Tuesday, August 20, 2013

(( မထွေးအသား ခါးလှတယ် ))


မထွေးမပါတို့ချည်းသာ ၀တ္ထုတိုမှ့အဆက် 
  
 ကျွန်တော်တို့အဖွဲ့လေးမှာ ယခုအချိန်ထိ နာမည်မပေးရသေးချေ။ တိုင်းရင်းသားမျိုးနွယ်စုများနှင့် တိုင်းရင်းသားတို့ ကိုးကွယ်ယုံကြည်သော ဘာသာကို အချင်းချင်း ရိုင်းပင်းကူညီဖို့ ၊ မြန်မာတိုင်းရင်းသားများ
မျိုးသုဉ်းမပျောက်ကွယ်ဖို့ ။ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု မတိမ်ကော မကွယ်ပျောက်ဖို့စသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းဝန်းအတွင်း လိုက်လံစည်းရုံးသည်မှာ တစ်လခန့်ပင်ရှိသေးသော်လည်း

အဖွဲ့ဝင်များက
ကိုးဆယ်ပင်ကျော်နေချေပြီ ။ ဟိုတစ်နေ့က ချင်းလူမျိုး သူငယ်ချင်းတစ်ယောက်ကအဖွဲ့ဝင်များကို ကဒ်ပြားလေးတွေ လုပ်ပေးထားသင့်တယ် ဟု အကြံပြုရာ အားလုံးက ၀ိုင်းဝန်းထောက်ခံသောကြောင့် ကျွန်တော့်မှာ
အခက်ကြီး ကြုံခဲ့ရပြန်သေးသည်။  အကြောင်းမူ့ အဖွဲ့ဝင်ကဒ်ပြားလုပ်ဆောင်ဖို့ရာ အရင်ကတည်းက အတွေးရှိနေပါသော်လည်း မိမိလက်ထဲတွင်ရှိသော ရန်ပုံငွေ ငါးသိန်းက စည်းရုံးဟောပြောရာတွင် အသုံးပြုပြီးဖြစ်သော
ကြောင့် လက်ကျန်ငွေ အချို့နှင့် အသင်းဝင်ကဒ်လုပ်ဖို့ရာ မလုံလောက်သေး။ ထိုပြဿနာကို အဖွဲ့ဝင်များအား တင်ပြရာ မွန်လူမျိုး ကောင်မလေးတစ်ယောက်က အဖွဲ့ဝင်တွေကို တစ်ယောက်ငါးရာ ကောက်ခံဖို့ အကြံပြု
သည်။ ထိုအကြံကိုလည်း အားလုံးက ထောက်ခံကြသဖြင့် လိုက်လံကောက်ခံလေ၏။
    ထိုအချိန်တွင် မုန့်ဟင်းခါးသည် အဒေါ်တစ်ယောက်ရောက်လာရာ ကျွန်တော့်အား ပါဆယ်တစ်ထုပ်ပေးကာ နှုတ်မှလည်း ( ကောင်မလေး ချောချောလေးတစ်ယောက်က ပေးခိုင်းတာ ) ဟု ပြောပြီး ချက်ချင်းပြန်
သွားလေသည်။ကျွန်တော့်မှာ ယင်းပါဆယ်ကို ကြည့်၍ ဝေခွဲမရ ဖြစ်ရပြန်သည်။ မိတ်ဆွေ အဖွဲ့ဝင်များက ထုတ်ကြည့်ရန်တိုက်တွန်းသောကြောင့် မိတ်ဆွေများရှေ့တွင်ပင် ဖွင့်ကြည့်ရာ ပါဆယ်ထဲမှ စာတစ်ဆောင်နှင့် ငွေ
တစ်ထုပ်ပါလာသည်။ ငွေကို ဂရုမစိုက်အားပဲ စာကို ဖောက်ဖက်ရာ ( အဖွဲ့ဝင်ကဒ်အတွက် ရံပုံငွေ ခုနှစ်သိန်း ) ဟူ၍သာလျှင် ရေးထားချေ၏ ။ အောက်တွင် နာမည်မပါ။ မည်သူက ပေးပို့လိုက်သည် မသိ။ ငွေလိုသည်ကို
