This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, February 26, 2013

``မမှည့်ခင်ကြွေသော သရက်ကင်းများ ´´



          အခန်းတွင်းနေထိုင်ရသည်မှာ အလွန်ငြီးငွေ့လာသောကြောင့် ပက်လက်ကုလားထိုင်တစ်လုံးကိုယူကာ ခြံထဲဆင်းလာသည်။ မော်လမြိုင်သည် အညာဒေသမဟုတ်သော်လည်း နွေဦး၏ ရူးသွပ်သောလေကြောင့် ခြံထဲရှိ အုန်းပင် ၊ ကွမ်းသီးပင် ၊ သရက်စသည့်အပင်ကြီးများသည် လေယူရာ ယိမ်းနွဲ့နေကြသည်။ ကျွန်တော်တည်းခိုရာ သာယာအေးရပ်ကွက်သည် ဆိတ်ငြိမ်ရပ်ကွက်မဟုတ်သော်လည်း အခြေခံလူတန်းစားတို့၏ နေရာဒေသဖြစ်သောကြောင့် လေတိုက်သံကလွဲ၍ အခြားသော အသံဗလံများသိပ်ပြီးမကြားရ ။ ခြွင်းချက်အားဖြင့် ပုဏ္ဏားရိပ်တို့အောက်က ဂျစ္စမီခေါ် အယ်ဇေးရှင်းခွေးငယ်လေးနှင့် မီနာခေါ် ကြောင်ငယ်လေးတို့ကစားနေသည့်အသံသာလျှင် ကြားနေရသည်။
          တိတ်ဆိတ်ငြိမ်သက်မှု၏ လှုံ့ဆော်မှုကြောင့် ကျွန်ုပ်၏စိတ်ထဲတွင် စာရေးချင်စိတ်တဖွားဖွားပေါ်ပေါက်လာသည်။  သို့သော်လည်း ပြဿနာက ရှိနေသည်။ ၄င်းမှာ ရေးစရာတွေက များနေ၍ မည်သည့်အကြောင်းအရာကို ရေးရမည်မသိ။ ယင်းပြဿနာအတွက် အချိန်အနည်းငယ်ယူကာ စဉ်းစားလိုက်သည်။ ပြီးနောက် မနေ့က ( 22/2/2013) ကျိုက္ခမီရေလည်ဘုရားနှင့် စက်စဲသွားရာတွင် တွေ့ကြုံခဲ့ရသည့် အကြောင်းအရာများကို ရေးသားရန် ဆုံးဖြတ်လိုက်တော့သည်။
                        Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
          ကျွန်ုပ်တို့၏ ချယ်ရီဂရုပ် ကားလေးသည် မော်လမြိုင်မြို့လယ်မှ မုဒုံမြို့သွားသည့် လမ်းမကြီးပေါ်တွင် ခပ်မှန်မှန်မောင်းနှင်လာသည်။ လမ်းမကြီး၏ ဘယ်ဘက်တွင် ဖူးငုံများသီတန်းနေသော ကံ့ကော်ပင်ပျိုတို့က သည်လမ်းမကြီးကို တန်ဆာဆင်ထားသည့်နှယ်။ ကျွန်ုပ်၏ မျက်လုံးများကို ကံ့ကော်ပင်ရှိရာသို့ ကစားကြည့်လိုက်သည်။ နည်းပညာတက္ကသိုလ့်
မှန်သည် မော်လမြိုင်မြို့၏ နည်းပညာတက္ကသိုလ်ကို ကံ့ကော်ပင်များဖြင့် ထုဆစ်ပုံဖော်ထားသည်။ ကံ့ကော်ပင်၏အောက်တွင် လမ်းလျှောက်နေသော စုံတွဲလေးများကို မြင်မိသော် ဆင်းရဲနုံ့ချာ၍ ကျောင်းတတ်ရန် ငွေမတတ်နိုင်သော မိမိဘ၀ကို စိတ်ပျက်အားငယ်မိသည်။ စုံတွဲများကိုမြင်၍ အားကျသည်ကား မဟုတ်။ လုံးဝမဟုတ်ချေ။ ၄င်းကောင်းကျောင်းသားတို့ကဲ့သို့ အထက်တန်းကျကျ ပညာရပ်များကို မဆည်းပူးခဲ့ရသောကြောင့်သာ အားငယ်မိသည်။
          ပြေးနေသော ကားငယ်လေး၏ လျော့သွားသော အရှိန်ကြောင့် ကျွန်ုပ်၏ အတွေးစများ ပျက်ပြယ်ကုန်သည်။ အော့့်မြို့ဝင်ကျေးတောင်းခံသော တိုးဂိတ်ကို ရောက်နေပါပကော။
( မှတ်ချက့့်ဤစာမူအတွက် လိုအပ်သည်များကိုသာလျှင် ရေးသားပါမည်။ နောက်များမှ ခရီးသွားဆောင်းပါးကို ဖတ်ရှုသူမိတ်ဆွေတို့ ဗဟုသုတရရန်အလို့ငှါ ရေးသားမည်ဖြစ်ပါကြောင့်း့မိန်နွေ )
          မော်လမြိုင်မြို့မှအထွက်တွင် နုပျိုသောရော်ဘာပင်တို့၏ ရနံ့ကား သင်းပျံ့နေသည်။ မြူခိုးဝေနေသော တောင်တန်းကြီးကား လွမ်းမောဖွယ်ရှုမဆုံးတော့ ။ အကွေ့အကောက် ၊ အနိမ့်အမြင့် မူမမှန်သော ကားလမ်းလေးအတိုင်းမောင်းနှင်လာရာ မုဒုံမြို့လေးသို့ နေ့လည်( ၁း ၃၀)တွင် ရောက်ရှီလာသည်။  မုဒုံမြို့လေးမှ နွေးထွေးစွာကြိုဆိုပါ၏့ဟူသောဆိုင်းဘုတ်မှ ပလက်ဖောင်းလမ်းမကြီးတစ်လျှောက် စိမ်းနုသောမြက်ခမ်းပြင်နှင့် လှပသော ပန်းပင်တို့စိုက်ထားသည်က ရင်ထဲတွင် တစ်မျိုးကြည်နူးစေသည် မုဒုံမြို့လေး၏ အလယ်တွင် ကိန္နရီ၊ ကိန္နရာမောင်နှံ၏ ကနေသောဟန်ပန်ကို သဘာဝကျကျ ထုဆစ်ထားသည်။ အကြောင်းအဓိပ္ပါယ်ကား မည်သို့ရှိမည်ကို ကျွန်ုပ်မသိချေ။
