Tuesday, July 16, 2013

ငါန်းဇွန်မြို့လေး၏ တရားပွဲ

ဖေ့ဘွတ်မှ့
ငါန်းဇွန်မြို့ ၏ “ မိုးသိင်္ဂီ” ဓမ္မာရုံတော်ကြီးတွင် ၁၃၇၅ ခု ၀ါဆိုလပြည့်ကျော် (၅) ရက်နေ့ မှ ၊ စတင်ပြီး လပြည့်ကျော် (၆)ရက် ၊ (၇)ရက် ၊ (၉)ရက် ၊ (၁၀)ရက် နေ့များတွင် ဆရာတော် ဦးဣန္ဒကာဘိဝံသ(စစ်ကိုင်းမြို့ မြစကြာကျောင်းတိုက် ၊ ပဓာနနာယက) ၊ သစ္စာရွှေစည်ဆရာတော် ဦးဥတ္တမ ၊အရှင်စန္ဒောဘာသ(ဖိုးလမင်း တောင်စလင်း )၊ဓမ္မဓရ ဒေါက်တာအရှင်ကုမာရ ၊ စသောဆရာတော် များက ဓမ္မရေအေးအမြိုက်ဆေးကို တိုက်ကျွေးမည်ဖြစ်ပါသောကြောင့် ရပ်နီးရပ်ဝေးမှ ဓမ္မမိတ်ဆွေအပေါင်း တရားနာယူကြည်ညိုနိုင်ကြပါရန် ကြိုတင်အသိပေး နှိုးဆော်လိုက်ပါတယ်။
တရားပွဲအလှူရှင်တွေကတော့

(၁)၀ါဆိုလပြည့်ကျော်(၅)ရက်နေ့ - ဦးဌေးနိုင်+ဒေါ်မြင့်မြင့်ခိုင် (ဆုပြည့်နေကြာမိသားစု)
(၂) ၀ါဆိုလပြည့်ကျော်(၆)ရက်နေ့ - ဦးမြကြီး +ဒေါ်ဝင်းကြည် ( စံပြစက်မှုလုပ်ငန်း-ကြည်ရွှင်ရေပန့် မိသားစု)
(၃) ၀ါဆိုလပြည့်ကျော်(၇)ရက်နေ့- ဦးဘိုးသောင်+ဒေါ်အုန်းကြည်(မိသားစုရွှေပန်းထိန်လုပ်ငန်း)
(၄) ၀ါဆိုလပြည့်ကျော်(၉)ရက်နေ့- ဦးခင်ဇော်ဦး +ဒေါ်ဥမ္မာခိုင်
( သော်တာ ဆေးနှင့် စတိုး ၊ဓာတ်ပုံ၊ ဖိတ်စာ၊လုပ်ငန်းမိသားစု)
(၅) ၀ါဆိုလပြည့်ကျော်(၁၀)ရက်နေ့- ဦးအောင်ဆန်းလင်း +ဒေါ်ဝေေ၀မာ (အောင်စံဟိန်းစိုက်ပျိုးရေးဆိုင်မိသားစု)
-ဦးကျော်မင်းထွန်း +ဒေါ်ညွန့်ညွန့်စီ (ထွန်းထက်ဖယောင်းတိုင်နှင့်အထည်ဆိုင်မိသားစု )

0 comments:

Post a Comment