တစ်ချက်တစ်ချက် ဝေ့ဝေ့တိုက်လိုက်သောတောင်လေ ကြောင့် အညှာမခိုင်သောရော်ရွက်ဝါတို့သည်
မှုံဝါးစေသယောင်။ ဆောင်းဆိုပေမယ့် နှင်းမှုန်ကင်းသော မွန်းလွဲချိန်တွင် ပူလောင်ခြင်းက စိတ်ကိုရှုပ်ထွေးစေသည်။
မှန်သည်။ ပူလောင်ခြင်း။ ဟုတ်သည် ။ အဇ္ဈတ္တပူလောင်ခြင်းနှင့် ဗဟိဒ္ဓပူလောင်ခြင်းတို့သည် မိမိ၏ အနာဂါတ်ကို မညှာ
မတာ နှိပ်စက်နေကြသည်။ လက်ဝါးနှစ်ဖက်ကာပြီး ဒူးထောက်အညံ့ခံပေမယ့် အဲသည် ပူလောင်ခြင်းသည် မျက်ရည်ကို
သယ်ဆောင်လာသည်။ ဆုံးရှုံးခြင်းကို သယ်ဆောင်လာသည်။ နာကျင်မှုကို သယ်ဆောင်လာသည်။ ၀မ်းနည်းမှုကို သယ်
ဆောင်လာသည်။ မိမိကိုယ်မိမိ မကျေနပ်မှုကိုသယ်ဆောင်လာသည်။ မိမိဘ၀ကို မိမိရွံမုန်းလာသည်။ တစ်ခါတစ်ခါ
လောကကြီးက အပြီးပိုင်ထွက်ဖို့အထိ ကြိုးစားခဲ့သည်။
သူမကို ဘာကြောင့် စွဲစွဲလန်းလန်းရူးရူးမူးမူး ဖြစ်နေသည်ကို ဆန်းစစ်သောအခါ သူမကို ချစ်သည်ဆိုသည်မှ
လွဲ၍ ဘာဆိုဘာမှ ရှာမတွေ့။ မိမိ၏အချစ်ကို လက်မခံသော သူမကို အပြစ်မတင်ချင်ပေမယ့် သူမကို ချစ်မိသော မိမိကို
စိတ်နာမိသည်။
``ငါက နင့်ကို သူငယ်ချင်းလိုပဲ ခင်တာ၊ နောက်တစ်ခါ ပရိုပို့စ် လုပ်ရင် နင့်ကိုဘလော့ခ် ၇လိမ့်မယ်´´
သူမလက်ဖျားက စကားတွေကို အသာအယာနှိပ်လိုက်ပေမယ့် မိမိအတွက် နောက်ဆုံးရာဇသံဖြစ်နေခဲ့သည်။
နှလုံးသားက မထိန်းချုပ်နိုင်၍ လျှံကျလာသောစကားလုံးတို့ ခုန်ပေါက်ပြေးလွှားကုန်သောအခါ သူမနှင့် မိမိသည် တစ်လမျှ ဝေးကွာခဲ့သည်။ ယင်းကာလတွင် မိမိ မနေနိုင် ၊ မထိုင်နိုင်၊ မိမိ၏ စိတ်ကိုလည်း မိမိ မတားဆီးနိုင်ခဲ့။ အစကတော့ သူမ နေမကောင်း၍ ချက်တင်မထိုင်ဟု ထင်နေခဲ့သည် ။ နောက်မှ မိမိကို ဘလော့ထားမှန်းသိ၇သောအခါ
အကောင့်မျိုးစုံသုံး၍ သူမကို ပြန်ပြီးချဉ်းကပ်ခဲ့၇သည်။ သူမ၏ စကားအရ လိုင်းမကောင်းသည့်ကြားမှ အကောင့်အသစ်လုပ်ပြီး သူမနဲ့ပြန်၍ ဆက်သွယ်ခဲ့ရသည်။ မိမိ၏ ခင်မင်ခြင်းကို ပြန်၍ လက်သင့်ခံပေးသော သူမကို
ကျေးဇူးတင်မိသည်။ သူမသည် မိမိ မသိသေးသည့် ပညာအပိုင်းအစများကို သင်ပေးခဲ့သည်။ သူမနှင့် စကားပြော၇သောအခါ မိမိကိုယ် မိမိ ဘယ်လိုပျော်၇ွှင်နေမှန်းမသိ။ ရက်အနည်းငယ်ကြာလာသောအခါ ဆိုဒ်တစ်ခုတွင် ချက်ဘောက်ကို သုံး၍ အခြားသောသူတို့နှင့် သူမပျော်၇ွှင်နေသည်။ သူမသုံးနှုန်းသော စကားလုံးတို့ကို မြင်၇သောအခါ မိမိ၏ အနာဟောင်းသည် သွေးသံတရဲရဲ နီတက်လာခဲ့သည်။ ဘာမှ မဆိုင်ပေမယ့်
ချက်ဘောက် လုပ်ပေးထားသော ဆိုဒ်အကြီးအကဲများပင် ညိုညင်လာမိသည်။ အချစ်၏စွမ်းအားကို မကြုံဘူးသော မိမိသည် ရင်ထဲတွင်စုဝေးနေသော အချစ်အသိုက်မြုံကို တည်ထောင်မိသောအခါ လမ်းမမြင်သော သူကန်းကဲ့သို့ ဘာဆို ဘာမှ မမြင်ရတော့။ ဖွင့်အံမိသော စကားလုံးတို့ ကလောင်တစ်ခုနှင့် သီမိသော အခါတွင် ၇င်ကွဲမှတ်တမ်း(၁)
