူ့ကို
မေးခွန်းသုံးခွန်းမေးကြောင်ြးေ ပာပြသည်။ ယင်းထဲတွင် ဘ၀-ဆိုတာဘာလဲဟု မေးရာ သူ၏အဖြေက
မရေရာသောကြောင့် ၀ပ်ရှော့ဆရာက--
`` အေး ၊ မင်းပြောသလိုပဲ ဘ၀ဆိုတာ ကြမ်းတမ်းတယ်။ ထားတော့ ။ မင်းရဲ့အဖြေကို မှန်တယ်လို့လည်း
ငါမပြောချင်ဘူး။ မှားတယ်လို့လည်း ငါမဆိုချင်ဘူး။ ငါ့အနေနဲ့ပြောရရင် ဘ၀ဆိုတာ
ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြားက ဖြစ်ခြင်းသဘောတရားပဲ။ အေ့း့အဲဒီကြားထဲမှာ
အောင်မြင်မှုတွေ ၊ ကျရှုံးမှုတွေရှိတယ်။ ၀မ်းနည်းမှုတွေ၊ ပျော်ရွှင်မှုတွေ ရှိတယ်။
တန်ဖိုးကြီးတာတွေ ၊ တန်းဖိုးမရှိတာတွေ။ ဆင်းရဲခြင်းတွေ ၊ ချမ်းသာခြင်းတွေ၊
ကျေနပ်မှုတွေ ၊ မကျေနပ်မှုတွေ အများကြီးပဲ။ အဲဒီအထဲမှာ ဘယ်အရာက ဘ၀အတွက်
အရေးကြီးဆုံးလဲ့´´
ဟု
ဖြေရင်းပြန်မေးလိုက်သည်။ မှန်သည်။ ဘ၀ဆိုသည်မှာ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကြားက
ကာလတိုတိုလေး၏ ဖြစ်တည်ခြင်းကို ဘ၀ဟု ခေါ်ရပေလိမ့်မည်။ ဘ၀တွင် ဘယ်အရာက ပို၍
အရေးကြီးပါသနည်း။ အောင်မြင်မှုလော့။ ချမ်းသာမှုလော့။။။။။
ဘ၀နှင့်အောင်မြင်ရေ့း
လူတစ်ယောက်၏ အနေဖြင့် ဘ၀ဆိုတာ ဖြစ်ပေါ်လာခဲ့လျှင် အောင်မြင်မှုလည်းရှိမှ
တင့်တယ်မည်ဟု ထင်မြင်မိပါသည်။ မှန်သည်။ Life means strife. ဘ၀ဟူသည်
တိုက်ပွဲဖြစ်သည် ဟု ဂျာမာန်စကားပုံတစ်ခုရှိသည်။ လူသားတို့သည်
မိမိတို့မျှော်လင့်သည့် အောင်မြင်မှုရဖို့ရာအတွက် တိုက်ပွဲဝင်ကြရသည်။
ဗုဒ္ဓဘုရားရှင်သည် သံသရာအဆက်ဆက်က ကိလေသာတိုက်ပွဲကို အနော်မာကမ်းတစ်ဖက်က
တောအုပ်လေးထဲတွင် အောင်မြင်ခဲ့သည်။ အချိန်များစွာ၊ ဘ၀များစွာ၊ ကမ္ဘာများစွာ
ဆင်နွှဲမှ ရရှိခဲ့သော အောင်မြင်မှုကို ဗုဒ္ဓက တန်ဖိုးထားသည်။ ယင်းကြောင့်
တာရှည်အောင်မြင်သည့် တိုက်ပွဲတစ်ခုဖြစ်ရန်အတွက် အရပ်ဒေသမျိုးစုံသို့ ကြွချီ၍
တရားဓမ္မများဟောပြောခဲ့သည်။
ဟစ်တလာသည် သူ၏အောင်မြင်မှုအတွက် နည်းမျိုးစုံသုံး၍ကမ္ဘာကြီးကို
တိုက်ပွဲဆင်နွဲခဲ့သည်။ သူသည် အထိုက်အလျှောက် အောင်မြင်မှုရခဲ့သည်။ သို့သော့်
ဟစ်တလာသည် သူ၏ အောင်မြင်မှုကို ကြာရှည်တည်တံ့အောင် မစွမ်းဆောင်နိုင်။
စစ်ဘုရင်ကြိးနပိုလီယံလည်း ဘာထူးမည်နည်း။ သူသည် ကလေးဘ၀က ဆင်းရဲနွမ်းပါးသည်။
