်
မထွေးမပါတို့ချည်းသာ
မထွေးအသားခါးလှတယ်
မထွေးလို လို့ဝဲတယ်ဆိုပေမယ့်
ချိန်ခွင်လျှာနဲ့ ညှိပြီး အလေးမခိုးပါဘူး ။
ပင်လယ်ရေ ခမ်းတဲ့အကြောင်းကိုတော့
မထွေးနဲ့တွေ့မှာ ပြောပါရစေ။
ကိုယ်က ကိန္နရီ မဟုတ်တော့
နှစ်ပေါင်းခုနှစ်ရာ ဆွေးဖို့ဆိုတာ
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ။
ဒါပေမယ့့်
ပိုလွန်နေတဲ့ ရက်ကို
နောက်ဘ၀ နောက်ဘ၀တိုင်းထိ လွမ်းမှာပေါ့ ။
မထွေးအသားက ခါးတယ်လို့ ပြောရအောင်
ကိုယ်က ရွှေစွန်ညိုမဟုတ်ဘူးကွယ် ။
စိမ်းကားခြင်းတွေ၊ မုန်းတီးခြင်းတွေ ဆေးကျောဖို့
ပင်လယ်ရေက မဖြစ်မနေလိုလိမ့်မယ်။
သူက့
ငန်တာကိုး ။ ။
ကျွန်တော်ကဗျာကိုဖတ်ပြီး တစ်ချက်ပြုံးလိုက်သည်။ ဘောပင်ကို လွယ်အိတ်ခပ်နွမ်းနွမ်းလေးထဲထည့်ပြီး ကျွန်တော်မတ်တပ်ရပ်လိုက်လိုက်သည်။ ခပ်နွမ်းနွမ်း ။ မှန်သည်။ ခပ်နွမ်းနွမ်း ဟူသော စကားလုံးပင် သုံးရန် မသင့်တော့။
အဘယ့်ကြောင့်ဆိုသော် ဟောင်းနွမ်းသော လွယ်အိတ်က ၀ါညစ်ညစ်အရောင်သာလျှင် ကျန်ရှိတော့သည်။ ခပ်နွမ်းနွမ်းမဟုတ်။ ဟောင်းနွမ်းသော ။ ဟောင်းနွမ်းသော လွယ်အိတ်ဟု ဆိုက ပို၍ မှန်ချေမည်။ ပူအိုက်လွန်းသောကြောင့်
အဆီပြန်နေသော မျက်နှာကို ညာလက်ဖြင့် ပွတ်သပ်လိုက်သည်။ အို့ ။ လူငယ်တစ်ယောက်အတွက် ရှိသင့်သည်ထက် ပိုလွန်သော မုတ်ဆိတ်မွှေး ၊ ပါးသိုင်းမွှေးကို တို့ထိမိ၍ ကျွန်တော် အံ့သြရပြန်သည်။ လွယ်အိတ်သာလျှင်မဟုတ်။
ညှင်းသိုးသိုး ပုံစံဖြင့် ဆီမလူးပဲ သည်အတိုင်းပစ်ထားသော ဆံပင်ခပ်ရှည်ရှည်တို့က နီကျင်သော အဆင်းရှိပြီး ခပ်နွမ်းနွမ်းပင် ဖြစ်နေပေလိမ့်မည်။ သြော့့်ကျွန်တော့်ဘ၀ကလည်း ခပ်နွမ်းနွမ်းပင် မဟုတ်ပါလော ။
( ဟူ့း့ )
ကျွန်တော် လက်ဆတ်သော လေနုအေးကို တ၀ကြီးရှိုက်သွင်းလိုက်ပြီး လေပူအချို့ကို မှုတ်ထုတ်လိုက်သည်။ ကျွန်တော့်ဘေးတွင် ကြွေကျထားသော ပိတောက်ရွက်တို့ကလွဲ၍ ဘာမှမရှိ။ ကျွန်တော် ဟို့း့အဝေးက မိုးကုတ်စက်ဝိုင်းကို
မျက်စိတစ်ဆုံးကြည့်လိုက်သည်။ ပြီးနောက် လေနုအေးနှင့် စော့ကစားနေသော သစ်ရွက်ခြောက်ကိုကြည့်ကာ ကျွန်တော်အားကျမိပြန်သည်။ ကျွန်တော့်ရုပ်ခန္ဒွာကိုယ်ကြီးထဲတွင် စိတ်ဟုဆိုသော Mind ဆိုတာကြီး မရှိလျှင်
ကောင်းမည်။ ခံစားတတ်သည့် နှလုံးသားမရှိလျှင်လည်း ကောင်းမည်။ ချစ်၏ ။မုန်း၏ ။ လွမ်း၏ ။ ဆွေး၏ ။ နာကျည်း၏။ ပျော်ရွှင်၏ ။ စိတ်ညစ်၏ ။ တွေဝေ၏ ။ ခံစား၏ ဟုဆိုအပ်သော နှောင်ဖွဲ့တတ်သော စိတ်သာမရှိခဲ့လျှင်
ဤသစ်ရွက်ခြောက်ကဲ့သို့ ကျွန်တော် နေချင်သလိုနေနိုင်မည်။ စီးချင်သလို စီးဆင်းနိုင်မည်။ လုံးဝလွပ်လပ်သော ဘ၀ဖြင့် ကိုယ်လွင့်ချင်ရာ လွင့်နိုင်မည်။
ယခုမူ ။ ကျွန်တော်၏ ခန္ဒွာကိုယ်နှင့် အချိန်တို့ကို ကျွန်တော်ပိုင်ဆိုင်ပါသော်လည်း သည်စိတ်တစ်ခုကိုတော့ ကျွန်တော်လုံးဝ မထိန်းချုပ်နိုင်သေးချေ။ မကြာခဏဆိုသလို ထိုစိတ်ကပင် ကျွန်တော့်ကို ပြန်၍ စေခိုင်းနေသေး၏။
ထိုအခါ့ ကျွန်တော်၏ ခန္ဒွာကိုယ်နှင့် ကိုယ်ပိုင်အချိန်တို့သည် စိတ်၏ စေရာအတိုင်း တသွေမတိမ်း လိုက်နာရ၏ ။ သည်စိတ်သည် ကျွန်တော်၏ မွေးဖွားခြင်းပင်ဖြစ်ပါသော်လည်း ထိုစိတ်က ကျွန်တော့်ကိုပြန်၍ စေခိုင်းနေ၏။
ယခုလည်း ဘာထူးမည်နည်း ။ စိတ်၏ စေရာအတိုင်း ။ အို့သံယောဇဉ်၏ စေရာအတိုင်း ။
ကျွန်တော်သူမကို လိုက်ရှာသည်မှာ ဒုတိယနှစ်ကျောင်းသားပင် ဖြစ်နေချေပြီ ။ သို့သော် ကျွန်တော်၏ ပုံစံက ကျောင်းသားနှင့်မတူ ။ ပေတေသော ဂျစ်ပစီနှင့် တူနေသည်။ သို့သော့်ကိစ္စမရှိချေ။ ကျွန်တော်
ဘယ်လိုဘ၀မျိုးပဲရောက်ရောက် နောက်ဆုံးထွက်သက်မရောက်သေးခင်တော့ သူမကို တစ်ကြိမ်လောက်တော့ တွေ့ချင်သေးသည်။ သူမကို ရှာတွေ့ဖို့ရာ ကျွန်တော် နည်းအမျိုးမျိုး ကြိုးစားခဲ့သည်။ အောင်မြင်မှုကာ့းယခု
အချိန်ထိ ထူးခြားမလာသေး ။ သူမ၏ အရိပ်အယောင်ကို ယခုအချိန်ထိ မတွေ့ရသေးပေ။ သူမ ကျွန်တော့်ကို မေ့သွားပြီလား ။ ဒါမှမဟုတ်။ သံယောဇဉ်နဲ့ စွဲလမ်းမှုကို အိုးမဲချင်းသုတ်ပြီး မျက်လှည့်ပြနေလေရော့လား ။ သူမ၏
စိတ်ကို သူမကပဲ ထိန်းကျောင်းသူ ဖြစ်စေချင်သည်။ မိဘ ၊ ဘိုးဘွားတွေ ပါလာလျှင် သည်ပြဇာတ်က ကားလိပ်မီးလောင်သွားနိုင်သည်။ ယင်းကြောင့် ကဗျာတွေကို ချစ်မြတ်နိုင်းတတ်သော သူမကို ကျွန်တော် ကဗျာနှင့်
လိုက်ရှာသည်။ ကျွန်တော့်ကဗျာတွေ သူမ ဖတ်မိခဲ့လျှင် ကျွန်တော့်တံခါးပေါက်တွေကို သူမလာခေါက်နိုင်သည်။ ထို့ကြောင့် ကျွန်တော် ကဗျာရေးသည်။ ရေးတာမှ ပက်ပက်စက်စက် ရေးသည်။ ည မအိပ်ပဲရေးသည်။ သူမကို
ပြန်တွေ့ရဖို့ ဂျာနယ်၊ စာစောင့့်စသည်တို့ကနေ သူမအကြောင်းကို ခြေရာခံကြည့်သည်။ သည်အကြောင်းတွေသာ သူမ သိခဲ့လျှင် သူမ လည်ပြန်ပြီး လျှောက်လာပါ့မလား။ ကျွန်တော် တွေးရင်းစိတ်ပူလာသည်။
ထိုအခိုက်တွင် လေပူတစ်ချက်ဝေ့တိုက်လိုက်သောကြောင့် ပိတောက်ရွက်ဝါတို့သည် မြေပြင်ပေါ်သို့ တဖြုတ်ဖြုတ်ကြွေကျကုန်သည်။ ရွက်ဝါတို့ကြွေသံနှင့်အတူ ကျွန်တော်၏ စိတ်တို့ အတွေးနယ်မှ လန့်နိုးလာခဲ့၏။