ယခုမှ ပြောလိုက်ခြင်းဖြစ်ရာ လှူမည့်သူက ချက်ချင်းရောက်လာသည်။ ဟိုတစ်ခါက မော်ကွန်းထိန်းကြီး ပေးသကဲ့သို့ လှူသည့်သူက အမည်မဖော်။ ထိုသူကား မည်သူနည်း ။ အဘယ့်ကြောင့် နာမည်မတပ်သနည်း။ ကျွန်တော်
စဉ်းစားသည် ။ မရ ။ မထွေးများဖြစ်နေမလာ့း့ဟု တွေးကြည့်သည်။ မဖြစ်နိုင် ။ သူ့အကြောင်းဘာမှ မကြားရ ။ အော့် တစ်ချိန်တွင် ပြန်တွေ့နိုင်လိမ့်မည်ဟုတော့ ယုံကြည်နေမိပြန်သေးသည်။ ဟုတ်သည်။ ပြန်တွေ့နိုင်
သည်။
    ( မိန်နွေ့ နောက်ဆုံးတစ်ယောက်ပဲ ကျန်တော့တယ် ၊ ကြေညာလေ )
စိုင်းသူရက သတိပေးတော့မှ ကျွန်တော် သတိဝင်လာသည်။ သြော့် ကျွန်တော် တွေးနေခြင်းပါပကော ။ ဟိုတစ်နေ့က ပဟေဠိဆန်တဲ့ အကြောင်းကို ပြန်တွေးနေခြင်းသာ ။ ကျွန်တော် အဖွဲ့သားတွေကို တစ်ချက်လှမ်း
ကြည့်လိုက်သည်။ လည်ပင်းတွင် ဆွဲထားသော အဖွဲ့ဝင်ကဒ်ပြားလေးတွေက လေထဲတွင်လွင့်လို့ ။ ဒါပေမယ့် အဖွဲ့ဝင်နာမည်သာပါပြီး အဖွဲ့နာမည် မပါသေးချေ။
    တစ်ခုပြောရမည်မှာ ကျန်နေခဲ့ပြန်သည်။ ယခု ကျွန်တော်တို့က အဖွဲ့ဝင်တွေခေါ်ပြီး မဲကျရာစနစ်ဖြင့် မတ်တပ်ရပ်ပြီး စကားပြောရမည်ဖြစ်သည်။ ဦးစိန်သောင်း၏ ကန်တင်းနှင့် ခပ်ဝေးဝေး မျက်စောင်းထိုးရှိရာ
ပိတောက်ပင်၏ အောက်တွင် စုဝေးနေကြခြင်းဖြစ်သည်။ တစ်ပတ်တစ်ခါ ကျင်းပမြဲဖြစ်ရာ တစ်ကြိမ်ကျင်းပလျှင် ငါးယောက် စကားပြောရခြင်းဖြစ်သည်။ ယခု လေးယောက် ပြီးသွားချေပြီ ။ နောက်ဆုံး တစ်ယောက်ကို မဲနှိုက်
ရာတွင် ကချင်တိုင်းရင်းသူလေး ဒိုင်ယာနာ မဲကျ၏။
    ဒိုင်ယာနာက လူအများကြား စကားပြောရမည်မှာ မ၀ံ့မရဲဖြစ်နေဟန်တူသည်။
( ကြွပါ ဒိုင်ယာနာ ၊ ကံထူးသူဖြစ်လို့ စကားပြောခွင့်ရတာ ရှက်ရွံ့စရာ မဟုတ်ပါဘူး။ ဒီအဖွဲ့နဲ့ပက်သက်ပြီး ကိုယ့်ရဲ့စိတ်ထဲက ခံစားမှုနဲ့ ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ် ။ အားလုံးက သူငယ်ချင်းတွေချည်းပဲ ။ ကြောက်
စရာမရှိပါဘူး )