ကျောင်းတတ်ရင်း ဈေးသည် အဘွားကြိးထံမှ ပန်းသီးတစ်လုံးကိုပင်
အကြွေးဝယ်ခဲ့ဘူးသည်။ ချို့တဲ့လွန်းသော သူ၏ ဘ၀ကို သူငြီးငွေ့လာသည်။ ငတ်မွတ်လှသော
နေ့ရက်တွေကို တွေးမိတိုင်း စိတ်ပျက်စပြုလာသည်။ သူသည်
ဘ၀တစ်ဆစ်ချိုးပြောင်းလဲဖို့ရာ အတွက် တစ်ခုခုလုပ်ရတော့မည်ဟု တွေးမိကတည်းက သူ့ဘ၀ကို ကြိတ်မှိတ်သည်းခံခဲ့သည်။
ငတ်မွတ်မှုတွေကို ခဏတာ မေ့လျော့ထားသည်။ သူ့အာရုံထဲတွင် အောင်မြင်မှုရရှိဖို့
တာစူနေသည်။ ဘ၀ကို တွေးမိတိုင်း သူကြိုးစားသည်။ သူ၏ကြိုးစားမှုသည် အရာထင်ခဲ့သည်။
သူလိုချင်သည့် အောင်မြင်မှုတွေ တဖြည်းဖြည်းရရှိလာသည်။ နောက်တွင် စစ်သေနာပတိကြီး
ဖြစ်လာခဲ့သည်။ သို့သော့် သူသည်လည်း အောင်မြင်မှုကို ကြာရှည်အောင်
မထိန်းသိမ်းနိုင်ခဲ့။
လူသားတို့သည် မိမိ၏ အောင်မြင်မှုတို့ကို မထိန်းသိမ်းနိုင်လျှင် အချို့သော
လူတို့အတွက် ဟစ်တလာ၊ နပိုလီယံတို့ကဲ့သို့ မိမိကိုယ်ကို ဒုက္ခပေးနိုင်သည်။
ကြီးမားသည့် အရှုံးများနှင့်လည်း ရင်ဆိုင်ရနိုင်သည်။ တစ်ချို့သော သူတို့၏
အောင်မြင်မှုသည် နေရူး ၊ ဗိုလ်ချုပ်အောင်ဆန်းစသည်တို့ကဲ့ သို့ မိမိ၏အောင်မြင်မှုကို
မိမိ ခံစားမသွားနိုင်ရှာကြ။ ထို့ကြောင့် အောင်မြင်မှု အစစ်အမှန်သည် အဘယ်ပါနည်း။
လူမျိုးတစ်စုကို အနိုင်ကျင့် ဗိုလ်ကျ၍ ရရှိသော အရာဝတ္ထုတို့က စစ်မှန်သည့်အောင်မြင်မှုလော။
သို့တည်းမဟုတ်။ နိုင်ငံတစ်ခုကို နိုင်ငံတစ်ခုက စစ်ပွဲများဖန်တီး၍
အသက်ပေါင်းများစွာ ရင်းနှီးပြီးရရှိသည့် အောင်မြင်မှုက စစ်မှန်၏လော။ ယခုအခါတွင်
ကျွန်ုပ်တို့သည် နည်းမှန်၊ လမ်းမှန်၊ စစ်မှန်သည့်အောင်မြင်မှုကို ရှာဖွေရန်
အချိန်ကောင်း ၊ အချိန်သင့်နေချေပြီ။ အဘယ့်ကြောင့်ဆိုသော်
ဘ၀တစ်ခုဖြစ်လာခဲ့ပြီဆိုလျှင် အောင်မြင်မှုတစ်ခုခုတော့ ရရှိရန်လိုအပ်နေလေသည်။
လူတိုင်းလူတိုင်းတွင်လည်း ကြီးမားသည့် အောင်မြင်မှုမျိုးကို ရရှိချင်နေကြသည်။
သို့သော့်သူတို့လိုချင်သည့် အောင်မြင်မှုကာ့းထမင်းစားရရုံ ။ ငွေရရုံ ။ နာမည်ကြီးရုံမျှလောက်သာ
ရှိသော အောင်မြင်သာတည်း။ ဤသည် စစ်မှန်သည့် အောင်မြင်မှု မဟုတ်သေးပေ။ ။
ဘ၀နှင့် ချမ်းသာမှု
လူသားတိုင်းလူသားတိုင်းသည် ချမ်းသာချင်ကြသည်။ ကြွယ်ဝချင်ကြသည်။ သူ့ထက်ငါ စသည်ဖြင့်