ကျွန်တော်၏ လက်ထဲတွင်ရှိသော ကဗျာစာရွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ဒီနေ့လကုန်ရက်မို့ စာမူခထုတ်ရင်း စာမူအသစ်ပေးပို့ရဦးမည်။ စာမူခဆို၍ ကျွန်တော့်မျက်လုံးထဲ ဦးတင်ကို မြင်မိသည်။ ဦးတင်ဆိုတာက
မနှစ်က ကျွန်တော်တို့ကျောင်းမှာ မော်ကွန်းထိန်းကြီး တာဝန်ယူခဲ့သူ။ လောကဓံက ပေးသော လက်ဆောင်အမျိုးမျိုးကြောင့် မော်ကွန်းထိန်းဘ၀မှ ရွှေဗဟိုရ် မဂ်ဂဇင်း၏ အယ်ဒီတာကြီး ဖြစ်လာပြန်သည်။ သူတစ်ယောက်တည်း
သာလျှင် ကျွန်တော့်အပေါ်နားလည်သည်။ သူတစ်ယောက်တည်းသာလျှင် ကျွန်တော်၏ ခံစားချက်ကို အသိအမှတ်ပြုသူဖြစ်သည်။ ယခု့။ ကျွန်တော်သူ့ဆီ သွားရမည်။ ဟုတ်သည်။ စာမူသွားပေးရမည်ဖြစ်သည်။
( ၂ )
( မင်း ဘာရည်ရွယ်ချက်နဲ့ အသက်ရှင်နေတာလဲ )
အယ်ဒီတာကြီးက ကျွန်တော်ပေးလိုက်သော ကဗျာစာမူကို ဖတ်လိုက်ပြီး အဆက်စပ်မရှိသော မေးခွန်းတစ်ခုကို မေးလိုက်ခြင်းဖြစ်သည်။ ကျွန်တော်ကြောင်သွားသည်။
( ဗျာ့)
( အော့့် မင်းရဲ့ အသက်ရှင်မှုရည်ရွယ်ချက်ကိုမေးတာပါ )
အယ်ဒီတာကြီးက ကျွန်တော့်ကို မကြည့်ပဲ ဒေသမျိုးစုံမှ ပေးပို့လိုက်သော စာမူအထပ်ကြီးထဲမှ အပေါ်ဆုံးစာမူတစ်ခုကို လှမ်းယူလိုက်ရင်း မေးပြန်သည်။
( ကျွန့့် ကျွန်တော့့်)
( အေး ရပြီ ။ ပင်လယ်ပျော့့်ကနေ ငါ့ကို ခဏစောင့် ။ ဟုတ်လား ။ ငါလည်း ဒီလအတွက်လုံးပမ်းနေရတာနဲ့ ခုချိန်ထိ နံနက်စာမစားရသေးဘူး ။ စိတ်ပြေလက်ပျောက်ပေါ့ကွာ )
အယ်ဒီတာကြီးက ဆက်မပြောတော့ပဲ သူ့အလုပ်နဲ့သူ ရှုပ်နေပြန်သည်။ ကျွန်တော်လည်း သူပြောသလို ကုက္ကိုပင်ရိပ်အောက်က ပင်လယ်ပျော် ဆိုသည့် လက်ဖက်ရည်ဆိုင်လေးသို့ တစ်ယောက်တည်း လျှောက်လာမိသည်။
တစ်လမ်းလုံး အယ်ဒီတာကြီး မေးသော မေးခွန်းကို စဉ်းစားလာသည်။ အမှန်တိုင်းဝန်ခံရလျှင် ထိုမေးခွန်းကို ကျွန်တော်မဖြေနိုင်ပါ။ ကျွန်တော်ဘာကြောင့် အသက်ရှင်နေရသနည်း ။ အသက်ရှင်အောင် ဘာတွေလုပ်ရမည်နည်း။
အသက်ရှင်မှု ရည်ရွယ်ချက်ကကော မည်ဟာနည်း ။ ကျွန်တော်မဖြေနိုင် ။ စားပွဲထိုးလေးလာချပေးသော ကျစိမ့်ကို ဇိမ်ခံသောက်ရင်း အယ်ဒီတာကြီးကို စောင့်နေလိုက်သည်။ မကြာလိုက်ပါချေ။ အပြာရောင်ဖိုင်တွဲကြီးကို
ချိုင်းကြားတွင်ညှပ်၍ ထီးကောက်ကို လက်တစ်ဖက်က ကိုင်ကာ အယ်ဒီတာကြီးရောက်လာသည်။
( ကဲ စဉ်းစားပြီးပြီလား )
အပြာရောင် ဖိုင်တွဲကိုပင် စားပွဲပေါ်မချရသေး။ မေးခွန်းက ချက်ချင်းမေးသည်။ ကျွန်တော်က ပြုံးပြလိုက်သည်။ ပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်၏ ။ အယ်ဒီတာကြီးက လွတ်နေသော ထိုင်ခုံပေါ်ထိုင်လိုက်ပြီး
ကျွန်တော်ငှဲ့ပေးသော အကြမ်းရည်ကို နှစ်ခြိုက်စွာ သောက်လိုက်၏။
( အင့်း့ ဒီလက်ဖက်ခြောက်က ဆိုးဆေးမပါပဲ ကျကျနန လှော်ထားတဲ့ လက်ဖက်ခြောက်ကွ။ သင်းနေတဲ့ ရနံ့လေးကို ရလိုက်တာနဲ့ သောက်ချင်တဲ့ ဆန္ဒကို ဘယ်သူမဆို ဖြစ်လာတယ်။ သူ့မှာ စိတ်ကို ကြည်လင်
စေတဲ့သတ္တိ ၊ ဦးနှောက်ကို ရွှင်စေတဲ့သတ္တိ ၊ ခံတွင်းမွှေးစေတဲ့သတ္တိ ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သတ္တိတွေ ရှိသလို အဲဒီသတ္တိတွေကို သောက်သုံးသူရဲ့ ခန္ဒွာကိုယ်ထဲ စီးဆင်းစေတယ်။ သူ့ရဲ့ဂုဏ်သတ္တိတွေကို တခြားသူတစ်ယောက်ကို
ဝေမျှရင်း သူက အဓိပ္ပါယ်ရှိရှိ ကုန်ဆုံးသွားတာပဲ )
အယ်ဒီတာကြီးပြောသည့် လက်ဖက်ခြောက်ဒဿနကို ကျွန်တော်က လိုလိုလားလား နားထောင်သည် ။ အယ်ဒီတာကြီးက ကောင်တာဆီသို့ ကျစိမ့်နှင့် စမူဆာမှာရင်း ကျွန်တော့်ကို ဆက်ပြီးပြောသည်။
( ဒီဆိုင်ရဲ့ နာမည်က ဘာလဲသိလား )
( ပင်လယ်ပျော် ပါဆရာ )
( အေ့း့ ပင်လယ်ပျော်ဆိုတာ ပင်လယ်ထဲမှာ ပျော်တဲ့သူလို့ ရိုးရိုးရှင်းရှင်းပဲ အဓိပ္ပါယ်ဖွင့်မယ်ကွာ ၊ ဒါပေမယ့် ၊။ အဲဒီရိုးရိုးလေးရဲ့ နောက်မှာ ငါးခုထက်မနည်းတဲ့ ဘ၀တွေက တွယ်ကပ်နေတယ် )
( ဗျာ့)
( နားမလည်ဘူးမို့လား ။ ဒီနာမည်က မင်းနဲ့ငါနဲ့ အခြားသူတစ်ချို့ရဲ့ အပေါ်မှာ ဘယ်လိုနာမည်ကြီးလဲကွာ့လို့ နာမည်ပေးထားသူကို အထင်သေးစရာ ဖြစ်ရင် ဖြစ်နိုင်လိမ့်မယ်။ ဒါပေမယ့် ဒီဆိုင်ပိုင်ရှင်နဲ့ သူ့မိသားစုလေးမှာတော့
အ၇မ်းအဓိပ္ပါယ်ရှိတဲ့ နာမည်လေးကွ ။ဆိုင်ပိုင်ရှင်ရဲ့နာမည်က မိုးကြီး ။ ငါနဲ့ ကျောင်းနေဘက်ပေါ့ကွာ ။ သူ မိန်းမရပြီးတော့ သင်္ဘောလိုက်တယ်။ သား သမီး ငါးယောက်ရတဲ့အထိ ပင်လယ်ထဲမှာ အလုပ်လုပ်တုန်းပဲ ။ အဲဒီက
ရတဲ့ ငွေကို စုဆောင်းထားပြီး ဒီဆိုင်လေးဖွင့်ထားတယ်။ အဲဒါနဲ့ပဲ သူ့ရဲ့မိသားစုတွေကို လုပ်ကျွေးခဲ့တယ်။ ခု ကြည့်လေ။ သူ့သားသမီးတွေက ဒေါက်တာနဲ့ မန်နေဂျာနဲ့ ။ အငယ်ဆုံးလေးက မင်းနဲ့တောင် ရင်းနှီးတယ်မို့လား။
ဒီ ငမိုးကကွာ မာနကတော့ တော်တော်ကြီးတယ်။ သူ့သားသမီးတွေက သည့်ထက်ကောင်းတဲ့ ဆိုင်တည်ပေးမယ်ပြောတာ သူက ငါလုပ်ကျွေးခဲ့တဲ့ သားသမီးတွေဆီကို လက်ဖြန့်တောင်းရတဲ့သူ မဖြစ်ချင်ဘူးတဲ့ကွာ။ အဲဒါကြောင့်
သူ ပင်လယ်ထဲမှာ နေတုန်းက ရခဲ့တဲ့ ငွေကြေးလေးနဲ့ ဖွင့်ထားတဲ့ ဒီဆိုင်လေးကို သူ တွယ်မက်နေတာပေါ့ )
( ဟူ့း့)
ဦးမိုးကြီးကတော့ ဘယ်လိုဖြတ်သန်းခဲ့သည် မသိ။ ကျွန်တော်ကတော့ သူ့ဘ၀အကြောင်းလေး နည်းနည်းကြားရရုံနှင့် မောတောင်မောလာသည်။ အယ်ဒီတာကြီးက စမူဆာတစ်ခုကို ပလုပ်ပလောင်းစားကာ