          မြို့အထွက်တွင် ကန်ကလေးဥယျာဉ်ခြံကလည်း မြို့၏ လှပသော ဂုဏ်ကျက်သရေကို တစ်မျိုးတစ်မည် ယူဆောင်ထားသလို။ ၀င်းကမော့ရွာက ခပ်ရခပ်ယူစေတီ( စေတီဟုသာဆိုသော်လည်း ကျွန်ုပ်ကားပေါ်မှကြည့်ရာ ကြီးမားသော ရုပ်ပွားတော်သာတွေ့ရသည်) တော်ကလည်း အထူးကြည်ညိုဖွယ်ကောင်းနေသည်။
          မြူခိုးတွေဝေနေသော တောင်ရံအထပ်ထပ်ကို ကျော်ဖြတ်၍ သံဖြူဇရပ်မြို့လေးကို နေ့လည်( ၂း၁၅)မိနစ်တွင် ရောက်သည်။ မြို့လယ်၏ နာရီစင်အနောက်ဖက်တွင် လွန်ခဲ့သည့် လအနည်းငယ်က လောင်ကျွမ်းခဲ့သော ဈေးသည် ယခုမူ မီးလောင်ကွင်းအဖြစ်သာ ရှိသေးသည်။ ယင်းမီးလောင်ရာတွင် ဘယ်သူ့ကြောင့်လောင်သည်ဟု တိတိကျကျ မသိရသေးဟုလည်း ကြားရသည်။
          မြို့လယ်နာရီစင်မှ လက်ယာဘက်အတိုင်းချိုး၍လာခဲ့ရာ ကျိုက္ခမီမြို့လေးသို့ နေ့လည်( ၃း ၃၀)တွင် ရောက်ရှိခဲ့သည်။ ကျိုက္ခမီရေလည်ဘုရားနှင့် စက်စဲသွားရာ လမ်းခွဲတွင် တြိဂံပုံစံ ကျောက်အုတ်များဖြင့် အလယ်တွင် စက္ကူပန်းအနီရောင်၊ သုံးဖက်သုံးနားတွင်တော့ စက္ကူပန်းအ၀ါရောင်ပင်တို့ စိုက်ထူကာ လမ်းညွှန်ထားသည်။ ထို့နောက် ကျိုက္ခမီရေလည်ဘုရားသို့ အရင်ဦးစွာသွား၍ ပြီးမှ စက်စဲကမ်းခြေသို့ သွားခဲ့ကြသည်။
          စက်စဲ့
စက်စဲတွင် ကျွန်ုပ်တို့ပျော်သည်။ ကျွန်ုပ်တို့ဆိုသည်မှာ ကိုသူ၊ ဆန်းလင်း ၊ ကားဒရိုင်ဘာနှင့် တောရွာမှပါလာသည့် ဦးညီခင်၊ ဦးသာထူးတို့ဖြစ်သည်။ ကားမောင်သူသည် ကားကို ယဉ်ရပ်နားစခန်းတွင် မထားရစ်ပဲ သဲသောင်ခုံပြင်ပေါ်သို့ တစ်ချိုးတည်းမောင်းနှင်လာခဲ့သည်။ သဲသောင်ပြင်တွင်တော့ ဘောလုံးကန်သူ၊ ဆိုင်ကယ်စီးသူ ၊ ဆိုင်ကယ်စတန့်ပြသူ၊ မြင်းစီးသူများဖြင့် ပြည့်နေသည်။
          ကျွန်ုပ်တို့စီးနင်းလာသည့် ချယ်ရီဂရုပ်ကားလေးသည် ရေစပ်ထိအောင် မောင်းနှင်၍ ယင်းရေစပ်အတိုင်းတောင်နှင့်မြောက် သို့ အဖန်ဖန်စီးနင်းကြသည် ။
( ၀န်ခံချက်။    ။ ကျွန်တော်ကမ်းစပ်အရောက်တွင် အရပ်မျက်နှာကို ကောင်းကောင်းမမှတ်မိ၊။ မျက်စိလည်ကာ အမှတ်မှားနေသည်။ နေ၀န်းက ပင်လယ်ပြင်နောက်သို့ ငုတ်လျှိုးသွားသောကြောင့် ရေစပ်သည် တောင်နှင့်မြောက်ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိသည်။)
          နိုင်ငံခြားခရီးသွားဧည့်သည်အချို့နှင့် လူငယ်တော်တော်များများ သဲသောင်ပြင်တွင် စော့သူစော့၊ ရေချိုးသူချိုးနှင့်။ ကျွန်ုပ်တို့လည်း ကားပေါ်မှဆင်းကာ ရေချိုးရင်းကစားကြသည်။ ကျွန်ုပ်ကား မြင်းစီးခြင်းဝါသနာထုံသူဖြစ်သည့်အလျောက် မြင်းစီးရန် မြင်းထိန်းတို့ဆီ ငှါး၇မ်းခဲ့သည်။ မြင်းကား သန်မာထွားကျိုင်းသော်လည်း မြင်းထိန်းကား စာသင်အရွယ်ကလေးငယ်ငယ်လေးသာ ဖြစ်နေသည်။ ထိုကလေးငယ်ကို ကြည့်၍ ကျွန်ုပ်အင်မတန်ဝမ်းနည်းလာသည်။  သူ၏ဘ၀အကြောင်းကိုလည်း လေ့လာချင်မိ၍ အငြိမ်မနေတတ်သော စပ်စုမှုက မေးခွန်းများအဖြစ် အသွင်ပြောင်းလိုက်တော့သည်။
` ညီလေးနာမည်သိလို့ရမလား ´
` ထွဋ်ခေါင်ပါ´
` ထွဋ်ခေါင့် ဟုတ်လား ´
` ဟုတ်´