အပြိုင်အဆိုင် ချမ်းသာအောင်လည်း ကြိုးစားကြသည်။ အချို့ဆင်းရဲနွမ်းပါးသော ဘ၀ကို
ပိုင်ဆိုင်သည့်သူများက စိတ်ပျက်လက်ပျက်ဖြင့် ကံပေးရင်ချမ်းသာမှာပဲဟု ထင်မှတ်ကာ
အရိပ်တွင်ခိုနားနေတတ်ကြသည်။ အချို့က အိပ်ယာထက်တွင် မျက်လုံးပင်မဖွင့်ပဲ
ချမ်းသာပါစေ့ဟု ဆုတောင်းတတ်ကြသည်။
ချမ်းသာမှုသည် ခြေထောက်ပါသည်မဟုတ်၍ အရိပ်တွင် ခိုနားနေရုံနှင့်
ရောက်ရှိလာမည်မဟုတ်ပေ။ ချမ်းသာခြင်းကို ဖန်းဆင်း၍ ရနိုင်သည်မဟုတ်သောကြောင့်
ဆုတောင်းနေရုံနှင့်လည်း မပြည့်စုံနိုင်။ သို့သော့်သူတို့သည် ချမ်းသာချင်သည့်
ဆန္ဒများကတော့ ပြင်းပြနေသည်။ မည်သူက ဆင်းဆင်းရဲရဲ၊ ချို့ချို့တဲ့တဲ့
နေချင်ပါမည်နည်း။ ဘ၀ကိုရရှိထားသည့် လူမှန်သမျှ မိမိတို့ဘ၀ စိုပြေရန်အတွက်
ချမ်းသာချင်ကြသည်မှာ ဓမ္မတာသာတည်း။ သို့ပေမယ့်စည်းစိမ်ဥစ္စာ
ငွေကြေးများပြည့်စုံနေရုံဖြင့် ချမ်းသာသည်ဟု ဆိုနိုင်ပါမည်လော။ ဘ၀တစ်ခု
တည်ဆောက်ရန်အတွက် ခန္ဓာကိုယ်နှင့် စိတ် တို့သည် မဖြစ်မနေပါရှိနေရမည်။
ငွေကြေးဥစ္စာတို့သည် ခန္ဓာကိုယ်ကိုတော့ ချမ်းသာအောင် ပြုလုပ်နိုင်ကြပေလိမ့်မည်။
သို့သော် ပြိးပြည့်စုံပြီဟု ဆို၍မရသေးချေ။
သစ်ပင်တစ်ပင်သည် အကိုင်းအခက် ၊ အသီးအရွက်နှင့် ရေသောက်မြစ်တို့တွင် ဘယ်အရာကပို၍
အဓိကကျပေမည်နည်း။ အကိုင်းအခက် ၊အသီးအရွက်ပေလော။ သို့မဟုတ်။ ရေသောက်မြစ်ပေလော။
သဘာဝအားဖြင့် ဆိုရပေလျှင် အသီးကိုခူးရုံ ။ အကိုင်းအခက်ကို ခုတ်ရုံနှင့် သစ်ပင်သည်
သေနိုင်မည်မဟုတ်။ ရေသောက်မြစ်ကို ခုတ်လှဲလိုက်ပါက အပင်သေသွားနိုင်သည်။
ယင်းသို့ပင် ။ စိတ်သည် ရေသောက်မြစ်နှင့်တူသည်။ စိတ်ကို ခုတ်လှဲလိုက်ပါက
ခန္ဓာကိုယ်သည် အရုပ်ကြိုးပြတ်သကဲ့သို့ ဘိုင်းဘိုင်းလဲကျသွားနိုင်သည်။ ယင်းကြောင့်
စိတ်ပျိုတော့ ကိုယ်နု့ဟုမြန်မာစကားပုံများ ပေါက်ဖွားလာသည်။ စိတ်သည်
လူသားတို့ဘ၀အတွက် အဓိကကျသည်မဟုတ်ပါလား။
ရွှေငွေဥစ္စာတို့ဖြင့် ကြီးပွားခြင်းသည် စိတ်၏ချမ်းသာမှုကို ကောင်းမွန်ပြည့်စုံအောင်
မထောက်ပံ့နိုင်ပေ။ချမ်းသာမှုများ လေလေ စိတ်၏ ဆင်းရဲမှုက များလေလေဖြစ်၏။ မိမိကုမ္ပဏီမှာ
ခန့်အပ်ထားသည့် မန်နေဂျာက ငွေစာရင်းများတလွဲမှတ်ကာ ငွေဖောက်သွားမည်လား။
မိမိအိမ်ရှင်မက အိမ်နောက်ဖေးမှနေ၍ ငွေယိုပေါက်တွေများ ဖန်တီးနေမည်လား။