    ဟု ကျွန်တော်က အားပေးလိုက်သည်။ ဒိုင်ယာနာက ထိုင်ရာမှ ထလိုက်ပြိး လူတွေရဲ့ရှေ့ကို က္ကုနြေ္ဒရရ လျှောက်လာသည်။ ပြီးနောက် မိတ်ဆွေ သူငယ်ချင်းများဘက်သို့ လှည့်လိုက်ပြီ့း့
( မင်္ဂလာပါရှင် ။ ကျမက ကချင်တိုင်းရင်းသူလေး ဒိုင်ယာနာဖြစ်ပါတယ်ရှင် ။ အခုလို မဲကျရာ စကားပြောခွင့်ရတဲ့အတွက် ဘုရားသခင်နဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင် )
    ဒိုင်ယာနာက ကြောက်သည်ဟုသာ ဆိုသည်။ သူမမိတ်ဆက်လိုက်သည်ကတော့ ဖြောင့်လို့ ။ သူမ၏ စကားအဆုံးတွင် သူငယ်ချင်းပရိတ်သတ်တို့က အားပါးတရ လက်ခုပ်တီးကြသည်။ ထို့နောက်တွင်ကား
ဒိုင်ယာနာက အောက်ပါအတိုင်း ပြောဆို ဆွေးနွေးရင်ဖွင့်တော့၏ ။
    ( ကျမ ဒီအဖွဲ့နဲ့ ပတ်သက်လို့ ဆွေးနွေးရင်ဖွင့်ရရင်တော့ ကျမရဲ့ ဖြစ်တည်ပုံဘ၀လေးကိုပါ တပါးတည်း ပြောမှ ပြီးပြည့်စုံမယ်ထင်ပါတယ် ၊ ဘာကြောင့်လို့လဲဆိုတော့ ကျမရဲ့ ဘ၀က ဒီအဖွဲ့လေးနဲ့ ဆက်နွယ်
မှု ရှိနေလို့ပါ ၊ ကျမ ဘ၀နာလို့ပါ )
    ဒိုင်ယာနာက ဆက်မပြောသေးပဲ ပရိတ်သတ်တွေကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ နောက်ဆုံးစကားလုံးကို ပြောရာတွင် အသံက တိမ်ဝင်သွားသောကြောင့်လော မသိ။ အားလုံးက သူမပြောမည့်စကားကို
ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။
    ( ကျမတို့ မိသားစုမှာ မာမားရယ် ၊ ပါပါးရယ် အပါအ၀င် အစ်ကိုတစ်ယောက် ၊ မောင်လေးတစ်ယောက် ပြီးတော့ ကျမရယ် ငါးယောက်ရှိပါတယ် ။ အင်မတန်ပျော်စရာကောင်းတဲ့ မိသားစုလေးကို ဘုရားသခင်က
ဖားကန့်နယ်မြေဒေသမှာ ဖန်ဆင်းပေးခဲ့ပါတယ် ။ ကျမအဖေက ၀ါဝါ၀င့်းကျောက်မျက်ကုမ္ပဏီကို ဦးဆောင်လုပ်ကိုင်နေတဲ့ လူကြီးလူကောင်းတစ်ယောက်ပါ ။ ဖားကန့်မှာ ကျမတို့ရဲ့ဘိုးဘွားပိုင် ကျောက်တွင်းတွေ တော်
တော်များများ ရှိပါတယ်။ စီးပွါးရေးကဏ္ဍနဲ့ မိသားစုလေးမှာ ကျမအတွက် ဘယ်တော့မှ မမေ့နိုင်တဲ့ ဘ၀လေးတစ်ခုပိုင်ဆိုင်ခဲ့ပေမယ့် တကယ်တန်းအပြင်လက်တွေ့ဘ၀မှာတော့ ကျမ ဘုရားသခင်ဖန်ဆင်းပေးတဲ့ လူသား
တွေထဲမှာ ကံအဆိုးဆုံးလို့ပဲ ထင်မိပါတယ်)