          သည်နာမည်နဲ့ သည်ကလေး လုံးဝမလိုက်။ ဗေဒင်ဆရာများပြောသလို ပြောရမည်ဆိုလျှင် သည်ကလေး နာမည်စီးသွားတယ့်ဟုပင် ပြောရမလိုဖြစ်နေသည်။ အဘယ့်ကြောင့်ဆိုသော် နာမည်က ထွဋ်ခေါင်ဟုသာ ဆိုပေမယ့် လူပုံစံက ဆင်းရဲနုံ့ချာသောအသွင်ကို ဆောင်နေသောကြောင့်ဖြစ်သည်။ မှန်သည်။ ညစ်ထေးနေသော ဘောင်းဘီတိုတိုလေးနှင့် အနည်းငယ်နွမ်းနေသော သူ၏ လက်ပြတ်အင်္ကျီလေးက သူ၏ဘ၀ကို ထုတ်ဖော်ပြောပြနေသည်။ ဆီမလူးသော ဆံပင်က နီကျင်ကျင်ဆောင်နေပြီး ရိုးသားသော သူ၏မျက်လုံးတွေက လောက၏ဆင်းရဲဒုက္ခကို အဆမတန် ခံစားနေရသည့်သဏ္ဍာန်။
` ကျောင်းမနေဘူးလား ´
` စာသင်တဲ့ကျောင်းကို ပြောတာလား´
` အင်းလေ ၊ တခြားဘယ်ကျောင်းတွေရှိနေသေးလို့လဲ ´
` သိပါဘူး၊ မြင်းအတွက်ကျောင်းရတဲ့ မြင်းကျောင်းကိုများ ပြောတာလားလို့ ´
ထွဋ်ခေါင်က အသက်နှင့်မလိုက်အောင် စကားကို ဟာသနှောပြောသည်။ မှေးနေသော သူ၏မျက်လုံးက အနည်းငယ်ပြုံးလိုက်သောကြောင့် ပို၍ မှေးသွားပြန်သည်။
` အင်းဗျ ၊ ကျွန်တော့်ဘ၀ကို စိတ်ဝင်တစားမေးတာဆိုလို့ အစ်ကိုတစ်ယောက်ပဲရှိတယ်၊ ပြောရရင် ကျွန်တော်တို့ မိသားစုဘ၀လေးကို ဟောဒီ ပင်လယ်ကြီးက ၀ါးမြိုသွားခဲ့တာ´
` ဘယ်လို၊ ဒီပင်လယ်ကြီးက ၀ါးမြိုသွားခဲ့တာ´
          ပြုံးနေသည့်မျက်လုံးလေးက တဖန်ပြန်ပြီး လွမ်းဆွေးသယောင် ဖြစ်သွားပြန်သည်။ ထို့နောက် သက်ပြင်းကို ခပ်ရှည်ရှည်ချကာ လှိုင်းတ၀ုန်းဝုန်းထနေသော ပင်လယ်ကြီးဘက်သို့ မျက်နှာမူလိုက်သည်။ လုံးဝန်းသော နေက ပင်လယ်ပြင်၏ အနောက်ဘက်သို့ တဖြည်းဖြည်းဆုတ်ဝင်နေသည်။ ကောင်ကင်ကြီးတွင်ကား တိမ်ညွန့်၊ တိမ်နုတို့ကို ကြက်သွေးရောင်တို့ဖြင့် ဆေးချယ်ထားသည့်ပန်းချီကားတစ်ချပ်နှယ်။ လေတိုးသံနှင့် လှိုင်းသံက လွဲ၍ တခြားအသံဗလံများ သိပ်ပြီးမကြားရ။ စော့ကစားနေသော သူတို့သည်ကား ခပ်ဝေးဝေးတွင် ရှိနေကြသောကြောင့်ပင်။
          ` ဟုတ်တယ်။ ကျွန်တော်အဖေက ငါးဖမ်းသင်္ဘောမှာ ကူလီလုပ်တယ်။ တစ်နေ့တော့ ပင်လယ်ထဲ ငါးဖမ်းရင်း ရေနစ်ပြီးသေခဲ့တယ်။ အဖေက ရေကူးတတ်တယ်။ ရေးကူးကျွမ်းကျင်တယ်။ ဒါပေမယ့် အဲဒီနေ့က လုံးဝရေမကူးတတ်တဲ့ သင်္ဘောကူလီတစ်ယောက် ခြေချော်လက်ချော်ဖြစ်ပြီး ပင်လယ်ထဲ ပြုတ်ကျသွားတယ်။ အဲဒီလူကို ကယ်ရင်းနဲ့ အဖေရေနစ်ပြီး သေခဲ့ရတာ´
` ပြုတ်ကျတဲ့ သူကကော ရေမကူးတတ်ဘူးလား ´
` ဟင့်အင်း ၊ မကူးတတ်ဘူး။ သူက အညာသား။ ဒီအလုပ်လုပ်တာ တစ်ပတ်တော်မပြည့်သေးဘူး´
          လှိုင်းသံက ကျယ်လောင်လာသည်။ ပင်လယ်ထဲက လေကြမ်းကြမ်းတွေလည်း တိုက်ခတ်လို့ကောင်းတုန်း ။ နေလုံးကြီးကား အနောက်ဂေါယာကျွန်းသို့ စုန်းစုန်းနစ်မြုပ်သွားချေပြီ။ သို့သော့် အလင်းရောင်ကား မသေသေး။ သြော့်သူ၏ မျက်နှာတွင်လည်း မျက်ရည်တွေ မသေသေးပေ။
          ` ညီလေးအသက်က ´
` တစ်ဆယ့်နှစ် နှစ်ပါ။ ကျွန်တော့်အောက်မှာ ကျောင်းတတ်နေတဲ့ ညီမလေးနှစ်ယောက်ရှိတယ်။ တစ်ယောက်က သုံးတန်း ၊ နောက်တစ်ယောက်က တစ်တန်း´
` ညီလေး အမေကကော´
` အမေက ပန်းရောင်းတယ်။ ဟောဒီပင်လယ်ကြီးထဲမှာ အကုသိုလ်လုပ်ရင်း အဖေသေခဲ့တာတဲ့။ အဲဒါကြောင့် ကျွန်တော့်ကိုလည်း သင်္ဘောတွေဆီမှာ လုံးဝ မလုပ်ခိုင်းဘူး။ ဒါပေမယ့် အစ်ကိုရယ့် စားဝတ်နေရေးနဲ့ ညီမလေးတွေရဲ့ ပညာရေးက ရှိတယ် မဟုတ်လား၊ ညနေ ငါးနာရီဆိုရင် မြင်းငှါးတာ နားပြီး သင်္ဘောကျင်းမှာ ငါးသွားရွေးတယ်။ ဒါမှ ပိုက်ဆံရမှလေ ´
` အော့့် ညီလေးကို ၀မ်းနည်းစရာတွေ မေးမိပြီ´