ဆိုသည့် ကဗျာပန်းတစ်ပွင့် ဝေဆာလာခဲ့သည်။ ယင်းကဗျာ၏ အနံ့အသက်ကိုရှုရှိုက်ပြီး ကွန့်မန့်ပေးသောသူတစ်ယောက်က `ဒီကဗျာဖတ်ရတာ မျက်ရည်မလည်ပဲ နှပ်တွေရွဲမိတယ်´ ဟုပြောဆိုသွားသည်။
သူ့ကိုလည်း အပြစ်မတင်ချင် ။သူက ဆန်ဘက်ကခံစားပြီး ပြောခဲ့သည်။ စပါးဘက်က ခံစားပြီးပြောသည်မဟုတ်။
တန်ဆောင်တိုင်လပြည့်နေ့က သူမ မရှိဘူးဆိုတာသိပေမယ့် သူမနဲ့များတွေ့ရမလားလို့ ဆိုင်မှာ တစ်ချိန်လုံး စောင့်ဆိုင်းနေခဲ့သည်။ သူမကို မမြင်ရင် မနေနိုင်၍ ည အိပ်ခါနီး (၁၀ )နာ၇ီအချိန်တွင်လည်း ရပ်ကွက်ထိပ်က ဆိုင်ပိုင်ရှင်ကို အရင်ထက်ကြေးနှစ်စ ပေး၍ ထိုင်ခဲ့သည်က တစ်ရက်တည်းမဟုတ်။ ဂျီတော့ခ် မှာတင်
ထားသော သူမ၏ ဓာတ်ပုံကို လိုချင်၍ သူငယ်ချင်းများထံ နည်းပညာလိုက်တောင်းသည်က တစ်ယောက်မက။ မိမိ၏ရင်တွင်းအနာကို မိမိတစ်ယောက်တည်းသာ သိသည်မို့ ခံစားချက်တွေ မျှဝေဖို့ရာ ကဗျာ တစ်ခုပဲရှိခဲ့သည်။ ရင်ကွဲမှတ်တမ်း(၂) ကို မွေးဖွားပြီးသောအခါတွင် မိမိ၏ ခံစားချက်တို့သည် မီးတောင် ပေါက်ကွဲသကဲ့သို့ တစ်ဆစီ တစ်နေရာစီ လွင့်စင်သွားခဲ့သည်။ မိမိက သေလုမတက်ခံစားနေခဲ့ပေမယ့် သူမကတော့ ချက်ဘောက်ထဲမှာ ပျော်လို့မဆုံးသေး ။ သူမ၏ တခိခိရယ်သံက မိမိ၏ နှလုံးသားကို တဗျင်းဗျင်း ဆွဲဖြဲသယောင်။ ေ
နောက်မှ ဖြစ်ချင်၇ာဖြစ်ဆိုပြီး သူမ၏ နှလုံးသားတံခါးကို ဒုတိယမ္ပိ ထပ်ခေါက်သည့်အခါ--------
``နင်--ဒီလိုပဲ လုပ်နေရင် ငါ ဆိုဒ်ထဲက အပြီးထွက်သွားမှာနော်´´
`` ဟာ----နင်ထွက်စရာမလိုပါဘူး၊ ငါ့ ---ငါ့ကို ဘလော့လိုက်ပါတော့ကွာ၊ နောက်တစ်ခါ နင့်ကို အနှောက်အယှက်မပေးတော့ဘူး။ ငါက ခံစားချက်ကို ဖွင့်ပြရုံပါ။ မင်း ငါ့ကို ကူညီခဲ့တာတွေအားလုံး ကျေးဇူးတင်ပါတယ်။ နင့်စိတ် အနှောင့်အယှက်မဖြစ်အောင် ငါ့ကိုယ်ငါ ဘလော့လိုက်ပါပြီ´´
တုန်ယင်နေသော မိမိ၏ လက်ချောင်းတို့သည် လေးလံထိုင်းမှိုင်းစွာဖြင့် သူမ၏ ဂျီတော့ခ် အကောင့်ကို
ယူကြုံးမရစွာ ဘလော့ခ်ခဲ့သည်။ မိမိ၏ နှလုံးသားရင်ပြင်မှ သူမ၏ ခြေရာတို့ လွင့်ပျယ်သွားသောအခါ မိမိကိုယ် မိမိ
နောင်တ ၇ မဆုံးတော့ ၊ အားငယ်မှု ၊ အထီးကျန်မှု၊ ရှက်ရွံ့မှုတွေကြောင့် ဆိုဒ်ထဲမှ အပြီးပိုင်ထွက်ဖို့ အစ်ကိုတစ်ယောက်ကိုနှုတ်ဆက်မိသော
နှလုံးသားကို အခန်းကျဉ်းကျဉ်းလေးမှာ ပိတ်လှောင်ခဲ့သည်။ မိမိ၏ အနာဂါတ်လမ်းတို့မည်သို့ လျှောက်လှမ်းရမည်ကို မသိသေးပေမယ့် မိမိသွားမယ့် နေရာတိုင်းတွင်တော့ မျက်၇ည်တို့ ပျော်မြူးနေကြမည်မှာ ယုံမှားစရာမှိ။
``ဟင်းးးးးးးးးးးးးးးးးးးးးး´´
ခပ်ပြင်းပြင်းဆွဲချလိုက်သည့် သက်ပြင်းသံ၏ အဆုံးတွင် ရွက်ဝါတို့ကြွေကျ၍ တောင်လေတစ်ချက်ဝေ့ကာ ၀ဲကာ တိုက်ခတ်လာလေသည်။ သည်ဆောင်းနှင့်အတူ မိမိ၏ဒဏ်၇ာသည် သေဆုံးမည်မထင်တော့။။
မိန်နွေ ။။4/2/2012
0 comments:
Post a Comment