လက်ဖက်ရည်အကြမ်းနှင့် မျှောချလိုက်သည်။ ပြီးမှ့ ကျစိမ့်ကို အနည်းငယ်သောက်လိုက်သည်။
( ငမိုးကတော့ သူ့ရည်ရွယ်ချက်အတိုင်း အကုန်ပြီးမြောက်ခဲ့ပြီ ။ သူ့ဘ၀ရဲ့ အသန့်ရှင်းဆုံးအဓိပ္ပါယ်နဲ့ ပင်လယ်ပျော်ဆိုတဲ့ ဒီဆိုင်လေးထဲမှာ လက်ကျန်ဘ၀ကို အရိုးထုတ်ဖို့ ကြိုးစားနေတယ်။ သူ့ဘ၀တစ်လျှောက်လုံး
အဓိပ္ပါယ်မဲ့တဲ့ အပြုအမူတွေကို အတတ်နိုင်ဆုံး ရှောင်တိမ်းခဲ့တယ်။ သူ အသက်ရှင်ခြင်းရဲ့ ရည်ရွယ်ချက်က သူ့သားသမီးတွေကို ကြည့်ယုံနဲ့ ဖြေစရာမလိုတော့ဘူးပေါ့ကွာ ။ မင်းကကော ။ ဘယ်လိုအဓိပ္ပါယ်မျိုးနဲ့ အသက်
ရှင်နေတာလဲ )
ကျွန်တော်ကြောင်သွားသည်။ ရုံးခန်းထဲမှာတုန်းက မေးခွန်းကို ထပ်မေးလိုက်သောကြောင့် အကြောင်းတစ်ခုခုရှိရမည်လို့တော့ နားလည်လာသည်။ အယ်ဒီတာကြီးက ဘယ်ကို ဦးတည်နေသည်မသိ။
သည်မေးခွန်းက ကျွန်တော်၏ အသက်ရှုလမ်းကြောင်းကို မွန်းကျပ်စေသည်ကတော့ သေချာသည်။
( ထူးခြားတဲ့ ရည်ရွယ်ချက်တော့ မရှိပါဘူး ဆရာ )
( ထူးခြားတဲ့ ရည်ရွယ်ချက် ။ ဟုတ်လား ။ ဒီမှာကောင်လေး ငါမင်းကို အပြစ်တင်နေတာမဟုတ်ဘူး ။ မင်းကို ပျိုးထောင်ပေးတယ်လို့ပဲ သတ်မှတ်ပါ။ ငါပြောတဲ့စကားတွေကို မင်းကြိုက်ရင် လက်ခံလို့ရတယ်။ မကြိုက်ရင်လည်း
ဖယ်ထားလို့ရတယ်။ မင်းနဲ့ငါက ရင်းနှီးတဲ့ မိတ်ဆွေဆိုတဲ့ အချက်တစ်ခုနဲ့တင် မင်းကိုသွန်သင်ဖို့ ငါ့မှာ တာဝန်အနည်းနဲ့အများ ရှိလာပြီ။ ငါ အခုပြောမယ့် စကားအပေါ် မင်း ဘယ်လိုခံယူမလဲ )
( ကျွန်တော် လေးလေးစားစားနားထောင်ပါ့မယ်ဆရာ )
( တစ်ချို့စကားတွေကြတော့ နားထောင်ယုံနဲ့ မရဘူးကွ။ လိုက်နာရမယ့် စကားတွေလည်း ရှိတယ်)
( ကျွန်တော် အကောင်းမွန်ဆုံး ကြိုးစားပါ့မယ် )
( အေ့း့ ခုနက မင်းပြောခဲ့တယ် ။ ထူးခြားတဲ့ ရည်ရွယ်ချက်မရှိဘူး ဟုတ်လား ။ ရည်ရွယ်ချက်တွေ မြောက်များစွာရှိတဲ့ အထဲမှာ မိန်းကလေးတစ်ယောက်နဲ့ ဆုံစည်းဖို့ ယခုလို အချိန်နဲ့ ဘ၀ကို ပေးဆပ်နေရတာဟာ
ရည်ရွယ်ချက်လို့ မဆိုနိုင်ဘူးကွ )
ကျွန်တော်သိလိုက်ပါပြီ ။ အယ်ဒီတာကြီးက ကျွန်တော်၏ မထွေးနှင့် ပက်သက်မှုကို ရည်ရွယ်သည်ဆိုတာ ။ ကျွန်တော်၏ မထွေး ။ အို့ မဟုတ်။ ကျွန်တော်၏ မထွေးမဟုတ်။ ကျွန်တော်နှင့် မထွေးက ထားခြားတဲ့
ပက်သက်မှုမရှိ။ သို့သော့့် ကျွန်တော် မထွေးကို ဘယ်လိုအကြောင်းနှင့်လည်း မသိ။ တွေ့ချင်နေမိသည်ကတော့ အမှန်ပင်။ လွမ်းနေမိသည်ကလည်း အမှန်။ ကျွန်တော်၏ မထွေးမဟုတ်ပေမယ့် မထွေး၏ ကျွန်တော်။
ဟင့်အင်း ဘာတွေတွေးနေပါလိမ့် ။ ကျွန်တော် အတွေးတွေကို မောင်းထုတ်လိုက်သည်။
( ငါကျောင်းကြီးကို အမြဲတမ်းမရောက်ပေမယ့် မင်းရဲ့သတင်းတွေ နေ့တိုင်း ကြားနေရတယ် ။ မင်းတို့အဖွဲ့အစည်းကို မင်းထက်ကို လွှဲထားခဲ့တာမဟုတ်လား )
အို့ အယ်ဒီတာကြီး ဒါကို ဘယ်လိုသိနေသည်မသိ။ ရုပ်ဖတ်လက္ခဏာများတတ်ကျွမ်းနေသည်လား။ ဒါလည်း မဖြစ်နိုင် ။ အယ်ဒီတာကြီးက ခရစ်ယာန်ဖြစ်သည့်တိုင် ဗေဒင်တွေကို ယုံကြည်သည်မဟုတ်ပေ။
( မင်းထက်က ဦးဆောင်ပြီးလုပ်နေရပေမယ့် အဖွဲ့သားတွေအားလုံးက မင်းကိုပဲမျှော်လင့်နေတာ။ မင်းထက်ကလည်း မင်းကို ခေါင်းဆောင်တစ်ယောက်လို့ သတ်မှတ်ထားတာ။ မင်းရဲ့စိတ်တွေ အရင်လိုပြန်ပြီး
တည်ငြိမ်လာတဲ့အခါ မင်းကို ခေါင်းဆောင်နေရာပြန်ပေးမှာပဲ ။ မင်းကိုယ်မင်း အဖွဲ့ထဲက ထွက်လိုက်ပြီလို့ ယူဆထားပေမယ့် အားလုံးရဲ့ဦးနှောက်ထဲမှာ မင်းကို ခေါင်းဆောင်လို့ပဲ သတ်မှတ်ထားတာ ၊ ပြီးတော့)
အယ်ဒီတာကြီးက ဆက်မပြောသေးပဲ ခဏနားလိုက်ကာ ကျွန်တော့်ကို ကြည့်သည်။
( ခေါင်းဆောင်ဆိုတာက နောက်လိုက်တွေရဲ့ စံပြပဲကွ။ ကိုယ့်ရဲ့အဖွဲ့အစည်းနဲ့ ပက်သက်လာတဲ့ ပြဿနာအမျိုးမျိုးကို ဒိုင်ခံပြီးတော့ ဖြေရှင်းရတယ်။ ခေါင်းဆောင်ကောင်းတိုင်းမှာ ပျော့ညံ့တဲ့စိတ်ဆိုတာ လုံးဝမရှိရဘူး။
ပျော့ညံ့စိတ်ရှိတဲ့ ခေါင်းဆောင်ကို ဘယ်သူကမှ တပည့်အဖြစ်မခံယူချင်ကြဘူး။ ကိုယ့်ရဲ့စိတ်ကို ဘယ်လိုအခြေအြနေထဲမှာမှ မယိုင်လဲဖို့ အမြဲတမ်းလေ့လာစမ်းစစ်ရမယ်။ ခုကြည့်လေ ။ မင်းက ကျောက်ဆောင်လိုစိတ်ဓာတ်မျိုး
လုံးဝမရှိဘူး။ မိန်းကလေးတစ်ယောက်အတွက်နဲ့ အကောင်းဆုံး အဖွဲ့အစည်းကိုလည်း ကျောခိုင်းခဲ့တယ်။ ပြီးတော့ ခုမှ ဒုတိယနှစ် ကျောင်းသား။ အဆောင်ရောက်တဲ့အခါ မှန်ထဲမှာ မင်းကိုယ်မင်း ပြန်ကြည့်။ လုံးဝ ကျောင်းသားနဲ့မတူဘူး။
ပါးသိုင်းမွှေးတွေ ထူပိန်းလို့ တကိုယ်ရေ သန့်ရှင်းမှုတောင် မရှိတော့ဘူး ။ မင်းရဲ့စိတ်ထဲမှာ မှတ်ထားဖို့က ဒါဟာ နွားကျောင်းနေတာ မဟုတ်ဘူး ဆိုတာပဲ )
အယ်ဒီတာကြီးပြောတာမှန်သည်။ ကျွန်တော် ဘယ်တုန်းကမှ ကိုယ့်ကိုယ်ကိုယ် မလေ့လာခဲ့ဖူးပါ။ ကိုယ့်ပါးပြင်ပေါ်မှာ ရှိသည့် မုတ်ဆိတ်မွှေးတောင် ရှည်အံ့။ တိုအံ့ ဟု သတိမထားမိခဲ့။ ကျွန်တော် ပျော့ညံ့သည့်
ယောက်ျားဖြစ်နေပြီလား။ ကျွန်တော်ဖွဲ့ခဲ့သည့် အဖွဲ့လေးပင် သတိရမိသေးသည်။ သြော့်ကိုယ်က မေ့ပျောက်သလိုဖြစ်နေပေမယ့် သူတို့က ကျွန်တော့်ကို ဦးဆောင်သူလို့ မြင်နေကြသေးသည်။ ကျွန်တော် ကိုယ့်ကိုယ်ကို ရှက်မိလာသည်။
( မင်းနဲ့ မထွေးက ချစ်သူတွေလား )
( ဗျာ မဟုတ်ပါဘူး ။ သူ့သူငယ်ချင်းပါ )
