သာသနာပြုခြေလှမ်းသစ်တွေ ထပ်မံ လှမ်းခဲ့မိသည်။ အညာမြေသို့
ဦးစွာရောက်ရှိခဲ့ခြင်းလည်း ဖြစ်သည်။ သာမန် ကြည့်မည်ဆိုလျှင်တော့
သာမန်အလုပ်ဟုပင် မြင်မိတက်ကြသည်။ သို့သော် ဒီလုပ်ငန်းသည် အင်မတန် မွန်မြတ်၍
စဉ်ဆက်မပြတ် ကြိုးစားနေမိပါသည်။
ခရီးစတင်ထွက်ခွါသည့်နေ့က ၃ ရက်နေ့ည၊ ၅ လပိုင်း၊ ၂၀၁၁ မှာပါ။
သွားရောက်ရမည့်နေရာက ငါန်းဇွန်းမြို့၊ ယခင် စစ်ကိုင်းတိုင်းအတွင်းကနေ ယခု
မန္တလေးတိုင်းတွင် ဖြစ်သည်။ အိမ်ခြေအားဖြင့် ၁၅၀၀၀ ကျော် တည်ရှိပြီး အများစု
ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ မိမိရပ်ရွာကို ကျေးဇူးဆပ်လိုစိတ်၊ ရဟန်းတစ်ပါး
အနေနှင့် စွမ်းနိုင်သည့်ဘက်က တာဝန်ယူလိုစိတ်ရှိတဲ့ နောင်တော် တစ်ပါးက
အကူအညီတောင်းခဲ့တာကြောင့် တနင်္ဂနွေနေ့တိုင်း ယဉ်ကျေးမှု သင်ကြားတဲ့
ကျောင်းလေးဖြစ်အောင် ထူထောင်ဖို့ပါ။ သာမန်ကြည့်ရင်တော့ အောက်ပြည်မှာ
သာသနာထွန်းကားပြီး အထက်မှ သာသနာမရှိလို့ ဒီလို သင်တန်းတွေ ဖွင့်ရတာလားလို့
မေးစရာ ရှိလာမယ်၊ ထင်လည်း ထင်နိုင်ပါသည်။ သို့သော် အထက် ဗမာပြည်က
ဗုဒ္ဓဘာသာတွေက အောက်မြန်မာပြည်ထက် ပို၍ သာလွန်သည်ဟု ဆိုချင်သည်။ အခြေခံ
ကျင့်ဝတ်တွေ၊ ယဉ်ကျေးမှု စည်းကမ်းတွေ၊ အထူးသဖြင့် ဘာသာရေး ယဉ်ကျေးမှု
စည်းကမ်းတွေ သာလွန်သည်ဟု ပြောချင်ပါသည်။ ဘာတွေလဲဆိုရင် သမဏာနဉ္စ ဒဿန
မင်္ဂလာကို ဖြည့်ကျင့်သည့်နေရာမှာ သာလွန်သည်ဂါရ၀တရား နိဝါတ တရားများလည်း
အပါအ၀င်ဖြစ်သည်။ ရဟန်းတော် သာမဏေတွေကို လူပုဂ္ဂိုလ်တွေက လမ်းမှာပင်
ဖြစ်လင့်ကစား ပြားပြားဝပ် ရိုသေတတ်တဲ့အလေ့၊ စိတ်ထဲမှာ
ကြည်ညိုလေးစားတာတွေကို ကာယကံ မြောက်အောင် ပြုလုပ်ပြတဲ့အလေ့က အတော်လေး
သာလွန်သည်။ ဘုန်းတော်ကြီးတွေရဲ့ ရပ်ရွာအပေါ် သြဇာ လွှမ်းမိုးမှုကလည်း
သာလွန်ပါသေးသည်၊ ကုသိုလ်ရေးကိစ္စ၊ အမျိုးသားရေးကိစ္စတို့အတွက် ရဟန်းတော်များ
နှိုးဆော်လိုက်လျှင် ချက်ခြင်းပင် လိုက်နာတက်သည့်အလေ့ကို မြင်စေချင်ပါသည်။
ထိုအလေ့မျိုး အောက်အကြေတွင် မြင်ဖို့ရန် ရှားပါးလာပြီ ဖြစ်သည်။
လူတိုင်းတွင် ကိုယ် ကိုးကွယ်သည့်ဘာသာ၊ ဘာသာရေးခေါင်းဆောင်၊