သို့တည်းမဟုတ်။ မိမိဂိုဒေါင်များကို ဖောက်ထွင်းရေးသမားများနှင့် ကြုံရမည်မှာလည်း
လန့်နေရသည်။ မီးဘေးကိုလည်း စိုးရိမ်ရသည်။ ထို့ကြောင့် ငွေကြေးကြွယ်ဝချမ်းသာမှုသည်
ချမ်းသာမှု အစစ်အမှန်ဖြစ်နိုင်ပါမည်လော။ ကျွန်ုပ်တို့သည် စစ်မှန်သည့် ချမ်းသာမှုကို
ရှာတွေ့ရန် ကြိုးစားရပေဦးမည်။ ။
ဘ၀နှင့်ငြိမ်းချမ်းရေး
ယနေ့ကမ္ဘာကြီးသည် ရွာကြီးသဖွယ်ဖြစ်နေသည်မှာ လူတိုင်း၏ အမြင်တွင် ယုံမှားစရာမရှိ။
ကမ္ဘာ့မြောက်ပိုင်း၏ ပြဿနာတွေကို တောင်ပိုင်းက ယခုဖြစ် ယခုကြားနေရသည်။ ကမ္ဘာ့
တောင်ဖျားက အခက်ခဲတွေကိုလည်း မြောက်ပိုင်းက ဖန်သားပြင်ပေါ်တွင်
မြင်နေရသည်။မိမိနိုင်ငံမှ အခြားနိုင်ငံသို့ စာပို့ဆက်သွယ်လိုလျှင် အရင်ကဲ့သို့
တစ်လ ၊ နှစ်လ စောင့်ရန်မလိုတော့ ။ ယခုပို့လျှင် ယခုရောက်နေပေပြီ။
ကမ္ဘာကြီးသည် ချမ်းသာနေပေပြီ။ ကြွယ်ဝနေပေပြီ။ ခေတ်မှီနေပေပြီ။ လူသားတို့ရောက်ရန်
ခဲယဉ်းသည့် လကမ္ဘာ ၊ အင်္ဂါဂြိုလ်စသည့်နေရာတို့သို့လည်း ယခုအခါ လွယ်ကူစွာ
သွားလာနိုင်သည်။ ထို့ကြောင့် ကမ္ဘာကြီးသည် တိုးတက်ပြောင်းလဲလာကုန်ပြီ ။
အရှေ့ပိုင်းက ဆူညံ့မှုတို့သည် အနောက်ဖက်ဆီသို့ ရွေ့လျောလာသည်။ ကမ္ဘာကြီး၏
တိုးတက်ပြောင်းလဲလာခြင်းသည် ကောင်းသောလက္ခဏာပင်လော ။ စက်ကရိယာ၊ ယန္တရားတို့
ပေါ်ပေါက်လာခြင်းက ကောင်းသော အဖြစ်အပျက်တို့ပင်လော။
ကျွန်ုပ်တို့စဉ်းစားရန်လိုအပ် သည်။
ကမ္ဘာမြေကြိး စိမ်းလန်းစိုပြေရန်အတွက် လူသားတို့ပြုလုပ်နိုင်သည်။ ကမ္ဘာကြီး
ခြောက်သွေ့ကာ ပျက်စီးရန်အတွက် လူတွေလုပ်ခဲ့ကြသည်။ ရှေးယခင် ပဒေသရာဇ်ခေတ်တုန်းက
ကမ္ဘာကြီးသည် ခေတ်မမှီသေး။ သို့သော် ကမ္ဘာကြီးအတွက် စိတ်ချရသည်။
သဘာဝဘေးအန္တရာယ်တွေလည်း သိပ်ပြီးမရှိခဲ့။ ခေတ်မမှီပေမယ့် သာယာသည်။
နေချင့်စဖွယ်ဖြစ်သည်။ မင်းဆိုးမင်းညစ်တို့၏ လောဘများကြောင့် တစ်တိုင်းတစ်ပြည်ကို
တိုက်ခိုက်လုယူမည်ဆိုပါကလည်း ဓားလှံလက်နက်တို့သာရှိ၍ ကမ္ဘာကြီးအတွက် ပူစရာမလို ။
လူသားတို့၏ ဘ၀အတွက် ခြောက်ခြားစရာသိပ်မရှိ။
ယခုမူကာ့း
အရာရာပြောင်းလဲခဲ့ပြီ။ စိမ်းလန်းသောကမ္ဘာကြီးမှ ခြောက်သွေ့လာသည်။
စက်မှုနိုင်ငံတော်သစ်ဆီသို့ဟုကြွေးကြော်ကြပြီးလျှင်
လယ်ယာစိုက်ပျိုးသော လယ်မြေတို့သည် စက်ရုံအဖြစ်ပြောင်းလဲကုန်သည်။
