Sunday, June 9, 2013

((((( ဒီစာကိုဘယ်သူပစ်တာလဲ )))))



          ရွာဟုသာဆိုပေမယ့် သူ့မှာ နိုင်ငံတစ်ခုကဲ့သို့ သီးခြားအုပ်ချုပ်ခွင့်နှင့် သီးခြားဥပဒေရှိသည်။ ကမ္ဘာ၏ တောင်ဝင်ရိုးစွန်း ချောင်ကြိုချောင်ကြား၌ တည်ရှိသောကြောင့် သည်ရွာလေးက အခြားသောနိုင်ငံတို့၏ အုပ်ထိန်းမှုအောက်၌မရှိ။ သည်ရွူာလေးသည် အခြားသောလူများနှင့် ဝေးလွန်းသည် ။ ထို့အတူ ။ အခြားသောနိုင်ငံတို့နှင့်လည်း ဝေးလွန်းပါသည်။
          ( ၂ )
ကျေးရွာဥက္ကဌ ဦးထိန်တောက် စုတ်တသက်သက်ဖြင့် လက်ကိုနောက်ပစ်တာ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေသည်။ ဥက္ကဌ အကြံပေးမောင်ဖိုးချိုလည်း ဥက္ကဌကို ကြည့်ပြိး တစ်စုံတစ်ခုကို လေးလေးနက်နက် တွေးတောနေဟန်။ ကျန်သော အဖွဲ့ဝင်တို့ကတော့ ၀ိုင်းအလယ်တွင်ရှိသော ရေနွေးကြမ်းကို သောက်သူသောက်နှင့် သည်ပြဿနာ၏ အရင်းအမြစ်ကို အစရှာသူနှင့် ၊ ၀ါဒကွဲ၍ ငြင်းခုံသူနှင့် ယောက်ယက်ခက်နေကြသည်။
          ရွာသူရွာသားတွေကတော့ စည်းဝေးခန်းမထဲက အဖြစ်အပျက်တို့ကို ထိုင်ကြည့်နေကြသည်။

တစ်နေ့လုပ်တစ်နေ့စားဖြစ်သော အခြေခံလူတန်းစားများအဖို့ သည်ပြဿနာ၏ အဖြေကို သိရ၍လည်းကောင်း။ မသိရ၍လည်းကောင်း သူတို့အတွက် ထမင်းကျွေးမည့်အရာမဟုတ်သောကြောင့် လုံးဝ စိတ်မ၀င်စားပဲ မိမိတို့အလုပ်ကိုသာ လုပ်နေကြသည်။ အချို့ကလည်း သည်ပြဿနာသည် ရပ်ရွာ၏ ကောင်းကျိုးဆိုးကျိုးကို ထောက်ပြသည်သာလျှင် ဖြစ်သောကြောင့် အရေးမယူသင့်ဟု ပြောကြည်သည်။ အချို့ကလည်း ဥက္ကဌဦးထိန်တောက်နှင့် အဖွဲ့ဝင်လူကြီးများကို စော်ကားသည်ဟုဆိုကာ အရေးယူသင့်ကြောင်း ပြောကြည်သည်။
           ( ၃ )
          ` သည်ပြဿနာကို ဆက်ပြီး ဖြေရှင်းသင့် မဖြေရှင်းသင့် ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပါဦး ´
ဥက္ကဌ၏ စကားသံကို ကြားရတော့ အဖွဲ့ဝင်လူကြီးတွေ လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။ သည်တွင် ရွာအနောက်ဖျားတွင်နေသော ဦးမောင်စိုးက မတ်တပ်ရပ်ပြီ့း့
