ရေနံဆွတ်ပြီးသားပျဉ်တစ်ချောင်းကို
ကော်ပတ်အတုနဲ့ဝါးမြိုဖို့ 
ဘ၀က ခွင့်မပြုခဲ့ဘူး။
ဟန်ဆောင်မျက်ရည်တွေ ချွေချဖို့
နှလုံးသားက လက်သင့်မခံဘူး။
ပုံမှန်မဟုတ်တဲ့ ရှင်သန်ခြင်းတွေထဲက
ဆွဲဆန့် မိတဲ့စိတ်ကူးတစ်ချို့ ဟာ
ကော်ဖီပေါ်က ပျံသန်းနေတဲ့ အခိုးအငွေ့ လိုပဲ
မတည်မြဲခြင်းနောက်က
သဘာဝကိုဆန့်ကျင်တဲ့ ဖုးငုံတွေ
တစ်ကောင်တည်းပြေးဖို့ 
တစ်ကြောင်းတည်း ဆွဲခဲ့တာမဟုတ်ဘူး။
တစ်ယောက်တည်း လျှောက်ခဲ့တဲ့ခြေဖ၀ါးတိုင်းမှာ
မရင့်ကျက်သေးတဲ့ တည်ငြိမ်ခြင်းတွေနဲ့
ရနံ့တွေ့တိုင်း ယိုင်ချင်နေတဲ့ခြေလှမ်းတွေ
ခုတော့
ပန်းတိုင်ကိုရောက်ခါနီးမှ
ပြေးခဲ့တဲ့လမ်းမကြီးတွေကိုပဲ သတိရနေမိတယ်။ ။
1-6-2012
PM: 09:13:00
လေးစားစွာဖြင့်---မိန်နွေ
(ကေတုမတီရောက်---အမှတ်တရ)
ဆက်လျှောက်လိုက်ပါ အားပေးနေတယ်
ReplyDelete