` ရပါတယ်အစ်ကိုရယ့်။ ညီလေးလိုဘ၀မျိုးက ညီလေးတစ်ယောက်တည်း ရှီတာမှ မဟုတ်တာ။ ညီလေးလိုပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ စားပွဲထိုးလုပ်နေတဲ့ ကျွန်တော့်သူငယ်ချင်းတွေ ဟိုမှာလေ မြင်းလားအစ်ကို´
          ကမ်းပေါ်က အအေးဆိုင်တွင် စားပွဲထိုးလုပ်နေသော ကောင်းလေးတစ်ယောက်ကို လက်ညှိုးဖြင့် ထိုးပြသည်။ ထိုကလေးတွေမြင်တိုင်း ကျွန်တော့်စိတ်ထဲ အလိုလို ၀မ်းနည်းလာသည်။
` ညီလေး ကျောင်း မတတ်ချင်ဘူးလား´
` ဘယ်လို မေးလိုက်တာလဲအစ်ကိုရာ၊ ကျွန်တော် နှစ်တန်းပဲ နေခဲ့ဖူးတာ။ ကျွန်တော်ကျောင်းကထွက်လိုက်တော့ ဆရာ၊ ဆရာမတွေက လက်သင့်မခံဘူး။ ကျွန်တော်က အတန်းထဲမှာ အမြဲတမ်း ပထမဆုရခဲ့တာလေ။ ဆရာတွေက ကျွန်တော့်အတွက် ကျောင်းအပ်ခကို လုံးဝမယူဘူးတဲ့။ စာအုပ်စာတမ်းတွေလည်း သူတို့က ပေးမယ်ပြောတယ်။ ဒါပေမယ့် အမေက လက်သင့်မခံဘူး။ သိတယ်မို့လား။ အမေ့ရဲ့ ပန်းရောင်းတဲ့ငွေနဲ့ ကလေးသုံးယောက်ကို ဘယ်လိုလုပ်ကျွေးမွေးနိုင်မလဲ။ ကျွန်တော့် ကျွန်တော်မှ အလုပ်မလုပ်ရင် ကျွန်တော့်ညီမလေးတွေလည်း ကျောင်းနေရမှာမဟုတ်ဘူး´
          သည်တစ်ကြိမ်တော့ သူ မျက်ရည်တွေ ထိန်းမထားတော့။ ပင်လယ်ကြီးဘက်ကို မျက်နှာပြန်မူကာ ငိုသည်။ သည်ကလေး၏ မျက်ရည်တွေက အနာဖြစ်နေတဲ့ ကျွန်တော့်နှလုံးသားအပေါ်ကို စူးများကျလာသည့်နှယ်။ ကျွန်တော်သူ့ကို ဖက်ထားလိုက်မိသည်။ အံကို တင်းတင်းကြိတ်ထားပေမယ့် ကျွန်တော့် မျက်ဝန်းတွင်လည်း မျက်ရည်တွေ ရွာနေမည်ထင်သည်။
          ` ၀မ်းမနည်းပါနဲ့ငါ့ညီရာ ၊ ညီလေးလိုပဲ ငါလည်း ကျောင်းပြီးအောင် မနေခဲ့ရပါဘူး။ တစ်ခါတစ်လေမှာ လောကကြီးက ဆန်းကြယ်တယ်ကွ၊ ငါတို့စာမတတ်ပေမယ့် တစ်နေ့ အထက်မှာ မရောက်နိုင်ဘူးလို့ မပြောနိုင်ဘူး။ ကြိုးစားကွာ။ ယောက်ျားပဲ။ သွေးဆိုတာ နီနေမှ့´
          ကျွန်တော် အတန်ကြာအောင် သူ့ကို အားပေးနေမိသည်။ နေက ၀င်သွားသောကြောင့် အမှောင်တို့ စိုးမိုးစပြုလာသည်။ ထို့နောက် မိမိတတ်နိုင်သလောက် ငွေအနည်းငယ်ကူညီသော်လည်း သူက မယူ။ သို့သော်လည်း  မိမိနှင့် စကားပြောနေရ၍ မြင်းလည်း မငှါးရ၊ ငါးလည်း မရွေးရသောကြောင့် မြင်းငှါးခ၊ ငါးရွေးခတော့  ယူသွားပါဟု အတင်းပြောမှ ယူသွားသည်။
          နေက၀င်သွားပြီဖြစ်သောကြောင့် ကျွန်ုပ်တို့လည်း စက်စဲကမ်းခြေမှ မော်လမြိုင်သို့ ပြန်လာခဲ့သည်။ အပြန်လမ်းတွင် ရော်ဘာရနံ့တို့သင်းပျံ့နေသော်လည်း ဂရုမစိုက်အားတော့ ။ မြူတွေဝေနေသော တောင်တန်းကြီးအလှကိုလည်း စိတ်မ၀င်စားနိုင်တော့ ။ ကျွန်တော့်အတွေးထဲတွင်တော့ မမှည့်ခင်ကြွေသော သရက်ကင်းနှင့်တူသော ထိုကလေးငယ်လေးအကြောင်းကိုသာ စဉ်းစားနေမိသည်။
          မှန်သည်။ သရက်ပွင့်ပြီးစ အကင်းမျှရှိသော သရက်သီးတို့သည် နွေဦးတွင် ကဆုန်ကလျားတိုက်ခတ်သော လေရူးတို့ကြောင့် သရက်ကင်းတို့ ကြွေကျကုန်သည်။ ယင်းသရက်ကင်းကား မှန်ဖို့နေသာသာ  ရင့်တောင် မရင့်သေး။ ထို့အတူ။ အချို့သော ကလေးငယ်တို့သည် ပညာသင်ရမည့်အချိန် အမျိုးမျိုးသော အကြောင်းတို့ကြောင့် ပညာမသင်ရပဲ လုပ်ငန်းခွင်တွင် ၀င်နေကြရသည်။ ထိုကလေးငယ်တို့သည် အသက်နှင့်မမျှ ။ အရွယ်နှင့် မညီသော ဒုက္ခကို ခါးစီးပြီး ခံနေကြရသည်။ သူတို့လည်း မမှည့်ခင်ကြွေသော သရက်ကင်းနှင့် ဘာထူးတော့မည်နည်း။
          ထို့နောက်တွင်ကာ့းကျွန်ုပ်တို့၏ ခဲပုပ်ရောင် ချယ်ရီဂရုပ် ကားငယ်လေးသည် လှိုင်းပုပ်သံ ကျယ်လောင်သော ( စက်စဲကမ်းခြေ) ပင်လယ်ကြီးမှ ဝေသထက် ဝေးလာလေတော့သတည့်း။။။။။။။။ူ