တောင်သူလယ်သမားများမှ တဆင့် စက်မှုဝန်ထမ်းများဖြစ်လာကြသည်။ လယ်မြေများလျော့နည်း၍
လယ်သမားများနည်းပါးလာသောအခါ ဆန်ရေစပါးထွက်တိုးနှုန်းက ကျဆင်းလာသည်။ ယင်းကြောင့်
ဆန်တွေ ဈေးကြီးလာသည်။ ကုန်ဈေးနှုန်းတွေ မြင့်မားလာသည်။ သူခိုးဂျပိုးတွေလည်း
အလျံပယ်ပေါကြွယ်လာသည်။ တစ်ဝမ်းတစ်ခါး အတွက်နှင့် အတ္တ၏ လှုံ့ဆော်မှုတွေကြောင့် အထက်အရာရှိတွေ
ခြစားလာသည်။ ရသမျှ ခြေကုတ်တို့ကိုယူကြကုန်သည်။ ပြည်သူတို့၏ ဘ၀သည်
ပင်ပန်းဆင်းရဲလာသည်။ ကြမ်းတမ်းလာသည်။ တစ်ခါသူငယ်ချင်းတစ်ယောက်က ပြောဖူးသည်။ `
နာမည်နှစ်လုံးနဲ့ ရှိတဲ့အရာတွေက ကြမ်းတမ်းတာပဲကွ။ လောကတို့ ဘ၀တို့ ကမ္ဘာတို့
အချစ်တို့ပေါ့´´ဟုပြောသည်။
ပြည်သူတို့သည်
ခြောက်ခြားစပြုလာသည်။ ကြာလာတော့ သည်ဒဏ်ကို သည်းမခံနိုင်ကြတော့ ။ အုပ်စုဖွဲ့ကာ
တောဝင်ကြသည်။ နိုင်ငံတော်ကို အတိုက်အခံလုပ်သည်။ နိုင်ငံတော်အကြီးအကဲတို့သည်လည်း
မိမိနိုင်ငံ၏ အဆင်မပြေမှုတွေ မြင်သည့်အခါ မိမိတို့ထက် အင်အားနည်းသည့်
နိုင်ငံငယ်တို့ကို မျက်စောင်းထိုးလာကြသည်။ ယင်းနိုင်ငံငယ်တို့၏ သယံဇာတတို့ကို
သိမ်းယူရန်အတွက် သိပ္ပံနည်းပညာတို့ဖြင့် လက်နက်တွေ ထုတ်လုပ်လာကြသည်။
လက်နက်ထုတ်လုပ်ရာတွင်လည်း သူ့ထက်ငါ အပြိုင်အဆိုင် ။ ထို့နောက် ကမ္ဘာစစ်ကြီးတွေ
ဖြစ်ကုန်ကြသည်။ ကမ္ဘာစစ်ကြီး ငြိမ်းသွားသည့်အခါလည်း လူတို့၏ ဦးဏှောက်ထဲတွင် အတ္တတို့က
ဖုံးလွှမ်းကုန်သောကြောင့် မကျေမချမ်းသည့် ကိစ္စတို့ကိုသာ ဆွေးနွေးကြသည်။
လက်စားချေလိုစိတ်ကိုသာ ရှေ့တန်းထားကုန်ကြသည်။
ထို့ကြောင့် နည်းပညာတို့ အမျိုးမျိုးအသုံးပြုကာ လက်နက်များကို
ပြန်ပြီးထုတ်လုပ်လာကြသည်။ အဏုမြူစွမ်းအင် ၊ နျူကလီးယားတို့ အိပ်မက်က နိုးသလို
ပေါက်ဖွားလာကြသည်။ ကောင်းကင်တွင် ပျံသန်းနိုင်သည့် လေယဉ်သည်လည်းကောင်း ။
မြေပြင်ပေါ်မောင်းနှင်ရသည့် ကားတို့ကိုလည်းကောင်း ထုတ်လုပ်လာကြသည်။ သည်နေရာတွင်
ပြဿနာက စ၍ဖြစ်ပြီ။ လေယဉ် ၊ ကားတို့ကို ရေထည့်ပြီးမောင်နှင်၍ ရသည်မဟုတ်။
စွမ်းအင်ခေါ်လောင်စာဆီတို့ကို အသုံးပြုရသည်။ ထို့ကြောင့် ရေနံရမည့် နေရာတို့ကို
လိုက်ရှာရပြန်သည်။ မိမိနိုင်ငံမှ ရေနံမထွက်လျှင် ရေနံထွက်သည့် နိုင်ငံတို့ကို