` သည်လိုရှိပါတယ်ဥက္ကဌ ၊ ကျွန်တော်တို့ရွာ အနေနဲ့ အခြားဂြိုလ်သားတွေနဲ့ ဆက်ဆံရေးပြေပြစ်ဖို့ ၊ စီးပွါးရေးကောင်းမွန်လာဖို့ လုပ်ဆောင်နေတဲ့အချိန်မှာ သည်လို ဥက္ကဌကြီးနဲ့ အဖွဲ့ဝင်တွေကို စော်ကားတဲ့ ဝေဖန်ရပ်တွေရောက်လာရင်  ထိထိရောက်ရောက်အရေးယူသင့်ပါတယ်။ ဘာကြောင့်လဲလို့ မေးရင် သည်လိုဝေဖန်ရှုပ်ချသံတွေက ဥက္ကဌကြီးနဲ့ ကျွန်တော်တို့ရဲ့ သြဇာ အာဏာဟာ ရွာသူရွာသားတွေအပေါ် မညောင်းဘူးဆိုတဲ့ အဓိပ္ပါယ် သက်ရောက်စေပါတယ်။ ဒီတော့ ကျွန်တော်တို့ရွာမှာ ရင်းနှီးမြုပ်နှံမယ့်    တစ်ခြားဂြိုလ်က စီးပွားရေးသမားတွေအနေနဲ့ သူတို့ရဲ့ စီးပွားရေးသက်ဆိုင်ရာ ဥပဒေတွေကို ယုံကြည်ရဲမှာ မဟုတ်တော့ဘူး။ မယုံကြည်ဘူးဆိုရင် သူတို့ မလာတော့ပါဘူး။ မလာရင် ဘာဖြစ်လဲ့။ အဲ့မလာရင် ကျွန်တော်တို့ရွာရဲ့ တိုးတက်မှုက ဒုန်ရင်းဒုန်ရင်းပဲဖြစ်နေမှာပါ။ ဒါကြောင့် ရွာသူရွာသားတွေကောင်းစားဖို့ သည်ပြဿနာက သေးငယ်တယ်လို့ ဆိုပေမယ့် ကျွန်တ်ာတို့ ဖြေရှင်းသင့်ပါတယ်။ စုံစမ်းစစ်ဆေးသင့်ပါတယ်။ ထိထိရောက်ရောက် အရေးယူသင့်ပါတယ့်´´
          ဦးမောင်စိုးက သူ၏ တင်ပြချက်အပြီးတွင် အဖွဲ့ဝင်လူကြီးတွေကို တစ်ချက်ကြည့်ကာ ထိုင်လိုက်သည်။
ရွာအရှေ့ဖျားက ဦးမိုးညိုကလည်း ချောင်းတစ်ချက်ဟန့်ကာ မတ်တပ်ရပ်သည်။ ပြီးနောက် အဖွဲ့ဝင်လူကြီးများနှင့် ဥက္ကဌကို အရိုအသေပြုကာ အောက်ပါအတိုင်းတင်ပြပြန်သည်။
          ` `ဒီလိုရှိပါတယ်ဥက္ကဌ  ။ ကျွန်တော်အမြင်ကို တင်ပြရရင် ဒီပြဿနာဟာလုံးဝ လုံးဝကို ဖြေရှင်းစရာမလိုဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ကျေးရွာလေးဟာ တခြားဂြိုလ်က နိုင်ငံကြီးများလို ခေတ်မီဖွံ့ဖြိုးဖို့ လုပ်ဆောင်နေတဲ့အချိန်မှာ သေးငယ်တဲ့ပြဿနာကို ဖြေဖျောက်ထားသင့်ပါတယ်။ လိုအပ်မှုတွေ အများကြိးရှိနေဆဲဖြစ်တဲ့ ကျွန်တော်တို့ရွာလေးဟာ တကယ်ဖြေရှင်းသင့်တဲ့ ပြဿနာကြီးတွေသာလျှင် အရင်ဦးစွာ ဖြေရှင်းသင့်ပါတယ်။ အဲလိုမှ မဟုတ်ပဲ တိုးတက်မှုဆိုင်ရာနဲ့ လုံးဝမပက်သက်ပဲ သေးငယ်တဲ့ပြဿနာကို အရင်ဖြေရှင်းဖို့ အစရှာနေကြမယ်ဆိုရင် ကျွန်တော်တို့ ခေါင်းဆောင်တွေဟာ မျှော်မြင်တွေးခေါ်မှု နည်းပါးတဲ့သူအဖြစ် ဒီရွာကကော၊ တခြားဂြိုလ်ကကော သတ်မှတ်ကြတော့မှာပါ။ ပြီးတော့ ဒီဝေဖန်စာဆိုတာကလည်း သူတို့မကျေနပ်လို့ ရင်ဖွင့်လာတယ်လို့ပဲ ယူသင့်ပါတယ်။ အုပ်ချုပ်သူတစ်ယောက်အနေနဲ့ ဒီရွာကို အုပ်ချုပ်နေတဲ့ ကာလအတွင်း ကိုယ့်ရဲ့သားကိုပဲဖြစ်ဖြစ်၊ ရွာသူ၊ ရွာသားထဲက ဘယ်သူပဲဖြစ်ဖြစ် ရင်သားကျောသား မခွဲခြားပဲ မျှမျှတတနဲ့ တန်းတူ ခံစားခွင့်တွေ ပေးသင့်တယ်မဟုတ်လား။ အဲလိုမှမဟုတ်ရင် ။ နှစ်ရှည်ကာလဆွဲထားတဲ့ ဥပဒေကို မရိုသေ၊ မလိုက်နာ၊နောက်ပစ်ထားရာလည်း ရောက်ပါတယ်။ ဘယ်သူက ဘယ်သူ့ရဲ့ ဆွေးမျိုးမို့လို့ ၊ ဘယ်သူက ဘယ်လုပ်ငန်းရှင်ကြီးမိုလို့ ဆိုပြီး တခြားသူတွေထက် ဥပဒေနေရာမှာ ခံစားခွင့်ပိုမပေးသင့်ပါဘူး ။ အားလုံးဟာ လူသားတွေဖြစ်နေလို့ ပြီးတော့ ကိုယ့်ရွာက ပေါက်ဖွားကြတဲ့ လူသားဖြစ်နေလို့ တန်းတူခံစားခွင့်တွေပေးသင့်ပါတယ်။ ကျွန်တော်တို့ ရေးစွဲခဲ့တဲ့ ဥပဒေက ဒီရွာမှာ မွေးဖွားတဲ့လူတွေကို ကာကွယ်ပေးဖို့ ၊ တိုးတက်ဖို့ ရေးစွဲထားတာပါ။ ဥပဒေနဲ့ငြိရင် ဘယ်သူမဆို ထိုက်သင့်တဲ့ ပစ်ဒဏ်တော့ ပေးရပါမယ်။
          အဲဒီတော့ ပစ်စာထဲကအတိုင်း ဒီလူတွေဟာ ဥပဒေကို စည်းဖောက်သလား၊ စည်းမဖောက်ဘူးလားဆိုတာ အရင်စုံစမ်းသင့်ပါတယ်။ တကယ်ပဲ စည်းဖောက်တယ်ဆိုရင်တော့ ဘယ်သူပဲဖြစ်ဖြစ် ထိုက်သင့်တဲ့ ပြစ်ဒဏ်တော့ ပေးသင့်ပါတယ်။ အဲဒီလို မစုံစမ်းပဲ စာပစ်တဲ့သူကိုသာလျှင် အပြစ်ပေးဖို့ လိုက်ပြီးစုံစမ်းနေမယ်ဆိုရင် ကျွန်တော်တို့လုပ်ငန်းဟာ အလကားနေအလကား အချိန်တွေ၊ ငွေတွေကုန်ဦးမှာပါ။ ဒါကြောင့် ရပ်ရွာအတွက် အကျိုးရှိရာကိုပဲ ဦးတိုက်လုပ်ဆောင်ကြပါလို့ ကျွန်တော်တင်ပြချင်ပါတယ်´´
           ဦးမိုးညိုက သူ၏တင်ပြချက်အပြီးတွင် သူ၏နေရာသို့ထိုင်လိုက်သည်။ ထိုအခါ ရွာအနောက်ဖျားတွင်နေသော ဦးမောင်စိုးက သူနှင့်ဆန့်ကျင်ဘက်ကို တင်ပြရမလားဟု စိတ်ဆိုးဒေါသထွက်ကာ ဦးမိုးညိုကို မျက်စောင်းထိုး၍ ကြည့်သည်။ ပြီးနောက် ပါးစပ်မှလည်း ပွစိပွစိပြောကာ တစ်ဖက်သို့ လှည့်သွားသည်။ ဦးမိုးညိုကတော့ ဦးမောင်စိုး၏ ပုံစံကို မြင်ပေမယ့် မသိယောင်ဆောင်နေလိုက်သည်။
          ( ၄ )