မှတ်ချက်။     ။ ဆင်းရဲနွမ်းပါးသော ကလေးငယ်တို့အား ကူညီစောင့်ရှောက်မှု အားကောင်းလာစေရန် ရည်ရွယ်၍့။

လေးစားစွာဖြင့်
မိန်နွေ
26.2.2013

Sunday, February 17, 2013

` ကျောက်ရိုင်းတုံးလေးများ´


မှတ်မှတ်ရရပင် ။ ထိုနေ့က ကျွန်ုပ် အလွန်အမင်းပျင်းသောကြောင့် G-talk ကို ဖွင့်ကာ ဂိမ်းကစားနေသည်။ သည့်နေ့ရက်တိုင်းမှာ အင်တာနက်ကွန်နရှင်တွေက ဘာကြောင့် လေးနေတာလည်းမသိ။ ကျလိုက် ၊ တက်လိုက်နှင့် စာကလေးနှစ်ကောင် လေပေါ်မှာ ရန်ဖြစ်နေသကဲ့သို့ပင်။ ထို့ကြောင့် ကျွန်ုပ် ဂိမ်းကစားနေခြင်းဖြစ်သည်။ ဂိမ်းဆိုသည်မှာလည်း တခြားသူတို့လို ဘာညာ၊ ဘာညာဂိမ်းတွေ မကစားတတ်သောကြောင့် ကွန်ပျူတာနှင့် စစ်တုရင်ထိုးနေသည် ။
          ကွန်ပျူတာ၏ ထိုးစစ်ကို ကျွန်ုပ်အသေအလဲခံနေရသည်။ ကျွန်ုပ်တွင် ပွန်းသုံးကောင်၊ ကာဆယ်နှစ်ကောင်နှင့် ဘုရင်ကြီးသာလျှင် ကျန်တော့သည်။ တကယ်တန်းကား ကွန်ပျူတာက ကျွန်ုပ်ကိုနိုင်ရပေမည် ။ သို့သော့် ကျွန်ုပ်၏ ပွန်းတစ်ကောင်က ( ကင်း ) ၀င်သောကြောင့် မိမိကြိုက်နှစ်သက်ရာ ( ကွင်း) ကို ယူလိုက်သည်။ ထိုအချိန်ကျမှ ကျွန်ုပ်သည် ပွန်းမှ ကွင်းဖြစ်လာသော စစ်တုရင်ကြောင့်  တိုက်စစ်ရကာ ကွန်ပျူတာကို အနိုင်ကစားနိုင်ခဲ့သည်။
ထိုအချိန်တွင်
          ` ဟဲလို့ မိန်နွေ ´
အင်တာနက်လိုင်းတွေ ပြန်တတ်လာသောကြောင့် ကျွန်ုပ်၏ ဂျီတော့ခ် အကောင့် ပွင့်ကာ တစ်ဖက်မှ ကျွန်ုပ်ကို ခေါ်လိုက်ခြင်းဖြစ်သည် ။
          ` မင်္ဂလာပါ ကိုဖြိုး ၊ ဘယ်လိုလဲ အဆင်ပြေလား ´
` သိပ်မပြေချင်ပါဘူးကွာ ၊ ငါတို့ ဘ.က မှာ ငွေပဒေသာပင်စိုက်ထူတဲ့သူက နည်းတော့ ကလေးတွေအတွက် ချို့တဲ့နေလို့ကွ ´
` ဟုတ်လား ၊ ကျွန်တော်ဘာကူညီရမလဲ ၊ တတ်နိုင်တဲ့ဟာ ဆိုရင်တော့ အချိန်မရွေးပြောဗျာ ´
` မင်းမှာ ပရဟိတအသင်းမိတ်ဆွေတွေ ရှိလား ´
` ဟီ့း့ ကျွန်တော် ပရဟိတ အသင်းတစ်ခုနဲ့တော့ သိတယ်။ ဒါပေမယ့် သူတို့လည့်း့´
` အေးပါကွာ ၊ ငါလည်း နားလည်ပါတယ် ´
 ` ကျွန်တော်မေးဦးမယ်ဗျ ၊ အစ်ကိုတို့ ဘ.က မှာ ငွေပဒေသာပင် စိုက်ထူဖို့က ဘယ်လောက်သတ်မှတ်ထားလဲ ´
` ဘယ်လောက်ရယ်လို့ သတ်မှတ်မထားပါဘူးကွာ ၊ တစ်ရာပဲ တတ်နိုင် တတ်နိုင် ၊ နှစ်ရာပဲ တတ်နိုင် တတ်နိုင် ၊ ငါးဆယ်ဆိုလည်း ခဲတံဖိုးလောက်တော့ ရတာပဲ ၊ တတ်နိုင်သလောက်နဲ့ စေတနာရှိသလောက်ပေါ့ကွာ ´
` အော် ၊ ကလေးတွေကို အကုန်လုံး ကျောင်းကပဲ လုပ်ပေးတာလား ´
` အဲ ဘယ်လိုပြောရမလဲ ၊ သူတို့က ကျောင်းတတ်ပြီး အိမ်ပြန်ကြတာလေ ၊ ထမင်းစားတာတော့ ကိုယ့်အိမ်ကိုယ်ပေါ့ကွာ ၊ အလှူအတန်းရှိရင်တော့ သူတို့ ကုသိုလ်ပေါ့ ၊ ကျောင်းကတော့ သူတို့ စာသင်ဖို့ ခုံတွေလည်း မလုံလောက်ဘူး ၊ ကျောင်းဆောင်လည်း မလုံလောက်ဘူး ၊ နေဦး ဘလော့တစ်ပုဒ်ပြမယ် ´
( အောက်ပါ ဘလော့စ်ပို့စ်ကို ကိုဖြိုးက ပြပါသည် )
မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့ အမှတ်(၂)ရပ်ကွက်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
 ညောင်ပင်ကျောင်းတိုက်၌ သူငယ်တန်းမှ သတ္တမတန်းအထိ ပညာသင်ယူနေသော
 ကျောင်းသားကျောင်းသူပေါင်း (၂၈၀)ကျော်ရှိပါသည်။ တတိယတန်းမှ
 သတ္တမတန်းအထိစနစ်တကျ စာသင်ခုံများနှင့် သင်ကြားနေရသော်လည်း
ကျောင်းသားဦးရေများပြားသည့် သူငယ်တန်း မှ ဒုတိယတန်းအထိ ကျောင်းသားများကို ကြမ်းပြင်ပေါ်မှာရေးရသည့်ဖြစ်သလိုစာသင်ခုံလေးများနဲ့ စာသင်နေကြရသည်၊
ထိုကျောင်းသားများအတွက် စာသင်ခုံ(၅၀)ခန့်လိုအပ်လျှက်ရှိရာ
ကျောင်းအုပ်ဆရာတော်မှ Go there သတင်းတွင် ကွက်လပ်လေးများဖြည့်ပေးပါ ဆိုသည့် ကြော်ငြာဖြင့် ကုသိုလ်ရှင်များဖိတ်ခေါ်လိုက်ရာ သဒ္ဓါစွမ်းအားကြီးမားသူများဖြစ်သည့်အလျောက် အမှန်တကယ်လိုအပ်နေသော
ကွက်လပ်တွေဖြစ်တဲ့ စာသင်ခုံ(၅၀)ခန့်မှ စာသင်ခုံ(၂၅)လုံးအတွက် (၆၂၅၀၀၀)ကျပ်ကို ကမ္ဘောဇဘဏ်မှတစ်ဆင့်ပေးပို့လှူဒါန်းသော  ည/၂၁ အသောကလမ်း ဘုရင့်နောင် ရန်ကုန်မြို့
 ဦးဖန်+ဒေါ်ဝေအင်းမိသားစုအား အထူးပင်ကျေးဇူးတင် ၀မ်းမြောက်နုမော်သာဓုခေါ်မိပါသည်။

