Friday, January 18, 2013

ဖြစ်ပုံကဒီလို............!!!!!!


GTC မှာပေါ့နော် အရမ်းကိုချစ်ကြတဲ့သမီးရည်းစားနှစ်ယောက်ရှိတယ်တဲ့
သူတို့ကတစ်ယောက်နဲ့တစ်ယောက်အရမ်းကိုချစ်ကြတာတဲ့
ဒါပေမယ့်တနေ့တော့ကောင်မလေးက ကောင်လေးဆေးသုံးစွဲတာကိုသိသွားတော့ အစပိုင်းတော့တားတာပေါ့
နောက်ဆုံးမရတော့ ဆေးကိုဖြတ်မှာ ကောင်မလေးကိုအဆက်သွယ်ဖြတ်မလားလို့မေးတော့
ကောင်လေး ကအလွယ်ပဲ ဆေးကိုဖြတ်ပါ့မယ်လို့ပြောလိုက်တယ်
အဲဒါနဲ့နောက်လဲကျရော
သူတကယ်ဆေးကိုမဖြတ်မှန်းလဲသိရော
ကောင်မလေး က အရွဲ့တိုက်ပြီး အခြားကောင်လေး တစ်ယောက်နဲ့တွဲပြလိုက်တယ်
အရမ်းချစ်ကြတဲ့ချစ်သူတွေဆိုတော့ ကောင်လေးက အရမ်းကြေကွဲပြီး
ကောင်မလေးကိုပြန်တောင်းပန်ပြီ ဆေးကိုဖြတ်ပါ့မယ့်လို့ကတိပေးလိုက်တယ်
ပြီးတော့ သူတို့တွေ့နေကြနေရာလေးမှာ ကောင်လေးကကောင်မလေးကိုဆေးကြောင် ကြောင်ပြီးသတ်ပစ်လိုက်တယ်
ကောင်မလေးကိုယ်ကသွေးတွေကသူအင်္ကျီမှာပေကုန်တယ် ပြီးတော့မှကောင်လည်းလဲ သတိပြန်ဝင်လာတော့ သူလက်လွန်သွားမှန်းသိတော့
ကောင်မလေးအလောင်းကိုအဲနေရာမှာပဲမြုပ်ခဲ့ပြီး ပြန်သွားတယ်
လူကလည်းရှင်းနေတာကိုး

အိမ်ပြန်ရောက်တော့ကောင်လေးက မောမောနဲ့အိပ်ပျော်သွားတယ်
အဲဒါနဲ့အိပ်နေရင်းနဲ့အိမ်မက်မက်တယ်
ကောင်မလေး က နင့်အကျီကသွေးတွေကိုပျောက်အောင်ဖျောက် မဖျောက်ရင် နင်ဒုက္ခရောက်လိမ့်မယ်လို့ပြောတယ်။
အဲဒါနဲ့ကောင်လေးလဲ အိမ်မက်ကလန့်နှိုးလာပြီး သူအကျီ ကိုကြည့်တော့ သွေးတွေပေနေတယ်

အဲဒါနဲ့ ဂယောင်ချောက်ခြားနဲ့ ချက်ခြင်းသွား လျှော်တယ်
ဒါပေမယ့်ဘယ်လိုလျှော်လျှော် မပျက်ဘူးဖြစ်နဲ့တယ်
အဲလိုဖြစ်နေတုန်းမှာ ကောင်မလေးရဲ့ဝိညာဉ်ကပေါ်လာပြီး သူဆီကို တစ်လှမ်းခြင်း တစ်လှမ်းခြင်း လျှောက်လာတယ်

ကောင်လေးကလဲ ကြောက်အားလန့်အား နဲ့ အတင်းအကျီကိုပဲ သွေးပျောက်အောင် လျှော်တာပေါ့

ဒါပေမယ့် မပျက်ဘူး

ကောင်မလေးကတဖြည်းဖြည်းနဲ့နီးလာတယ်

အနားလဲရောက်ရော

ကောင်မလေး ၀ိညာဉ်ကဟက်ဟက်ပက်ပက်ရယ်လိုက်တယ်

ကောင်လေးလဲ လန့်နေတာပေါ့

ကောင်မလေး ၀ိညာဉ် ကမေးတယ် နင်ဖျက်လို့မရဘူးမလားတဲ့

ဘယ်ဖျက်လို့ ရပါ့မလဲ တဲ့.....................
.
.
.
....
.
..
.
.
...................

နင်ကအိုကီဆပ်ပြာမှုန့်မှ မသုံးတာကိုးတဲ့ :P

0 comments:

Post a Comment