အချေအတင် ဆွေးနွေးကြပြီးသည်၏ နောက်တွင် သည်ပစ်စာကို ပစ်သောသူကို ဥပဒေအရ အရေးယူသင့် ၊ မယူသင့် မဆုံးဖြတ်နိုင်ကြသေး။ ထို့ကြောင့် ရပ်ရွာ၏ ဒီမိုကရေစီနည်းလမ်းအရ မဲခွဲ  ၍ ဆုံးဖြတ်ကြသည်။ မဲခွဲရွာတွင် ရေးယူသင့်သည်ဆိုသည့်ဘက်က မဲအရေအတွက်( ၇ ) မဲ။ အရေးမယူသင့်ဆိုသည့်ဘက်က မဲအရေအတွက် ( ၃ )မဲ ။ ကြားနေမဲ ( ၅ )မဲဖြင့် အရေးယူသင့်သည် ဆိုသည့်ဘက်က အနိုင်ရရှိသွားသည် ။
          ( ၅ )
ဥက္ကဋ္ဌအကြံပေး ဦးဖိုးချို ဒေါသထွက်နေသည်။ ထို့ကြောင့် ဇနီးဖြစ်တဲ့ ဒေါ်သုံလည်း သားသမီးတွေနဲ့အတူ အရင်လို မဆူညံရဲ။ ဦးဖိုချို၏ မျက်နှာကိုကြည့်၍ ငြိမ်သက်စွာ နေနေကြသည်။ ကြာသော့် ဒေါ်သုံစိတ်ထဲ မရိုးမရွဖြစ်လာသည်။ ဘယ်လို ပြဿနာတွေဖြစ်လာလို့ ဒေါသထွက်နေသည်ဆိုတာ သိရမှဖြစ်မည်။ ယင်းသို့ မဟုတ်လျှင် သူမနှင့် သားသမီးများ နေရထိုင်ရ ခက်သည်မဟုတ်ပါလား။ ထို့ကြောင့် ဒေါ်သုံ ရှိသမျှ သတ္တိတို့ကို စုစည်းကာ ဦးဖိုးချိုအား မေးတော့သည်။
          `` တော်ကလည်း ၊ ဘယ်လိုပြဿနာဖြစ်လို့ ဒေါသတွေ ထွက်နေရတာတုန်းတော့။ ကျမတို့ကိုလည်း ပြောမှပေါ့ ။ ရှင်က မှုန်သုန်ပြီးနေတော့ ကျမတို့ အနေခက်သားလား ´´
`` အေး ၊ ဒီကလည်း ပြောချင်နေတာ ။ ဘယ်နဲ့ကွာ ပစ်စာလေးကို ဖတ်ပြီးစည်းဝေးတက်ခိုင်းရတယ်လို့ ။ ပြီးတော့ ပစ်စာပစ်တဲ့သူကို ဥပဒေအရ အရေးယူသင့် ၊ မယူသင့်တဲ့ ။ ပစ်စာကို ပစ်တဲ့လူကို အရေးယူစရာလိုလား။ အဲဒီစာထဲကအတိုင်း ဟုတ်မဟုတ် သေချာစုံစမ်းပြီး ကျူးလွန်သူကို အပြစ်ပေးပါတော့လား´´
`` နေပါဦး ၊ အများသဘောဆန္ဒအရ မဲခွဲ မဆုံးဖြတ်ကြဘူးလား ´´
`` ခွဲပါ့၊ ခွဲပါ့ဗျာ ။ ဒီကြားထဲ ငနဲ( ၅ )ကောင်က ရွာသူရွာသားတွေ ကျွေးတဲ့ထမင်းကို စားပြီး ကြားနေမဲ လုပ်လိုက်သေးတယ်။ သူတို့ကို အဖွဲဝင်အဖြစ်ရွေးတာ ဆုံးဖြတ်ချက် ချအောင်လို့ ။ ခုတော့ ဟိုဘက်လည်း မဟုတ်။ ဒီဘက်လည်းမဟုတ်။ သူတို့ကို ထမင်းတောင် အလကားကျွေးထားသလိုဖြစ်နေပြီ´´
`` ပစ်စာပစ်တဲ့လူကို အရေးယူတော့ ဘာတွေထူးခြားလာမှာမို့လည်း ´´