` အေးဗျာ ၊ လှူတဲ့သူတွေတော့ တကယ်ကို လေးဖို့ကောင်းတယ် ´
` ဒါပေါ့ဗျာ ၊ ကျောင်းသားတွေကလည်း ဆင်းရဲတဲ့ မိသားစုလေးတွေက ဆိုတော့ အကုန်လုံးကို လိုအပ်နေတာဟေ့ ၊ စာသင်ပေးတဲ့ ဆရာ ၊ ဆရာမတွေဆို တစ်လမှ ငါးထောင်လောက်ပဲ ပေးနိုင်တာ ၊ မင်းပဲစဉ်းစားကြည့်လေ ၊ ငါးထောင်ဆိုတာက ဆရာတစ်ယောက်အတွက် လက်ဖက်ရည်ဖိုးတောင်မရှိဘူး ၊ မိသားစုရှိတဲ့ ဆရာ ၊ ဆရာမတွေလည်းပါတော့ အားနာရတယ် ၊ တော်သေးတာ သူတို့က စေတနာပြည့်ပြည့်၀၀နဲ့ ကူညီကြတာမို့လို့ပေါ့ ´
` စေတနာသဒ္ဓါတရား နဲ့ ပြည့်စုံတဲ့ အသင်းအဖွဲ့တွေ တော်တော်လိုအပ်တာပဲနော် ´
` အင့်း အဲလိုပဲ ပြောရမှာပေါ့ ၊ ´
 ` ရပ်ဝေးက ငွေလှူတဲ့ အခါကြတော့ကော့ ဘဏ်ကနေပဲ လှူလို့ရလား ´
` အင်းပေါ့ ၊ လှူလို့ရတယ် ၊ အဲ ဒါနဲ့ မိန်နွေ့ ငါအလုပ်လုပ်လိုက်အုန်းမယ် ၊ နောက်မှ ထပ်တွေ့တာပေါ့ ´
` ဟုတ်ကဲ့ဗျာ့ အောင်မြင်ပါစေ ´
သူ့နာမည်က ဖြိုးဝေအောင်ဖြစ်သည် ။ ကျွန်တော်က ရင်းရင်း နှီးနှီး ကိုဖြိုးလို့ပဲ ခေါ်သည်။ သူက ဘ.က ညောင်ပင်ကျောင်းဘလော့ဂါ တည်ထောင်၍ တာဝန်ယူထားသူ။
           စေတနာအပြည့်အ၀နှင့် ဘလော့ဂါတည်ဆောက်ထားပေးသည့် ကိုဖြိုးကိုလည်း လေးစားမိပါသည်။ အခြားသော ဒါနပါရမီရှင်တွေကိုလည်း ကြည်ညိုမိပါသည်။ အဘယ့်ကြောင့်ဆိုသော့်
          မင်းသားကို ငယ်သည်ဟုဆိုကာ မထီမလေးစား မပြုနှင့် ။ မြွေကို ငယ်သည်ဟုဆိုတာ အလမ္ပါယ်မပြနှင့် ဟု ရှေးဆရာကြီးများက ဆိုဆုံးမထားသည်။ ထို့အတူ ကျွန်ုပ်ကလည်း ကလေးကို ငယ်သည်ဟုဆိုကာ အထင်မသေးသင့် ဟု ပြောချင်ပါသည်။
          အမေရိကန်ဘားရက်အိုဘားမား၏ နောက်ကြောင်းကို ပြန်၍ ဆန်းစစ်ကြည့်လျှင် သူသည် ဆင်းရဲနုံ့ချာသော ဘ၀ကို ဖြတ်သန်းခဲ့ရသည်။ ပြီးတော့ လူမည်းတစ်ဦးလည်း ဖြစ်နေပြန်သည်။ စုတ်ချာ၍ ဆင်းရဲသော ဘားရက်ကို မည်သူက အမေရိကန်သမ္မတ ဖြစ်လာနိုင်သည်ဟု ဟောကိန်းထုတ်နိုင်ပါလိမ့်မည်နည်း။ သို့သော့် ဘားရက်သည် ယခု အမေရိကန်သမ္မတဖြစ်နေပေပြီ ။ ကမ္ဘာလောက၏ သေနတ်သံများကို ပန်းပွင့်ကြွေသံအဖြစ် လုပ်ဆောင်ခဲ့သည်။ အငြိုးအတေးများနှင့် ပြဿနာကွန်ရက်တို့ကိုလည်း သူက ပြေလျော့ဆုံးဖြစ်အောင် အစွမ်းကုန်ကြိုးစားခဲ့သည်။ ငြိမ်းချမ်းရေးလမ်းစဉ်ကို ရှေ့ရှု၍ အားကြိုးမာန်တတ် ဟောာပြောခဲ့သည်။ ဟိုတစ်ချိန်က ငယ်ငယ်ရွယ်ရွယ်ဘားရက် သည် ယခု ငြိမ်းချမ်းရေးဂုဏ်ဆောင်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေချေပြီ။
          ထိုကဲ့သို့ပင် ကျွန်ုပ်တို့သည်လည်း ငယ်ရွယ်သော ကလေးသူငယ်များကို လူရာမ၀င်ဟုဆိုကာ အထင်သေး မရှုပ်ချသင့်။ ထိုကလေးငယ်တို့သည် နောင်တစ်ချိန်တွင် ကမ္ဘာပေါ်ကို ကျည်ဆံအစား ငြိမ်းချမ်းရေးရေစဉ်များ ရွာမချနိုင်ဘူးဟု မည်သူ ပြောနိုင်ပါမည်နည်း။
          ထို့ကြောင့် ကျွန်ုပ်တို့သည် ကလေးသူငယ်များကို စောင့်ရှောက်ရပေမည်။ ငါသားမဟုတ် ၊  ငါတို့မြို့သားမဟုတ် ၊ ငါတို့လူမျိုးမဟုတ် ၊ ငါတို့နိုင်ငံက မဟုတ်ဟု ဆိုကာ မျက်နှာလွဲ၍ ရှောင်ထွက်မသွားသင့် ။ မြန်မာ့လွပ်လပ်ရေးကို ဖော်ထုပ်ပေးခဲ့သော ဗိုလ်ချုပ်အောင်သည်လည်း ကျွန်ုပ်တို့နှင့် ဘာမှ မတော်စပ်သည်ကို သင်တို့ သတိထားရပေမည်။ မြန်မာတိုင်းရင်းးသားတို့ ကမ္ဘာပေါ်တွင် အားမငယ် ၊ စိတ်ဓာတ်မကျအောင် လုပ်ဆောင်ပေးနေသော သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည်လည်း ကျွန်ုပ်တို့နှင့် ဘာမှ မတော်စပ်သည်ကို သတိထားရပေလိမ့်မည်။
ထို့ကြောင့် ကလေးသူငယ်များကို ကိုယ်နှင့် ဘာမှမတော်စပ်ဟုဆိုကာ ဥပေက္ခာ ပြုမထားသင့်ချေ ။
          ကျွန်ုပ်တို့သည် ကလေးသူငယ်များ၏ တင်ပြမှုကို အလေးအနက်ထား၍ ဆွေးနွေးသင့်သည်။ အကူညီ လိုအပ်နေသည့် ကလေးများကိုလည်း မိမိတတ်နိုင်သလောက် ကူညီရမည် ။ အကြံပေးသင့်က ပေးရမည်။ ထိုသို့မှသာလျှင် ကျွန်ုပ်တို့ ကမ္ဘာကြီးသည် ငြိမ်းချမ်းရေးအတိရနိုင်ပေလိမ့်မည်။
          ကျွန်ုပ်တို့ မြင်နေရသည့် ကလေးငယ်တို့သည်  ကျွန်ုပ်၏ စစ်တုရင်ထဲက ပွန်းကဲ့သို့ ကင်းဝင်ကာ ဘုရင်မကြီး မရနိုင်ဟု မည်သူပြောနိုင်ပါမည်နည်း။ သမ္မတ မဖြစ်ဘူးဟု မည်သူပြောနိုင်ပါမည်နည်း။ ပြည်သူလေးစားရသော ဆရာဝန်၊ စာရေးဆရာ့စသည် မဖြစ်နိုင်ဟု မည်သူပြောနိုင်ပါမည်နည်း။ ပြင်းထန်သော ခံစားချက်ရှိသောသူသည် ပေါက်ကွဲ ထွက်လွယ်သကဲ့သို့ ဆင်းရဲသောဘ၀ကို တေးမှတ်ကာ ကြိုးစားကျသောသူတို့ မည်သူ မအောင်မြင်ပဲ ရှိနိုင်လိမ့်မည်နည်း။
ကျွန်ုပ်သည် ထိုကလေးသူငယ်များကို တန်ဖိုးကြီးလာမည့် ကြာကြာ ထိန်းသိမ်းထားရမည့် ကျောက်ရိုင်းတုံးလေးများဟုသာ တင်စားချင်ပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့ တတ်အားသလောက်  ချို့တဲ့သည့် ကလေးများကို အားပေးကူညီ စောက်ရှောက်ကြပါဟု တိုက်တွန်းလိုက်ရပါသည်။

လေးစားစွာဖြင့်
မိန်နွေ
18/18/2013
ကလေးသူငယ်များကို ပြုစုပျိုးထောင်ပေးရာ ဘ.က ညောင်ပင်ကျောင်းကို နွားထိုးကြီးမြို့နယ်တွင် တည်ထောင်ထားပါသည်။ ထို့ကြောင့်စေတနာသဒ္ဓါတရားပေါက်၍ လှူဒါန်းခြင်ပါက အောက်ပါလင့်သို့ သွားရောက်ကာ ကြည့်ရှုလှူဒါန်းနိုင်ပါကြောင့်း အကူညီလိုအပ်ပါကလည်း ကျွန်ုပ်၏ G-gmail သို့ ဆက်သွယ်နိုင်ပါသည်။
မိန်နွေ---meinnwai@gmail.com
ဘ.က ညောင်ပင်ကျောင်းဝက်ဘ်ဆိုက်----ဒီနေရာကို နှိပ်၍ သွားရောက်ပေးပါ

Friday, February 15, 2013

ချစ်ခြင်းအလင်္ကာ

ဤ ချစ်ခြင်း အလင်္ကာခေါင်းစဉ်ဖြင့် ရွှေမြို့တော်ဆိုရှယ်ဝက်ဘ်ဆိုဒ်တွင် တတိယဆု ရရှိခဲ့သည်