    ( ကျမ မှတ်မိပါသေးတယ် ။ အဲဒီတုန်းက ကျမ တတိယတန်း ဖြေတဲ့နှစ်မှာပါ ။ ကျမတို့ ဖားကန့်တနယ်လုံး ပညာရည်ချွန်ဆု ရွေးချယ်တဲ့ ပွဲမှာ ကျမ ပထမရခဲ့ပါတယ် ။ ဒါပေမယ့့် )
ဒိုင်ယာနာ အသံက တိမ်ဝင်သွားသည်။ ရှိုက်သံနှင့်ရောထွေးသွားသော သူမအသံကြောင့် ပ၇ိတ်သတ်တွေ ပိုပြီး စိတ်ဝင်စားလာသည်။
    ( ဒါပေမယ့် ၊ ကျမ အဲဒီဆုကို မရခဲ့ပါဘူး ။ ပထမရခဲ့ပေမယ့် ဆုမရခဲ့ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ကျမက ဗုဒ္ဒွဘာသာမဟုတ်ပဲ ခရစ်ယာန်ဖြစ်နေလို့တဲ့လေ။ ပရိတ်သတ်ကြီး စဉ်းစားကြည့်ကြပါ။ ကျမတို့
ခရစ်ယာန်တွေဟာ တစ်ခြား အစ္စလာမ်၊ ဟိန္ဒူတွေလို ဒီမြန်မာနိုင်ငံထဲမှာ အခိုင်းအစေလုပ်ဖို့ တစ်ခြားနိုင်ငံက ခေါ်လာခဲ့တာမဟုတ်ပါဘူး ။ ပြီးတော့ ရိုဟင်ဂျာတွေလို တစ်ဖက်နိုင်ငံက ခိုးဝင်လာခဲ့တာမဟုတ်ပါဘူး ။ ကျမတို့
ခရစ်ယာန်တွေက မြန်မာတိုင်းရင်းသားတွေပါ။ ကျမက ကချင်လူမျိုးပါ ။ ကိုယ့်လူမျိုးအချင်းချင်းဖြစ်ပြီး ပထမရရဲ့နဲ့ ပညာရည်ချွန်ဆုမရတာ ကျမတော်တော်လေးကို ရင်နာပါတယ်။ ကျမတို့ တိုင်းရင်းသားလူမျိုးတွေဘက်က
စဉ်းစားပေးကြည့်ပါ။ ကျမတို့ တခြားသူတွေထက် အခွင့်အရေးပိုမရခဲ့ပါဘူး ။ တန်းတူလည်း မခံစားခဲ့ရပါဘူး ။ ဒါ့ကျမတို့ တိုင်းရင်းသားတွေ အမြဲလိုလို ဆုံးရှုံးခဲ့ရတဲ့ အခွင့်ရေးပါ။ ကျမကို ပညာသင်ပေးတယ်ဆိုပေမယ့်
အဲဒီဆရာမကြီးကို ခုချိန်ထိ ကျမမုန်းနေတုန်းပါပဲ့။ ပြီးတော့)
    ဒိုင်ယာနာက မောသွားဟန်ဖြင့် ခဏနားလိုက်၏။ ကျွန်တော်နှင့်အတူ သူငယ်ချင်းအားလုံးက သူမကို ကြည့်ပြီးဝမ်းနည်းနေကြသည်။ ဟုတ်သည်။ ဗုဒ္ဒွဘာသာနှင့် ခရစ်ယာန်သည် မြန်မာလူမျိုး၊ မြန်မာတိုင်းရင်း
သားဖြစ်သည်။ အခွင့်အရေးကို ခွဲခြားမထားသင့်။ ပထမရသူကို ပထမဆု ပေးကို ပေးရမည်။ ယင်းသို့မပေးလျှင် မပေးသူက အဂတိလိုက်စားသူသာလျှင် ဖြစ်မည်။
    ( ပြီးတော့ တစ်နှစ်ကျော်ကြာခဲ့တဲ့ ကချင်စစ်နဲ့ အစိုးရစစ်ပွဲပါ။ အဲဒီနေ့က ကျမနဲ့ ကျမမောင်လေး မိုးရွာထဲမှာ ကစားနေကြတယ် ။ အဖေက အလုပ်သွားနေတယ် ။ အိမ်မှာ ကျမရယ် အမေရယ် မောင်လေး