မျက်စောင်းထိုးလာကြပြန်သည်။ လေယဉ် ။ကားတို့မှ ထုတ်လွှတ်လိုက်သော
ကာဗွန်ဆိုင်အောက်ဆိုဒ်ဓာတ်တို့ေ ကြာင့် ကမ္ဘာကြီးကို နေရောင်ခြည်မှ ကာကွယ်ပေးသော အိုဇုန်းလွှာတို့လည်း
ပေါက်ပြဲကုန်သည်။ ကမ္ဘာကြီးသည် နေပူလောင်မှုကို မခံစားနိုင်။သူ၏ နာကျင်မှုကို
ဆတ်စလူးခါနေအောင် ခံစားရသည်ကို လူတွေကိုပြောပြသည်။ ပင်လယ်ကန်ရိုးတစ်လျှောက်တွင်
မုန်တိုင်းမျိုးစုံတိုက်ခတ်သည်။ တောအုပ်ကြီးတို့တွင် တောမီးလောင်ကြွမ်းကုန်သည်။
ရေခဲတောင်တို့ အရည်ပျော်သည်။ မြေပြိုသည်။ ငလျင်လှုပ်သည်။ ကမ္ဘာကြီးသည် နာတာရှည်
ရောဂါများကြောင့် ရာသီဥတုတို့ မမှန်တော့။ ယခုပဲ ကမ္ဘာကြီးက ပျက်စီးတော့မလိုလို။
ကမ္ဘာကြီးကို
လူတွေ ကြောက်ရွံ့လာသည်။ လူတွေကို ကမ္ဘာကြီးက မုန်းတီးလာသည်။
တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့၏ ပြဿနာ။ မြောက်ကိုရီးယားနှင့်
နျူကလီးယား ပြဿနာ။ အီရန်နှင့် အစ္စရေး ။ အမေရိကန်နှင့် အီရတ်။ တရုပ်နှင့်ဂျပန်။
တင်းမာမှုတွေက တင်းသထက်တင်းလာသည်။ ယခုပဲ ရွာတော့မည့်ဟန်။
ဤကဲ့သို့
လူသားတို့ ကြောက်ခမန်းလိလိ ဖြစ်နေရသော ပြဿနာများကို လူသားတွေကပဲ ဖန်တီးနေကြသည်။
အနာရှိလျှင် ဆေးရှိရမည်။ အရှုပ်ရှိလျှင် အရှင်းရှိရမည်။ ကမ္ဘာများ၏ပြဿနာ
၊နိုင်ငံတိုင်း၏ ပြဿနာ တို့ကို အဓိကဖြေရှင်းရမည့် နည်းလမ်းမှာ တစ်ခုတည်းသာရှိသည်။
ယင်းမှာ ငြိမ်းချမ်းရေးသာတည်း။ အောင်မြင်မှုတို့သည်လည်းကောင်း။
ချမ်းသာကြွယ်ဝမှုတို့သည်လည်းကော င်း ငြိမ်းချမ်းရေးနှင့်တွဲဖက်မှသာ လျှင်
ပြီးပြည့်စုံပေမည်။ အောင်မြင်မှုဆိုရာတွင်လည်း တခြားတစ်ဦး ၊ အဖွဲ့စည်းတစ်ခုကို
အနိုင်ကျင့်ပြီးမှ ရရှိသည့်ေ အာင်မြင်မှုကို ဆိုလိုခြင်းမဟုတ်။ အခြားအခြားသော
သမ္မာအာဇီဝကျသည့် အောင်မြင်မှုကို ဆိုလိုခြင်းဖြစ်သည်။ ကမ္ဘာကြီးအတွက် အသုံးဝင်သည့်
အောင်မြင်မှုကို ဆိုလိုခြင်းဖြစ်သည်။
ယခုခေတ်လူသားတို့၏ဘ၀သည်
မွေးဖွားခြင်းနှင့် သေဆုံးခြင်းကြားက ရှင်သန်ခြင်းကို ငြိမ်းငြိမ်းချမ်းချမ်းနှင့်
ပျော်ရွှင်စွာ ၊ စိုးရိမ်ကင်းစွာရှင်သန်ရန်အတွက် ငြိမ်းချမ်းရေးသည် အဓိကကျပေသည်။
ပြည်သူတို့၏ဘ၀ ။ လူသားတို့၏ ဘ၀ကို အဆင်ပြေချော့မွေ့စေရန်မိမိကိုယ် တိုင်
