Sunday, June 9, 2013

မော်ဇီလာ နှင့် ဂျီတော့တွင် မြန်မာဖောင့်ပြဿနာ



မော်ဇီလာဖိုင်းယားဖောက်တွင်လည်းကောင်း၊ ဂျီတော့တွင်လည်းကောင်း် မိမိရေးလိုက်သောစာတွင် မြန်မာဖောင့်က ဇော်ဂျီဖောင့် ရွေးထားသော်လည်း မြန်မာစာမပေါ်ပဲ
လေးထောင့်အတုံးလေးတွေ ပေါ်နေရင်  ပြုပြင်ဖို့နည်းလမ်းလေးတစ်ခုပါ။
ကျွန်တော်က နည်းပညာကို သင်ယူဖူးသူမဟုတ်ပါဘူး။ လေ့လာနေဆဲသာလျှင် ဖြစ်ပါတယ်။ ဒါကြောင့် တစ်ခြားနည်းလမ်းလေးများရှိခဲ့လျှင်လည်း ဝေမျှခဲ့ပါဦးလို့
×××××××××××××××××××××××××××××××××××××××××××××××
စကားတွေရှည်မနေတော့ပါဘူး ။ ပထမဆုံးလုပ်ရမှာက ကွန်ပျူတာရဲ့ ဘယ်ဘက်အောက်ခြေမှာရှိတဲ့ start ဆိုတဲ့ Iconလေးကို နှိပ်လိုက်ပါ။ အဲသည်ထက်မြန်ချင်
ရင်တော့ ကီးဘုတ်ကနေပြီးတော့ ၀င်းဒိုးကီးလေးကို တစ်ချက်နှိပ်လိုက်ပါ။ ဒီနေရာမှာ ၀င်းဒိုးကီးဆိုတာက  ( မသိသူများအတွက်သာ ) CtrL နဲ့ Alt ကြားထဲက

Key လေးပါ။ လေရှည်တာနဲ့ လိုရင်းကို မရောက်တော့ပါဘူး။ ( :P )
Start ကိုနှိပ်ပြီးတာနဲ့ ဒီလိုလေးပေါ်လာပါမယ်။
 အဲဒါကနေ Control Panel ဆိုတာလေးကို နှိပ်လိုက်ပါ ။ အဲသည်တော့ ဒီလိုလေးပေါ်လာပါတယ်။
အဲသည်ကနေ Network an Internet ဆိုတဲ့ အကွက်လေးကို နှိပ်လိုက်ပါ ။ ဒီလိုလေး ပေါ်လာပြန်ပါတယ် ။
ပြီးရင်  Internet Options ဆိုတဲ့အကွက်လေးထဲက

Change your homepage လေးကို နှိပ်လိုက်ပါဦး။ ပြိးရင် ဒီလိုလေး ပေါ်လာပါတယ်။
 အဲသည်ထဲက Fonts ဆိုတာလေးကို ရွေးပြီးနှိပ်လိုက်ပါ။
ပြီးတော့ ပေါ်လာတဲ့အကွက်လေးထဲကနေ Zawgyi one ဆိုတဲ့ ဖောင့်ကို ရွေးချယ်ပြိးနှိပ်လိုက်ပါ။
 ပြီးရင် OK ပေါ့။
သူငယ်ချင်းရဲ့ ဂျီတော့ခ်လေးနဲ့ ဖိုင်းယားဖောက်လေးကို ပြန်ကြည့်လိုက်ပါဥိး ။ ကဲ့မပြောဘူးလား ။ အဆင်ပြေသွားပြီလို့ ။။။
                                                                လေးစားစွာဖြင့်
                                                                   မိန်နွေ


အတိုဝေါဟာရ.......
1. Start  ( or ) window key
2. Control Panel
3.Network an Internet
4. Internet Options
5. Change your homepage
6. fonts
7. Zawgyi one
8. OK


0 comments:

Post a Comment