ရယ်ပဲရှိတာ။ အဲဒီအချိန်မှာ မြန်မာအစိုးရနဲ့ ကချင်နဲ့ စစ်ဖြစ်လို့ ။ မြန်မာအစိုးရတွေ ပစ်လိုက်တဲ့ ကျည်တစ်ထောင့်က ကျမမောင်လေးရဲ့ အသက်ကို ယူသွားတယ်။ ကျမကိုလည်း ပစ်မှာစိုးလို့ အိမ်ထဲကို ပြေးဝင်ခဲ့တယ်။
သေနတ်မှန်သွားတဲ့ မောင်လေးကိုတောင် ကျမ ခေါ်မသွားနိုင်ခဲ့ဘူး ။ မောင်လေးက မိုးရွာထဲမှာ သွေးတွေ အလိမ်းလိမ်းလူးပြီး လဲကျနေတယ်။ ကျမ့ ကျမ အိမ်ထဲကနေ ခိုးကြည့်ပြီးတော့ သေလုမတတ်ခံစားခဲ့ရတယ်။
ကျမမောင်လေးကို ကြည့်ရင်း ကျမ မြန်မာစစ်သားတွေကို သတ်ပစ်ချင်တဲ့ စိတ်တွေ ပေါက်လာတယ် )
    ဒိုင်ယာနာက ပြောရင်းငိုသည်။ ပရိတ်သတ်တွေကလည်း နားထောင်းရင်း ငိုသူက ငိုသည်။ မှိုင်သူက မှိုင်သည်။ ၀မ်းနည်းသူက ၀မ်းနည်းသည်။ အားလုံးက သူမကိုသာ ကြည့်နေကြပြီး မလှုပ်မယှက် ထိုင်နေကြသည်။
( ကျမ ဒီအကြောင်းတွေကိ  စဉ်းစားမိတိုင်း ဗုဒ္ဒွဘာသာတွေအပေါ် မမုန်းပေမယ့် အစိုးရခေါင်းဆောင်ပိုင်းတွေ အပေါ်ကို နာကျည်းမိပါတယ် ။ အဲဒါကြောင့် ကျမငယ်ငယ်က တိုင်းရင်းသားတွေအပေါ် ပြည်မက လူထုနဲ့
တန်းတူ အခွင့်အရေးရဖို့ တစ်ခုခုလုပ်မယ်လို့ အမြဲတမ်း တွေးဖြစ်ပါတယ်။ ကျမ တက္ကသိုလ်ရောက်တော့ ကျမနဲ့ အရမ်းရင်းနှီးပြီး ညီအစ်မလို ချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။ ကျမ ရင်ဖွင့်တာတွေကို နားထောင်
ပြီး သူမကလည်း ဆယ်တန်းကျောင်းသူဘ၀က ဗုဒ္ဒွဘာသာကောင်မလေးတစ်ယောက်က ဘလိုင်းကြီးစော်ကားတာခံခဲ့ရကြောင်း ပြောပါတယ်။ ကျမ သူငယ်ချင်းကလည်း ငယ်ငယ်ကတည်းက သူ့သူငယ်ချင်းတွေနဲ့
ဒီလို အဖွဲ့အစည်းလုပ်ဖို့ စိတ်ကူးယဉ်ဖူးတယ်လို့ပြောပါတယ် ။ ဒီကျောင်းကို ရောက်တော့ ကျမတို့လိုချင်တဲ့ အချက်အလက်တွေ ပြည့်စုံတဲ့ ဒီအဖွဲ့အစည်းလေးကို တွေ့ရလို့ ကျမ ၀င်လာခဲ့တာပါ။ ကျမနောက်ဆုံး ပြောချင်တာက
ဒီအဖွဲ့အစည်းဟာ ကမ္ဘာတည်သရွေ့ အရှည်ခံမယ်ဆိုတာ ယုံကြည်ပါတယ်လို့ပဲ ပြောခဲ့ချင်ပါတယ် ။ အားလုံးပဲ ဘုရားးသခင်က သူငယ်ချင်းတို့တို့ ကောင်းချီးပေးပါစေလို့ ဆုတောင်းပေးခဲ့ပါတယ် ရှင့့် )
    ( ဖြောင်း   ဖြောင်း   ဖြောင်း )