ငြိမ်းချမ်းရေးကို လုပ်ဆောင်သင့်သည်။ ယင်းသို့မှမဟုတ်ပဲ အတ္တကို မှန်ကင်းကဲ့သို့
ထောင်လွှားပြီး သူတစ်လူငါတစ်မင်း များပြုလုပ်လေလျှင် ကမ္ဘာကြီး၏ အနာဂါတ်လူသားတို့၏
ဘ၀အတွက် မနက်ဖြန်တွေ ရုတ်ချည်းပျောက်ဆုံးသွားနိုင် သည်။
ဆရာမောင်သာမည်
ဘာသာပြန်ဆိုထားသည့် ကရိရှနမူရတီ၏
အဇ္ဈတ္တပြောင်းလဲရေးစာအုပ်ထဲတွင့့်အဇ္ဈတ္တတော်လှန်ရေး မပါဘူးဆိုရင် အပြင်ဗဟိဒ္ဓ
ပြောင်းလဲရေးဟာ ဘာမှလေးနက်မှာ မဟုတ်ပါဘူး။ ဘာမှ အဓိပ္ပါယ်ရှိမှာမဟုတ်ပါဘူး။ ဟု
ဆိုထားသည်။ မှန်သည်။ ဘယ်လောက်ပင် ခမ်းနားသည့် ပိရမစ် အဆောက်အအုံတွေပဲဖြစ်ဖြစ် ။
ဘယ်လောက်သာယာဖွယ်ကောင်းသည့် ပန်းဥယျာဉ်ကြီးပဲဖြစ်ဖြစ်။ ယင်းဥယျာဉ်ထဲတွင်
စိတ်သဘောထားသေးသိမ်ပြီး ကြမ်းတမ်းယုတ်ညံ့သည့်သူရှိနေပါက ငြိမ်းချမ်းရေးသည်
ဖြစ်ပေါ်လာဖို့ မလွယ်ကူပေ။ လူသားတို့၏ ဘ၀သည်လည်း ဥယျာဉ်ကြီးထဲတွင်
ပျော်ရွှင်နိုင်မည်မဟုတ်။ ထို့ကြောင့် အပြင်ဗဟိဒ္ဓအဆောက်အဦးတို့ပြောင်းလဲပစ်မည့်အစား
မိမိ၏ အဇ္ဈတ္တအတွင်းရှိ ဆိုးသွမ်းယုတ်ညံ့သည့် စိတ်တို့ကို ပြောင်းလဲသင့်ပေသည်။
ဗဟိဒ္ဓတွင်ရှိသော
အရာဝတ္ထုတို့ကို ပြုပြင်ပြောင်းလဲရန် လွယ်ကူသည်။ ဖမ်းဆုပ်၍မရ ၊
မြင်နိုင်ရန်ခက်ခဲသော စိတ်ကို ပြုပြင်ဖို့ဆိုသည်မှာ လွန်စွာမှ ခက်ခဲသည်။
သို့သော်လည်း မှန်တင်ခုံရှေ့တွင်ထိုင်ပြီး မိမိ၏ ရုပ်ကို ပြင်ဆင်သကဲ့သို့ မိမိ၏
အကျင့်စရိုက်တို့ကို ကြည့်ရှု၍ စိတ်ကို ပြင်ဆင်သင့်ပါသည်။
ကျွန်ုပ်တို့သည်
ကမ္ဘာလောကကြီး ငြိမ်းချမ်းရေးအတွက်၊ လူသားတို့၏ ဘ၀ ငြိမ်းချမ်းရေးအတွက် မိမိ၏
အဇ္ဈတ္တအတွင်းရှိ သောစိတ်ကို မည်ကဲ့သို့ပြုပြင်ရမည်နည်း။
လောကတွင်
ဗြဟ္မစိုရ်တရားလေးပါးရှိသည်။ အဘယ့်ကြောင့် ဗြဟ္မစိုရ်ဟု ခေါ်ပါသနည်းဟု မေးခဲ့သော်
ဗြဟ္မာကြီးတို့၏( မြင့်မြတ်သူတို့၏ ) အကျင့်ဖြစ်သောကြောင့် ဟုဖြေရပါမည်။
ယင်းတရားလေးပါးသည် လူသားတို့၏ ဘ၀တွင် လိုအပ်နေသည့် လောကကြီးကိုကယ်တင်မည့်
စစ်မှန်သည့်ငြိမ်းချမ်းရေးတရား ပင်ဖြစ်ပါသည်။ ယင်းကာ့း
၁။
မေတ္တာ
၂။ကရုဏာ
၃။မုဒိတာ
၎။ဥပေက္ခာ့တို့တည်း။ယင်းတို့တွ င်
မေတ္တာဟူသည်မှာ
---ဒေါသ၏ဆန့်ကျင်ဘက်ဖြစ်သည်။ ဒေါသသည် ကြမ်းတမ်းခက်ထန်သဖြင့် မိမိကော ၊
အခြားသူများပါ ပျက်စီးစေတတ်သည်။ မေတ္တာသည် နူးညံ့သိမ်မွေ့သည်။