တတိယဆုပြိုင်ပွဲဝင်အမှတ်စဉ်(၃)
မိန်နွေ

 (၁)
မြင်ပါသခင်      ရှင်မကြင်လည်း
သည်ရင်နုရွ      ကြေမွမွမို့
ကြွေလွအသည်း  မျက်ရည်ရွှဲနှင့်
မနည်းခေါင်းထူ    စိတ်အားယူကာ
ရင်မှာဝှက်ထား    ချစ်ပန်းများလျှင်
ချစ်ခြင်းလင်္ကာ     သီးကုံးကာ၍
မတွေ့သခင်        မမြင်ယောင်ဆောင်
မခေါ်တောင်မှ     ယုတ်စွအဆုံး
ဖတ်သုံးပေးပါ      ဤကဗျာကို။

(၂)
အိုကွယ်သခင်     မုန်းမာန်ဆင်၍
တမင်ထားရစ်     မေ့ပစ်လေလား
စိမ်းကားရက်စက်   အေးသက်အကြည့်
လမ်းတွေ့ဘိက      ရော်ရိဝမ်းမြောက်
သစ်ရွက်ခြောက်သည်   လေလျှောက်တိုင်းလွင့်
လေပင့်တိုင်းဝေး     ပမာပေးသို့
မယ့်သွေးပုံရိပ်        အွန်လိုင်းထိပ်ဝယ်
မြင်သိပ်ပါသော်      မျက်ဝန်းတော်ဖျောက်
ဂျီတော့အောက်၍   ဘာကြောင့်သခင်
ထွက်ပြေးချင်လည်း  မောင်ပဲဖြေပါ့။
( ၃ )
အိုကွယ်သခင်  သည်မေ့ရင်မှာ
တစ်ယောက်သာချစ်   နောင်နှစ်တရာ
ကမ္ဘာနောက်ထပ်   မမေ့ရက်ဘူး
အချစ်ဦးမို့   အရူးဆိုဆို
မူနွဲ့ပိုကာ   ပြောချင်ပါရဲ့  ။

( ၄ )
အိုကွယ်သခင်  ဘယ်ပြစ်မြင်ကာ
ရင်မှာစိုက်ပျိုး   အချစ်မျိုးကို
ရေချိုမလောင်း  ပေါင်းမသင်ပဲ
အမြစ်ဆွဲနှုတ်  ကိုင်းခက်ခုတ်၍
မီးဖုတ်သင်္ဂြိုလ်  ရှင်းထုတ်လိုနည်း ။

( ၅ )
သည်မယ်သခင် မကြင်လို၍
မတွေ့အောင်ရှောင် ခေါ်တောင်မထူး
ရှင်းပြဘူးပဲ        ရင်ထဲအဝေး
နှလုံးသွေးမှ       ထွက်ပြေးသွားလို့
မမြို့နာကျင်       မုန်းမည်ထင်က
မောင့်တွေးစများ တကယ်မှားလိမ့် ။

( ၆ )
နှလုံးသည်းပွက် အချစ်ဖျက်၍
အသက်ပင်သေ ထားရစ်လေလည်း
ရင်ထဲမမေ့       မမုန်းသွေ့ဘူး
နောက်ဦးတယောက်  အချစ်ရောက်ကာ
တွဲလာတွဲသွား    ရှိခဲ့ငြားလျှင်
မငြင်မငြို          စိတ်မယိုပဲ

မပြိုအချစ်        မေတ္တာစစ်နှင့်
ပြုံးလှစ်ပြကာ     ကြည့်နေပါအံ့ ။

( ၇ )
အမှန်စင်စစ်     အချစ်ဆိုသည်
နှစ်လီသူငါ       စိတ်ပါကိုယ်တူ
အမွှာဟူလို       နှစ်ကိုယ်တစ်စိတ်
အရိပ်လိုမျိုး       နှောင်ဖွဲ့တိုး၍
ပျော်မွေ့လွန်စွာ   ရှိကြပါမှ
ခေါ်ထအချစ်     မဟုတ်လစ်ရှင့် ။

( ၈ )
သခင်မချစ်   ရှင်ထားရစ်လည်း
တယောက်တည်းကျန် လွမ်းဆွေးလျှံကာ
ဘယ်ခါမမုန်း            အပြုံးမပျက်
သက်ဆုံးထက်လျှင်    သည်မယ့်ရင်မှ
တမ်းတမပစ်             တကယ်ချစ်၏ ။

( ၉ )

ထိုသို့အဖြစ်           ရှိခဲ့လစ်က
အချစ်မည်ကြောင်း   ရင်ခွင်လောင်းကာ
လင်္ကာချစ်ခြင်း        သီဖွဲ့လျဉ်း၍
ရင်တွင်းခံစား         ရေးခြစ်ထားသည်
စကားသစ္စာ           အမှန်သာတည်း။