ကျွန်တော့်ကိုကျွန်တော် မဟုတ်ဘူး လို့ ပြောလိုက်ပေမယ့် ကျွန်တော့်စိတ်ထဲကတော့ ထိုစကားကို လက်မခံချင်သည့် ပုံစံဖြစ်နေသည်။ အမှန်က သူမနဲ့ ကျွန်တော် သူငယ်ချင်းမျှသာ့။
( တကယ်လို့ မင်း သူ့ကို တွေ့ရင် ဘာလုပ်မှာလဲ )
( ဘာလုပ်မှာလဲ )
ကျွန်တော် အသံပင်ယောင်ပြီးလိုက်မိသွားသည်။ ဟုတ်သည်။ ကျွန်တော် မထွေးနှင့် တွေ့လျှင် ဘာလုပ်ရမည်နည်း။ မထွေးကို တွေ့ချင်သည်ဟုသာ စိတ်ထဲက တောင့်တမိသည်။ တွေ့ပြီးသည့်နောက်ပိုင်း
ဘာလုပ်မယ်ဆိုတာ ဘယ်အခါကမှ မတွေးဘူးခဲ့။
( ကဲ့ ငါ့အလုပ်တွေက မပြီးပြတ်သေးဘူးကွ ။ လာမယ့် ဆန်းဒေးမှာ ငါ့မွေးနေ့ရှိတယ်။ ငါက မင်းလို ဗုဒ္ဒွဘာသာမဟုတ်တော့ ငါတို့ခရစ်ယာန်အတိုင်း အိမ်မှာ မွေးနေ့ကို ဂီတနဲ့ဖျော်ဖြေဖို့ပါ လုပ်ထားတယ်။ မင်းက ငါ့ရဲ့
အထူးဧည့်သည်အဖြစ်နဲ့လာရမယ် ။ အခုလို နွားကျောင်းသားပုံစံကို ငါမမြင်ချင်ဘူး။ ငါပြောချင်တာက မလွမ်းနဲ့မဟုတ်ဘူး။ မရေးနဲ့မဟုတ်ဘူး။ လက်ရှိ ကိုယ်လုပ်နေတဲံ အလုပ်ကို မပျက်အောင်လွမ်း ။ ကြိုက်သလောက်လွမ်း။
ကျောင်းလည်း ပုံမှန်တက်ပြီး ဟိုတုန်းကလို အဖွဲ့ကို ဦးဆောင်တာ မြင်ချင်တယ်။ တစ်ချို့ငါပြောခဲ့တဲ့ စကားတွေက မင်းတို့အဖွဲ့ကို ငွေလှူတဲ့ အလှူရှင်ရဲ့စကားပဲ ။ ကိုင်း ငါသွားတော့မယ် )
အပြာရောင်ဖိုင်တွဲကို ချိုင်းကြားညှပ်ပြီး ထီးကောက်ကို လက်တစ်ဖက်က ကိုင်ကာ အယ်ဒီတာကြီးမတ်တပ်ရပ်လိုက်သည်။ ပြီးတော့ ကောင်တာဘက်သို့လှည့်လိုက်ပြီ့း
( ငမိုးရေ့)
( လှူတယ်ဟေ့ )
ကောင်တာတွင်ထိုင်နေသော ဦးမိုးဆိုသည့် ဆိုင်ပိုင်ရှင်က အသံသြသြဖြင့် ပြန်ပြောလိုက်ရာ အယ်ဒီတာကြီးကလည့်း
( အေ့း့ငါလည်း မပါဘူးလို့ ပြောမလို့ကွ)
( ဟား ဟား ဟား )
( ဟား ဟား ဟား )
မိတ်ဆွေသူငယ်ချင်းနှစ်ယောက် အားပါးတရ ရယ်ကြပြီး အယ်ဒီတာကြီးက ဆိုင်ထဲမှ ထွက်ခွါသွားလေတော့၏ ။
( ၃ )
ထို့နောက်တွင်ကား ကျွန်တော် အယ်ဒီတာကြီးပြောသည့် စကားတို့ကို ပြန်ပြီး သုံးသပ်ကြည့်သည်။ ကျွန်တော်ယခင်က မထွေးကို လိုက်ရှာဖို့ရာ အဖွဲ့အတွင်းမှ နုတ်ထွက်၍ ကဗျာတွေရေးခဲ့သည်။ ယခု့
ကျောင်းလည်း ပုံမှန်ပြန်တက်ရမည်။ အဖွဲ့အစည်းအတွင်းလည်း ပြန်ဝင်ရမည်။ အားလပ်သည့် အချိန်အခါတွင်မှသာ ကဗျာရေးခြင်း မထွေးကို လိုက်ရှာခြင်း ပြုလုပ်ရမည်။
နောက်နေ့ကျွန်တော် ဆံပင်ညှပ်ဆိုင်သို့သွားသာ ရှည်နေသော ဆံပင်ကို ညှပ်ခဲ့သည်။ ပုံမှန်တိုင်းလည်ပတ်ဖို့ရာအတွက် ယခင်ကဲ့သို့ စိတ်ကော ။ လူပါ ပြုပြင်ရသည်။ ထို့နောက့်။။။
( ၄ )
အယ်ဒီတာကြီး၏ မွေးနေ့အခမ်းအနားက မင်္ဂလာဆောင်အခမ်းအနားတမျှ စည်ကားလှချေသည်။ မင်းထက်၊ ဇင်မင်းဦး ၊ ဇင်မာစိုး တို့က ကျွန်တော့်ကို မစောင့်ပဲ အဖွဲ့အတွင်းရှိ သူငယ်ချင်းများနှင့် စောစီးစွာ ထွက်သွားကြသည်။
ကျွန်တော့်မှာ အယ်ဒီတာကြီး၏ အိမ်ရှေ့အရောက်တွင် လူကြားတွင် ကြာရှည်စွာ မဆက်ဆံဘူးသော စိတ်က ကျွန်တော့်ကို ခြောက်လှန့်သောကြောင့် မ၀င်ရဲဖြစ်နေသည်။ ပြီးသော့့် ဟိုအရင်က အယ်ဒီတာကြီးကို ဒီလိုခမ်းနားသည့်
ခြံဝင်းကျယ်ကြီးကို ပိုင်ဆိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့။ ပျားယားခတ်နေသော စားပွဲဝိုင်းများကြားက လူတို့ကိုကြည့်၍ မွေးနေ့ပွဲကို သွားချင်သည့်စိတ်က အလိုလို ခန်းခြောက်လာသည်။ ကျွန်တော်သည် မွေးနေ့ရှင်
အယ်ဒီတာကြီး၏ အထူးဧည့်သည်အဖြစ် ဖိတ်ခေါ်ခြင်းခံထားရပါလည်း နောက့်ကြုံမှ တောင်းပန်တော့မည်ဟု စိတ်ပိုင်းဖြတ်ကာ ခြံဝမှ နောက်ကို ပြန်လှည့်မည်ဟု ပြုရာတွင်
( ကောင်လေး )
အယ်ဒီတာကြီး၏ ခေါ်သံကြောင့် ကျွန်တော် နောက်လှည့်ကြည့်လိုက်၏။ ပြီးတော့ ခပ်နွမ်းနွမ်းပြုံးပြလိုက်၏။
( ငါထင်တယ် ၊ မင့်း့ ဒီအပြင်အဆင်တွေ မြင်တာနဲ့ နောက်လှည့်သွားမယ်ဆိုတာ ။ ဒါကြောင့် ငါ ဒီနားက စောင့်နေလိုက်တာ ၊ လေးဆယ့်ငါးမိနစ်တောင် စောင့်ရတယ် )
( ကျွန်တော် )
( ဘာမှ ဆင်ခြေ ပေးမနေနဲ့ ၊ လာခဲ့ )
မှတ်ချက် ။ ။ ဤနေရာမှ စ၍ အယ်ဒီတာကြီး၏ နာမည်ကို ဦးတင့့်ဟုသာ သုံးစွဲပါတော့မည်ဖြစ်ပါကြောင်း ။။။ ( စာရေးသူ )
မွေးနေ့ရှင် ဦးတင်က ခြံပေါက်ဝအထိ လာရောက်ခေါ်သောကြော်င့ ကျွန်တော် အားတုံ့အားနာဖြစ်သွားသည်။ ဧည့်သည်များက အယ်ဒီတာကြီးနှင့် အတူပါလာသော ကျွန်တော့်ကို ၀ိုင်း၍ ကြည့်နေကြသည်။ ကျွန်တော်လည်း
ဘာများမှားလာလို့ပါလိမ့်ဟု ကိုယ့်ကိုယ်ကိုယ် ငုံကြည့်၏ ။ ဘန်ကောက်ပုဆိုးကလည်း ပုံမှန်ဖြစ်သလို ၊ ကတုံးတို တိုက်ပုံအင်္ကျီကလည်း အနေတော်ပင် ။သည်ပရိတ်သတ်များ ဘာကြောင့် ကျွန်တော့်ကို ကြည့်နေပါသနည်း။
ထိုအချိန်တွင် ပုဏ္ဏရိပ်ပင်ကြား စားပွဲဝိုင်းက ကျွန်တော့်ကို လှမ်း၍ နှုတ်ဆက်လိုက်သောကြောင့် ကျွန်တော် နောက်ပြန်လှည့်ကြည့်လိုက်သည်။ မင်းထက် ၊ ဇင်မင်းဦးတို့နှင့် ကျွန်တော့်အဖွဲသားများ ဖြစ်သည်။ ပြီးနောက်
ကျော့နေအောင် ဖြီးလိမ်း၍ အခြားသောသူတို့ထက် ပိုမိုပေါ်လွင်နေသော မိန်းကလေးတစ်ယောက်ကို တွေ့ရပြန်သည်။ သူမက ကျွန်တော့်ကို နှုတ်ဆက်ရာ ကျွန်တော်ကလည်း ပြန်၍ပင် နှုတ်ဆက်သည်။ သူမကို ကျွန်တော်
မမေ့ချေ။ မေ့လို့မရဟု ဆိုက ပို၍မှန်မည်။ အဘယ့်ကြောင့်ဆိုသော် သူမက ကျွန်တော်၏ အမုန်းဆုံး လူသားဖြစ်နေသောကြောင့်တည်း ။