ထိုဘာသာနှင့်ပတ်သက်သော ယဉ်ကျေးမှုဆိုင်ရာ အမူစရိုက်တွေ ကိုယ်စီ ရှိကြသည်မှာ
မလွဲပါ။ သို့သော် မနောကံအားဖြင့်သာ ရှိကြပြီး ကာယကံ ၀စီကံအားဖြင့်
ထုတ်ဖေါ်တက်မှု၊ လက်တွေ့ လိုက်နာကျင့်သုံးမှုအပိုင်းသည် အောက်အကြေထက် အထက်
အညာသည် သာလွန်သည်ဟု အောက်သားပီပီ ချီးမွှမ်းလိုသည်။ ထိုအထဲတွင် ယခု
သင်တန်းအတွက် သွားရောက် အကူအညီပေးရမည့် ငါဇွန်းမြို့ အပါအ၀င်ဖြစ်သည်။
ထိုမြို့တွင် ၆ ရက်ကြာ နေထိုင်ပြီး ၄ ရက်တိုင်တိုင် ဆရာ/မ တို့ကို
ယဉ်ကျေးမှုဆိုင်ရာ သင်္ခန်းစာအတွက် မွန်းမံ ပို့ချပေးခဲ့သည်။ သာမန်
စာသင်နည်းစံနစ်မဟုတ်ဘဲ ယဉ်ကျေးမှု သင်္ခန်းစာတို့ကို
နိုင်ငံခြားသင်နည်းစံနစ်အတိုင်း ပို့ချဖို့ရန် ကြိုးစားပေးခဲ့သည်။
သံဃာတော်များရဲ့ ဦးဆောင်မှု၊ ရပ်ရွာလူထု၏ ရှိသင့်တာထက် ပိုတဲ့ ဘာသာရေး ၊
လူမျိုးရေးစိတ်ဓာတ်တို့ကြောင့် ထင်ထားသည်ထက် ပို၍ ထိရောက်ခဲ့သည်။
မြိုပေါ်ရှိ ဆရာ/ မ ၀န်ထမ်းအားလုံးနီးပါး လာရောက် လေ့လာကြသည်။
ဝိုင်းဝန်း၍ ပံ့ပိုးပေးကြသည်။ ပညာရေးရေးမှူး ကိုယ်တိုင်လည်း ဂုဏ်ယူ
ဝမ်းမြောက်နေသည်။ အထူးအားဖြင့် ငါန်းဇွန် မြို့ပေါ်တွင် မူစလင်
ဘာသာခြားများ၏ အန္တရာယ်ကို တွေးဆ မျှော်မြင်သူ များကြသည်။
လာရောက်၍ တက်ရောက်ကြသော ဆရာ/မတွေ ထဲတွင် ပုံပြင်အပြောကောင်းသူများ
ပါဝင်သည်။ စကားအပြောကောင်းသူများလည်း ရှိကြသည်။ အသံ သြဇာ ပြည့်ဝကြသော
သူများလည်း ပါဝင်ကြသည်။ အမျိုး ဘာသာ သာသနာအတွက် ရှေ့တန်းက မားမားမတ်မတ်
ရပ်ပြီး ရင်ဆိုင်ရဲတဲ့ သတ္တိ အပြည့်ရှိကြသည်။ ထိုသူတို့၏ တုံ့ပြန်မှုကို
ကြည့်၍ သိရှိခဲ့ရသည်။
မြို့ပေါ်တွင် ဘုန်းတော်ကြီးကျောင်းပေါင်း ၁၉ ကျောင်းရှိသည်။ တက်ရောက်သူ
ဆရာ/မ များ၏ တင်ပြချက်များအရ အခြားသော သာသနာရေးကိစ္စများ ဆောင်ရွက်သည်မှ
အပယခုလို ယဉ်ကျေးမှု သင်တန်းမျိုး ပို့ချပေးမှု မရှိဟု သိရှိရသည်။
သို့အတွက်ကြောင်းလည်း ရပ်ရွာထဲမှ မိသားစု တစ်စုက တူရာ သူငယ်ချင်း
အပေါင်းအသင်းတွေ စုပြီး နွေ ယဉ်ကျေးမှု သင်တန်းကလေး ဖွင့်လှစ်သည်မှာ ၃
နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။ သာသနာ့တာဝန် အမျိုးသားရေး တာဝန်ကို
ခွဲဝေယူခြင်းဖြစ်သည်။ ငါန်းဇွန် မြို့သူ မြို့သားများသည် ရိုးသား ဖြူစင်သော
