တီးတိုးသံတွေကြားရယုံနဲ့
ခေါင်းပေါ်က ဆံပင်တွေဟာ အလွမ်းဖြစ်မသွားနိုင်ဘူး
ရနံ့တစ်မျိုးသာစွဲခဲ့ဘူးတဲ့
ဟောဒီ မြက်ခင်းစိမ်းတွေကြားမှာ
မာနတွေ စီးချင်းတိုက်ပြီး
နီစွေးစွေး အငွေ့တွေ ဖြတ်တောက်ဖို့ဆိုတာက
ဝင်ရိုးစွန်းနှစ်ခုကို အတင်းဇာတ်ပေါင်းခိုင်းသလိုပဲ
တစ်ကို တစ်နဲ့စားပြီး ရလာဒ်က တစ်ပဲဆိုရင်
သုညက အကြွင်းဖြစ်မယ်ဆိုတာ ဆွဲချထားစရာမလိုဘူး
သဘာဝကျကျ ကြွေကျသွားတဲ့သစ်ရွက်တိုင်း
သိက္ခာတွေ ပွန်းပဲ့သွားမလား။
ဒါမှမဟုတ်
သိက္ခာရှိရှိကြွေကျသွားတဲ့ တိမ်တိုက်တိုင်း
သဘာဝကျနိုင်ပါ့မလား ။
အိမ်ခေါင်မိုးက ကျွံကျလာတဲ့ `လ´ရောင်နဲ့
လမ်းမကြီးအတိုင်း ပြေးလွှားနေတဲ့ `နေ´ရောင်က
ဘာတွေများတော်စပ်လို့လဲ။
ထားပါ
ကြက်သွေးရောင်ညနေခင်းအကြောင်းကိုပြောရင်
မျက်ရည်က အဆစ်ပါလာဦးမယ် ။ ။
လေးစားစွာဖြင့်
မိန်နွေ
23/7/2012
Monday.6:20:00
0 comments:
Post a Comment