( သူမက လုံးချင်းဝတ္ထုစာရေးဆရာမ နွယ်နီခင်ကွ ၊ နာမည်အရင်းက နေခြည်တဲ့ )
ဦးတင်က ကျွန်တော့် ကမ္ဘ့ာ့ရန်သူနှင့် မိတ်ဆက်ပေးသည်။ ကျွန်တော်ကလည်း အရင်က မသိခဲ့ဖူးသလို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် တက္ကသိုလ်ထဲက ဆရာ ၊ ဆရာမတွေကော ။ စာပေနယ်ပယ်က ဆရာ ၊ ဆရာမ
တွေကော မိတ်ဆက်ပေးပြန်သည်။ ဦးတင်၏ လုပ်ပုံကိုင်ပုံကို ကြည့်ကာ ကျွန်တော့်မှာ နားလည်ရခက်နေသည်။ အဘယ့်ကြောင့် ကျွန်တော့်ကို ဧည့်သည်များနှင့် မိတ်ဆက်ပေးနေပါသနည်း။ ရယူခြင်းရှိလျှင် ပေးဆပ်ရမည်ဆိုတာ
ကျွန်တော်နားလည်သည်။ ဦးတင်က မည်သည့်ကြောင့် ဤကဲ့သို့ လုပ်နေသည်ကို ကျွန်တော်နားမလည်ပါချေ။ အားလုံးသော ဧည့်ပရိတ်သတ်တို့နှင့် မိတ်ဆက်ပေးပြီးသောအခါ ရှစ်ယောက်ဝင်ဆန့်သော စားပွဲခုံတွင် ကျွန်တော်နှင့်
ဦးတင်တို့ ဇနီး မောင်နှံ သုံးယောက်သာ ထိုင်ကြသည်။ ဤနေရာက သီးသန့်နေရာ ဖြစ်မည်ထင်သည်။ ကျွန်တော့်မှာ ခင်မင်ရင်းနှီးသော အသိမိတ်ဆွေတို့ မရှိသောကြောင့် ကျွန်တော်၏ သူငယ်ချင်းများရှိသော ပုဏ္ဏရိပ်ပင်ကြားက
စားပွဲဝိုင်းသို့ သွားမည့်အကြောင်းပြောရာ ဦးတင်က ခဏနေပါဦးဟု ဆိုသောကြောင့် ကျွန်တော်မှာ ဘယ်နေရာမှ သွားခွင့်မရှိချေ။
ဦးတင်၏ အမျိုးသမီး ဒေါ်မြင့်အေးက ကျွန်တော့်ကို ကွှက်ကြည့်ကွက်ကြည့်လုပ်ကာ ပြုံးနေသည်။ ကျွန်တော့်မှာ ဒေါ်မြင့်အေး၏ ရှေ့ နေရ ၊ ထိုင်ရ ကျဉ်းကြပ်နေသည်။ ထိုအချိန်တွင် မွေးနေ့ပွဲသို့ လာသည့် ပရိတ်သတ်များကို
ရေခဲမုန့်များနှင့် ဧည့်ခံပြန်သည်။ ရေခဲမုန့် ။ ဟုတ်သည်။ ရေခဲမုန့်ကို မြင်လျှင် ကျွန်တော် သူမကို သတိရမိသည်။ အော့် သူမက ရေခဲမုန့်ကို ကြိုက်တတ်သည့် ရေခဲသခင်မလေးပါတကာ့း့။
( ကောင်လေး ၊ မင်း မထွေးကို သတိရနေတာလား )
( ဗျာ )
ရေခဲမုန့်ကို ကြည့်ရင်း အိုသွားသော မျက်နှာကြောင့် ဦးတင်က ကျွန်တော့်ကို ကြည့်လိုက်ကာ မေးလိုက်ခြင်းဖြစ်သည်။ ကျွန်တော့်မှာ လူမိသွားသောကြောင့် ပြုံးရုံသာ ပြုံးပြလိုက်သည်။
( မင်္ဂလာပါရှင် ။ ကျမတို့ ဒီပွဲလေးကို ခုလို လာရောက်ချီးမြှင့်ကြတဲ့ ဂုဏ်သရေရှိ ဧည့်ပရိတ်သတ်များကို မင်္ဂလာပါလို့ ကျမ နှုတ်ခွန်းဆက်သအပ်ပါတယ်ရှင် )
စင်မြင့်ပေါ်က မိုက်ခရိုဖုန်းနှင့် နှုတ်ဆက်လိုက်သောကြောင့် ဆူညံနေသော ပရိတ်သတ်တို့မှာ ငြိမ်ကျသွားသည်။ မိုက်ခရိုဖုန်းနှင့် ဆက်သွယ်ထားသော ဓာတ်စက်သံက ထပ်၍ ပေါ်လာပြန်သည်။
( ပထမဦးဆုံးအနေနဲ့ ဒီဖွင့်ပွဲလေးကို မပြုလုပ်ခင် ပရိတ်သတ်ကြီးကို ဖျော်ဖြေချင်လို့ပါဆိုပြီး အတင်းအဓမ္မ တောင်းဆိုလာတဲ့ ညီမလေးနှစ်ယောက်က သီချင်းတစ်ပုဒ်သီဆိုဖျော်ဖြေပါ့မယ်ရှင် ။ အားလုံး နားသောတ
ဆင်ကြပါဦးရှင့့် )
မိုက်ခရိုဖုန်းနှင့် အော်လိုက်သည့်အသံကြောင့် ( ဒီ ကလေးနှစ်ယောက်ကတော့ကွာ လုပ်ချလိုက်ပြန်ပြီ ) ဟု သူ၏ ဇနီးဘက်ကို လှည့်ကာ ပြောလိုက်၏။ ထိုအခါ ဒေါ်မြင့်အေးက ( ရှင့်တူလို့ပေါ့ ။ ရှင်သမီးနဲ့ ရှင့်တူမပဲမဟုတ်လား )
ဟု ပြန်ပြောလိုက်ပြန်သည်။ ဦးတင်က မချိမဆ န့် မျက်နှာဖြင့် ဒေါ်မြင့်အေးကို ကြည့်ကာ ဘာမှ မပြောတော့ပဲ ငြိမ်နေလိုက်၏ ။ ဦးတင်မှာ သမီးနှင့်တူမရှိတယ်လို့ ကျွန်တော် မကြားဖူးခဲ့။ ယခုမှ သိလိုက်ရခြင်းကြောင့် စိတ်ထဲ
တွင်တော့ ဘ၀င်မကျချင်သလိုဖြစ်နေသည်။ စင်ပေါ်တွင်ကား ကားလိပ်ကို မတင်ပဲ ဂစ်တာသံက ထွက်ပေါ်လာသည်။ အိုင်းရင်းဇင်မာမြင့် ၏ နှလုံးသားအနီးအဝေ့း့သီးချင်းကို ဂစ်တာနဲ့ တီးခတ်နေသည်ကို ထောက်၍
သည် ဂစ်တာသမား တော်တော် ကျွမ်းကျင်ပုံရသည်။ တစ်ချို့နေရာတွင် မူလ အသံ၏ အပြင်ဘက်ကို ထွက်၍ တီးခတ်၏ ။ တစ်ခါတစ်ရံ ပုံမှန်တိုင်း တီး၏ ။ ဒီလက်သံ ကျွန်တော်ရင်းနှီးသလို ခံစားလာမိသည်။ ကျွန်တော့်မှာ
ဂစ်တာတီးတတ်သည့် မိတ်ဆွေ အများအပြားရှိသော်လည်း ယခုလို ပုံမှန်နုတ်ကို ကျော်ပြီး တီးခတ်သူ တစ်ယောက်သာရှိသည်။ ကျွန်တော်၏ ရင်ခုန်သံက ဒိုင်းခနဲ မည်သွားသလို ခံစားရ၏ ။
( မထွေး )
ကျွန်တော် ထိုင်ရာမှ ထကာ နှုတ်မှလည်း မထွေးဟု ရေရွတ်မိသည်။ ကျွန်တော်၏ လက်ကို ဦးတင်က ဆွဲကာ ( ဘာဖြစ်လို့လဲ ကောင်လေး ) ဟုမေးသည်။
( မထွေး ၊ ခု ဂစ်တာတီးနေတာက မထွေးပဲ ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို သွားတွေ့ခွင့်ပေးပါ ၊ ကျွန်တော် မထွေးကို တွေ့ချင်တယ် )
( ကောင်လေး ၊ မင်းဘ၀အတွက် မထွေးက အရေးကြီးလား ၊ လူတွေကြားထဲ သွေးရူးသွေးတန်းနဲ့ သိက္ခာကြသွားမှာက အရေးကြီးလား )
( နှစ်ခုလုံး အရေးကြီးတယ် )
ကျွန်တော်က ဦးတင်ကို ခပ်ပြတ်ပြတ်ပြောလိုက်သောကြောင့် ဦးတင်က ကျွန်တော့်ကို မျက်မှောင်ကျုတ်၍ ကြည့်သည်။ သို့သော်လည်း မတတ်နိုင် ။ ကျွန်တော် အချိန်များစွာ စောင့်စားလာခဲ့တဲ့ မထွေးက ကျွန်တော့်ရှေ့မှာ
ရောက်နေပြီ မဟုတ်လော ။
( မင်းကို အထင်ကြီးမိတာတွေ ငါမှားသွားပြီ ) ဟု ပြောကာ ဦးတင်က ကျွန်တော့်ကို မကြည့်တော့ပဲ တခြားဘက်သို့ လှည့်သွားသည်။ ဦးတင်၏ အပြုအမူကြောင့် ကျွန်တော့်ရင်ထဲတွင် နင့်ခနဲဖြစ်သွားသည်။
( ကျေးဇူးတင်ပါတယ် ရှင် )