စိတ်ဓါတ်ပိုင်ရှင်များ ဖြစ်ကြပြီး စီးပွါးရေးအားဖြင့် လယ်လုပ်ငန်း၊
ယာလုပ်ငန်းနှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်းကိုသာ
လုပ်ကိုင်ကြသည်။ ကျန်အရေအတွက်များမှာ ၀န်ထမ်းအများစု ဖြစ်ကြသည်။
ယခု သင်တန်းကို တက်ရောက်ကြသည့် ရည်ရွယ်ချက်သည်လည်း အင်မတန်
ကြီးမားလှသည်။ တာဝန်အရ မဟုတ်ကြဘဲ စိတ်ပါ ၀င်စားစွာ မပျက်မကွက်
တက်ရောက်ခြင်းသည် အမျိုးသားရေးစိတ်ဓာတ်ကို ဖေါ်ပြနေသလို ဖြစ်ပါသည်။
သို့သော်လည်း မြန်မာလူမျိုးပီပီ သည်းခံတက်ခြင်း၊ ရောင့်ရဲ လွယ်ခြင်း
တို့သည် ရန်သူနှင့် ယှဉ်လာလျှင် အရှုံးပြဖို့ရန် အချက်ပေးနေသလို ဖြစ်တက်သည်။
ပိုဆိုးသည်က စည်းလုံးမှု အားနည်းခြင်းပင် ဖြစ်ပါသည်။
ကိုက်တက်သည့်မြွေကို မနှိမ်နှင်းလျှင်၊ လောင်တက်သည့် မီးကို
မွှေးထားမိလျှင် သေတက်သည့် အဆိပ်ပင်ကို ရေလောင်းမိလျှင် မိမိနှင့်
သူတစ်ပါးအတွက် ပျက်စီးဖွယ်ရာများသာ ဖြစ်ပါသည်။ ယခုလည်း ငါန်းဇွန်မြို့တွင်
ကြားသိရသလောက်က မန္တလေးမြို့တွင် သံဃာထု၏ ကန့်ကွက်မှုကြောင့် မူစလင်
ကုလားများသည် နွားသတ်ချိန်ရောက်လျှင် ငါန်းဇွန်မြို့သို့ လာရောက်
သတ်ဖြတ်ကြသည်ဟု သိရသည်။ ထိုသို့သော လုပ်ရပ်များသည် ဗုဒ္ဓဘာသာဝင်များအတွက်
ရှက်ဖွယ်အတိ ဖြစ်သည်။ မိမိဘက်က ငြိမ်နေလျှင် သူ့ဘက်က ရောင့်တက် လာလိမ့်မည်။
အာဏာပိုင်အဖွဲ့အစည်းဖြင့် လုပ်၍ မရသည့် လုပ်ငန်းများကို တစ်ခါ တစ်ရံတွင်
ပတ်ဝန်းကျင် အားဖြင့် တွန်းလှန်ရသည်များလည်း ရှိသည်။ ထိုအချိန်များတွင်
စည်းလုံးဖို့ လိုအပ်သည်။ အကျင့်ဆိုးများ မိမိပတ်ဝန်းကျင်တွင်
ဖြစ်ပေါ်မလာအောင် သည်းခံမှု တွေ ဖြောက်ဖျက်ပစ်ရမည်။ ဒေါသတွေ ပွါးရမည်ဟု
မတိုက်တွန်းလိုပါ။
ငွေသည် လောကုတ္တရာရေးရာတွင် အသုံးမတည့်ပေမယ့် သံသရာမှာ လည်ရဦးမည့်
ပုထုဇဉ်တွေအတွက်တော့ ဘုရားတစ်ဆူလိုပါ ဆိုတာ သိစေချင်သည်။ ယခုလို
အကုသိုလ်လုပ်ငန်းတွေ ကိုယ့်နိုင်ငံမှာ လုပ်ခွင့်တွေ ရနေခြင်းသည်
ငွေနှင့်ပင်ဖြစ်သည်။ ယခုလို အကုသိုလ် လုပ်ငန်းတွေ ကိုယ့်အရပ်ဒေသမှာ
အခြေချခွင့် ရနေခြင်းသည်လည်း ငွေကြောင့်သာဖြစ်သည်။ ကိုယ့်လူမျိုးတွေ