Wednesday, February 6, 2013

မြန်မာနိုင်ငံနိုဗယ်ဆုရစာအုပ်များ



  1. အနာဂတ်မျက်လုံးရှင် (အောင်ခန်.)
  2. ကာလီဒေ၀ီ (အောင်ခန်.)
  3. လက်သုံးတော်ဓါး (အောင်ခန်.)
  4. နေဘုရားတော် (အောင်ခန်.)
  5. အမွေ အောင်သင်း
  6. သေကိန်းဆိုက်တဲ့ညနှင့်အခြားဝတ္တုတိုများ အောင်သင်း
  7. ဥာဏ်ပညာ ထက်မြက်သူတို.လက်စွဲ ချစ်နိုင် (စိတ်ပညာ)
  8. အနှစ်၃၀ ချစ်နိုင် (စိတ်ပညာ)
  9. သိပ္ပံမှသည် သစ္စာဆီသို. (ချစ်ငယ်)
  10. မဟာသေနာပတိ (ချစ်ဦးညို)
  11. လင်္ကာဒီပချစ်သူ (ချစ်ဦးညို)
  12. တွေးသူများ (ကိုတာ)
  13. ငယ်ကချစ်အနှစ်တစ်ရာ (ဒဂုန်ရွှေမျှား)
  14. စောရသက်ပြင်း (ဒဂုန်ရွှေမျှား)
  15. ညမဖတ်ရ (သို.မဟုတ်) သွေးစုပ်ရောဂါ (ဒဂုန်ရွှေမျှား)
  16. စိတ်ပြောင်းကိုခွာ (ဒဂုန်ရွှေမျှား)
  17. ထမင်းလုံး တစ္ဆေ (ဒဂုန်ရွှေမျှား)
  18. ဂြိုလ်မွေတဲ့ပန်းတဂေါင်း (ဒဂုန်ရွှေမျှား)
  19. ၀ိညာဉ်၏ အရိပ် (ဒဂုန်ရွှေမျှား)
  20. သင်္ဘောပျက် ခရီးသည် ခုနှစ်ယောက် (ဒဂုန်ရွှေမျှား)
  21. လက်မတင်ကလေး (ဒဂုန်ရွှေမျှား)
  22. သူယောင်ရုပ် (ဒဂုန်ရွှေမျှား)   
  23. ကမ္ဘာကို ကိုင်လှုပ်သူ (ဒဂုန်ရွှေမျှား)
  24. ငယ်ကချစ် အနှစ်တစ်ရာ (ဒဂုန်ရွှေမျှား)
  25. ရှက်ပြုံး (ချစ်စံဝင်း)
  26. မျက်ရည်စများနှင့်ရယ်သံ (ကျော်လှိုင်ဦး)
  27. ရဲဘော်သုံးကျိပ် (ကျော်ငြိမ်း)
  28. တော်ဖလာနှင့်စကားစမြည် (ကျော်ဝင်း)
  29. တော (လင်းဝေမြိုင်)
  30. မာန၏နောက်ဆွဲတွဲများ (လွန်ထားထား)       
  31. စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၁ (ဇင်သန်.)
  32. စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၂ (ဇင်သန်.)
  33. စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၃ (ဇင်သန်.)
  34. ဆင်းရဲသောဖေဖေ ချမ်းသာသောဖေဖေ (ညီသစ်)
  35. သူတို.အမြင်သူတို.အတွေး (ပါရဂူ)
  36. ကလေးပြဿနာ (ပါရဂူ)
  37. သူ.လိုဘုရင် (ပါရဂူ)
  38. လူသုံးကုန်ပစ္စည်းရောင်းသူများ (ဖေမြင့်)
  39. သေရွာပြန်တို.၏အဏ္ဏ၀ါခရီး (ဖိုးကျော.)
  40. ဆင်သင်္ချိုင်းရှာပုံတော်နှင့်အခြားဝတ္တုတိုများ (ဖိုးကျော.)
  41. ပင်လယ်ကျား၊အဏ္ဏ၀ါမီးစုန်းများနှင့်အခြားဝတ္တုတိုများ (ဖိုးကျော.)
  42. ညီမလေးရယ်စိုးရိမ်မိတယ် (တက္ကသိုလ် ဘုန်းနိုင်)
  43. တန်းခူးလေနှင့်လျော့တော့သည် (တက္ကသိုလ် ဘုန်းနိုင်)
  44. ၀သန်လေချိန်မှန်ကူး (တက္ကသိုလ် ဘုန်းနိုင်)
  45. ခေါင်းနှင့်ပန်း (ဖိုးဝမောင်)
  46. အေးချမ်းစေသော စကားလုံးလေးများ (ဖိုးဝမောင်)
  47. ဖြစ်တည်ခြင်း ပဓါန၀ါဒနှင့် လူသားပဓါန၀ါဒ (ဆန်းလွင်)
  48. ကမ္ဘာ.တွေးခေါ်ပညာရှင်ကြီးများ (ဆန်းလွင်)
  49. အချစ် လက္ခဏာ (စံ-ဇာဏီဘို)
  50. အချစ် ဗေဒင် (စံ-ဇာဏီဘို)
  51. မီးပြတိုက် (ဆောင်းဝင်းလတ်)
  52. နံနက် ၃နာရီ (ဆောင်းဝင်းလတ်)
  53. ဆူးကလေးစူးတယ် ခူးမယ် (ဆောင်းဝင်းလတ်)
  54. အမှတ်တရရွှေ ၆၀ (၀င်းငြိမ်း)
  55. အဖော် (ရှား)
  56. တသက်တာမှတ်တမ်းနှင့်အတွေးခေါ်များ (ရွှေဥဒေါင်း)
  57. မြတ်သက်မော် (ရွှေဥဒေါင်း)
  58. ခေါင်းတုံးပေါ်ထိပ်ကွက်(ရွှေဥဒေါင်း)
  59. ရတနာပုံ (ရွှေဥဒေါင်း)
  60. ခရီးထွက်ရန်စီစဉ်ကြခြင်း (ရွှေဥဒေါင်း)
  61. အနားသတ်သစ္စာ (စိုးမြတ်သူဇာ)
  62. ဘ၀တစ်ခုအမှတ်တရ (ဆွေမင်း၊ ဓနုဖြူ)
  63. လူညာကြီး (ဆွေဆွေအောင်)
  64. လွယ်အိပ်ကလေး (ဆွေဆွေအောင်)
  65. အရှေ.မြို.ရိုးမှ မိုးရေစက်များ (တာရာမင်းဝေ)
  66. မှော်ဆရာရဲ.ကျောင်းစာအုပ် (တာရာမင်းဝေ)
  67. ကောင်းကင်အကြွေကောက်တဲ့လက် (တာရာမင်းဝေ)
  68. ရွှေဖိနပ်မှာအစိမ်းရောင် (တာရာမင်းဝေ)
  69. ကိုယ့်လက်နဲ. ဖမ်းမိတဲ့နဂါးငွေ.တန်း (တာရာမင်းဝေ)
  70. ကိုးမရှိတဲ့ န၀င်း(တာရာမင်းဝေ)
  71. အထဲသို.၀င်လော့ ဘာကြောင့်ရပ်နေသနည်း (တာရာမင်းဝေ)
  72. ကျွန်တော်နှင့်ကြယ်မြင်လမြင်လောကဓံ (တာရာမင်းဝေ)
  73. ပြိုင်မြင်းတို.ရဲ့ခွာသံ (တာရာမင်းဝေ)
  74. ကျွန်တော်နှင့်ဧဒင်ကချေသည် (တာရာမင်းဝေ)
  75. ကျွန်တော်နှင့်ကြေးသွန်းယဉ်ကျေးမှု (တာရာမင်းဝေ)
  76. လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇ၀င်(တာရာမင်းဝေ)
  77. ချစ်သုံးလီ (သန်းဆွေ)
  78. ကျွန်တော့်ဘ၀အကြောင်း (သော်တာဆွေ)
  79. ဘရန်ဒီတစ်ပုလင်း (သော်တာဆွေ)
  80. ကျောက်ဖြုံးကျော်ကြီး (သော်တာဆွေ)
  81. အရှေ.ကနေ၀န်းထွက်သည့်ပမာ (သိန်းဖေမြင့်)
  82. မျိုးရိုးထဲမှ ဆိုးပေကြီးများ (သုမောင်)
  83. အစွမ်းထက်ဂါထာတော်များနှင့်ဂမ္ဘီရဖြစ်ရပ်ဆန်းများ (သုသုက)
  84. သုခ မှတ်စု
  85. ငလျင်ဗုံးကြဲခဲ့စဉ်ကနှင့်အခြားဝတ္တုတိုများ (ဦးလှဝင်း)
  86. ရွှေဘုံသာ လမ်းပေါ်မှာ (ဦးလှဝင်း)
  87. အာဇာနည် (ဦးနု)
  88. တာတေ စနေသား (ဦးနု)
  89. ဘ၀အကျဉ်းသား (ဦးရွှေအောင်)
  90. ၁၉၈၈-၂၀၀၂ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ထူးခြားမှုရက်စွဲမှတ်တမ်းများ
  91. HIV မှတ်စုများ ၂၀၀၄ (ဒေါက်တာသီဟ)
  92. ငါပြောချင်သမျှငါ့ကြောင်း (ဒေါက်တာသန်းထွန်း)
  93. ကဗျာများ (ဗိုလ်ချုပ်အောင်ဆန်း) *****
  94. ယောနသံ ဇင်ယော် (ဦးဘသန်း)
  95. မှတ်မိသမျှ ကိုအောင်ဆန်း၏ကျောင်းသားဘဝ
  96. ကိုဒေါင်း (မောင်ထင်)
  97. ရေဘုရင်မြေပြင်မှာတော့ (ကြည်သာ)
  98. သွေး (ဂျာနယ်ကျော် မမလေး) ***
  99. ဂျုလိယက်ဆီဆာ (မန်းတင်)
  100. ရှေးဘ၀ နောက်ဘ၀ ဗုဒ္ဓ မဝေဖန် နှင့် ဓမ္မစာစုများ (၀င်းသိန်းဦး)