Tuesday, July 16, 2013

(( အကြွေစောပန်း))


ပိတောက်တစ်ခက်
ကြွေခဲ့ပြန်ပြီ ။
ဘယ်ဆီ ဘယ်ခေတ်
ဘယ်စနစ်ထဲက အက္ခရာတွေလဲ
ရနံ့တွေကြွေတာ
အသီးအပွင့်တောင် မဝေသေးဘူး

အရွက်နဲ့ မြေက
ခုမှ ခွဲခွါစ့။
ဒါဟာ
ဖြစ်နေကြ သဘာဝမဟုတ်တာ သေချာတယ်။
အပျော်တစ်ခုအတွက်နဲ့
နှစ်ကိုယ်တူ မပေါင်းဖက်စေချင်တာတော့ မဟုတ်ဘူးညီမရယ်
ဘ၀ဆိုတာ
ဖဲချပ်တွေထဲက
ကံစမ်းမဲ ထည့်ထားတဲ့ ပစ္စည်းမှ မဟုတ်တာ
တစ်ထွာတစ်ငုံက
သီးပွင့်ကြတယ်ဆိုတာ
သစ်ပင်တွေမှပဲ ကောင်းတယ် ။
အင်းလေ
မင်းက ဒုက္ခကိုမှ ရွေးပြီး ကိုးကွယ်ချင်တာကိုး ။  ။

24.4.2013 AM:6:30:00

0 comments:

Post a Comment