ကျွန်တော်တို့ ပြောဆိုနေတုန်းအချိန်လေးမှာပင် သီချင်းက ပြီးဆုံးသွားချေပြီ ။ ကျွန်တော် စင်မြင့်ဘက်သို့ လှည့်ကြည့်လိုက်သည်။ စင်မြင့်နောက်ကွယ်မှ ကောင်မလေးနှစ်ယောက် ထွက်လာသည်။ တစ်ယောက်က
ကျွန်တော့်သူငယ်ချင်း ဇင်မာစိုးဖြစ်သည်။ နောက်တစ်ယောက်ကို ကျွန်တော်မြင်ဖူးသည်။ ဘယ်မှာ တွေ့ဖူးသည်မသိ။ မထွေးမဟုတ်သောကြောင့် စိတ်ထဲတွင်တော့ မကျေမနပ်ဖြစ်မိ၏ ။ စောစောက လက်သံက မထွေးမှ
မထွေးအစစ်ပင် ။
( အဖေ့ ၊ သမီးဆိုတာ ကောင်လားဟင် )
အနီရောင်ဂါဝန်နဲ့ ကောင်မလေးက ဦးတင်ကို မေးလိုက်၏ ။ ထိုအခါ ဦးတင်က ကျွန်တော့်ကို မေးထိုးပြပြီ့း့
( ကောင်းလား လုပ်မနေနဲ့ ။ သမီးလုပ်တာနဲ့ အဲဒီစင်နောက်မှာ မထွေးရှိတယ်လို့ သူက ထင်နေတယ် )
ဦးတင်က ပြောလိုက်သောကြောင့် အနီရောင်ဂါဝန်နဲ့ ကောင်မလေးက ကျွန်တော့်ကို ကြည့်သည်။
( အော့် ကိုမိန်နွေကိုး ။ ကိုမိန်နွေရဲ့ ကဗျာတွေ အဖေ့စာစောင်တွေ လစဉ်ထွက်တိုင်း ကျမတို့ ဖတ်ဖြစ်ပါတယ်၊ အဲဒီကဗျာထဲ မထွေးရဲ့ အငွေ့အသက်တွေ အမြဲတမ်းပါတယ်နော် ၊ မထွေးက ဘယ်လောက်ထိ
လှနေလို့လဲ )
သည်ကောင်မလေးက ကျွန်တော့်နာမည်ကို သိနေသည်။ ကျွန်တော် ဘာမှ စဉ်းစားလို့မရ ။ ကျွန်တော့်စိတ်ထဲတွင်တော့ တွေ့ဖူးသည်ဟုခံစားမိသည်။
( ချောတယ် ၊ မချောဘူးဆိုတာ နောက်က ဇင်မာစိုးကို မေးကြည့်လိုက်ပါ )
ယင်းကောင်မလေးက ဇင်မာစိုးကို မမေးပဲ ကျွန်တော့်ကို နှာခေါင်းရှုံ့ပြသည်။ သူမ၏ နှာခေါင်းရှုံ့ပြပုံက မထွေးနှင့် တော်တော်လေးကို တူသည်။ ထိုအချိန်တွင် ခြံဝသို့ ကားတစ်စီးထိုးရပ်လိုက်သည်။ ကျွန်တော်နှင့်အတူ
ဧည့်ပရိတ်သတ်တို့လည်း ထိုကားဆီသို့ အကြည့်ရောက်သွားသည်။ ကားပေါ်မှ ဆင်းလာသော သူကို တွေ့လိုက်ရသောအခါ ကျွန်တော်များစွာ အံ့သြသွားသည်။ ဦးတင်က ထိုင်နေရာမှ ကားရှီရာသို့ ခပ်သွက်သွက်သွားသည်။
ထို့အတူ ။ ကျွန်တော်နှင့် အနီရောင်ဂါဝန်နဲ့ကောင်မလေးကလည်း လိုက်သွားသည်။ ကားပေါ်မှ ဆင်းလာသူကား တခြားသူမဟုတ်ချေ။ ကျွန်တော်၏ မာတာပိတ မိဘနှစ်ပါးဖြစ်၏ ။ ကျွန်တော်၏ အမေက ကားပေါ်မှ ဆင်းဆင်းခြင်း
အနီရောင်ဂါဝန်နဲ့ ကောင်မလေးကို နှုတ်ဆက်လိုက်သည်။
( ဟယ် ၊ ကြည့်စမ်း ၊ သမီးလေး ဒိုင်ယာနာက တော့်တော့ကို လှလို့ပါလား ၊ အပျိုဖားဖားကြီးတောင် ဖြစ်နေပြီ )
( အန်တီကို မုန့်ဝယ်ကျွေးမယ် ၊ ဘာစားမလဲ ပြော )
ကျွန်တော်၏ အမေက အနီရောင်ဂါဝန်နဲ့ ကောင်မလေးကို နာမည်ဖော်ပြီး နှုတ်ဆက်လိုက်မှ ကျွန်တော် ထိုကောင်မလေးကို သေသေချာချာ မှတ်မိလေတော့သည်။ ထိုကောင်မလေးသည် ကျွန်တော်တို့ အဖွဲ့ စတင်တည်ထောင်တုန်းက
မဲစနစ်ကျ စကားပြောရာတွင် ဒိုင်ယာနာ ဆိုသော ကောင်မလေးပင် ။ ဒိုင်ယာနာ ။ ဟုတ်သည်။ သူမ ဒိုင်ယာနာ ။ ဒါဆို့ မထွေးကို သူသိရမည်။
( ဒိုင်ယာနာ ၊ မထွေးဘယ်မှာလဲ ၊ သူ ဘယ်မှာလဲ )
( အာ့ ဘယ်သိမလဲ ၊ ဘယ်က မထွေးလဲ ။ မသိဘူး ။ အန်တီသားကို ပြောဦး ။ သမီးကို အနိုင်ကျင့့်)
( ဟေ့ကောင် ၊ မင်း ငါ့ရှေ့မှာ ငြိမ်ငြိမ်နေစမ်း ၊ ကျောင်းစ တက်တဲ့နေ့က စပြီး မင်းရဲ့ သတင်းကောင်းကို ဘာမှ မကြားရဘူး )
ကျွန်တော့်အဖေက ငေါက်တော့ ထိုဒိုင်ယာနာ ဆိုသည့် ကလေးမလေးကို ကျွန်တော် မကျေနပ်ချေ။
( ငတင့့် မင်းဆီလည်း ငါ မရောက်တာကြာပြီ ၊ ဒီတစ်ခါတော့ သားရေး သမီးရေးကိစ္စကြောင့် မဖြစ်မနေလာခဲ့ရတာ ၊ နယ်မှာလည်း အလုပ်တွေက ရှုပ်တယ်ကွ )
( ငါ နားလည်ပါတယ်ကွာ ၊ ငါတို့အသက်က ကြီးပြီမဟုတ်လား ၊ ငါ့အစ်ကိုကြီး မသေခင်မှာတာလေးတော့ မဖြစ်မနေ လုပ်ချင်လို့ ကျောင်းမပြီးသေးခင်စီစဉ်ရတာ ။ အဲဒီအတွက်လည်း တောင်းပန်ပါတယ် )
( အိုး ဟိုး ၊ မလိုပါဘူးကွ ။ တို့က ခုမှ သိတဲ့လူတွေမှ မဟုတ်တာ ၊ လူငယ်တွေလည်း ခု မဟုတ်တောင် အိမ်ဝင် ၊ အိမ်ထွက် များလာရင် အဆင်ပြေသွားမှာပါ )
ဧည့်ပရိတ်သတ်တွေကို ကျော်ဖြတ်ပြီး စားပွဲဝိုင်းရှိသည့်နေရာသို့ သွားရင်း အဖေနှင့် ဦးတင်တို့ ပြောသည်ကို ကြားလိုက်ရသောကြောင့် ကျွန်တော် ကြက်သီးမွှေးညှင်းထသွားသည်။ ကျွန်တော်နှင့် ဒိုင်ယာနာ ။ ဒိုင်ယာနာနှင့်
ကျွန်တော့် ။ မဖြစ် ။ လုံးဝ မဖြစ် ။ ကျွန်တော့်မှာ မထွေးရှိသည်။ မထွေးကို မဖြစ်မနေ တွေ့အောင်ရှာမည် ။ ဒိုင်ယာနာကို ကျွန်တော် အသာချောင်းကြည့်လိုက်သည်။ ဒိုင်ယာနာက ကျွန်တော့်အမေ၏ ရင်ခွင်ထဲတွင် ကလေးလေးလို
နွဲ့ဆိုး ဆိုးနေသည်က တော်တော့်ကို မုန်းချင်စရာ ။ ဒိုင်ယာနာက မလှ၍ မဟုတ်ပါ။ ဒိုင်ယာနာ လှပါသည်။ သို့သော့့် မထွေးကိုတော့ မမှီပေ။ ကျွန်တော့်ကို လွှမ်းမိုးသူက မထွေးတစ်ယောက်သာလျှင် ဖြစ်သည်။ ကျွန်တော်
စဉ်းစားမရသည်က ဘာသာခြင်းမတူသော သည်မိသားစုနှစ်ခု အဘယ့်ကြောင့် သည်လောက်အထိ ရင်းနှီးနေသည် ဆိုတာပင် ။ ဦးတင်ကို ကျွန်တော်က တက္ကသိုလ်တွင် တွေ့သည်။ အဖေနှင့် အမေက ဦးတင်ကို ဘယ်မှာ
တွေ့၍ ရင်းနှီးနေသနည်း။
( ကဲ့ သားနဲ့ သမီး ၊ အ၀တ်အစားတွေ ပြင်လိုက်ကြ ၊ ဒီမှာကောင်လေး ၊ မင်းကို ငါမွေးနေ့လို့ လိမ်ပြောပြီး ခေါ်ထားရတာ ၀မ်းနည်းပါတယ် ။ မင်း ခွင့်လွှတ်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ် )
( ဟာ့ ငတင်ကလည်းကွာ ဘာကို ခွင့်လွှတ်ရမှာလည်း ။ သူတို့နောင်ရေးအတွက်ပဲ ။ ဟေ့ကောင် ငါဒေါသ မထွက်ခင် မြန်မြန်သွား )