`` အေးပေါ့ကွ။ အဲဒါကြောင့်ပြောတာပေါ့ ။ပစ်စာပစ်တယ်ဆိုတာ လူတစ်ယောက် ဥပဒေတစ်ခုခုကို ကျူးလွန်လို့။ ပြိးတော့ ခေါင်းဆောင်ပိုင်းတွေ မဟုတ်တာလုပ်နေလို့ အသိပေးတာပဲ။ အဲလို အသိပေးတဲ့လူကို အရေးယူမယ်ဆိုတော့ တို့ရွာကြီးဘယ်တော့ တိုးတက်မလဲ။ မီဒီယာသမားတွေလည်း တွန့်ကုန်ကြမယ်။ ပစ်စာထဲကအတိုင်း သူပြောတဲ့ သူတွေက တကယ်ပဲ ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ဖောက်ပြန်သလားဆိုတာ စုံစမ်းစစ်ဆးပြိး အရေးယူသင့်တယ်။ ခုတော့ ပြောင်းပြန်တွေဖြစ်ကုန်ပြီ´´
`` နို့ ၊ နေပါဦး။ ရှင်က မဲခွဲတော့ကော ဘယ်ဘက်ကနေခဲ့တာလဲ´´
`` ပစ်စာပစ်တဲ့သူကို အရေးမယူသင့်ဆိုတဲ့ ဘက်ကလေ´´
``ပစ်စာက တော်တော်ကို ထိခိုက်စေလို့လား´´
``အေး ။ ငါဖတ်ပြမယ် ။ မင်း  နားထောင် ´´
          ဦးဖိုးချိုက အပြာရောင်ဖိုင်တွဲထဲက စာရွက်တစ်ရွက်ကို ဆွဲထုတ်လိုက်သည်။ ပြီးနောက် ပါဝါ ( ၃၀၀)ပါသည့် မျက်မှန်ထူထူထည်းထည်းကြိးကို စွပ်ကာ အောက်ပါအတိုင်း ဖတ်ပြလိုက်သည်။
                   သို့
ဥက္ကဋ္ဌ
လူတစ်ချို့ ကျွဲနွား မကျောင်းရဆိုတဲ့ သောက်ရေကန်ဘေးမှာ ကျွဲနွားတွေ ကျောင်းနေသည်ကို တွေ့နေရပါသည်။ ထို့ကြောင့် ရပ်ရွာ၏ စည်းမျဉ်းကို ဖောက်ဖျက်သော သူတို့အား ထိထိရောက်ရောက် အရေးယူပေးပါရန်။ ကျွဲနွားကျောင်းသော သူတို့မှာလည်း တခြားသူမဟုတ်။ ဥက္ကဋ္ဌကြီးနှင့် အဖွဲ့ဝင်လူကြီးတစ်ချို့၏ ဆွေမျိုးများဖြစ်ပါသည်။
                                                                                                   ပုံ။    *  * * * *

`` အဲမှာ နာမည်စာ မပါဘူးလားတော့ ´´
`` ပါပါ့ဗျာ။ နာမည်က (  ဂ ၀ိဇာယုတ် )  တဲ့ နာမည်က ဘယ်လိုမှန်းမသိပါဘူး´´
 `` နေပါဦး  ။ အဲဒီစာကို ကျမ ဖတ်ဖူးသလိုပဲ ။ အော့် မနက်က ရှင့်အံဆွဲ့´´
``အာ့ ဒီမိန်းမ ဘာမှမသိပဲ ။ သောက်ရမ်းပြောတော့မယ် ။ သွား သွား ငါ့ရှေ့က ထွက်သွားစမ်း ´´
           ဦးဖိုးချိုက ဒေါသတကြိး အော်ငေါက်တော့ ဒေါ်သုံခမျာ မနေရဲ။ နောက်ဖေးက မီးဖိုချောင်ထဲတွင် ငူငူကြီး ထိုင်ကာ မှိုင်နေလေတော့သည်။

The End
လေးစားစွာဖြင့်
မိန်နွေ
( ရေးပြီးသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း အလုပ်မအားသည်ကြောင့် ယခုမှ တင်လိုက်ရပါသည်)
၅ - ၁၁ - ၂၀၁၃
 ၁း ၁၅း၀၀( နေ့)

0 comments:

Post a Comment