ကိုယ့်ဘာသာတွေ နေရာ အနှံ့မှာ အနှိမ်ခံနေရခြင်းသည် ငွေမရှိ၍ မချမ်းသာ၍
ဖြစ်သည်။ သူတို့ ဘာသာဝင်တွေသည် ဘာသာရေးလုပ်ငန်းတွေ လုပ်ဆောင်ရန်၊
အမျိုးသားရေးလုပ်ငန်းတွေ ကူညီနိုင်ရန်အတွက် အမြဲတမ်း ၀င်ငွေမှနေ ၁၀ ရာနှုန်း
ပေးဝင်ရသည်။ ထို့ကြောင့် နှစ် အနည်းငယ်အတွင်းမှာပင် ကိုယ်ပိုင်နိုင်ငံ
ကိုယ်ပိုင်မြေမရှိကြဘဲ အိမ်ယာတွေကို နေရာကောင်းတွင် ပိုင်ဆိုင်နေကြသည်။
စီပွါးရေးလုပ်ပိုင်ခွင့်တွေလည်း ရရှိနေကြသည်။ ဘာသာေ၇းအဆောက်အဦများလည်း
တိုးချဲ့ တိုးချဲ၍သာ နေကြသည်။ လူမျိုးရေး ကျူးကျော်မှုတွေကလည်း
မျက်စေ့ရှေ့တွင်ပင် မြင်တွေနိုင်သည်။ အိန္ဒိယက ပါကစ္စတနနှင့် ဘင်္ဂလားဒေရှ်
နှစ်နိုင်ငံ ခွဲပေးလိုက်ရပုံကို လေ့လာကြည့်လျှင် သူတို့၏ ထိုးစစ်
တိုက်စစ်တွေကို သိသာနိုင်ပါသည်။ ဒါတွေ ဖြစ်ရခြင်းဟာ အိမ်ရှင်ဖြစ်သူတွေရဲ့
မေတ္တာ ကရုဏာတွေ ၊ ရောင့်ရဲလွယ်တက်မှုတွေ၊ စည်းလုံးမှု အားနည်းခြင်းတွေကို
သူတို့က အသုံးချပြီး အနိုင်ယူခြင်းဖြစ်သည်။
ကိုယ့်လူမျိုးဘက်က ပြိုင်ဘက်လို့ သဘောမထားချင်နေပါ၊ ကာကွယ်မှုတွေတော့
ရှိသင့်သည်။ အနိုင်မရချင်နေပါစေ၊ အရှုံးတော့ မပေါ်သင့်ပါ၊ ယခုတော့ -----
ရှိပါစေတော့လေ၊ အတိတ်တွေဆိုတာ ပြန် တွန်းဖယ်ပစ်လို့မရတော့ဘူး။
လက်ရှိကြုံတွေရသည့် ရင်ဆိုင်နေရသည့် ပစ္စုပ္ပါန်နဲ့ ကြုံတွေ့ရမည့်
အနာဂတ်ကာလာမှာ သင့်အနေဖြင့် ဘယ်လို အခန်းကဏ္ဍက ပါဝင် လှုပ်ရှားမလဲ ဆိုတာသာ
စဉ်းစားဖို့ ဖြစ်ပါသည်။
ငါန်းဇွန်မြို့ကို ရောက်စတုံးကတော့စာသင်ပေးဖို့ပဲ
ရည်ရွယ်ခဲ့ပါသည်။ စာသင်ဖို့ပဲ စဉ်းစားနေမိသည်။ တစ်နေ့
စတင်သင်ကြားပြီးသည့်နောက်ပိုင်းနှင့် ငါန်းဇွန်မြို့ရဲ့ အခြေအနေတွေကို
သိပြီးသည့် နောက်ပိုင်းတွင်တော့ ဆုံးဖြတ်ချက်တွေ ပြင်လိုက်သည်။
ငါန်းဇွန်မြို့၏ အဓိက လိုအပ်နေတာတွေကို သိရှိလိုက်သည်။ ဘာတွေ
လိုအပ်သလဲဆိုရင် စည်းရုံးမှု၊ ဦးဆောင်မှု၊ အမျိုးသားရေးစိတ်ဓာတ်၊ စသည်တို့
လိုအပ်နေသည်ကို သိရှိခဲ့သည်။ ထို့ကြောင့် မိမိ စာသင်ပေးသည့် ကျန် ၃
ရက်အတွင်းမှာ သူတို့ကို အလိမ်မာသုံး၍ စကားလုံးများကို နူးညံ့အောင်
ပြောခဲ့မိသလို တစ်ခါ တရံမှာ မိမိကို အထင်လွဲစေမယ့် စကားများ ဖြစ်လင့်ကစား