ကျွန်တော့်အဖေက ဒါဆို ဒါလျှင် ဖြစ်သည်။ ဥိးတင်ကို ပြောပြီး ကျွန်တော့်ဘက်လှည့်ကာ ငေါက်ငန်းသည်ကြောင့် ကျွန်တော်ထိုနေရာမှ ထဟန်ပြုလိုက်သည်။ ထိုအခါ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသည့် မင်းထက်တို့က
ညာသံပေးကာ အော်ဟစ်ချီးကျူး ထောပနာပြုကြသည်။ ကျွန်တော်ကတော့ မပျော်ပေ။ လုံးဝမပျော် ၊။ ကျွန်တော်မရှက်မကြောက် ၀န်ခံရလျှင် ကျွန်တော် တကယ်စွဲလန်းသူက မထွေးတစ်ယောက်သာလျှင် ရှိချေ၏ ။ သူငယ်ချင်းတွေက
ကျွန်တော့်ကို ခေါ်ပြီး အ၀တ်လဲခန်းတွင် ခေါ်သွားသည်။ သူတို့စိတ်ကြိုက် ပြင်ဆင်ပေးပြီးမှ ကျွန်တော့်ကို မြက်ခင်းပြင်ပေါ်က ဧည့်ပရိတ်သတ်တို့ အလယ်တွင် သီးသန့်ထားသော စားပွဲဝိုင်းရှိရာသို့ ခေါ်ဆောင်လာကြသည်။
စားပွဲဝိုင်းတွင် ရှေ့နေနှစ်ယောက်နှင့် နှစ်ဖက်မှ မိစုံ၊ ဖစုံ ။ ပြီးတော့ ရပ်ကွက်လူကြီးများ ။ ဘေးတွင်ဧည့်ပရိတ်သတ်များ ။
ဒိုင်ယာနာက ရောက်မလာသေး ။ ကျွန်တော် အဝေးကို လှမ်းကြည့်လိုက်သည်။ ထင်ထင်ရှားရှား မြင်နေရသော လူနေတိုက်တာတို့ ကျွန်တော့်မျက်လုံးထဲတွင်ေ၀၀ါးနေသည်။ မျက်တောင်တစ်ချက် ပုတ်ခတ်လိုက်
သောအခါ ကျွန်တော်၏ မျက်ဝန်းမှ မျက်ရည်ပေါက်များ ခုန်ဆင်းလာကုန်၏ ။ အော့့် ကျွန်တော် ငိုနေပါပကော ။ ကျွန်တော် ကျောက်ဆောင် မဖြစ်ချင်တော့ ။ ကမ္ဘာကြီးဘယ်လိုနေနေ ဂရုမစိုက်ချင်တော့ ။ ဘာသာတရားတွေ
ဘယ်လိုနေနေ ဂရုမစိုက်ချင်တော့ ။ မထွေးကို တွေ့အောင်ရှာပြိး အဝေးကို ထွက်ပြေးချင်မိသည်။ မှန်သည်။ ဘယ်တုန်းကမှန်း မသိသည့် မသိစိတ်က သူမကို တွယ်တာနေမိသည်။ ယခုမူ့ ကျွန်တော် အော်ဟစ်ပြီး ငိုချင်မိသည်။
ထိုအချိန်တွင် ဒိုင်ယာနာက အလှပြင်ဆင်ပြီးကျွန်တော့်ဘေးကို ရောက်လာသည်။ ကျွန်တော် သူမကို မကြည့် ။ မကြည့်မိအောင် နေသည်။ သူမ ဘယ်လို အလှပြင်လာသည်လည်း ကျွန်တော်မသိ။ သိလည်း
မသိချင်။ ပရိတ်သတ်တွေကတော့ စေ့စပ်ပွဲဟု အစကတည်းက ဖိတ်ထားဟန်တူ၏ ။ ဒီပွဲတွင် ကျွန်တော်တစ်ယောက်တည်းသာ ဘာမှ မသိသည့် သူဖြစ်နေသည်။ မင်းထက်တို့ကလည်း ကျွန်တော့်ကို မပြော ။ ကျွန်တော်
လောကကြီးကို နာကျည်းလာသည်။ သတိုးသားနဲ့ သတိုးသမီးကတော့ လိုက်ဖက်ညီတယ်ဟု တီးတိုးပြောသံတွေကြားနေရသည်။ ကျွန်တော် ဘာကိုမှ စိတ်မ၀င်စားချင်တော့ ။ ကျွန်တော့်ရဲ့ စိတ် အားတင်းပြီး မတ်တပ်ရပ်လိုက်သည်။
ထိုအခါ နှစ်ဖက်သော မိဘများနှင့် ဧည့်ပရိတ်သတ်များက ကျွန်တော့်ကို ၀ိုင်းကြည့်နေကြသည်။
( ကျွန်တော် လူကြီးမင်းများရှေ့မှာ စကားတစ်ခွန်းလောက် ပြောပါရစေ )
အကုန်လုံးကြားအောင် ကျွန်တော် အသံမြှင့်တင်လိုက်သည်။ ဘေးနားတွင်ရှိသော ဒိုင်ယာနာကိုတော့ အနူးအညွတ်တောင်းပန်ချင်သည်။ သူမကိုလည်း စာနာမိပါသည်။ ကျွန်တော့်တကယ်ချစ်တဲ့သူက ဒိုင်ယာနာမှ မဟုတ်ပဲ။
( ကျွန်တော် စေ့စပ်ပွဲကို ဖျက်သိမ်းပါရစေ )
( ဟာ )
( ဟင့် )
ပရိတ်သတ်တွေက အာမေဍိတ်သံတွေ ပြုကြပေမယ့် ကျွန်တော့အဖေက ကျွန်တော့်ကို့
( ဘာကွ )
ကျွန်တော့်အဖေက အသံကုန်အော်ဟစ်လိုက်သောကြောင့် ကျွန်တော် တုန်လှုပ်သွားသည်ကတော့ အမှန်ပင်။ သို့သော့့် ကိုယ်မချစ်မနှစ်သက်သော သူနှင့်တော့ အတူမနေနိုင် ။ ဒိုင်ယာနာကို မုန်းလို့တော့ မဟုတ်ပေ။
ကျွန်တော် တကယ်ချစ်သည်ကာ့း့
( ကျွန်တော့်မှာ ရည်ရွယ်ထားသူရှိပါတယ် ။ သူ့ကို မတွေ့ တွေ့အောင် ရှာ့)
( အာ့တောက် )
( ခွပ့့်)
အဖေ့လက်သီးက တော်တော်ပြင်းသည်။ သို့သော် မတတ်နိုင်။ ဒိုင်ယာနာကိုမှ ကျွန်တော် မချစ်တာ ။ နှုတ်ခမ်းထောင့်တွင် စီးကျလာသော သွေးစကို သုတ်ရင်း ကျွန်တော် ဆက်ပြောဖို့ကြိုးစားသည်။
( ကျွန်တော် တကယ်ချစ့်)
( တောက့့် ငြင်းအုံးကွာ )
( ခွပ့့်ခွပ် )
( တော့့်တော်ပါတော့ ဦးလေးရယ် ။ တော်ပါတော့ ။ သူမှ သမိးကို မချစ်တာ )
ပရိတ်သတ်တွေ လှုပ်လှုပ်ရွရွ ဖြစ်ကုန်သည်။ ဒိုင်ယာနာက ငိုနေသောကြောင့်လားမသိ။ အသံက တစ်မျိုးပြောင်းနေသည်တော့ ခံစားမိသည်။
( မိန်နွေ ။ နင့့် တကယ်ငါ့ကို မချစ်ပဲနဲ့ ဘာလို့ အချိန်ကုန်ခံပြီး လိုက်ရှာနေရတာလဲ။ အခုလို အရှက်ခွဲဖို့လားဟင် )
ဒိုင်ယာနာကို ကျွန်တော်ကြည့်လိုက်သည်။ အို့။ ကျွန်တော့်မျက်လုံးကို ကျွန်တော် မယုံချင်တော့။ မျက်လုံးကို သေသေချာချာ ပွတ်ကြည့်လိုက်သည်။ ကျွန်တော့်ဘေးကို တစ်ချက်ကြည့်လိုက်ပြန်သည်။ လူအုပ်ကြားထဲမှာ
ဒိုင်ယာနာက ကျွန်တော့်ကို ပြုံးပြီးကြည့်နေသည်။
( ဒိုင်ယာနာ့ဒါ့ ဒါက )
ကျွန်တော်က စိုးရိမ်သံဖြင့် ဒိုင်ယာနာကို လှမ်းမေးလိုက်သည်။ ဒိုင်ယာနာက
( ဟုတ်တယ် ။ အဲဒါ မထွေးအစစ်ပဲ ။ မယုံရင် ဖက်ကြည့်လိုက်ပေါ့ )
ဒိုင်ယာနာက ပြတ်သည်။ သို့သော့်။ ကျွန်တော်က မထွေး၏ ပါးနုနုလေးကို ဆွဲလိမ်ကြည့်သည်။ အို့ မထွေး ။ မထွေးမှ မထွေးအစစ်။ ကျွန်တော် မနေနိုင်တော့ ။ မထွေး၏ မျက်ရည်များကို လက်နှစ်ဖက်ဖြင့် ယုယစွာ
သုတ်ပေးလိုက်ပြီး အတန်ကြာသည့်တိုင်အောင် ဖက်ထားလိုက်မိသည်။ မှန်သည် ။ ကျွန်တော့်ကို အချိန်ကြားကြီးခွဲခွါသွားသော မထွေးက ကျွန်တော့် ရင်ခွင်ထဲရောက်နေသည်။ ကိုယ့်ကိုယ်ကိုယ်ပင် မယုံချင်မိ။ ထိုအခါကျမှ ဧည့်ပရိတ်သတ်တို့က