သူတစ်ပါး၏အကျိုးစီးပွားကိုလိုလားသည်။
ကရုဏာဟူသည်မှာ့
သူတစ်ပါး၏ ဆင်းရဲဒုက္ခကို လက်တွေ့ဖယ်ရှားပေးနိုင်သည်ဖြစ်ေ စ။
မဖယ်ရှားပေးနိုင်သည်ဖြစ်စေ ။ ဖယ်ရှားပေးလိုခြင်း ၊ကယ်တင်လိုခြင်း ၊
စာနာသနားခြင်းကို ဆိုလိုပါသည်။ ကရုဏာတရားကိုလက်ကိုင်ထားပါက အခြားသူများကို
ညှင်းဆဲခြင်း။ အနိုင်ကျင့်ခြင်းများ မပြုမိတော့ပေ။
မုဒိတာ
ဟုသည်မှာ့ ပစ္စည်းဥစ္စာများဖြင့်ပြည့်စုံသော သူများ။
အောင်မြင်ကျော်ကြားသူများကို ကြားရ၊ မြင်ရလျှင် ထိုသူ၏ ပြည့်စုံမှုကိုကြည့်ပြီး
ဝမ်းမြောက်နေခြင်းကိုဆိုလိုပါ သည်။ ဤမုဒိတာတရားကို မပွားများနိုင်လျှင် ကိုယ့်ထက်သာ
မနာလိုစိတ်များ ၀င်ရောက်လာတတ်သည်။မုဒိတာပွားများနိုင်မှသာ မနာလိုစိတ်များကို
ပယ်ရှားနိုင်ပေမည်။
ဥပေက္ခာဟူသည်မှာ့ချစ်ခြင်း။
မုန်းခြင်းဆိုသည့် အစွန်းနှစ်ဖက်သို့မရောက်အောင် မျှမျှတတထိန်းပေးခြင်းကို
ဆိုလိုပါသည်။
ဤဗြဟ္မစိုရ်တရားလေးပါးကို
စောင့်ထိန်းနိုင်မှသာ လူတို့၏ ဘ၀သည် စစ်၏ဘေးအန္တရာယ် ၊ ကမ္ဘာကြီး၏အန္တရာယ်မှ
လွတ်မြောက်ကာ ချမ်းသာသုခကို ရရှိနိုင်ပေလိမ့်မည်။ မိမိတို့၏ အတွင်းစိတ်ကို
ဗြဟ္မစိုရ်တရားတို့ဖြင့် ပြုပြင်သည်ဆိုသည်မှာလည်း တစ်ဦးတစ်ယောက်တည်း၏
ပြောင်းလဲခြင်းဖြင့် လူသားတို့၏ ဘ၀သည် သာယာစိုပြည်မည်မဟုတ်ချေ။ လူသားတိုင်း
လူသားတိုင်း သည် ယင်းတရားလေးပါးကို လက်ကိုင်ထားမှသာ မိမိတို့လိုချင်သည့်
ငြိမ်းချမ်းရေးကို ရရှိမည်ဖြစ်သည်။
ငြိမ်းချမ်းရေးတရား၏လက်အောက်တွ င်ရှိသော
အောင်မြင်မှု၊ ကြီးပွားမှု၊ ငွေကြေးချမ်းသာမှုတို့သည်သာ မိမိတို့တစ်ဘ၀လုံးအတွက်
စိတ်ချရပေမည်။ ယင်းသို့မှမဟုတ်လျှင် စစ်မှန်သည့် အောင်မြင်မှု။ စစ်မှန်သည့်
ချမ်းသာမှုမဖြစ်နိုင်ပေ။ လူသားတို့၏ဘ၀ပျော်ရွှင်စရာကောင်း ဖို့။
စစ်ဘေးအန္တရာယ်များမကျရောက်ဖို့ ။ ကမ္ဘာလောကကြီးစိမ်းလန်းစိုပြည်ဖို့
ဗြဟ္မစိုရ်တရားကိုလက်ကိုင်ထား၍ တကယ့်စစ်မှန်သည့် ငြိမ်းချမ်းရေးကို ရနိုင်ပါစေဟုသာ
ဆန္ဒပြုလိုက်ရပါတော့သည်။ အကြောင်းကာ့းငြိမ်းချမ်းရေးနှင့် ဘ၀သည်
ခွဲခြမ်း၍မဖြစ်နိုင်သောကြောင့် ပင်။
လေးစားစွာဖြင့်
မိန်နွေ
8.11.2012
(
ကိုယ်ပိုင်ရေး ဆောင်းပါးဖြစ်ပါကြောင်း ၀န်ခံကတိပြုအပ်ပါသည်။)
0 comments:
Post a Comment