စကားလုံး အကြမ်းများ သုံး၍ နှုန်းခဲ့မိသည်။ ဥပမာ ခင်ဗျားတို့
သတ္တိမရှိကြဘူးလား၊ သွေး နည်းနေကြသလား၊ စသည်ဖြင့် မခံသာအောင် ပြောခဲ့မိသည်။
The Whole Progress of Burmese nation due only to Buddhism and The
decline of Buddhism is the downfall of Burmese nation. ဆိုသည့်
စာကြောင်းကို အသုံးပြုပြီးတော့လည်း နှိမ့်ချခဲ့သည်။ ပင်ကိုယ် ဓါတ်ခံ
ရှိကြတဲ့ ငါန်းဇွန် မြို့သူ မြို့သားများသည် မျက်စိပွင့် နားပွင့်
လွယ်ကြသည်။ ကွယ်ပျောက်နေတဲ့ စိတ်ဓတ်တွေ ပြန်လည်း ထွက်ပေါ်လာပြီ။
အနှစ်ချုပ် သင်ကြားခြင်း ပို့ချပေးခဲ့ခြင်းများကတော့
ရင်ဆိုင်နေရသည့် ပစ္စုပ္ပါန်ကာလနှင့် အနာဂတ် ငါးဇွန်မှာ သင့်အနေနှင့်
ဘာလုပ်ပေးနေသလဲ။ ဒီလောကကြီးအတွက် သင်ဘာလုပ်ပေးနေသလဲ၊ သင့်အတွက်
သင်လုပ်နေခြင်းဟာလည်း အများအတွက် ပါဝင်ပြီးသားဆိုတာလဲ သင်တို့ သိကြရဲ့လား၊
တနေ့နေ့ တစ်ချိန် သင့်ရပ်ရွာကို ထားခဲ့ရချိန်မှာရော ဘာတွေ ကျန်ခဲ့မလဲ၊
ဘာတွေ ထားခဲ့မှာလဲ ၊ လောကကြီးအတွက်၊ သင်မှီခိုခဲ့တဲ့ သင့်ဘာသာအတွက်၊
သင့်မျိုးဆက်အတွက်၊ သင့်အမျိုးသားတွေအတွက် ဘာတွေ ချန်ခဲ့မှာလဲ၊
လက်ပိုက်ကြည့်နေမယ်ဆိုရင် လူမပီသဘူး စသည်တို့ပဲ ဖြစ်ပါသည်။
သင်ကြားမှုအပိုင်းမှာတော့ သင်ရိုး စာအုပ်တွေနဲ့မို့ အထူးအထွေ
မရှိလှပါဘူး။ လိုအပ်တဲ့ စိတ်ဓာတ်မြှင့်တင်မှုပိုင်းဆိုင်ရာတွေပဲ
ပေးထားခဲ့ပါသည်။ ဘာတွေ ရလဒ် ထွက်ပေါ်ခဲ့သလဲဆိုရင် တနင်္ဂနွေကျောင်း နှစ်ပတ်လည်
ဖွင့်ဖို့အတွက် ဆရာ/မ အင်အား အလှည့်ကျ ဆောင်ရွက်ရန်အတွက် ၆၀ ခန့်
အတည်ပြုခဲ့ပြီးဖြစ်သည်။ ရပ်ရွာတွင် သတ္တ၀ါတွေ ကျမ်းမာပါစေ ချမ်းသာပါစေလို့
နှုတ်က တတွတ်တွတ်ရွတ်ယုံ၊ စိတ်က ပို့သရုံတင်မကတော့ဘဲ တကယ့် ကာယကံမြောက်
ပြုလုပ် ကယ်တင်နိုင်ဖို့အတွက် တစ်နေ့ ငါးဆယ်မျှသာ စုပြီး လက်တွေ
အကောင်အထည်ဖေါ်ဖို့အတွက် အသင်းဝင် အင်အား ၂၅၀ ကျော် စည်းရုံးနိုင်ခဲ့ပါသည်။
ထို ကာယကံမေတ္တာ အဖွဲ့မှပင် မိမိရပ်ရွာတွင် ပြုလုပ်စရာလိုအပ်သော
သင်တန်းများ၊ မိမိလူမျိုး မိမိဘာသာအတွက် တကယ် ထိရောက်မှုရှိသော လက်တွေ့