ဒိုင်ယာနာ၏ နိဂုံးချုပ်အဆုံးတွင် အားလုံးက လက်ခုပ်တိးကြသည်။ ကျွန်တော်လည်း တီးသည်။ သို့သော့့် အသက်မပါချင်ပါ။ အဘယ့်ကြောင့်ဆိုသော် ဒိုင်ယာနာနောက်ဆုံးပြောခဲ့တဲ့ စကားက မထွေး၏ လက်တွေ့ဘဝ
နှင့် ဆင်တူ ရိုးမားဖြစ်နေသည်။ ဒိုင်ယာနာက မထွေးလော ။ သို့မဟုတ် ။ မထွေးက ဒိုင်ယာနာလေ ။ ရုပ်ချင်းမတူသည်ကတော့ သေချာသည်။ မထွေး အဘယ်မှာနည်း။ ကျွန်တော် မထွေးကို ရှာသည်။ မတွေ့ ။ ကျောင်း
ဝန်းတစ်ခုလုံး။ ပတ်ဝန်းကျင်တစ်ခုလုံး ။ ဘယ်မှာမှ မတွေ့ ။ ကျွန်တော်တစ်ခုတွေးမိသည်။
    ဟုတ်သည်။ မထွေးက ကျွန်တော့်ကို ရှာချင်ရှာနေမည်။ ဒါလည်း ပြောလို့မရ။ မထွေးနှင့် ကျွန်တော်က အရင်းနှီးဆုံး သူငယ်ချင်းမဟုတ်လား။ ဒီကျောင်းကို ရောက်လာမယ်ဆိုတာ မထွေးလည်း သိနှင့်ပြီး ဖြစ်မည်။
သေချာသည်က ဒိုင်ယာနာနှင့် မထွေး တစ်ယောက်တည်း မဟုတ်တောင် သူတို့နှစ်ယောက် သူငယ်ချင်းတွေ ဖြစ်နိုင်သည်။ ကျွန်တော် ထိုအတွေးကို တွေးမိသည်နှင့် ဒိုင်ယာနာဆိုသည့် ကောင်မလေးနှင့်  မိတ်ဆက်ဖို့
ခုနက သူမရှိခဲ့တဲ့ နေရာကို လှမ်းကြည့်သည်။ မတွေ့ ။ ရှာမတွေ့ ။ ဇင်မာစိုးကို ခေါ်ပြီး ကျွန်တော် အဖွဲ့ဝင်မှတ်တမ်းတွေကို စစ်သည်။ ယင်းမှတ်တမ်းထဲတွင် အဖွဲ့ဝင်တို့၏ လိပ်စာပါသည် မဟုတ်လော။ ထို့ကြောင့် ရှာသည်။
အဖွဲ့ဝင်နာမည်သာ ကုန်သွားသည်။ ဒိုင်ယာနာဆိုသည့် နာမည် ရှာမတွေ့။
    ကျွန်တော်ရူးချင်လာသည်။ မင်းထက် ၊ ၊ဇင်မင်းဦး ၊ ဇင်မာစိုး တို့ကတော့ ကျွန်တော့်ကို နားလည်ပေးနိုင်မည်ထင်သည်။ ကျန်သည့်သူငယ်ချင်းမျာ့း့။ သြော့်သူတို့က ဟောပြောပွဲပြီးကတည်းက ပြန်သွားကြ
ချေပြီ။
    ( မထွေးက ဘာတွေကို ကြိုက်တတ်လဲ )
ဇင်မင်းဥိး ပြောမှ ကျွန်တော်သတိရသွားသည်။ မှန်သည်။ မထွေးဘာကို ကြိုက်တတ်သနည်း။ ငယ်ငယ်တုန်းကတော့ မထွေးမုန့်ဟင်းခါးကို ကြိုက်သည်။ ပြီးတော့ရေခဲမုန့် လည်း ကြိုက်သည်။ ယခုကော ။
ယခုလည်း ထိုအတိုင်းဖြစ်မည် ထင်သည်။ မထွေးက အကြောင်းအရာတစ်ခု မသေချာပဲနဲ့ နောက်တစ်ခုကို ပြောင်းရွေ့တတ်တဲ့ လူမျိုးမဟုတ်။ အခုလည်း မုန့်ဟင်းခါးနဲ့ ရေခဲမုန့် ဆိုင်ထဲ တစ်နေရာရာမှာ ရှိနေနိုင်သည်။ ကျွန်တော်