သက်ပြင်းချကြသည်။ ကျွန်တော့်အဖေက ဆဲသည်။ ဦးတင်က ပျော်နေသည်။ ဘယ်တုန်းက ရောက်နေမှန်းမသိသည့် ဥိးမိုးကြီးက ပြုံးဖြီးဖြီးလုပ်နေသည်။
( နောက်တစ်ခါ ကိုယ့်အနားကနေ ဘယ်မှ ခွဲမသွားပါနဲ့ မထွေးရယ် ။ ကိုယ်မင်းကို လိုက်ရှာနေခဲ့တာ ၊ အစက မင်းမှန်းမသိခဲ့လို့ပါ ။ အဲဒီအတွက် ကိုယ့်ကို ခွင့်လွှတ်နော် )
မထွေးက ဖက်ထားရာမှ ခွါလိုက်သည်။ ဘာမပြော ညာမပြောဖြင့် ကျွန်တော့် ပါးပြင်ကို ခပ်ပြင်းပြင်း ရိုက်သည်။ ကျွန်တော် ကြောင်သွားသည်။ ပြီးနောက် မထွေးက ကျွန်တော်၏ နဖူးပြင်ကို အသာလေးနမ်းရှိုက်လိုက်သည်။
ထိုအခါ ကျွန်တော်၏ သူငယ်ချင်းများနှင့် ဧည့်ပ၇ိတ်သတ်များက ၀ိုင်းဝန်း၍ သြဘာပေးကြသည်။ မထွေးက ဖြူလွသော လက်ကိုင်ပုဝါဖြင့် ကျွန်တော့်နှုတ်ခမ်းတွင် စွန်းနေသော သွေးစများကို ယုယစွာ သုတ်ပေးသည်။
( ဇာတ်သိမ်းခဏ်း)
စေ့စပ်လမ်းကြောင်းပြီးဆုံးသည်၏ နောက်တွင် ဦးမိုးကြီး စင်မြင့်ပေါ်ကိုတက်ကာ မိုက်ခရိုဖုန်းကို ယူလိုက်သည်။ ပြီးနောက့်
( ဒီဇာတ်လမ်းလေးကို ကျွန်တော်နဲ့ မထွေးငယ်က ဇာတ်ညွှန်းရေးသားပြီး ဇင်မာစိုး ၊ ဦးတင်၊ ဒိုင်ယာနာတို့က အဓိကနေရာကနေ သရုပ်ဆောင်နိုင်ခဲ့ကြပါတယ် ။ အကျဉ်းချုပ်မျှ ပြန်ပြောရမယ်ဆိုလျှင်တော့ မထွေးရဲ့ အဖေနဲ့
ဦးတင်ဟာ ညီအစ်ကို အရင်းတွေပါ။ ဒိုင်ယာနာနဲ့ မထွေးငယ်ကတော့ ညီအစ်မ၀မ်းကွဲပေါ့ ။ ငါန်းဇွန်ဆိုတဲ့ မြို့လေးကနေ ခု့ဒီရန်ကုန်မြို့ကြီးကို ပြောင်းရွေ့လာတဲ့ မထွေးငယ်တို့ မိသားစုဟာ ကံစိုးစွာနဲ့ပဲ မထွေးငယ်ကလွဲတဲ့
ကျန်တဲ့ မိဘနှစ်ပါးရယ် ၊ အစ်ကိုတစ်ယောက်ဟာ ကားအက်စီးဒင့် ဖြစ်ပြီး ဆုံးသွားရှာပါတယ် ။ မထွေးငယ်ကို ကိုမိန်နွေက လိုက်ရှာလို့ မတွေ့ရဘူးဆိုတာ ကျွန်တော်နဲ့ မထွေးငယ် အကွက်ကျကျ စီမံခဲ့ရတာပါ။ ပိုပြီးလွတ်လပ်သွားတာက
မထွေးငယ်ဟာ ကိုမိန်နွေတို့လို အီးမေဂျာဘာသာတွဲကို မယူပဲနဲ့ လော့( ဥပဒေ )နဲ့ပဲ ကျောင်းတတ်ခဲ့လို့ပါ။ နောက်တော့ ဇင်မာစိုးဆိုတဲ့ သူ့ သူငယ်ချင်းကို ခေါ်ပြီး အသေးစိတ် ညှိုနိုင်းခဲ့ရပါတယ်။ အဖွဲ့အစည်းလေးမှာ
ဒိုင်ယာနာစကားပြောရဖို့ ဇင်မာစိုးက တာဝန်ယူခဲ့ရပါတယ်။ အစကတော့ မထွေးငယ်က ကိုမိန်နွေကို စနောက်တဲ့ သဘောမျှသာ ပြုလုပ်ခဲ့တာပါ ။ နောက်တော့ သူမကို အရမ်းဂရုစိုက်တဲ့ ကိုမိန်နွေ မေတ္တာကြောင့် မထွေးငယ် က
သူငယ်ချင်းထက်ကို ပိုမိသွားတာပါ ။ ဦးတင်ဟာ ကိုမိန်နွေတို့ရဲ့ အဖွဲ့အစည်းလေးတည်တန့်အောင် နောက်ကွယ်ကနေ အမြဲတစေ ကြည့်ရှုနေခဲ့ရပါတယ် ။ ငွေလိုတဲ့အခါမှာ မထွေးငယ်ကို ပြောပြီး လှူကြရတာပါ။ မထွေးငယ်ကြောင့်
လမ်းမှားရောက်နေတဲ့ ကိုမိန်နွေကို ဦးတင်ကပဲ လမ်းမှန်ေ၇ာက်အောင် လုပ်ပေးရပါတယ် )
ဦးမိုးကြီးက မောသွားဟန်ဖြင့် ခဏနားလိုက်သည်။ ကျွန်တော်က ထိုင်ခုံပေါ်မှ မထွေး၏ သွယ်လျသော လက်ချောင်းလေးတွေကို ယုယစွာ ဆုပ်ကိုင်ထားသည်။ နေခြည်က ကျွန်တော်တို့ကို ကြည့်ပြီး ပြုံးပြသည်။
တစ်ချို့က ကျွန်တော်တို့ကို ခိုး ကြည့် ကြည့်သည်။
( အဲဒီရဲ့နောက်မှာတော့ ဇာတ်လမ်းလေးက ပေါင်းကြစေသတည်းပေါ့ဗျာ ။ ဒါပေမယ့် မလွယ်ဘူး။ ဒိုင်ယာနာက သူခဏရှုပ်ပါရစေလို့ နောက်ဆုံးပရိုဂရမ်တစ်ခုကို ဦးတင်နဲ့ သူ့သမီးဒိုင်ယာနာကရေးဆွဲတာပါ။ ဦးတင်နဲ့ ကိုမိန်နွေ မိဘတို့ဟာ အလှူအတန်းတစ်ခုမှာ
တွေ့ခဲ့ကြတဲ့ မိတ်ဆွေတွေပါ။ ဘာသာချင်းမတူပေမယ့် ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုတာ ။ ရှင်းပါတယ်။ ကျွန်တော်တို့ မြန်မာသင်္ကြန်ပြီးတဲ့အခါ ဘာသာပေါင်းစုံစုပြီး သီတဂူဆရာတော်ကြီးနှင့်အတူဆေးရုံ၊ ဆေးခန်းစတာတွေအမြဲတမ်း လှူနေကြပါတယ်။ အဲဒီမှာ
တွေ့ခဲ့ကြတာပါ။ ပြီးတော့ မထွေးငယ်ရဲ့ မိဘတွေက ကိုတင်ကို မသေခင် သူမစိတ်ချမ်းသာတဲ့သူနဲ့ လက်ထပ်ပေးပါလို့ ဆိုခဲ့တာကတစ်ကြောင်း ၊ ကိုမိန်နွေအကြောင်းနဲ့စရိုက်ကို ကိုတင်က ခရေစေ့တွင်းကျ သိတာက တစ်ကြောင်း လူငယ်ချင်းကလည်း မေတ္တာချင်းမမျှသေးပေမယ့်
အချင်းချင်းနားလည်နေသည်ကတစ်ကြောင်း ယင်းအကြောင်းအမျိုးမျိုးကြောင့် ကိုတင်က ဘာသာမတူလဲ သဘောတူခဲ့တာပါ။ ပြီးတော့ မထွေးငယ်နဲ့ ကိုမိန်နွေတို့ပေါင်းပြီး တိုင်းရင်းသားတွေ ညီညွှတ်၊ မပြိုကွဲအောင် ။ ခရစ်ယာန်ဘာသာနဲ့ ဗုဒ္ဒွဘာသာသည့်ထက်ပိုပြီး
ချစ်ကြည်မြတ်နိုးအောင် အဖွဲ့အစည်းတည်ထောင်နေကြတဲ့အတွက် ပိုပြီးသေချာသွားစေတာပါ။ ကဲ့ ဒီဇာတ်လမ်းရဲ့ အကျဉ်းကို ပြောပြီးပြီဆိုတော့ ဒီအဖွဲ့ထဲမှာ လက်မှတ်မထိုးရသေးတဲ့ မထွေးငယ်က လက်မှတ်ထိုးပြီး ၊ အားလုံးက ဒီအဖွဲ့ရဲ့ နာမည်ကို ၀ိုင်းဝန်းစဉ်းစားပေးကြပါလို့
ကျွန်တော် တိုက်တွန်းချင်ပါတယ်ခင်ဗျာ )
( ဖြောင်း ဖြောင်း ဖြောင်း )
ဦးမိုးကြီး၏ စကားသံ၏ အဆုံးတွင် ဧည့်ပရိတ်သတ်အပေါင်းတို့က ကျယ်လောင်စွာဖြင့် လက်ခုပ်သြဘာတီးခတ်ကြသည်။ ကျွန်တော့်မှာမူ လူအများကြား အားငယ်နေရှာသော သူမကို ထွေးပွေ့၍ သာ့။ ။
လေးစားစွာဖြင့်
မိန်နွေ
PM:09:40:00
ပြီးပါပြီ
မထွေးမပါတို့ချည်းသာ
မထွေးအသားခါးလှတယ်
အထက်ပါ ၀တ္ထုနှစ်ပုဒ်၏ အဆက်ဖြစ်ပါသည်။ သွားရန် ကလစ်ပါ။

0 comments:
Post a Comment