အကူအညီများ ပေးနိုင်ရေးအတွက် လုပ်ဆောင်ချက်များ၊ ဆူပူမှုမှ လွဲ၍ အခြား
မိမိလူမျိုး၊ မိမိဘာသာရပ်လုပ်ငန်းတိုင်းအတွက် ပြုလုပ်သင့်သော
နိုင်ငံ့အရေးများ အားလုံး ပြုလုပ်ကြမည် ဖြစ်ပါသည်။
အထက်အညာသို့ သွားရောက်ခဲ့ရသည်မှာ မှန်းချက်နှင့် နှမ်းထွက်
ကိုက်ရုံသာမက အားတက်ဖွယ်ရာများလည်း ရှိခဲ့သည်။ လမ်းတစ်လျှောက်
အလွန်သာယာသည်။ ခြောက်သွေ့သော ရာသီဥတု ဖြစ်လင့်ကစား ကံကောင်းစွာဖြင့်
အေးမြသည့် ရာသီဥတုကို တွေ့ခဲ့ရသည်၊။ ဧရာဝတီမြစ်၏ အလှအပကိုလည်း ကိုယ်တွေ့
ခံစားခွင့် ရခဲ့သည်။ မြစ်အလယ်သို့ ဆင်းနိုင်ခဲ့သည်။ နွေရာသီ ရေမရှိ၍
သောင်ထွန်းနေခိုက်မို့ ဖြစ်ပါသည်။ မန္တလေး မြို့အနှံ့ ဘုရားများလည်း
ဖူးမျှော်ခဲ့သည်။ သမိုင်းတွင်သည့် နေရာများသို့လည်း ရောက်ရှိခဲ့သည်။
လမ်းပမ်း အခက်အခဲများကြားမှ သူငယ်တော် တောရကျောင်းသို့ ရောက်အောင် သွား၍
လောကထွဋ်တင် စေတီတော်မြတ်ကိုလည်း ဖူးမျှော်ခဲ့သည်။ ဆရာတော်ထံတွင်လဲ သြ၀ါဒ
ခံယူခဲ့ရသည်။
အင်မတန် တန်ဖိုးရှိသော အခွင့်အရေးများလည်း ရရှိခဲ့သည်။
သင်တန်းမှတ်တမ်းများနှင့် အညာမှာ ရွာတဲ့မိုးကြောင့် စိုစွတ်နေသော
ကုန်းမြေများကိုလည်း မှတ်တမ်းတင်နိုင်ခဲ့သည်။ တနင်္ဂနွေကျောင်း
သာသနာပြုစီမံကိန်းကြောင့် မြန်မာပြည်အ၀ှမ်း ယဉ်ကျေးလိမ်မာသော ကလေးများ
ပေါ်ထွက်လာပြီး အနာဂတ်ကို လင်းလက်စေမယ့် ကြယ်ပွင့်လေးများ ပေါ်ထွန်းလာစေရန်
ရည်ရွယ်ခဲ့သော စိတ်ကူးများကိုလည်း အကောင်အထည်ဖေါ်ခွင့် ရရှိခဲ့ပါသည်။
အားလုံးသော သူငယ်ချင်းများနှင့် အလှူရှင်များအားလုံးလည်း ပီတီ
ဖြစ်နိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ ကိုယ်စိတ် နှစ်ဖြာ ကျမ်းမာ
ချမ်းသာကြလျှက် အမျိုး ဘာသာ သာနာအတွက် ထမ်းဆောင်နိုင်ကြသော
တာဝန်သိပုဂ္ဂိုလ်များ ဖြစ်ကြပါစေဟု ဆုတောင်းလိုက်ပါသည်။ သင်လည်း
ငါန်းဇွန်မြေမှာ မွေးဖွါးသူ ဖြစ်လျှင်၊ ဇာတိသွေး ဇာတိမာန်များ ပြသ
ဖေါ်ထုတ်နိုင်ပါစေ လို့လည်း ထပ်မံဆန္ဒ ပြုလိုက်ပါသည်။
ဘိက္ခုပဏ္ဍိ (လင်္ကာဒီပကျောင်းသား)
Tuesday, January 22, 2013
Home »
ငါန်းဇွန်မြို့နှင့်ပက်သက်သမျှ
» အောက်အကြေမှ အထက် အညာသို့ ခရီးတစ်ခေါက်
0 comments:
Post a Comment