မင်းထက်တို့ကို မခေါ်ပဲ ရေခဲမုန့် ရောင်းသည့်ဆိုင်ကို ပြေးရှာလိုက်သည်။  အဝေးကြီးသွားစရာမလို။ ကျောင်းအပြင်ထွက် မယ်ဇယ်ပင်ကြီးအောက်မှာ ရေခဲမုန့်ဆိုင်ရှိသည်။
    ကျွန်တော်ရေခဲမုန့်ဆိုင်ထဲကို ပြေးဝင်လိုက်သည်။ ပြီးတော့ ဆိုင်ထဲကိုလည်း တစ်ချက်ဝေ့ကြည့်လိုက်သည်။ တွေ့ပါပြီ ။ သူမ မှ သူမအစစ်။ မထွေးမှ မထွေးအစစ် ။  ကျွန်တော်မတ်တပ်ရပ်နေသော အ၀င်ပေါက်ကို
ကျောပေးပြီး ကောင်တာဘက်ကို မျက်နှာမူပြီး ထိုင်နေသည်။ သူမက တစ်ယောက်တည်းမဟုတ်။ သူမ၏ သူငယ်ချင်းများနှင့် သုံးယောက်ပင်။ မထွေးက အရင်အတိုင်း ခေါင်းမှာ အစိမ်းနုရောင် ဖဲကြိုးလေးကို တစ်ဖက်တစ်
ချက် ချည်ထားသည်။ အ၀တ်အစားကလည်း တည်တည်တန့်တန့်လေး ။ ကျွန်တော် မထွေးရှိရာ ခုံသို့ ပြေးလွှားသွားလိုက်ပြီး အော်ခေါ်လိုက်သည်။
    ( မထွေ့း့လွမ်းလိုက်တာ မထွေးရယ် ။ မင်းကို ရှာနေတာကြာပြီ ။ ဘယ်တွေသွားနေတာလဲဟင့့် )
ကျွန်တော်က မထွေး၏ ပုခုံးကို ပုတ်လိုက်ပြီး ပြောလိုက်သည်။ မထွေးက နောက်လှည့်ကြည့်သည်။ ပြီးတော့
    ( ရှင် ဘာတွေ လာကြောင်နေတာလဲ ။ ဒီလို အကွက်တွေက ရိုးနေပြီ။ လာ့မစားနဲ့ ။ လူကိုလည်း သေချာကြည့်ဦး )
သူမပြောမှ ကျွန်တော် ကြည့်လိုက်သည်။ အို့း မထွေးမဟုတ်။ ကျွန်တော်သိသည့် မထွေးမဟုတ်။ ကျွန်တော့် အမှတ်တရထဲက မထွေးမဟုတ်။ ကျွန်တော် ဘေးဆီကို တစ်ချက် ကြည့်လိုက်သည်။ ဆိုင်ထဲမှာ ရှိသော
လူတွေက ကျွန်တော့်ကို ၀ိုင်းကြည့်နေကြသည်။ မထွေးမဟုတ်သော သူစိမ်းတစ်ယောက်ကိုလည်း အားနာမိသည်။ ကျွန်တော် သူမတို့ကို ပြန်တောင်းပန်ပြီးဆိုင်ထဲက ထွက်လာခဲ့သည်။
    အော့်မထွေးမရှိ။ မထွေးက ဘယ်မလဲမသိ။ ကျွန်တော် အဆောင်ကို မပြန်ချင်။ မထွေးကို ရှာချင်သေးသည်။ ကျွန်တော့် မိတ်ဆွေတွေကို မထွေးရှိတဲ့ နေရာကို ပြောပြဖို့ အကူညီတောင်းရမည်။ ကျွန်တော်
အသက်ရှူလို့ ရနေသေးတဲ့အချိန်ထိ မထွေးကို မတွေ့ တွေ့အောင် လိုက်ရှာမည်ဟု သံဓိဋ္ဌာန်ပင် ပြုမိလိုက်ပါတော့သည်။         ။
 

လေးစားစွာဖြင့် မိန်နွေ
4.8.2013
PM: 12:45: 00

0 comments:

Post a Comment