Sunday, June 9, 2013

စစ်မီးအမြန်ငြိမ်းပါစေ


 ကျည်သံ ဗုံးသံ
သေနတ်သံနှင့်
ဆဲသံဆိုသံ
အော်ငေါက်သံကြောင့်
မပြန်နေရပ်
စွန့်ခွါထွက်၍
ဤရပ်ဒေသ ရောက်ခဲ့၏။

ငါပိုင်ကျွဲနွား
မြေယာများနှင့်
သက်ထားကလျာ
ကြင်ယာနှင့်သား
သမီးများလည်း
သေကွဲလေလော
ရှင်ကွဲလောဟု
မနောစိတ်ထဲ
ဝေခွဲမရ
ပိုင်သမျှဝေး
စွန့်ခွါပြေးရင်း
ကြည်အေးဒေသ  ရောက်ခဲ့၏။
ဤသို့ဒုက္ခ
ဤဘယနှင့်
ဝမ်းကတစ်ထွာ
နှိုးဆော်တာကြောင့်
လက်မှာခွက်ထား
တောင်းရမ်းစားရင်း
သီချင်းတစ်ပုဒ်
ညဉ်း၍ထုတ်မည်
စစ်မီး အမြန်  ငြိမ်းပါစေ ။     ။

( ကသာရောက်အမှတ်တရ )

လေးစားစွာဖြင့်
မိန်နွေ
၁။၆။၂၀၁၃

0 comments:

Post a Comment