Home »
ဗဟုသုတ
» ဒဏ္ဍာရီရုပ်ရှင် ဇာတ်ဝင်ခန်းများကဲ့သို့ ၁၀၈၂ပေခန့်နက်သော ကမ္ဘာအံ့ဖွယ်လှိုဏ်ဂူကြီးကို မက္ကဆီကို၌တွေ့ရှိ
ကမ္ဘာကျော်
ဒဏ္ဍာရီရုပ်ရှင် ဇာတ်ကားများဖြစ်သော Lord of the Ringဇာတ်ကားနှင့်
အခြားရုပ်ရှင် ဇာတ်ဝင်ခန်းများတွင် ပါဝင်သည့် မြေအောက်လှိုင်ဂူများကဲ့သို့
၁၀၈၂ပေအနက်ရှိသော ကမ္ဘာအံ့ဖွယ် သဘာဝလိုဏ်ဂူတစ်ခုကို မက္ကဆီကိုနိုင်ငံ
အကွီစမွန်ဒေသတွင် တွေ့ရှိရသည်။ ထိုလှိုင်ဂူကို စွန့်စားသွားရောက်လိုသူများ
များပြားလျက်ရှိပြီး ယခုနှစ်အစောပိုင်းတွင် ဓာတ်ပုံပညာရှင်တစ်ဦးဖြစ်သူ
အာမီဟင်ကယ်လ်ဆိုသူက စွန့်စွန့်စားစားဓာတ်ပုံများ
ရိုက်ကူးမှတ်တမ်းတင်ခဲ့သည်။ ငှက်အမျိုးပေါင်း မြောက်များစွာတို့
လာရောက်နားခို နေထိုင်သည်ကို အစွဲပြု၍ယင်းလှိုင်ဂူကို စပိန်ဘာသာဖြင့်ဆိုတာ
နိုဒီလက်စ်ဂို လွန်ဒရီနက်စ်လှိုင်ဂူဟူ၍ ဒေသခံများက မှည့်ခေါ်ခဲ့ကြသည်။
ထိုလှိုင်ဂူသည် ကမ္ဘာပေါ်ရှိ နေရောင်ခြည်တိုက်ရောက် ကြရောက်နိုင်သည့်
ဂူများအနက်အနက်ဆုံးဂူ ဖြစ်ကြောင်းသိရသည်။
http://www.swesonemedia.org/index.php?q=3643 |
| | | | | | | | | | | ယင်းနေရာမှကူးယူတင်ပြသည် |
|
0 comments:
Post a Comment