Friday, June 14, 2013

“ လွပ်လပ်မှုကို မြတ်နိုးမိလို့ ခွေးလုံးလုံးဖြစ်နေပြီ ´´



သူငယ်ချင်းရေ့ 

မင်းတို့ ငါ့ကိုမှတ်မိသေးလား

တေမိလေ

ဘုရားမကြိုက် တရားမကြိုက်တာမလုပ်ဘူး

ကိုယ်ကြိုက်တာကိုယ်လုပ်မယ်ဆိုတဲ့ တေမိလေ

မင်းတို့အမြဲတမ်းချီးကျူးတတ်တဲ့ တေမိလေ

ကွမ်းမစား၊ ဆေးမသောက်တဲ့ တေမိလေ

လူရိုးလူအ၊ အေးတယ်ဆိုတဲ့ တေမိလေ

ခုတော့ တေမိက

သေပြီးသားလူတစ်ယောက်လိုပဲ

ထိန်းချုပ်မှုမဲ့တဲ့ လွပ်လပ်ခြင်းကို နှစ်သက်မိလို့

ငါ့ကိုယ်ငါ ခွေးလုံးလုံးဖြစ်နေပြီ။

အပါတ်စဉ်တိုင်းမှာ အမှတ်များဆုံးရတဲ့

တေမိမဟုတ်တော့ဘူး။

လူချစ်လူခင်ပေါများတဲ့ တေမိမဟုတ်တော့ဘူး။

အမြဲတမ်း ပြုံးပြုံးနေတဲ့ တေမိမဟုတ်တော့ဘူး။

သူငယ်ချင်း

မင်းရဲ့စကားတွေကို အလေးနက်မထားမိလို့

ကော်ဖီဝိုင်းမှာ ကဗျာတွေရွတ်နေမိလို့

စာကျက်ဝိုင်းမှာ ကဗျာတွေရေး ရေးနေလို့

ခုတော့

ဂေဇာက်ထဲမှာ ငါ့နာမည်မပါတော့ဘူး။

အောင်မြင်မှုထဲမှာ

ငါ့နာမည်တွေပျောက်ဆုံးနေတယ်။

မင်းတို့ပျော်နေကြတဲ့အချိန်မှာ

ငါ့ကိုယ်ငါ ဘေးရောက်သွားသလိုပဲ။

အောင်မြင်မှုတွေနဲ့ လုံးဝမသက်ဆိုင်တော့သလိုပဲ။

ငါသိပြီ သူငယ်ချင်း

ငါက

လွပ်လပ်တဲ့အခွင့်ရေးကို ပြည့်ပြည့်၀၀သုံးခဲ့ပေမယ့်

အရေးပါတဲ့ အဓိကအချိန်တွေမှာ

ငါဟာ အမြဲတမ်းနောက်ကျခဲ့တယ်။

ငါရွေးခဲ့တဲ့လမ်းမကြီးက

အခက်ခဲတွေ ငါမကြောက်ခဲ့ဘူး။

ပန်းတိုင်တွေ ရှောင်ရှောင်သွားနေတာကိုက

ခွေးဘ၀ရောက်အောင် ငါ့ကိုယ်ငါ ဆွဲသွင်းလိုက်သလိုပဲ။

သူငယ်ချင်း

ငါက

အရင်လို တေမိမဟုတ်တော့ဘူး။

အမြဲတမ်းပြုံးပြုံးနေတတ်တဲ့ တေမိမဟုတ်တော့ဘူး။

ဂေဇက်ထဲမှာ

ငါနာမည်တွေ ပြာကျသွားခဲ့ပြီ ။   ၊။



မိန်နွေ

7/15/2012

1 comment:

  1. ကျိုးစားပါဦး ကိုတေမိ အလည်လာတယ်နော် ငါန်းဇွန်သားရေး

    ReplyDelete